< Xuất Hành 1 >

1 Ðây là tên các con trai của Y-sơ-ra-ên, mỗi người đều dẫn người nhà mình đi với Gia-cốp đến xứ Ê-díp-tô:
အီ​ဂျစ်​ပြည်​သို့​ယာ​ကုပ်​နှင့်​အ​တူ သွား​ရောက်​ကြ​သော​ယာ​ကုပ်​၏​သား​များ​မှာ၊-
2 Ru-bên, Si-mê-ôn, Lê-vi và Giu-đa;
ရု​ဗင်၊ ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊-
3 Y-sa-ca, Sa-bu-lôn và Bên-gia-min;
ဣ​သ​ခါ၊ ဇာ​ဗု​လုန်၊ ဗင်္ယာ​မိန်၊ ဒန်၊ န​ဿ​လိ၊ ဂဒ်၊ အာ​ရှာ​တို့​ဖြစ်​ကြ​၏။ သူ​တို့​၏​မိ​သား​စု​များ​လည်း​လိုက်​ပါ​သွား​ကြ​၏။-
4 Ðan, Nép-ta-li, Gát, và A-se.
5 Hết thảy những người bởi Gia-cốp sanh ra, được bảy mươi người; Giô-sép đã ở tại xứ Ê-díp-tô.
ဤ​သူ​တို့​သည်​ယာ​ကုပ်​မှ​တိုက်​ရိုက်​ဆင်း​သက်​၍ ဦး​ရေ​အား​ဖြင့်​စု​စု​ပေါင်း​ခု​နစ်​ဆယ်​ရှိ​သ​တည်း။ ယော​သပ်​သည်​အီ​ဂျစ်​ပြည်​သို့​ရောက်​နှင့်​ပြီး​ဖြစ်​၏။-
6 Vả, Giô-sép và anh em người cùng mọi kẻ đồng đời đó đều chết hết.
အ​ချိန်​တန်​သော်​ယော​သပ်​နှင့်​သူ​၏​ညီ​အစ်​ကို​များ​နှင့်​တ​ကွ သူ​တို့​၏​ခေတ်​က​ဆွေ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​သည်​ကွယ်​လွန်​ကြ​ကုန်​၏။-
7 Con cháu Y-sơ-ra-ên thêm nhiều lạ lùng, nẩy nở ra, và trở nên rất cường thạnh; cả xứ đều đầy dẫy.
သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သား​သ​မီး​မြောက်​မြား​စွာ​မွေး​ဖွား​၍ အ​လွန်​တိုး​ပွား​များ​ပြား​လာ​သ​ဖြင့်၊ တစ်​တိုင်း​တစ်​ပြည်​လုံး​တွင်​အ​နှံ့​အ​ပြား​နေ​ထိုင်​ကြ​လေ​သည်။
8 Nhưng bấy giờ tại nước Ê-díp-tô, có một vua mới lên ngôi, chẳng quen biết Giô-sép.
ထို​နောက်​အီ​ဂျစ်​ပြည်​တွင် ယော​သပ်​အ​ကြောင်း​ကို​လုံး​ဝ​မ​ကြား​ဘူး​သော​ဘု​ရင်​တစ်​ပါး​နန်း​တက်​လာ​လေ​၏။-
9 Vua phán cùng dân mình rằng: Nầy, dân Y-sơ-ra-ên đông và mạnh hơn chúng ta;
ထို​ဘု​ရင်​က​သူ​၏​ပြည်​သား​တို့​အား``ဤ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် လူ​ဦး​ရေ​အ​လွန်​များ​ပြား​၍​အင်​အား​ကြီး​မား​လာ​သ​ဖြင့် ငါ​တို့​အား​အန္တရာယ်​ပြု​နိုင်​၏။-
10 hè! ta hãy dùng chước khôn ngoan đối cùng họ, kẻo họ thêm nhiều lên, một mai nếu có cơn chinh chiến xảy đến, họ sẽ hiệp cùng quân nghịch đánh lại ta, và ra khỏi xứ chăng.
