< I-sai-a 37 >
1 Nghe tin đó, vua Ê-xê-chia liền xé áo mình, quấn bao gai, vào đền Ðức Giê-hô-va.
၁ထိုစကားကို ဟေဇကိ မင်းကြီး သည် ကြား လျှင် ၊ မိမိ အဝတ် ကို ဆုတ် ၍ လျှော်တေ အဝတ်ကို ခြုံ လျက် ဗိမာန် တော်သို့ သွား လေ၏။
2 Ðoạn, sai quan cung giám Ê-li-a-kim, thơ ký Sép-na, và các trưởng lão trong hàng thầy tế lễ, đều quấn bao gai, đến cùng đấng tiên tri Ê-sai, con trai của A-mốt,
၂လျှော်တေ အဝတ်ကို ဝတ် လျက်ရှိသောနန်းတော် အုပ် ဧလျာကိမ် ၊ စာရေး တော်ကြီးရှေဗန ၊ အသက်ကြီး သော ယဇ် ပုရောဟိတ်တို့ကို၊ အာမုတ် သား ပရောဖက် ဟေရှာယ ထံ သို့ စေလွှတ် လေ၏။
3 nói với người rằng: Vua Ê-xê-chia phán như vầy: Ngày nay là ngày hoạn nạn, quở phạt, và hổ nhuốc; vì con đã đến kỳ đẻ rồi, nhưng không có sức mà đẻ ra.
၃ဟေဇကိ မင်းမှာ ထား သော စကားဟူမူကား ၊ ယနေ့ သည် ဒုက္ခ နေ့ ၊ ဆုံးမ သောနေ့၊ ကဲ့ရဲ့ ခြင်းကို ခံရ သောနေ့ဖြစ်၏။ သား ဘွား ချိန်ရောက်၍သားကို ဘွား နိုင် အောင် ခွန်အား မ ရှိ။
4 Có lẽ Giê-hô-va Ðức Chúa Trời ngươi sẽ nghe những lời của Ráp-sa-kê mà chủ nó là vua A-si-ri đã sai đến để đố thách Ðức Chúa Trời hằng sống; và có lẽ Ngài sẽ quở phạt nó theo như những lời mà Giê-hô-va Ðức Chúa Trời ngươi đã nghe: vậy xin hãy vì những người còn lại đây mà cầu nguyện!
၄အသက် ရှင်တော်မူသောဘုရား သခင်ကို ကဲ့ရဲ့ စေခြင်းငှါ ၊ အာရှုရိ ရှင်ဘုရင် စေလွှတ် သော မိမိကျွန် ရာဗရှာခ စကား ကို သင် ၏ဘုရား သခင်ထာဝရဘုရား ကြား တော်မူပါစေသော။ သင် ၏ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော်တိုင်ကြား သော စကား ကို ချေ တော်မူ ပါစေသော။ သင်သည်လည်းကျန် ကြွင်းသော လူ တို့အဘို့ ဆုတောင်း ပဌနာပြု ပါဟု ပြောစေခြင်းငှါ၊
5 Các tôi tớ của vua Ê-xê-chia bèn đến cùng Ê-sai.
၅ဟေဇကိ မင်း စေလွှတ်သော ကျွန် တို့သည် ဟေရှာယ ထံ သို့ ရောက် လာကြ၏။
6 Ê-sai bảo rằng: Nầy là lời các ngươi sẽ tâu lại cùng chủ mình: Ðức Giê-hô-va có phán như vầy: Chớ sợ về những lời ngươi đã nghe, là lời của tôi tớ vua A-si-ri dùng mà nói phạm ta.
