< II Các Vua 22 >

1 Khi Giô-si-a lên làm vua, được tám tuổi; người cai trị ba mươi mốt năm tại Giê-ru-sa-lem. Mẹ người tên là Giê-đi-đa, con gái của A-đa-gia, cháu Bô-cát.
ယော​ရှိ​သည်​အ​သက်​ရှစ်​နှစ်​ရှိ​သော​အ​ခါ ယု​ဒ ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင် မြို့​တွင်​သုံး​ဆယ့်​တစ်​နှစ်​နန်း​စံ​ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ​ဗော​ဇ​ကတ်​မြို့​သား​အ​ဒါ ယ​၏​သ​မီး​ယေ​ဒိ​ဒ​ဖြစ်​၏။-
2 Người làm điều thiện trước mặt Ðức Giê-hô-va, đi theo trọn con đường của Ða-vít, tổ phụ mình, không tẻ tách hoặc về bên hữu, hoặc về bên tả.
ယော​ရှိ​သည်​ထာ​ဝရ​ဘု​ရား​နှစ်​သက်​တော်​မူ သော​အ​မှု​တို့​ကို​ပြု​၏။ သူ​သည်​မိ​မိ​၏​ဘိုး တော်​ဒါ​ဝိဒ်​မင်း​၏​စံ​န​မူ​နာ​ကို​ယူ​၍ ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ရှိ​သ​မျှ​ကို​တိ​ကျ​စွာ လိုက်​နာ​ကျင့်​သုံး​၏။
3 Năm thứ mười tám đời Giô-si-a, vua sai thơ ký Sa-phan, con trai A-xa-lia, cháu Mê-su-lam, đến đền Ðức Giê-hô-va, mà dặn rằng:
ယော​ရှိ​သည်​မိ​မိ​နန်း​စံ​တစ်​ဆယ့်​ရှစ်​နှစ်​မြောက် ၌ မေ​ရှု​လံ​၏​မြေး၊ အာ​ဇ​လိ​၏​သား၊ နန်း​တော် အ​တွင်း​ဝန်​ရှာ​ဖန်​ကို၊-
4 Hãy đi lên thầy tế lễ thượng phẩm Hinh-kia, đếm bạc đã đem đến trong đền thờ của Ðức Giê-hô-va, tức là bạc mà các người giữ cửa đền thờ đã thâu lấy nơi dân sự;
``ယဇ်​ပု​ရော​ဟိတ်​မင်း​ဟိ​လ​ခိ​ထံ​သို့​သွား​၍ ဗိ​မာန်​တော်​အ​ဝင်​ဝ​တွင်​ယဇ်​ပု​ရော​ဟိတ်​များ ကောက်​ခံ​ရ​ရှိ​သည့်​ငွေ​စာ​ရင်း​ကို​တောင်း​ယူ လော့။-
5 đoạn hãy giao bạc ấy cho những kẻ coi sóc việc đền thờ của Ðức Giê-hô-va, để họ giao lại cho thợ sửa sang các nơi hư nứt của đền thờ,
ထို​နောက်​ငွေ​ကို​ဗိ​မာန်​တော်​ပြင်​ဆင်​မှု​ကြီး ကြပ်​သူ​တို့​ထံ​သို့​ပေး​အပ်​ရန် သူ့​အား​ပြော ကြား​လော့။ ကြီး​ကြပ်​သူ​တို့​သည်၊-
6 tức thợ mộc, thợ xây cất, thợ hồ, và dùng mua gỗ và đá đẽo đặng tu bổ đền lại.
