< Ê-xê-ki-ên 10 >
1 Ta nhìn xem, nầy, trên vòng khung giang ra trên đầu các chê-ru-bin có vật gì như là đá bích ngọc, hình trạng như hình cái ngai.
၁ငါသည်အသက်ရှင်သောသတ္တဝါ တို့၏ဦးခေါင်းအထက်ရှိလိပ်ခုံးမိုးကိုကြည့် လိုက်ရာ နီလာဖြင့်ပြီးသည့်ရာဇပလ္လင်နှင့် တူသောအရာကိုမြင်ရ၏။-
2 Ngài bèn phán cùng người mặc vải gai rằng: Hãy vào trong các khoảng bánh xe quay chóng ở dưới chê-ru-bin; khá từ giữa các chê-ru-bin lấy những than lửa đó bỏ đầy cả hay tay ngươi, rồi rải ra trên thành nầy. Người ấy vào nơi đó trước mặt ta.
၂ဘုရားသခင်ကပိတ်ချောထည်ဝတ်ဆင် ထားသူအား``ထိုသတ္တဝါတို့၏အောက်၌ရှိ သောရထားဘီးများအကြားသို့သွား၍ ထိုသတ္တဝါတို့၏ကြားရှိမီးကျီးခဲတို့ ကိုလက်ခုပ်ဖြင့်ကျုံးကာမြို့ပေါ်သို့ကြဲ ချလော့'' ဟုမိန့်တော်မူ၏။ ထိုသူသည်လည်းငါ၏ရှေ့မှောက်၌ပင် ထွက်သွား၏။-
3 Khi người vào, thì các chê-ru-bin đứng bên hữu nhà; mây đầy hành lang trong.
၃သူဝင်လာသောအခါသတ္တဝါတို့သည်ဗိမာန် တော်၏တောင်ဘက်တွင်ရပ်နေကြ၏။ ဗိမာန် တော်အတွင်းတံတိုင်းသည်လည်းမိုးတိမ် ဖြင့်ပြည့်၏။-
4 Sự vinh hiển của Ðức Giê-hô-va bèn dấy lên từ chê-ru-bin, đứng nơi ngạch cửa nhà; nhà đầy mây, và hành lang đầy sự chói sáng của vinh quang Ðức Giê-hô-va.
၄ထာဝရဘုရား၏တောက်ပသောအသရေ တော်သည် ထိုသတ္တဝါများမှအထက်သို့လျှံ တက်ပြီးလျှင် ဗိမာန်တော်အဝင်ဝသို့ရွေ့ လျား၏။ ထိုနောက်ဗိမာန်တော်သည်မိုးတိမ် များဖြင့်ပြည့်သဖြင့် တံတိုင်းသည်ဘုရားသခင်၏ဘုန်းအသရေဖြင့်ထွန်းတောက် လျက်နေ၏။-
5 Tiếng của những cánh chê-ru-bin vang ra đến hành lang ngoài, giống như tiếng của Ðức Chúa Trời Toàn năng, khi Ngài phán.
၅သတ္တဝါတို့၏တောင်ပံခတ်သံကိုအပြင် တံတိုင်းမှပင်ကြားရ၏။ ထိုအသံသည် အနန္တတန်ခိုးရှင်ဘုရားသခင်မိန့်မြွက် တော်မူသောအသံနှင့်တူ၏။
6 Khi Ðức Giê-hô-va đã truyền lịnh cho người mặc vải gai rằng: Hãy lấy lửa từ giữa khoảng các bánh xe quay chóng, giữa các chê-ru-bin, thì người vào và đứng bên một bánh xe.
၆ပိတ်ချောထည်ကိုဝတ်ဆင်ထားသူအား ထာ ဝရဘုရားကသတ္တဝါများ၏အောက်၌ ရှိသောရထားဘီးများအကြားမှ မီးကျီး ခဲအချို့ကိုယူရန်အမိန့်ပေးတော်မူသော အခါထိုသူသည်ဝင်၍ဘီးတစ်ခုအနီး ၌ရပ်လေ၏။-
7 Rồi một chê-ru-bin từ giữa các chê-ru-bin giơ tay ra đến lửa giữa các chê-ru-bin, và lấy lửa đem đặt vào tay người mặc vải gai; người nầy tiếp lấy rồi thì ra.
