< Dân Số 25 >

1 Dân Y-sơ-ra-ên ở tại Si-tim, khởi thông dâm cùng những con gái Mô-áp.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​ကား​ရှား ချိုင့်​ဝှမ်း​တွင်​စ​ခန်း​ချ​လျက်​ရှိ​နေ​ကြ​စဉ် အ​မျိုး သား​အ​ချို့​တို့​သည်​ထို​အ​ရပ်​သူ​မော​ဘ အ​မျိုး​သ​မီး​တို့​နှင့်​မှား​ယွင်း​ကြ​၏။-
2 Con gái mời dân sự ăn sinh lễ cúng các thần mình; dân sự ăn và quì lạy trước các thần chúng nó.
ထို​အ​မျိုး​သ​မီး​တို့​က မော​ဘ​ဘုရား​ယဇ်​ပူ​ဇော် ပွဲ​များ​သို့​သူ​တို့​ကို​ခေါ်​သွား​ကြ​၏။ ဣသ​ရေ​လ အ​မျိုး​သား​တို့​သည်​ပေ​ဂု​ရ​ဒေ​သ​ခံ​ဗာ​လ ဘု​ရား​အား ပူ​ဇော်​သော​အ​စား​အ​စာ​ကို​စား ၍​ထို​ဘု​ရား​ကို​ဦး​ချ​ရှိ​ခိုး​ကြ​၏။-
3 Y-sơ-ra-ên cũng thờ thần Ba-anh-Phê-ô, cơn giận của Ðức Giê-hô-va bèn nổi lên cùng Y-sơ-ra-ên.
ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​တော် ထွက်​၍၊-
4 Ðức Giê-hô-va phán cùng Môi-se rằng: Hãy bắt các đầu trưởng của dân sự, và treo lên trước mặt Ðức Giê-hô-va, đối cùng mặt trời, để cơn giận của Ðức Giê-hô-va xây khỏi Y-sơ-ra-ên.
မော​ရှေ​အား``ငါ​၏​အ​မျက်​ပြေ​စေ​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ပေါင်း တို့​ကို​ထုတ်​ဆောင်​၍ လူ​ပ​ရိ​သတ်​ရှေ့​တွင်​ကွပ် မျက်​လော့'' ဟု​မိန့်​တော်​မူ​၏။-
5 Vậy, Môi-se nói cùng các quan án Y-sơ-ra-ên rằng: Mỗi người trong các ngươi phải giết những kẻ nào thuộc về bọn cúng thờ Ba-anh-Phê-ô.
မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​နွယ်​အ​လိုက်​အုပ် ချုပ်​ရ​သူ​တို့​အား``သင်​တို့​တစ်​ဦး​စီ​သည်​သင် တို့​အ​နွယ်​ထဲ​မှ ပေ​ဂု​ရ​ဒေ​သ​ခံ​ဗာ​လ​ဘု​ရား အား​ဦး​ချ​ရှိ​ခိုး​သူ​အား​လုံး​ကို​ကွပ်​မျက်​ရ မည်'' ဟု​အ​မိန့်​ပေး​လေ​သည်။
6 Nầy, một người trong dân Y-sơ-ra-ên dẫn một người nữ Ma-đi-an đến giữa anh em mình, hiện trước mắt Môi-se và cả hội dân Y-sơ-ra-ên, đương khi hội chúng khóc tại cửa hội mạc.
မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် တဲ​တော်​တံ​ခါး​ဝ​တွင်​ငို​ကြွေး​မြည် တမ်း​လျက်​ရှိ​နေ​စဉ် ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​ဦး​သည်​သူ​တို့​ရှေ့​မှောက်​၌ မိ​ဒျန်​အ​မျိုး သ​မီး​တစ်​ယောက်​ကို​မိ​မိ​၏​တဲ​အ​တွင်း​သို့ ခေါ်​သွင်း​သွား​သည်​ကို​မြင်​ကြ​၏။-
7 Phi-nê-a, con trai Ê-lê-a-sa, cháu A-rôn, thầy tế lễ, thấy sự nầy, bèn đứng dậy giữa hội chúng, cầm một cây giáo,
ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​၏​မြေး၊ ဧ​လာ​ဇာ​၏ သား​ဖိ​န​ဟတ်​သည်​ထို​အ​ခြင်း​အ​ရာ​ကို မြင်​ရ​လျှင် ပ​ရိ​သတ်​ထဲ​မှ​ထွက်​သွား​၍ လှံ​တစ်​စင်း​ကိုင်​စွဲ​လျက်၊-
8 đi theo người Y-sơ-ra-ên vào trong trại, đâm ngang dạ dưới của người Y-sơ-ra-ên và người nữ; tai vạ giữa dân Y-sơ-ra-ên bèn ngừng lại.