လက်​သ​မား​များ၊ ဗိ​သု​ကာ​များ​နှင့်​ပန်း​ရံ များ​၏​လုပ်​ခ​ကို​ပေး​ရန်​နှင့် ဗိ​မာန်​တော်​ပြင် ဆင်​ရာ​တွင်​လို​အပ်​သည့်​သစ်​သား​နှင့်​ကျောက် ကို​ဝယ်​ရန်​ထို​ငွေ​ကို​အ​သုံး​ပြု​ရ​မည်။-
7 Song chớ tính sổ bạc giao nơi tay chúng, vì chúng vốn làm thành thực.
ကြီး​ကြပ်​သူ​တို့​သည်​လုံး​ဝ​ယုံ​ကြည်​စိတ်​ချ ရ​သူ​များ​ဖြစ်​သ​ဖြင့် သူ​တို့​အား​စာ​ရင်း​အင်း များ​ပြ​ခိုင်း​ရန်​မ​လို'' ဟု​အ​မိန့်​ပေး​၍ ဗိ​မာန်​တော်​သို့​စေ​လွှတ်​လေ​၏။
8 Thầy tế lễ thượng phẩm Hinh-kia nói với thơ ký Sa-phan rằng: Tôi đã tìm được quyển luật pháp trong đền thờ Ðức Giê-hô-va. Hinh-kia trao quyển sách đó cho Sa-phan, và người đọc nó.
ရှာ​ဖန်​သည်​မင်း​ကြီး​၏​အ​မိန့်​တော်​ကို​ဟိ​လ​ခိ အား​ပြော​ကြား​၏။ ထို​နောက်​ဟိ​လ​ခိ​က​မိ​မိ သည် ဗိ​မာန်​တော်​ထဲ​တွင်​ပ​ညတ်​တ​ရား​ကျမ်း စောင်​ကို​တွေ့​ရှိ​ကြောင်း​ပြော​ပြ​၏။ ဟိ​လ​ခိ သည်​ထို​ကျမ်း​စောင်​ကို​ရှာ​ဖန်​အား​ပေး သ​ဖြင့်​ရှာ​ဖန်​သည်​ဖတ်​လေ​သည်။-
9 Ðoạn, thơ ký Sa-phan đến tìm vua, thuật lại điều này mà rằng: Các tôi tớ vua đã đóng bạc tìm đặng trong đền thờ, và đã giao nơi tay các người lo coi sóc công việc đền thờ của Ðức Giê-hô-va.
ထို​နောက်​သူ​သည်​မင်း​ကြီး​ထံ​သို့​ပြန်​၍``အ​ရှင် ၏​အ​စေ​ခံ​တို့​သည်​ဗိ​မာန်​တော်​မှ​ငွေ​ကို​ယူ​၍ ပြင်​ဆင်​မှု​ကြီး​ကြပ်​သူ​တို့​၏​လက်​သို့​ပေး အပ်​ပြီး​ကြ​ပါ​ပြီ'' ဟု​လျှောက်​ထား​အ​စီ​ရင် ခံ​လေ​သည်။-
10 Thơ ký Sa-phan lại nói rằng: Thầy tế lễ thượng phẩm Hinh-kia có trao cho tôi một quyển sách; đoạn, Sa-phan đọc sách đó trước mặt vua.
၁၀ထို​နောက်``ဤ​ကျမ်း​စောင်​ကို​အ​ကျွန်ုပ်​အား ဟိ​လ​ခိ​ပေး​အပ်​လိုက်​ပါ​သည်'' ဟု​လျှောက် ပြီး​လျှင်​မင်း​ကြီး​အား ထို​ကျမ်း​စောင်​ကို အ​သံ​ကျယ်​စွာ​ဖတ်​ပြ​လေ​၏။-
11 Vua vừa nghe các lời của sách luật pháp, liền xé quần áo mình.
၁၁မင်း​ကြီး​သည်​ပ​ညတ်​တ​ရား​ကျမ်း​စ​ကား ကို​ကြား​သော​အ​ခါ ဝမ်း​နည်း​လျက်​အ​ဝတ် တော်​ကို​ဆုတ်​လေ​သည်။-
12 Ðoạn, vua truyền lịnh cho thầy tế lễ Hinh-kia, cho A-hi-ca, con trai Sa-phan, cho Aïc-bồ, con trai Mi-ca-gia, đầy tớ của vua, mà rằng:
၁၂မင်း​ကြီး​သည်​ဟိ​လ​ခိ၊ ရှာ​ဖန်၊ ရှာ​ဖန်​၏​သား အ​ဟိ​ကံ၊ မိက္ခာ​၏​သား​အာ​ခ​ဗော်၊ မိ​မိ​၏ အ​စေ​ခံ​အ​သ​ဟိ​တို့​ကို​ခေါ်​၍၊-
13 Hãy đi cầu vấn Ðức Giê-hô-va cho ta, cho dân sự, và cho cả Giu-đa, về các lời của sách mới tìm được. Vì cơn giận của Ðức Giê-hô-va nổi lên cùng chúng ta thật là lớn lao, tại tổ phụ chúng ta không có nghe theo các lời của sách này, và không làm theo điều đã đã truyền phán cho chúng ta.