၆ဟေရှာယ ကလည်း ၊ ထာဝရဘုရား မိန့် တော်မူသည် ကား ၊ အာရှုရိ ရှင်ဘုရင် ၏ ကျွန် တို့သည် ငါ့ ကို ကဲ့ရဲ့ ၍၊ သင်သည် ကြား ရသော စကား ကြောင့် မ ကြောက် နှင့်။
7 Nầy ta đặt thần linh trong nó, rồi nó sẽ nghe tin mà trở về xứ mình; tại đó, ta sẽ làm cho nó ngã dưới gươm.
၇ထိုမင်း ၌ အခြားသောစိတ် သဘောကို ငါ သွင်း ပေးမည်။ သူသည် သိတင်း ကြား ၍ မိမိ ပြည် သို့ ပြန် သွား လိမ့်မည်။ ထိုပြည် ၌ ထား ဖြင့် ငါဆုံး စေမည်ဟူသောစကား တော်ကို သင် တို့၏ သခင် အား ပြန် ကြားကြလော့ဟု ပြော ဆို၏။
8 Vả, khi Ráp-sa-kê nghe chủ mình là vua A-si-ri đã đi khỏi La-ki, bèn trở về chầu người, gặp người đương đánh thành Líp-na.
၈ထိုအခါ အာရှုရိ ရှင် ဘုရင်သည် လာခိရှ မြို့မှ ထွက်သွား ကြောင်းကို ရာဗရှာခ ကြား လျှင် ၊ ပြန် သွား၍ လိဗန မြို့ကို ရှင်ဘုရင်တိုက် နေသည်ကို တွေ့ လေ၏။
9 Bấy giờ vua A-si-ri có nghe tin báo về Tiệt-ha-ca là vua Ê-thi-ô-bi rằng: Người kéo ra để đánh cùng vua; bèn sai các sứ giả đến cùng Ê-xê-chia, và dặn rằng:
၉နောက်တဖန် ကုရှ မင်းကြီး တိရက္က သည် စစ် ချီ၍ လာပြီဟု သိတင်းကြားသောအခါ၊ ဟေဇကိ မင်းထံသို့ တမန် တို့ကို စေလွှတ် ပြန်၍၊
10 Các ngươi hãy nói cùng Ê-xê-chia, vua Giu-đa, rằng: Vua chớ để cho mình bị lừa bởi Ðức Chúa Trời mà mình tin cậy, nói rằng: Giê-ru-sa-lem sẽ chẳng phó vào tay vua A-si-ri đâu.
၁၀သင်တို့သည် ယုဒ မင်းကြီး ဟေဇကိ ကို ပြော ရ သော စကားဟူမူကား၊ သင် ကိုးစား သော ဘုရား သခင်က၊ ယေရုရှလင် မြို့သည် အာရှုရိ ရှင်ဘုရင် လက် သို့ မ ရောက် ရဟူ၍ သင့် ကို မ လှည့်စား စေနှင့်။
11 Nầy, vua hẳn có nghe những sẽ các vua A-si-ri đã làm ra ở các nước. Các nước ấy đã bị hủy diệt cả rồi; còn vua, vua sẽ được cứu khỏi ư!
၁၁အာရှုရိ ရှင် ဘုရင်တို့သည် ခပ်သိမ်း သောပြည် တို့ ကို လုပ်ကြံ ၍ ရှင်းရှင်းဖျက်ဆီး ကြောင်းကို သင် သည်ကြား ရပြီ။ ကိုယ်တိုင်လွတ် လိမ့်မည်လော။
12 Các thần của các nước mà tổ tiên chúng ta đã diệt, tức là các thần của Gô-xan, của Cha-ran, của Rết-sép và của con cái Ê-đen ở Tê-la-sa, có cứu được họ không?
၁၂ငါ့ ဘိုးဘေး တို့သည် ဖျက်ဆီး သော အမျိုးသား ၊ ဂေါဇန် အမျိုးသား၊ ခါရန် အမျိုးသား၊ ရေဇပ် အမျိုးသား၊ တေလသာ မြို့၌ ရှိသော ဧဒင် အမျိုးသား တို့ကို၊ သူ တို့၏ ဘုရား များတို့သည် ကယ် ယူကြပြီလော။
