< I Các Vua 18 >
1 Cách lâu ngày, trong năm thứ ba có lời của Ðức Giê-hô-va phán dạy Ê-li rằng: Hãy đi, ra mắt A-háp: ta sẽ khiến mưa sa xuống đất.
၁ထို့နောက်ကာလအတန်ကြာ၍ မိုးခေါင်ချိန် သုံးနှစ်မျှရှိသောအခါ ထာဝရဘုရားသည် ဧလိယအား``သင်သည်သွား၍အာဟပ်မင်း ၏ရှေ့တော်သို့ဝင်လော့။ ငါသည်မိုးကိုရွာ စေတော်မူမည်'' ဟုမိန့်တော်မူသည့်အတိုင်း၊-
2 Vậy, Ê-li đi ra mắt A-háp. Vả, tại Sa-ma-ri có cơn đói kém quá đỗi.
၂ဧလိယသည်လည်းသွားလေ၏။ ထိုအချိန်အခါ၌ ရှမာရိပြည်မိုးခေါင်မှု သည် အဆိုးဆုံးအခြေအနေသို့ရောက် လျက်ရှိ၏။-
3 A-háp sai gọi Áp-đia, là quan gia tể mình. (Áp-đia rất kính sợ Ðức Giê-hô-va.
၃ထို့ကြောင့်အာဟပ်သည်နန်းတော်အုပ်သြဗဒိ ကိုခေါ်တော်မူ၏။ (သြဗဒိသည်ထာဝရ ဘုရားအားအလွန်ကြည်ညိုလေးမြတ်သူ ဖြစ်သဖြင့်၊-
4 Xảy ra khi Giê-sa-bên diệt hết các đấng tiên tri đi giấu trong hai hang đá, mỗi hang năm mươi người, dùng bánh và nước mà nuôi họ.)
၄ထာဝရဘုရား၏ပရောဖက်များကိုယေဇဗေလ သတ်ဖြတ်နေချိန်၌ ပရောဖက်တစ်ရာကိုငါး ဆယ်စီနှစ်စုခွဲ၍ဂူများတွင်ဝှက်ထားပြီးလျှင် အစာရေစာကျွေးမွေးခဲ့၏။-)
5 A-háp nói với Áp-đia rằng: Hãy đi khắp xứ, xem hết thảy các suối và khe, có lẽ chúng ta sẽ tìm được cỏ, và cứu cho ngựa và la còn sống, không phải diệt hết các súc vật ta chăng?
၅အာဟပ်သည်သြဗဒိအား``မြင်းနှင့်လားများ မသေစေခြင်းငှာ မြက်တောတွေ့ကောင်းတွေ့နိုင် ရန်တစ်ပြည်လုံးရှိစမ်းရေတွင်းနှင့်ချောင်းများ ရှိရာအရပ်ရပ်သို့ ငါတို့သွား၍ကြည့်ရှုကြ ကုန်အံ့။'' ဟုဆို၏။-
6 Vậy, hai người chia xứ đặng đi tuần. A-háp đi một mình con đường này, và Áp-đia đi một mình con đường kia.
၆သူတို့နှစ်ဦးသွားရောက်ကြည့်ရမည့်အရပ် များကိုသဘောတူကြပြီးလျှင် တစ်ယောက် တစ်လမ်းစီထွက်သွားကြ၏။
7 Áp-đia đương đi đường, thì gặp Ê-li ra đón mình. Áp-đia nhìn biết người, sấp mình xuống đất, mà thưa rằng: Hỡi Ê-li chúa tôi! có phải ông chăng?