၁၃``သင်​တို့​သည်​ထာ​ဝရ​ဘု​ရား​ထံ​တော်​သို့ သွား​၍ ငါ​နှင့်​ယု​ဒ​ပြည်​သူ​လူ​အ​ပေါင်း​တို့ အ​တွက် ဤ​ကျမ်း​စောင်​တွင်​ပါ​ရှိ​သည့်​သွန် သင်​ချက်​များ​အ​ကြောင်း​ကို​မေး​လျှောက်​ကြ လော့။ ငါ​တို့​၏​ဘိုး​ဘေး​များ​သည် ဤ​ကျမ်း စောင်​တွင်​ပါ​ရှိ​သည့်​ပြ​ဋ္ဌာန်း​ချက်​များ​ကို မ​လိုက်​နာ​မ​ပြု​ကျင့်​ကြ​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​အား​အ​မျက်​ထွက်​တော် မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
14 Vậy, thầy tế lễ Hinh-kia, A-hi-cam, Aïc-bồ, Sa-phan, và A-sa-gia đi tìm nữ tiên tri Hun-đa, vợ của Sa-lum, người giữ áo lễ, con trai của Tiếc-va, cháu của Hạt-ha; người ở tại Giê-ru-sa-lem, trong quận thứ nhì. Chúng nói chuyện với nàng,
၁၄ဟိ​လ​ခိ၊ ရှာ​ဖန်၊ အ​ဟိ​ကံ၊ အာ​ခ​ဗော်​နှင့်​အ သ​ဟိ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သစ်​တွင်​နေ ထိုင်​သူ​ဟု​လ​ဒ​နာ​မည်​ရှိ အ​မျိုး​သ​မီး ပ​ရော​ဖက်​ထံ​သို့​သွား​ရောက်​၍​စုံ​စမ်း​မေး​မြန်း ကြ​ရာ (ထို​အ​မျိုး​သ​မီး​၏​ခင်​ပွန်း​မှာ​ဟ​ရ ဟတ်​၏​မြေး၊ တိ​က​ဝ​၏​သား​ရှလ္လုံ​ဖြစ်​၍​သူ သည် ဗိ​မာန်​တော်​ဆိုင်​ရာ​ဝတ်​လုံ​များ​ကို​တာ​ဝန် ယူ​ထိန်း​သိမ်း​ရ​သူ​ဖြစ်​၏။-)
15 nàng bèn nói rằng: Giê-hô-va Ðức Chúa Trời của Y-sơ-ra-ên nói như vầy: Hãy nói với người sai các ngươi đến ta rằng:
၁၅အမျိုး​သ​မီး​ပ​ရော​ဖက်​က​သူ​တို့​အား``မင်း​ကြီး ထံ​ဤ​သို့​ပြန်​ကြား​ကြ​လော့။ ထာ​ဝရ​ဘု​ရား က`ငါ​သည်​မင်း​ကြီး​ဖတ်​ရ​သည့်​ကျမ်း​စောင်​တွင် ရေး​သား​ပါ​ရှိ​သည့်​အ​တိုင်း ယေ​ရု​ရှ​လင်​မြို့ နှင့်​တ​ကွ​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို​သုတ် သင်​ဖျက်​ဆီး​မည်။-
16 Ðức Giê-hô-va phán như vầy: Ta sẽ dẫn tai họa trên chỗ này và trên dân cư nó, làm hoàn thành mọi lời của sách mà vua Giu-đa đã đọc.