13 Chớ nào vua của Ha-mát, vua của Aït-bát, các vua của thành Sê-phạt va-im, thành Hê-ma và thành Y-va ở đâu?
၁၃ဟာမတ် မင်းကြီး ၊ အာပဒ် မင်းကြီး နှင့် သေဖရဝိမ် မြို့၊ ဟေန မြို့၊ ဣဝါမြို့ ကို စိုးစံသောမင်းကြီး တို့သည် အဘယ်မှာ ရှိကြသနည်းဟု မှာ လိုက်လေ၏။
14 Ê-xê-chia đã nhận thơ tại tay sứ giả và đọc rồi, thì lên nhà Ðức Giê-hô-va, mở thơ ra trước mặt Ðức Giê-hô-va,
၁၄ထိုမှာစာ ကို ဟေဇကိ မင်းသည် သံတမန် လက် မှ ခံယူ ၍ ကြည့် ပြီးလျှင် ၊ ဗိမာန် တော်သို့ သွား ၍ ထာဝရဘုရား ရှေ့ တော်၌ ဖြန့် ထားလေ၏။
15 cầu nguyện Ðức Giê-hô-va rằng:
၁၅ထိုအခါ ဟေဇကိ မင်းသည် ထာဝရဘုရား ရှေ့ တော်၌ လျှောက် ဆိုသည်ကား၊
16 Hỡi Ðức Giê-hô-va vạn quân, Ðức Chúa Trời của Y-sơ-ra-ên, là Ðấng ngự trên các chê-ru-bin, chỉ một mình Ngài là Ðức Chúa Trời của mọi nước trên đất, Ngài đã dựng nên trời và đất.
၁၆ခေရုဗိမ် ပေါ်မှာထိုင် တော်မူသော၊ ဣသရေလ အမျိုး၏ ဘုရား သခင်ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၊ ကိုယ်တော် သည် ဘုရား သခင်ဖြစ်တော်မူ၏။ ကိုယ်တော်တပါးတည်းသာလျှင်၊ မြေကြီးပေါ်မှာ ရှိသမျှ သောအတိုင်းတိုင်း အပြည်ပြည်တို့၏ဘုရားသခင်ဖြစ် တော်မူ၏။ ကိုယ်တော် သည် ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူ၏။
17 Hỡi Ðức Giê-hô-va, xin nghiêng tai mà nghe! Hỡi Ðức Giê-hô-va, xin mở mắt mà xem! Xin nghe mọi lời mà San-chê-ríp đã khiến nói cùng tôi để đố thách Ðức Chúa Trời hằng sống!
၁၇အိုထာဝရဘုရား ၊ နား တော်ကို လှည့် ၍ နားထောင် တော်မူပါ။ အိုထာဝရဘုရား ၊ မျက်စိ တော်ကို ဖွင့် ၍ ကြည့်ရှု တော်မူပါ။ သနာခရိပ် မင်းသည် အသက် ရှင်တော်မူသောဘုရား သခင်ကို ကဲ့ရဲ့ ၍၊ ပြောစေ သော စကား အလုံးစုံ တို့ကို မှတ် တော်မူပါ။
18 Hỡi Ðức Giê-hô-va, thật rằng các vua nước A-si-ri đã hủy diệt các nước và phá hại đất đai,
၁၈အိုထာဝရဘုရား ၊ အကယ်စင်စစ်အာရှုရိ ရှင် ဘုရင်တို့သည် အတိုင်းတိုင်း အပြည်ပြည် တို့ကို ဖျက်ဆီး ၍၊
19 ném các thần trong lửa. Nhưng ấy chẳng phải là các thần, bèn là việc của tay người ta, bằng gỗ và bằng đá, cho nên họ đã hủy diệt đi được.
၁၉သူ တို့၏ ဘုရား များကို မီး ထဲသို့ ချ ပစ်ကြပါပြီ။ ထိုဘုရားတို့သည် ဘုရား မဟုတ် ၊ လူ လက် ဖြင့်လုပ် သော သစ်သား နှင့် ကျောက် ဖြစ်သောကြောင့် ၊ ပျက်စီး ခြင်းသို့ ရောက်ကြပါပြီ။
20 Hỡi Giê-hô-va Ðức Chúa Trời chúng tôi, vậy, bây giờ, xin Ngài cứu chúng tôi khỏi tay San-chê-ríp, hầu cho mọi nước trên đất đều biết chỉ một mình Ngài là Ðức Giê-hô-va!