၇ယင်းသို့ထွက်ခွာသွားစဉ်သြဗဒိသည် ဧလိယ နှင့်ရုတ်တရက်တွေ့ဆုံမိလေသည်။ သူသည် ဧလိယကိုမှတ်မိသဖြင့်ဦးညွှတ်ပျပ်ဝပ် ၍``အရှင်သည်အကျွန်ုပ်သခင်ဧလိယပါ လော'' ဟုမေး၏။
8 Người đáp: Ừ phải ta. Ngươi hãy đi nói với chủ ngươi rằng: Ê-li ở đây.
၈ဧလိယကလည်း``ဟုတ်ပါသည်။ သင်သည်သင် ၏အရှင်ဘုရင်မင်းမြတ်ထံသို့သွား၍ ဤအရပ် တွင်ငါရှိကြောင်းလျှောက်ထားလော့'' ဟုဆို၏။
9 Áp-đia tiếp rằng: Tôi có phạm tội gì, mà ông muốn phó kẻ tôi tớ ông vào tay A-háp, hầu cho người giết tôi đi?
၉သြဗဒိက``အကျွန်ုပ်သည်အဘယ်အမှုကိုပြု မိသည့်အတွက် အရှင်သည်အကျွန်ုပ်အားအာဟပ် မင်း၏လက်တွင်အသတ်ခံရစေရန် ဤသို့ခိုင်း စေတော်မူလိုပါသနည်း။-
10 Tôi chỉ Giê-hô-va Ðức Chúa Trời hằng sống của ông mà thề, chẳng dân nào nước nào mà chủ tôi không sai đến tìm ông và khi người ta đáp rằng: Ê-li không có đây, thì người bắt nước bắt dân ấy thề rằng không ai gặp ông.
၁၀မင်းကြီးသည်အရှင့်အားကမ္ဘာပေါ်ရှိနိုင်ငံတကာ တွင်ရှာဖွေစေကြောင်းကို အသက်ရှင်တော်မူသော ထာဝရဘုရားတည်းဟူသောအရှင်၏ဘုရားသခင်ကိုတိုင်တည်၍အကျွန်ုပ်ကျိန်ဆိုပါ၏။ ဤ မည်သောနိုင်ငံတွင်ဧလိယမရှိပါဟုဆိုသော မင်းအား မင်းကြီးကအကယ်ပင်ရှာ၍မတွေ့ ကြောင်းကိုသစ္စာဆိုစေပါ၏။-
11 Mà bây giờ, ông lại nói với tôi tớ rằng: Hãy đi nói với chủ ngươi: Ê-li ở đây.
၁၁ယခုအရှင်သည်အကျွန်ုပ်အားအာဟပ်မင်း ထံသို့သွား၍ ဤအရပ်တွင်အရှင်ရှိနေ ကြောင်းလျှောက်ထားစေပါ၏။-
12 Rồi khi tôi lìa khỏi ông, sẽ có thần của Ðức Giê-hô-va đem ông đi nơi nào tôi chẳng biết; vậy, khi tôi đi thuật lại cùng A-háp, mà người không thấy ông, ắt sẽ giết tôi đi. Vả, kẻ tôi tớ ông kính sợ Ðức Giê-hô-va từ khi thơ ấu.
၁၂အကယ်၍ထာဝရဘုရား၏ဝိညာဉ်တော် သည်အကျွန်ုပ်ထွက်ခွာသွားသည်နှင့်တစ်ပြိုင် နက် အရှင့်အားအကျွန်ုပ်မသိသည့်အရပ်သို့ ခေါ်ဆောင်သွားခဲ့သော် အကျွန်ုပ်အဘယ်သို့ ပြုရပါမည်နည်း။ ဤအရပ်တွင်အရှင်ရှိ နေကြောင်းမင်းကြီးအားအကျွန်ုပ်လျှောက်ထား ပြီးနောက် မင်းကြီးသည်အရှင်အားမတွေ့ ရပါကအကျွန်ုပ်ကိုသတ်ပါလိမ့်မည်။ အကျွန်ုပ်သည်သူငယ်အရွယ်မှအစပြု ၍ထာဝရဘုရားအားအလွန်ကြည်ညို လေးမြတ်ခဲ့သူဖြစ်ကြောင်းအောက်မေ့ သတိရတော်မူပါ။-
13 Khi Giê-sa-bên giết các tiên tri của Ðức Giê-hô-va, thì tôi có giấu một trăm tiên tri của Ðức Giê-hô-va trong hai hang đá, mỗi hang năm mươi người, dùng bánh và nước mà nuôi họ; người ta há không có thuật điều đó cho chúa tôi hay sao?