၁၆
17 Bởi vì dân Giu-đa đã lìa bỏ ta, đốt hương cho các thần khác, chọc giận vì các công việc của tay chúng nó, nên cơn giận ta sẽ nổi lên cùng chỗ này, không hề nguôi.
၁၇သူ​တို့​သည်​ငါ့​ကို​ပစ်​ပယ်​၍​အ​ခြား​ဘု​ရား များ​အား ယဇ်​ပူ​ဇော်​ကြ​လေ​ပြီ။ သူ​တို့​သည်​ဤ အ​မှု​တို့​ကို​ပြု​ခြင်း​ဖြင့်​ငါ​၏​အ​မျက်​တော် ကို​လှုံ့​ဆော်​သ​ဖြင့် ယေ​ရု​ရှ​လင်​မြို့​အ​ပေါ် မ​ငြိမ်း​နိုင်​သော​ဒေါ​သ​မီး​သင့်​လောင်​စေ​မည်။-
18 Còn về vua Giu-đa đã sai các người cầu vấn Ðức Giê-hô-va, thì hãy nói với người rằng: Về các lời người đã nghe Giê-hô-va Ðức Chúa Trời của Y-sơ-ra-ên phán như vầy:
၁၈မင်း​ကြီး​နှင့်​ပတ်​သက်​၍​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား ဤ​သို့​မိန့်​တော်​မူ​သည်။ သင်​သည်​ပ​ညတ်​တ​ရား ကျမ်း​စောင်​တွင်​ဖော်​ပြ​ပါ​ရှိ​သည့်​အ​တိုင်း လိုက်​နာ​ပေ​သည်။-
19 Khi ngươi nghe lời ta phán nghịch cùng chỗ này, và nghịch cùng dân cư nó rằng, chỗ này sẽ bị phá hoang, dân cư trở thành rủa sả, thì ngươi có lòng mềm mại, hạ mình xuống trước mặt Ðức Giê-hô-va, xé quần áo mình, và khóc lóc trước mặt ta; bởi vậy cho nên ta cũng có nghe ngươi.
၁၉ယေ​ရု​ရှ​လင်​မြို့​နှင့်​တ​ကွ​မြို့​သူ​မြို့​သား​တို့ အား ဒဏ်​ခတ်​ရန်​ငါ​ခြိမ်း​ခြောက်​သည်​ကို​ကြား သိ​သော​အ​ခါ သင်​သည်​ငို​ကြွေး​ကာ​မိ​မိ​အ​ဝတ် ကို​ဆုတ်​ပြီး​လျှင် နောင်​တ​ရ​၍​ငါ​၏​ရှေ့​တော် တွင်​စိတ်​နှိမ့်​ချ​လျက်​နေ​၏။ ငါ​သည်​ဤ​မြို့​ကို ပျက်​ပြုန်း​စေ​မည်။ ဤ​မြို့​၏​နာ​မည်​သည် လူ​တို့ ကျိန်​ဆဲ​ရာ​လက်​သုံး​စ​ကား​ဖြစ်​လိမ့်​မည်။ သို့ ရာ​တွင်​ငါ​သည်​သင်​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပြီ။-
20 Kìa, ta sẽ thâu ngươi về cùng các tổ phụ ngươi; và ngươi sẽ được thâu vào nơi mồ mả ngươi cách bình an, và mắt ngươi sẽ chẳng thấy những điều tai họa mà ta toàn giáng xuống trên chỗ này. Chúng bèn tâu lại cho vua những lời ấy.
၂၀သို့​ဖြစ်​၍​ယေ​ရု​ရှ​လင်​မြို့​အား​ငါ​သင့်​စေ​မည့် ဘေး​ကို သင်​ကိုယ်​တိုင်​မြင်​ရ​မည်​မ​ဟုတ်။ ငါ​သည် သင့်​အား​ငြိမ်း​ချမ်း​စွာ​စု​တေ​ခွင့်​ကို​ပေး​တော် မူ​မည်၊ ထို​သူ​တို့​သည်​မင်း​ကြီး​အား​ပြန် လျှောက်​ကြ​၏'' ဟု​ဆင့်​ဆို​လေ​သည်။

< II Các Vua 22 >