< Phục Truyền Luật Lệ 19 >
1 Khi Giê-hô-va Ðức Chúa Trời ngươi đã diệt các dân tộc của xứ mà Ngài ban cho ngươi, khi ngươi đã đuổi chúng nó đi, được ở trong các thành và các nhà chúng nó rồi,
၁``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့အားပေးသနားတော်မူမည့်ပြည် တွင်နေထိုင်သောလူမျိုးတို့ကို သုတ်သင်ပယ် ရှင်းပြီးနောက်သင်တို့သည်သူတို့၏မြို့များ နှင့်အိမ်များကိုသိမ်းယူနေထိုင်ကြသော အခါ၊-
2 thì phải để riêng ba cái thành giữa xứ mà Giê-hô-va Ðức Chúa Trời ngươi ban cho ngươi nhận lấy.
၂ထိုပြည်ကိုသုံးပိုင်းပိုင်း၍တစ်ပိုင်းစီတွင် လွယ် ကူစွာသွားရောက်နိုင်သောမြို့တစ်မြို့ကိုရွေး ချယ်လော့။ လူတစ်စုံတစ်ယောက်ကိုသတ်မိ သောသူသည် ထိုမြို့များအနက်တစ်မြို့ မြို့သို့ပြေး၍ခိုလှုံနိုင်သည်။-
3 Ngươi phải dọn đường, chia ra làm ba phần địa phận của xứ mà Giê-hô-va Ðức Chúa Trời ngươi ban cho ngươi làm sản nghiệp: ấy hầu cho kẻ sát nhân ẩn núp tại đó.
၃
4 Vả, nầy là cách mà người ta phải đãi kẻ sát nhân ẩn núp tại đó đặng bảo tồn sự sống mình. Nếu ai vì vô ý đánh chết kẻ lân cận mình, không có ganh ghét trước;
၄လူတစ်ယောက်သည်မိမိ၏ရန်သူမဟုတ်သူ အား မတော်တဆသတ်မိခဲ့သည်ရှိသော်သူ သည် ထိုမြို့များအနက်တစ်မြို့မြို့သို့ထွက် ပြေးလျှင်အသက်ချမ်းသာခွင့်ရရှိနိုင်သည်။-
5 thí dụ, nếu người đó đi cùng kẻ lân cận mình vào rừng đốn củi, tay người đang giơ rìu ra đốn, rủi lưỡi rìu sút cán trúng nhằm kẻ lân cận, làm cho kẻ ấy bị chết đi, thì người phải chạy ẩn núp mình trong một của ba cái thành nầy, đặng bảo tồn sự sống mình.
၅ပမာအားဖြင့်လူနှစ်ယောက်တို့သည်တော ထဲသို့သစ်ခုတ်ရန်အတူသွားကြရာ၌ တစ် ယောက်ကသစ်ပင်ကိုခုတ်လှဲနေစဉ်ပုဆိန် သွားသည်အရိုးမှကျွတ်ထွက်၍ အခြား တစ်ယောက်ကိုထိမှန်သဖြင့် ထိုသူသေလျှင် သတ်မိသူသည်ထိုသုံးမြို့အနက် တစ်မြို့ မြို့သို့ထွက်ပြေးလျှင်အသက်ချမ်းသာ ခွင့်ရရှိနိုင်သည်။-
6 Bằng chẳng, kẻ báo thù huyết, vì nóng giận chạy đuổi theo kẻ sát nhân đó, và nếu đường dài quá, theo kịp và đánh người chết đi, mặc dầu người không đáng chết, bởi từ trước người không có ganh ghét kẻ lân cận mình.