၂၀အိုအကျွန်ုပ် တို့ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် ထာဝရဘုရား တပါး သာ၊ ဘုရားသခင်ဖြစ်တော်မူ သည်ကို မြေကြီး ပေါ်မှာရှိသမျှ သော တိုင်း နိုင်ငံတို့သည် သိ မည်အကြောင်း ၊ အကျွန်ုပ် တို့ကို ထိုမင်း လက် မှ ယခု ကယ် ယူတော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါသည်ဟု ပဋ္ဌနာ ပြုလေ၏။
21 Ê-sai, con trai của A-mốt, bèn khiến người tâu cùng vua Ê-xê-chia rằng: Giê-hô-va Ðức Chúa Trời của Y-sơ-ra-ên phán như vầy: Vì ngươi đã cầu xin ta nghịch cùng San-chê-ríp, vua A-si-ri;
၂၁ထိုအခါ အာမုတ် သား ဟေရှာယ သည် ဟေဇကိ မင်းထံသို့ စေလွှတ် ၍၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် အာရှုရိ ရှင်ဘုရင် သနာခရိပ် အကြောင်း ကြောင့်၊ ငါ့ ရှေ့ မှာ ပဌနာ ပြုသည် ဖြစ်၍၊
22 nầy là lời Ðức Giê-hô-va đã phán về nó: Gái đồng trinh Si-ôn khinh dể ngươi, nhạo cười ngươi; gái Giê-ru-sa-lem lắc đầu sau ngươi!
၂၂ထိုမင်း၏အမှုမှာ ထာဝရဘုရား မိန့် တော်မူသော စကား ဟူမူကား ၊ ဇိအုန် သတို့သမီး ကညာ သည် သင့် ကို မထီမဲ့မြင် ပြု၍ ပြက်ယယ် ၏။ ယေရုရှလင် သတို့သမီး သည် သင့် နောက် ၌ ခေါင်း ညှိတ် ၏။
23 Ngươi đã đố thách và nói phạm đến ai? Ngươi đã cất tiếng lên và ngước mắt lên cao nghịch cùng ai? Ấy là nghịch cùng Ðấng Thánh của Y-sơ-ra-ên.
၂၃သင်သည် အဘယ်သူ ကို ကဲ့ရဲ့ ဆဲရေး သနည်း။ အဘယ်သူ ကို အော်ဟစ် ၍ မျက်နှာ ထောင်လွှား သနည်း။ ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရားကို ပင် ပြုပါ သည်တကား။
24 Ngươi đã dùng các tôi tớ mình mà đố thách Chúa, nói rằng: Ta đem muôn vàn cỗ xe lên trên chót núi, là nơi xa thẳm của Li-ban; ta sẽ đốn những cây bách rất cao, cây tùng rất xinh; vào đến trên đỉnh rất cao, trong rừng của ruộng tốt.
၂၄သင် သည် ကျွန် များအားဖြင့် ထာဝရ ဘုရားကို ကဲ့ရဲ့ ၍ ၊ ငါ သည် ရထား များပြား သဖြင့် တောင် ထိပ် သို့ ၎င်း၊ လေဗနုန် တောင်အထွဋ် သို့၎င်း တက် လာပြီ။ အရပ် မြင့် သောအာရဇ် ပင်နှင့် အကောင်း ဆုံးသော ထင်းရူး ပင် တို့ကို ငါခုတ်လှဲ ပြီ။ အမြင့် ဆုံးသောအရပ်၊ အသီး များ သောတော ထဲသို့ ငါဝင် ပြီ။
25 Ta đã đào đất và uống nước; dùng bàn chơn làm cho cạn mọi sông Ê-díp-tô.
၂၅ငါ သည် တွင်း တူး၍ ရေ ကိုသောက် ရပြီ။ ငါ၏ ခြေ ဘဝါး အားဖြင့် အဲဂုတ္တု မြစ် လက်ကြား ရေရှိသမျှ ကို ခန်းခြောက် စေပြီဟု သင်ဆို မိပြီတကား။
26 Ngươi há chẳng nghe rằng ta đã làm sự đó từ lâu, đã định từ đời xưa hay sao? Hiện nay ta khiến xảy ra, hầu cho ngươi phá các thành bền vững nên gò đống đổ nát.