ထို​အ​မျိုး​သား​နှင့်​အ​မျိုး​သ​မီး​တို့​ရှိ​ရာ တဲ​ထဲ​သို့​လိုက်​သွား​ပြီး​လျှင် သူ​တို့​နှစ်​ယောက် စ​လုံး​အား​လှံ​ဖြင့်​ထိုး​သတ်​လေ​၏။ ဤ​နည်း အား​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို သေ​ကြေ​ပျက်​စီး​စေ​သည့်​ကပ်​ရော​ဂါ ဖြစ်​ပွား​မှု​ကို​ရပ်​စေ​သည်။-
9 Vả, có hai mươi bốn ngàn người chết về tai vạ nầy.
သို့​ရာ​တွင်​ထို​ကပ်​ရော​ဂါ​ကြောင့်​လူ​ပေါင်း နှစ်​သောင်း​လေး​ထောင်​သေ​ဆုံး​ပြီး​ဖြစ်​သည်။
10 Ðức Giê-hô-va phán cùng Môi-se rằng:
၁၀ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
11 Phi-nê-a, con trai Ê-lê-a-sa, cháu A-rôn, thầy tế lễ, đã xây dân Y-sơ-ra-ên khỏi cơn giận ta, vì lòng kỵ tà thúc giục lòng người; vậy, ta không có diệt dân Y-sơ-ra-ên trong cơn kỵ tà của ta.
၁၁``ဖိ​န​ဟတ်​ပြု​သော​အ​မှု​ကြောင့်​ငါ​၏​အ​မျက် ပြေ​ပြီ။ သူ​သည်​ငါ​မှ​တစ်​ပါး​အ​ခြား​သော ဘု​ရား​အား ကိုး​ကွယ်​မှု​ကို​သည်း​မ​ခံ​နိုင်။ သို့ ဖြစ်​၍​ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​ကို​မ​သုတ်​သင်​မ​ဖျက် ဆီး​ခဲ့​ချေ။-
12 Bởi cớ đó, hãy cáo cùng người rằng: Ta ưng cho người sự giao ước bình yên ta;
၁၂ထို့​ကြောင့်​ငါ​သည်​ထာ​ဝ​စဉ်​တည်​မည့်​ပ​ဋိ ညာဉ်​ကို သူ​နှင့်​ပြု​လုပ်​မည်​ဖြစ်​ကြောင်း​သူ့ အား​ပြော​လော့။-
13 ấy về phần người và dòng dõi người sẽ là sự giao ước về một chức tế lễ đời đời, bởi vì người có lòng sốt sắng về Ðức Chúa Trời mình, và có chuộc tội cho dân Y-sơ-ra-ên.
၁၃သူ​သည်​ငါ​မှ​တစ်​ပါး​အ​ခြား​သော​ဘု​ရား​ကို လက်​မ​ခံ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​အ​ပြစ်​ပြေ​ရာ​ပြေ​ကြောင်း​ကို​ဆောင်​ရွက်​ခဲ့ သော​ကြောင့် သူ​မှ​စ​၍​သူ​၏​အ​ဆက်​အ​နွယ် တို့​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​အ​မြဲ ဆက်​ခံ​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
14 Vả, người Y-sơ-ra-ên bị giết chung với người nữ Ma-đi-an, tên là Xim-ri, con trai Sa-lu, quan trưởng của một tông tộc, người Si-mê-ôn.
၁၄မိ​ဒျန်​အ​မျိုး​သ​မီး​နှင့်​အ​တူ​အ​သတ်​ခံ​ရ သော ဣ​သ​ရေ​လ​အ​မျိုး​သား​နာ​မည်​သည်​ကား ရှိ​မောင်​အ​နွယ်​ဝင်​မိ​သား​စု​၏​အ​ကြီး အ​ကဲ​ဖြစ်​သူ​သာ​လု​၏​သား​ဇိ​မ​ရိ​ဖြစ် သ​တည်း။-
15 Tên người nữ Ma-đi-an bị giết là Cốt-bi, con gái Xu-rơ, đầu trưởng của một tông tộc Ma-đi-an.
၁၅အ​မျိုး​သ​မီး​၏​နာ​မည်​မှာ​ကော​ဇ​ဘိ​ဖြစ်​၏။ သူ​၏​ဖ​ခင်​ဇု​ရ​သည်​မိ​ဒျန်​သား​ချင်း​စု တစ်​စု​တွင်​အ​ကြီး​အ​ကဲ​ဖြစ်​သည်။
16 Ðức Giê-hô-va lại phán cùng Môi-se rằng:
၁၆ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား``မိ​ဒျန် အ​မျိုး​သား​တို့​ကို​တိုက်​ခိုက်​သုတ်​သင်​ဖျက် ဆီး​လော့။
17 Hãy khuấy rối người Ma-đi-an và hãm đánh chúng nó;
၁၇
18 vì chúng nó đã lấy mưu chước mình mà khuấy rối các ngươi, dỗ dành các ngươi về việc cúng thờ Phê-ô, và trong việc của Cốt-bi, con gái quan trưởng Ma-đi-an, là chị chúng nó đã bị giết trong ngày tai vạ, vì cớ việc cúng thờ Phê-ô.
၁၈အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ပေ​ဂု​ရ အ​ရပ်​တွင် သင်​တို့​ကို​လှည့်​ဖြား​၍​ပြစ်​မှား​စေ သော​ကြောင့်​လည်း​ကောင်း၊ ထို​အ​ရပ်​တွင်​ရောဂါ ကပ်​ကျ​ရောက်​စဉ်​သေ​ဆုံး​သွား​သော​ကော​ဇ​ဘိ ကိစ္စ​ကြောင့်​လည်း​ကောင်း မိ​ဒျန်​အ​မျိုး​သား တို့​ကို​တိုက်​ခိုက်​သုတ်​သင်​ဖျက်​ဆီး​လော့'' ဟု​မိန့်​တော်​မူ​၏။

< Dân Số 25 >