၇သတ္တဝါတစ်ပါးသည်လက်ကိုဆန့်၍သတ္တ ဝါများအကြား၌ရှိသည့်မီးကျီးခဲကို ကောက်ယူကာ ပိတ်ချောထည်ဝတ်ဆင်သူ ၏လက်ခုပ်ထဲသို့ထည့်၍ပေး၏။ ထိုသူ သည်လည်းမီးကျီးခဲများကိုယူ၍ ထွက်သွား၏။
8 Vả, nơi dưới cánh các chê-ru-bin có tỏ ra hình một cái tay người.
၈သတ္တဝါတိုင်း၏တောင်ပံများအောက်၌ လူ လက်နှင့်တူသောလက်တစ်ခုစီရှိသည်ကို လည်းကောင်း၊-
9 Ta còn nhìn xem, nầy, có bốn bánh xe kề bên các chê-ru-bin, và một bánh xe khác kề một chê-ru-bin khác; hình trạng những bánh xe ấy giống như bích ngọc.
၉ထိုသတ္တဝါတို့၏နံဘေး၌ရထားဘီးတစ် ခုစီရှိသည်ကိုလည်းကောင်းငါမြင်ရ၏။ ထို ဘီးတို့သည်ကျောက်မျက်ရတနာများကဲ့ သို့အရောင်အဝါထွက်လျက်နေ၏။ ယင်းတို့ သည်ပုံသဏ္ဌာန်အရွယ်အစားချင်းတူညီ ကြလျက် ဘီးတိုင်းတွင်အခြားဘီးတစ်ခု ကကန့်လန့်ဖြတ်ထောင့်မှန်ကျကျတပ်ဆင် ထား၏။-
10 Theo như hình trạng các bánh xe ấy, bốn cái có đồng một hình như một bánh xe ở trong bánh xe.
၁၀
11 Khi chúng nó đi tới, đều đi bốn phía mình, khi đi chẳng xây lại; tùy theo cái đầu hướng về bên nào, thì chúng nó đi theo; khi đi chẳng xây lại.
၁၁ထိုဘီးတို့လှုပ်ရှားရာ၌ဘီးတို့သည်မလှည့် ဘဲ သတ္တဝါများသွားသည့်အတိုင်းသူတို့ မျက်နှာမူရာအရပ်၊ မည်သည့်အရပ်သို့ မဆိုသွားလာနိုင်ကြ၏။ သူတို့သည်မိမိ တို့ကိုယ်ကိုလှည့်နေရန်မလိုဘဲ အားလုံး တညီတညာတည်းမိမိတို့သွားလိုရာ ဘက်သို့သွားနိုင်ကြ၏။-
12 Cả mình các chê-ru-bin, lưng, tay, cánh, bánh xe, khắp chung quanh đều đầy những mắt, tức các bánh xe mà bốn chê-ru-bin ấy có.
၁၂သူတို့ကိုယ်ခန္ဓာများ၊ ကျောကုန်းများ၊ လက် များ၊ တောင်ပံများနှင့်ဘီးများသည်မျက်စိ များနှင့်ပြည့်နှက်လျက်ရှိ၏။-
13 Bấy giờ ta nghe gọi bánh xe ấy là bánh xe quay chóng.
၁၃ထိုဘီးတို့ကို``စကြာဘီးများ'' ဟုခေါ်ဆို သည်ကိုငါကြားရ၏။
14 Mỗi chê-ru-bin có bốn mặt: thứ nhứt là mặt chê-ru-bin; thứ nhì, mặt người; thứ ba, mặt sư tử; thứ tư, mặt chim ưng.
၁၄ထိုသတ္တဝါတစ်ပါးလျှင်မျက်နှာလေးခုရှိ၍ ပထမမျက်နှာသည်ခေရုဗိမ်မျက်နှာ၊ ဒုတိယ မှာလူမျက်နှာ၊ တတိယကားခြင်္သေ့မျက်နှာ၊ စတုတ္ထမှာလင်းယုန်မျက်နှာဖြစ်၏။-
15 Ðoạn, các chê-ru-bin dấy lên: ấy là vật sống mà ta thấy trên bờ sông Kê-ba.
၁၅သူတို့သည်လေထဲသို့ပျံတတ်ကြ၏။ (ထို သတ္တဝါတို့ကားခေဗာမြစ်အနီးတွင်ငါ တွေ့မြင်ခဲ့ရသောသတ္တဝါများပင်ဖြစ်၏။-)
16 Khi các chê-ru-bin đi, thì các bánh xe đi kề chúng nó; khi các chê-ru-bin sè cánh để dấy lên khỏi đất, thì các bánh xe không quay khỏi bên chúng nó.