၁၀သူ​တို့​၏​လူ​ဦး​ရေ​ယခု​ထက်​မ​တိုး​ပွား​လာ​စေ​ရန် လိမ္မာ​စွာ​ငါ​တို့​ပြု​ရ​ကြ​မည်။ အ​ကယ်​၍​စစ်​မက်​ဖြစ်​ပွား​လာ​လျှင် သူ​တို့​သည်​ငါ​တို့​၏​တစ်​ဘက်​ရန်​သူ​နှင့်​ပူး​ပေါင်း​၍​ငါ​တို့​ကို​တိုက်​ခိုက်​ပြီး​လျှင် တိုင်း​ပြည်​မှ​ထွက်​ပြေး​ကြ​လိမ့်​မည်'' ဟု​မိန့်​ကြား​လေ​၏။-
11 Vậy, người Ê-díp-tô bèn đặt các kẻ đầu xâu để bắt dân Y-sơ-ra-ên làm xâu khó nhọc; họ xây thành Phi-thom và Ram-se dùng làm kho tàng cho Pha-ra-ôn.
၁၁သို့​ဖြစ်​၍​အီ​ဂျစ်​အမျိုး​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​တွင် အုပ်​ချုပ်​ရေး​အ​ရာ​ရှိ​ချုပ်​များ​ကို​ခန့်​ထား​၍ စိတ်​ဋ္ဌာတ်​ကို​ချိုး​နှိမ်​ရန်​အ​လုပ်​ကြမ်း​ကို​အ​တင်း​အ​ကြပ်​ခိုင်း​ကြ​၏။ ဤ​နည်း​အား​ဖြင့်​ဖာ​ရော​ဘု​ရင်​၏​ရိက္ခာ​သို​လှောင်​ရာ ပိ​သုံ​မြို့​နှင့်​ရာ​မ​သက်​မြို့​တို့​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​တည်​ဆောက်​စေ​၏။-
12 Nhưng người Ê-díp-tô càng bắt làm khó nhọc chừng nào, dân Y-sơ-ra-ên càng thêm nhiều lên, và tràn ra chừng nấy. Người Ê-díp-tô bèn đem lòng ghen ghét dân Y-sơ-ra-ên,
၁၂သို့​သော်​လည်း​အီ​ဂျစ်​ပြည်​သား​တို့​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​လေ၊ သူ​တို့​၏​လူ​ဦး​ရေ​တိုး​ပွား​ပျံ့​နှံ့​လာ​လေ​ဖြစ်​၏။ အီ​ဂျစ်​ပြည်​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကြောက်​ရွံ့​လာ​ကြ​၏။-
13 bắt làm công việc nhọc nhằn,
၁၃ထို့​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကျွန်​အ​ဖြစ်​အ​တင်း​အ​ကြပ်​စေ​ခိုင်း​၍​ညှဉ်း​ဆဲ​ကြ​၏။
14 gây cho đời dân ấy nên cay đắng, vì nỗi khổ sở nhồi đất, làm gạch và mọi việc khác ở ngoài đồng. Các công việc nầy người Ê-díp-tô bắt dân Y-sơ-ra-ên làm nhọc nhằn lắm.
၁၄ဆောက်​လုပ်​ရေး​၌​လည်း​ကောင်း၊ လယ်​ယာ​လုပ်​ငန်း​၌​လည်း​ကောင်း မ​ညှာ​မ​တာ​ဘဲ​ပင်​ပန်း​ကြီး​စွာ​လုပ်​ဆောင်​စေ​ကြ​၏။
15 Vua xứ Ê-díp-tô cũng phán cùng các bà mụ của dân Hê-bơ-rơ, một người tên Siếp-ra và một người tên Phu-a,
၁၅အီ​ဂျစ်​ဘု​ရင်​က ရှိ​ဖ​ရ​နှင့်​ပု​အာ​နာ​မည်​ရှိ​သော​ဟေ​ဗြဲ​ဝမ်း​ဆွဲ​နှစ်​ဦး​တို့​အား၊-
16 mà rằng: Khi các ngươi đi rước thai cho người đàn bà Hê-bơ-rơ, hễ thấy sanh con trai, thì hãy làm cho chết đi; còn con gái, thì hãy để cho sống.