၁၃ထာဝရဘုရား၏ပရောဖက်များကိုယေဇ ဗေလသတ်နေသောအခါ၌ အကျွန်ုပ်သည် ပရောဖက်တစ်ရာကိုငါးဆယ်စီနှစ်စုခွဲ၍ ဂူများတွင်ဝှက်ထားကာ အစာရေစာကျွေး မွေးခဲ့ကြောင်းကိုအရှင်ကြားတော်မမူပါ သလော။-
14 Và bây giờ, ông biểu tôi: Hãy đi nói với chủ ngươi rằng: Ê-li ở đây. Người ắt sẽ giết tôi đi.
၁၄သို့ဖြစ်၍အရှင်သည်အဘယ်သို့လျှင် အကျွန်ုပ် အားမင်းကြီးထံသို့စေလွှတ်၍ ဤအရပ်တွင် အရှင်ရှိတော်မူကြောင်းလျှောက်ထားစေနိုင် ပါမည်နည်း။ သူသည်အကျွန်ုပ်အားသတ် ပါလိမ့်မည်'' ဟုဆို၏။
15 Ê-li đáp rằng: Ta chỉ sanh mạng Ðức Giê-hô-va vạn quân, là Ðấng ta phục sự, mà thề rằng: Chính ngày nay ta sẽ ra mắt A-háp.
၁၅ဧလိယက``ငါသည်ယနေ့မင်းကြီး၏ရှေ့တော် သို့ဝင်မည်ဖြစ်ကြောင်း ငါကိုးကွယ်သောအနန္တ တန်ခိုးရှင်ထာဝရဘုရားကိုတိုင်တည်၍ ကတိပြုပါ၏'' ဟုဆို၏။
16 Vậy, Áp-đia đi đón A-háp, và thuật lại cho người. A-háp bèn đi đón Ê-li.
၁၆ထို့ကြောင့်သြဗဒိသည် အာဟပ်မင်းထံသို့သွား၍ လျှောက်ထားရာ အာဟပ်သည်ဧလိယနှင့်တွေ့ဆုံ ရန်ကြွလာတော်မူ၏။-
17 Vừa khi A-háp thấy Ê-li, thì nói rằng: Có phải ngươi, là kẻ làm rối loạn Y-sơ-ra-ên chăng?
၁၇ဧလိယကိုမြင်သောအခါအာဟပ်က``ဣသ ရေလပြည်တွင်ဒုက္ခပေးသူကိုယခုငါတွေ့ ပြီ'' ဟုဆို၏။
18 Ê-li đáp rằng: Chẳng phải tôi làm rối loạn Y-sơ-ra-ên đâu; bèn là vua và nhà cha vua, bởi vì vua đã bỏ điều răn của Ðức Giê-hô-va, và đã tin theo thần Ba-anh.
၁၈ဧလိယက``ဒုက္ခပေးသူမှာငါမဟုတ်။ ဒုက္ခပေး သူများမှာသင်နှင့်သင်၏ခမည်းတော်သာလျှင် ဖြစ်ပါသည်။ သင်သည်ထာဝရဘုရား၏ပညတ် တော်တို့ကိုလွန်ဆန်၍ ဗာလဘုရား၏ရုပ်တု များကိုရှိခိုးဝတ်ပြုလျက်နေပေသည်။-
19 Vậy bây giờ vua hãy sai người đi nhóm cả Y-sơ-ra-ên, với bốn trăm năm mươi tiên tri của Ba-anh, và bốn trăm tiên tri của Át-tạt-tê, ăn tại bàn Giê-sa-bên, khiến họ đến cùng tôi trên núi Cạt-mên.