၂၆ငါသည်အထက်က ဤအမှုကို စီရင်ကြောင်းနှင့်၊ ရှေး ကာလ၌ ပြုပြင် ကြောင်းကို သင်သည်မ ကြား သလော။ ယခု မှာလည်း သင်သည် ခိုင်ခံ့ သောမြို့ တို့ကို ဖျက်ဆီး ၍၊ ကျောက် ပုံ ဖြစ် စေသောသူဖြစ် မည် အကြောင်း ငါစီရင် ခန့်ထားလေပြီ။
27 Những dân cư các thành ấy đã kém sức, khiếp sợ, xấu hổ, trở nên như rau ngoài đồng và cỏ xanh, như cỏ trên mái nhà, như lúa mì chưa trồi đọt mà đã héo.
၂၇ထိုကြောင့်၊ မြို့သား တို့သည် အား နည်း ကြ၏။ မှိုင်တွေ ၍ စိတ်ပျက်လျက်ရှိကြ၏။ တော မြက် ပင်နှင့် စိမ်း သောစပါးပင်ကဲ့သို့၎င်း၊ အိမ်မိုး ပေါ်မှာ ပေါက်သော မြက်ပင် နှင့်၊ မကြီး မှီ ညှိုးနွမ်းသောစပါးပင်ကဲ့သို့၎င်း ဖြစ်ကြ၏။
28 Ta xem thấy ngươi khi ngồi, khi ra, khi vào và khi náo loạn nghịch cùng ta.
၂၈သင် ၏ နေထိုင် ခြင်း၊ ထွက် ဝင် ခြင်း၊ ငါ ၌ အမျက် ဟုန်းခြင်းတို့ကို ငါသိ ၏။
29 Vì ngươi náo loạn nghịch cùng ta, lời xấc xược của ngươi đã thấu đến tai ta, nên ta tra cái khoen nơi lỗ mũi ngươi, và cái khớp nơi miệng ngươi, khiến ngươi theo con đường mình đã noi đến mà trở về.
၂၉ငါ ၌ သင် ၏အမျက် ဟုန်းခြင်း၊ စော်ကားခြင်းကို ငါ ကြား ရသောကြောင့်၊ သင့်ကို နှာရှုတ် တပ် ၍ ဇက် ခွံ့ပြီးမှ ၊ သင်လာ သော လမ်း ဖြင့် ပြန် စေမည်။
30 Hỡi Ê-xê-chia, điều nầy sẽ là dấu: năm nay sẽ ăn hoa lợi chính ruộng tự sanh ra, sang năm còn ăn lúa tự nhiên mọc lên không gieo giống. Nhưng, đến năm thứ ba, hãy gieo và gặt, hãy trồng vườn nho và ăn trái.
၃၀သင်မှတ်ရသောနိမိတ် လက္ခဏာဟူမူကား၊ ယခုနှစ် တွင် အလိုလိုကြီး ရင့်သော အသီးအနှံကို၎င်း၊ ဒုတိယ နှစ် တွင် ထိုအတူ ပေါက် သောအရာများကို၎င်းသင်တို့သည် စား ရမည်။ တတိယ နှစ် တွင် မျိုးစေ့ကိုကြဲ ၍ စပါးကိုရိတ် ကြလော့။ စပျစ် ဥယျာဉ်ကိုလည်း စိုက် ၍ အသီး ကို စား ကြလော့။
31 Trong nhà Giu-đa kẻ nào tránh khỏi nạn và còn sót lại sẽ châm rễ mới ở dưới và ra trái ở trên.
၃၁ဘေးလွတ်၍ ကျန် ကြွင်းသော ယုဒ အမျိုးသား တို့သည် တဖန်အောက် မှာ အမြစ် စွဲ ၍ ၊ အထက် မှာ အသီး သီး ကြလိမ့်မည်။
32 Vì sẽ có dân sót ra từ Giê-ru-sa-lem, và mấy kẻ trốn khỏi nạn ra từ núi Si-ôn: lòng sốt sắng của Ðức Giê-hô-va vạn quân sẽ làm điều đó.