၁၆``ဟေ​ဗြဲ​အ​မျိုး​သမီး​တို့​ကို​သား​ဖွား​ပေး​ရ​သည့်​အ​ခါ ယောကျာ်း​က​လေး​ဖြစ်​လျှင်​သတ်​ပစ်​လော့။ မိန်း​က​လေး​ဖြစ်​လျှင်​အ​သက်​ချမ်း​သာ​ခွင့်​ပေး​လော့။'' ဟု​အ​မိန့်​ပေး​လေ​၏။-
17 Nhưng các bà mụ kính sợ Ðức Chúa Trời, chẳng làm theo lời vua Ê-díp-tô phán dặn, đều để cho các con trai sống hết.
၁၇သို့​ရာ​တွင်​ဝမ်း​ဆွဲ​အ​မျိုး​သ​မီး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သူ​များ​ဖြစ်​သော​ကြောင့် ဘု​ရင်​၏​အ​မိန့်​ကို​မ​နာ​ခံ​ဘဲ​ယောကျာ်း​က​လေး​များ​ကို​အ​သက်​ချမ်း​သာ​စေ​ကြ​၏။-
18 Vua xứ Ê-díp-tô bèn đòi những bà mụ mà phán rằng: Sao các ngươi làm như vậy, để cho những con trai sống?
၁၈ထို့​ကြောင့်​ဘု​ရင်​သည်​ဝမ်း​ဆွဲ​တို့​အား​ဆင့်​ခေါ်​လျက်``သင်​တို့​သည်​ငါ​၏​အ​မိန့်​ကို​မ​နာ​ခံ​ဘဲ အ​ဘယ်​ကြောင့်​ယောကျာ်း​က​လေး​များ​ကို​အ​သက်​ချမ်း​သာ​စေ​ရ​သ​နည်း'' ဟု​မေး​လေ​၏။-
19 Các bà mụ tâu rằng: Ấy tại người đàn bà Hê-bơ-rơ chẳng phải như người đàn bà Ê-díp-tô; vì họ mạnh khỏe hơn, đã sanh nở trước khi mụ đến.
၁၉ထို​အ​ခါ​ဝမ်း​ဆွဲ​တို့​က``ဟေ​ဗြဲ​အ​မျိုး​သ​မီး​တို့​သည် အီ​ဂျစ်​အ​မျိုး​သ​မီး​တို့​နှင့်​မ​တူ​ပါ။ သူ​တို့​သည်​သား​ဖွား​လွယ်​ကြ​သ​ဖြင့်​ဝမ်း​ဆွဲ​မ​ရောက်​မီ က​လေး​ကို​ဖွား​နှင့်​ပြီး​ဖြစ်​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။-
20 Ðức Chúa Trời ban ơn cho những bà mụ; dân sự gia thêm và trở nên đông đúc.
၂၀ဝမ်း​ဆွဲ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သူ​များ​ဖြစ်​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​က​သူ​တို့​ကို​ကျေး​ဇူး​ပြု​၍ သူ​တို့​၌​အိမ်​ထောင်​မိ​သား​စု​များ​ရှိ​စေ​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဦး​ရေ​သည်​လည်း​တိုး​ပွား​များ​ပြား​လာ​၏။-
21 Ấy vậy, vì bà mụ có lòng kính sợ Ðức Chúa Trời, nên Ngài làm cho nhà họ được thạnh vượng.
၂၁
22 Pha-ra-ôn bèn truyền lịnh cho cả dân mình rằng: Phàm con trai của dân Hê-bơ-rơ mới sanh, hãy liệng xuống sông; còn con gái, thì để cho sống.
၂၂သို့​ဖြစ်​၍​ဖာ​ရော​ဘု​ရင်​သည်``ဟေ​ဗြဲ​အ​မျိုး​သ​မီး​တို့​မှ​ဖွား​မြင်​သော သား​ယောကျာ်း​မှန်​သ​မျှ​တို့​ကို​နိုင်း​မြစ်​ထဲ​သို့​ပစ်​ချ​ရ​မည်။ သ​မီး​မိန်း​က​လေး​များ​ကို​မူ​အ​သက်​ချမ်း​သာ​ပေး​ရ​မည်'' ဟု​မိ​မိ​၏​ပြည်​သူ​ပြည်​သား​တို့​အား​အ​မိန့်​ပေး​လေ​၏။

< Xuất Hành 1 >