၁၆သတ္တဝါတို့လှုပ်ရှားသောအခါသူတို့အနီး ရှိဘီးတို့သည်လည်းလှုပ်ရှားကြ၏။ သူတို့ ပျံရန်အတောင်ကိုဖြန့်ကြသောအခါ ဘီး တို့သည်လည်းလိုက်၍သွားကြ၏။-
17 Khi các chê-ru-bin dừng lại, các bánh xe cùng dừng lại; khi dấy lên, cùng dấy lên; vì thần của vật sống ấy ở trong các bánh xe vậy.
၁၇ထိုသတ္တဝါတို့ရပ်ကြသောအခါဘီးတို့ သည်လည်းရပ်၏။ သတ္တဝါတို့ပျံသန်းကြ သောအခါဘီးတို့သည်လည်းလိုက်၍သွား ကြ၏။ အဘယ်ကြောင့်ဆိုသော်ထိုသတ္တဝါ များ၏ဝိညာဉ်ကဘီးတို့ကိုချုပ်ကိုင်၍ ထားသောကြောင့်ဖြစ်၏။
18 Sự vinh hiển Ðức Giê-hô-va ra khỏi ngạch cửa nhà, và đứng trên các chê-ru-bin.
၁၈ထိုနောက်ဘုရားသခင်၏တောက်ပသောဘုန်း အသရေတော်သည် ဗိမာန်တော်အဝင်ဝမှ ထွက်ခွာ၍သတ္တဝါတို့၏အထက်သို့ရွေ့ လျားသွားတော်မူ၏။-
19 Các chê-ru-bin sè cánh dấy lên khỏi đất, mà ra trước mắt ta, và các bánh xe ở kề nó; chúng nó dừng nơi lối vào cửa đông nhà Ðức Giê-hô-va, và sự vinh hiển của Ðức Chúa Trời Y-sơ-ra-ên ở trên chúng nó.
၁၉သူတို့သည်မိမိတို့တောင်ပံများကိုဖြန့်၍ ငါ၏မျက်မှောက်၌ပင်ကမ္ဘာမြေကြီးမှအထက် သို့ပျံတက်ကြ၏။ ထိုအခါဘီးတို့သည်လည်း လိုက်ပါသွားကြ၏။ သတ္တဝါတို့သည်ဗိမာန် တော်အရှေ့တံခါးတွင်ရပ်နားကြ၏။ ဣသ ရေလအမျိုးသားတို့ဘုရားသခင်၏ တောက်ပသောဘုန်းအသရေတော်သည် လည်းသူတို့အပေါ်၌တည်လေ၏။-
20 Ấy đó là vật sống mà ta thấy dưới Ðức Chúa Trời của Y-sơ-ra-ên, trên bờ sông Kê-ba, và ta biết nó là chê-ru-bin.
၂၀ဤသတ္တဝါတို့သည်ခေဗာမြစ်အနီးတွင် ယခင်ကဣသရေလအမျိုးသားတို့၏ ဘုရားသခင်အောက်တွင် ငါမြင်ခဲ့ရသော သတ္တဝါများပင်ဖြစ်ကြောင်းငါသိ၏။
21 Mỗi chê-ru-bin có bốn mặt và bốn cánh; dưới cánh có hình như tay người.
၂၁သူတို့တစ်ပါးစီတွင်မျက်နှာလေးခု၊ တောင်ပံ လေးဘက်နှင့်ထိုတောင်ပံများ၏အောက်တွင် လူ့လက်နှင့်တူသောလက်တစ်ဖက်စီရှိ၏။-
22 Về phần hình trạng của các mặt nó, ấy là những mặt mà ta thấy trên bờ sông Kê-ba, cả hình trạng và chính mình chúng nó; và chúng nó đều đi thẳng tới trước.
၂၂သူတို့၏မျက်နှာများသည်ခေဗာမြစ်အနီး တွင် ငါတွေ့မြင်ခဲ့ရသောမျက်နှာများနှင့် တထေရာတည်းဖြစ်၍နေ၏။ ထိုသတ္တဝါ အားလုံးပင်ရှေ့သို့တည့်တည့်ရွေ့လျား သွားတတ်ကြ၏။