၃၂ကျန်ကြွင်းသောသူတို့သည် ယေရုရှလင် မြို့ထဲက ၎င်း၊ ဘေး လွတ်သောသူတို့သည် ဇိအုန် တောင် ပေါ်က ၎င်း ပေါ် လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် အလိုတော်အားကြီး ၍၊ ထို အမှုကို စီရင် တော်မူလိမ့်မည်။
33 Vậy nên, Ðức Giê-hô-va phán về vua A-si-ri như vầy: Nó sẽ không vào thành nầy, chẳng bắn vào một mũi trên, cũng chẳng dùng một cái thuẫn mà nghịch với, và chẳng đắp lũy mà cự lại.
၃၃သို့ဖြစ်၍၊ ထာဝရဘုရား သည် အာရှုရိ ရှင် ဘုရင်ကို ရည်မှတ် ၍ မိန့် တော်မူသည်ကား ၊ သူသည် ဤ မြို့ သို့ မဝင် ရ။ မြို့ထဲသို့ မြှား ကို မ ပစ် ရ။ မြို့ ရှေ့မှာ ဒိုင်း လွှားကို မ ပြ ရ။ မြို့ပြင်မှာ မြေရိုး ကို မ ဖို့ ရ။
34 Nó sẽ theo con đường mình đã noi đến mà trở về, không vào thành nầy đâu, Ðức Giê-hô-va phán vậy.
၃၄လာ သော လမ်း ဖြင့် ပြန် သွားရမည်။ ဤ မြို့ ထဲသို့ မ ဝင် ရ။
35 Ta sẽ binh vực thành nầy, để giải cứu nó, vì cớ ta và vì cớ Ða-vít là tôi tớ ta.
၃၅ငါသည် ကိုယ် မျက်နှာ ကို၎င်း၊ ငါ့ကျွန် ဒါဝိဒ် ၏ မျက်နှာ ကို၎င်း ထောက်၍၊ ဤ မြို့ ကို ကယ်တင် ခြင်းငှါ စောင့်မ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
36 Bấy giờ, một thiên sứ của Ðức Giê-hô-va vào trại quân của người A-si-ri, và giết mười tám vạn năm ngàn người. Sáng hôm sau, người ta dậy sớm, thấy rặt những thây chết.
၃၆ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ထွက် ၍ ၊ အာရှုရိ တပ် တွင် လူတသိန်း ရှစ် သောင်း ငါး ထောင် တို့ကို ဒဏ်ခတ် လေ၏။ နံနက် စောစောထ ချိန် ရောက်သောအခါ ၊ ထိုသူ အပေါင်း တို့သည် အသေ ကောင် ဖြစ်ကြ၏။
37 San-chê-ríp, vua A-si-ri, bèn đi, trở về ở tại Ni-ni-ve.
၃၇အာရှုရိ ရှင်ဘုရင် သနာခရိပ် သည်လည်း၊ ထိုအရပ် မှထွက် ၍ ပြန် သွားပြီးလျှင်၊ နိနေဝေ မြို့၌ နေ လေ ၏။
38 Một ngày kia người đương quì lạy trong đền Nít-róc, thần của mình, thì con trai người là A-tra-mê-léc và Sa-rết-se lấy gươm giết người. Ðoạn, hai người đó trốn trong xứ A-ra-rát. Con trai người là Ê-sạt-ha-đôn trị vì thay người.
၃၈နောက် တဖန် သူ သည် မိမိ ဘုရား နိသရုတ် ၏ ဗိမာန် ၌ ကိုးကွယ် စဉ်တွင်၊ သား တော် အာဒြမ္မေလက် နှင့် ရှရေဇာ သည် ခမည်းတော် ကို ထား နှင့် သတ် ပြီးလျှင် ၊ အာရမနိ ပြည် သို့ ပြေး ကြ၏။ သား တော် ဧသရဟဒ္ဒုန် သည်လည်း ၊ ခမည်းတော် အရာ ၌ နန်း ထိုင်၏။