၆အကယ်၍ခိုလှုံရာမြို့တစ်မြို့တည်းသာရှိ လျှင် ခရီးကွာဝေးလှသောကြောင့်သေသူ အတွက်လက်စားချေလိုသူက သတ်သူနောက် သို့လိုက်၍မီသော်ဒေါသအလျောက်အပြစ် မဲ့သူတစ်ယောက်ကိုသတ်မိနိုင်သည်။ စင်စစ် အားဖြင့်ထိုသူသည်မိမိ၏ရန်သူမဟုတ် သူကိုမတော်တဆသတ်မိခြင်းသာဖြစ်၏။-
7 Vì vậy, ta dặn và phán cùng ngươi rằng: Hãy để riêng ba cái thành.
၇ထိုကြောင့်ငါသည်သင်တို့အားမြို့သုံးမြို့ ကို သီးသန့်သတ်မှတ်ထားရှိစေခြင်းဖြစ် သည်။''
8 Nếu ngươi cẩn thận làm theo các điều răn nầy mà ta truyền cho ngươi ngày nay, tức là thương mến Giê-hô-va Ðức Chúa Trời ngươi, hằng đi theo đường lối Ngài,
၈``သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့၏ဘိုးဘေးတို့အားကတိထားတော်မူ သည့်အတိုင်း သင်တို့၏နယ်ကျယ်ပြန့်လာပြီး လျှင် ကတိထားတော်မူသောမြေအားလုံး ကိုအပိုင်ရရှိသောအခါ၊-
9 thì Giê-hô-va Ðức Chúa Trời ngươi sẽ mở rộng bờ cõi ngươi, y như Ngài đã thề cùng tổ phụ ngươi, và ban cho ngươi cả xứ mà Ngài đã hứa ban cho tổ phụ ngươi, rồi bấy giờ, ngươi phải thêm ba thành nữa vào ba thành trước;
၉ခိုလှုံရာမြို့သုံးမြို့ကိုထပ်မံ၍ရွေးချယ်ရ မည်။ သင်တို့သည်ငါယခုမိန့်မှာသမျှကို သင် တို့၏ဘုရားသခင်ထာဝရဘုရားကိုချစ် မြတ်နိုးလျက် ကိုယ်တော်၏သွန်သင်ချက်များ အတိုင်းလိုက်လျှောက်လျှင် ထာဝရဘုရား သည်ထိုပြည်ကိုသင်တို့အားပေးသနား တော်မူလိမ့်မည်။-
10 hầu cho huyết vô tội không đổ ra giữa xứ mà Giê-hô-va Ðức Chúa Trời ngươi ban cho ngươi làm sản nghiệp, và không có huyết trên mình ngươi.
၁၀ဤနည်းအားဖြင့်ထာဝရဘုရားပေးသနား တော်မူမည့်ပြည်တွင် အပြစ်မဲ့သူများအသက် မဆုံးရ။ သင်တို့သည်လည်းအပြစ်မဲ့သူများ ကို သေစေသည့်အပြစ်ကူးလွန်မိမည်မဟုတ်။''
11 Nhưng nếu ai ganh ghét kẻ lân cận mình, gài mưu hại người, nổi lên đánh người chết, rồi chạy ẩn núp mình trong một của các thành ấy,
၁၁``သို့ရာတွင်လူတစ်ယောက်သည် ရန်သူကိုအငြိုး ထား၍ချောင်းမြောင်းသတ်ဖြတ်ပြီးလျှင် ထိုမြို့ တစ်မြို့သို့ထွက်ပြေးခိုလှုံသည့်အခါ၌မူ ကား၊-
12 thì những trưởng lão của thành kẻ đó, phải sai đi kéo nó ra khỏi nơi, nộp vào tay kẻ báo thù huyết, để nó chết đi.
၁၂သူနေရင်းမြို့မှအကြီးအကဲတို့သည်သူ့ အားခေါ်ဆောင်စေပြီးလျှင် သေဒဏ်ခတ်ရန် သေသူအတွက်လက်စားချေမည့်သူလက် သို့အပ်ရမည်။-
13 Mắt ngươi sẽ không thương xót nó; nhưng phải trừ huyết người vô tội khỏi Y-sơ-ra-ên, thì ngươi sẽ được phước.
၁၃သူ့အားမသနားမညှာတာရ။ သင်တို့သည် အေးချမ်းစွာနေထိုင်နိုင်ရန် ဣသရေလလူ မျိုးထဲမှထိုလူသတ်သမားကိုဖယ်ရှားပစ် ရမည်။''
14 Ngươi chớ dời mộc giới của kẻ lân cận mình mà các tiên nhân ngươi đã cắm nơi sản nghiệp ngươi sẽ nhận được, tại xứ Giê-hô-va Ðức Chúa Trời ngươi ban cho ngươi nhận lấy.
၁၄``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်တွင် ရှေးအခါ ကစိုက်ထားသည့်သင်၏အိမ်နီးချင်းပိုင် မြေမှတ်တိုင်ကိုမရွှေ့ရ။''
15 Chứng độc chiếc không đủ cớ định tội cho người nào, bất luận gian ác, tội lỗi nào mà người đã phạm; cứ theo lời của hai hay ba người chứng, thì sự mới định tội được.
၁၅``သက်သေတစ်ဦးတည်း၏ထွက်ဆိုချက်ဖြင့် လူတစ်ယောက်အား ပြစ်မှုကူးလွန်သည်ဟု မစီရင်ရ။ အနည်းဆုံးသက်သေနှစ်ဦးရှိ မှလူတစ်ယောက်အား အပြစ်ရှိသည်ဟု ဆုံးဖြတ်ရမည်။-
16 Khi một người chứng dối dấy lên cùng kẻ nào đặng phao tội cho,
၁၆တစ်စုံတစ်ယောက်သောသူသည် အခြားသူ တစ်ယောက်အားပြစ်မှုကူးလွန်သည်ဟူ ၍မတရားစွပ်စွဲလျှင်၊-
17 thì hai đàng có tranh tụng nhau phải ứng hầu trước mặt Ðức Giê-hô-va, trước mặt những thầy tế lễ và quan án làm chức đang thì đó.
၁၇ထိုသူနှစ်ဦးတို့သည် တစ်ခုတည်းသောကိုး ကွယ်ရာဌာန၌တာဝန်ကျယဇ်ပုရောဟိတ် များနှင့် တရားသူကြီးများထံတွင်အစစ် ခံရမည်။-
18 Các quan án phải tra xét kỹ càng, nếu thấy người chứng nầy là chứng dối, đã thưa gian cho anh em mình,
၁၈တရားသူကြီးတို့သည်အမှုကိုစေ့စပ်စွာ စစ်ဆေး၍ ထိုသူသည်ဣသရေလအမျိုး သားချင်းအား မတရားစွပ်စွဲကြောင်းစစ် ဆေးတွေ့ရှိရလျှင်၊-
19 thì các ngươi phải làm cho hắn như hắn đã toan làm cho anh em mình; vậy, ngươi sẽ cất sự ác khỏi giữa mình.
၁၉အစွပ်စွဲခံရသူခံရမည့်အပြစ်ဒဏ်ကိုသူ့ အားခံစေရမည်။ ဤနည်းအားဖြင့်သင်တို့သည် ထိုသို့သောဒုစရိုက်ကိုဖယ်ရှားနိုင်ကြမည်။-
20 Còn những người khác hay điều đó, sẽ sợ, không làm sự hung ác như thế ở giữa ngươi nữa.
၂၀လူအပေါင်းတို့သည်ထိုသတင်းကိုကြားရ သဖြင့် ကြောက်ရွံ့၍နောင်အခါထိုသို့သော ဒုစရိုက်ကိုပြုလုပ်ဝံ့ကြမည်မဟုတ်။-
21 Mắt ngươi chớ thương xót: mạng đền mạng, mắt đền mắt, răng đền răng, tay đền tay, chân đền chân.
၂၁ယင်းသို့သောအမှုများကိုစီရင်ရာ၌သနား ညှာတာမှုမရှိစေရ။ သူတစ်ပါးအသက်ကို သတ်လျှင် သေစားသေစေ။ မျက်စိကိုဖျက်လျှင် မျက်စိဖျက်ခံစေ။ သွားကိုချိုးလျှင်သွားချိုး ခံစေ။ လက်ကိုချိုးလျှင်လက်ချိုးခံစေ။ ခြေ ကိုချိုးလျှင်ခြေချိုးခံစေ။''