၁၉ဣသရေလပြည်သူအပေါင်းတို့အားကရ မေလတောင်ထိပ်တွင်ငါနှင့်တွေ့ဆုံကြရန် အမိန့်ပေးပါလော့။ ယေဇဗေလမိဖုရား ထောက်ပံ့ကျွေးမွေးထားသည့်ဗာလပရောဖက် လေးရာ့ငါးဆယ်နှင့်အာရှရဘုရားမ၏ ပရောဖက်လေးရာတို့ကိုလည်းခေါ်ဖိတ်ပါ လော့'' ဟုပြန်ပြော၏။
20 Vậy, A-háp sai người đi nhóm cả dân Y-sơ-ra-ên và những tiên tri đến núi Cạt-mên.
၂၀သို့ဖြစ်၍အာဟပ်သည်ဣသရေလအမျိုး သားအပေါင်းနှင့် ဗာလပရောဖက်တို့ကို ကရမေလတောင်ထိပ်သို့စုရုံးစေတော်မူ၏။-
21 Ðoạn Ê-li đến trước mặt dân sự mà nói rằng: Các ngươi đi giẹo hai bên cho đến chừng nào? Nếu Giê-hô-va là Ðức Chúa Trời, khá theo Ngài; nếu Ba-anh là Ðức Chúa Trời, hãy theo hắn. Song dân sự không đáp một lời.
၂၁ဧလိယသည်ထိုလူတို့ထံသို့ချဉ်းကပ်၍``သင် တို့သည်အဘယ်မျှကြာအောင်စိတ်ဇဝေဇဝါ ရှိနေကြပါမည်နည်း။ ထာဝရဘုရားသည် ဘုရားအမှန်ဖြစ်လျှင် ကိုယ်တော်အားဝတ်ပြု ကိုးကွယ်ကြလော့။ ဗာလသည်ဘုရားအမှန် ဖြစ်လျှင်မူကားသူ့အားဝတ်ပြုကိုးကွယ် ကြလော့'' ဟုဆို၏။ သို့ရာတွင်လူတို့သည် မည်သို့မျှပြန်၍မပြောကြ။-
22 Bấy giờ, Ê-li nói với dân sự rằng: Trong vòng những tiên tri của Ðức Giê-hô-va, chỉ một mình ta còn lại; còn các tiên tri Ba-anh số là bốn trăm năm mươi người.
၂၂ထိုအခါဧလိယက``ထာဝရဘုရား၏ ပရောဖက်များအနက် ငါတစ်ဦးတည်းကျန် ရှိနေ၏။ ဗာလပရောဖက်များမူကားလေး ရာငါးဆယ်ရှိပေသည်။-
23 Vậy, hãy cho chúng ta hai con bò đực; họ phải chọn một con cho mình, sả ra từ miếng, sắp để trên củi, nhưng chớ châm lửa. Còn ta, ta sẽ làm con bò kia, để nó trên củi, nhưng không châm lửa.
၂၃နွားလားဥသဘနှစ်ကောင်ကိုယူပြီးလျှင် တစ်ကောင်ကိုထိုသူတို့အားပေးကြလော့။ သူတို့သည်ထိုနွားကိုသတ်၍အပိုင်းပိုင်း ခုတ်ပြီးလျှင်ထင်းများအပေါ်တွင်တင်ထား ကြပါစေ။ သို့ရာတွင်မီးမညှိစေကြနှင့်။ ငါသည်အခြားနွားတစ်ကောင်ကိုထိုနည်း တူပြုမည်။-
24 Ðoạn, hãy kêu cầu danh của thần các ngươi, còn ta, ta sẽ kêu cầu danh của Ðức Giê-hô-va. Thần đáp lời bằng lửa, ấy quả là Ðức Chúa Trời. Cả dân sự đều đáp rằng: Lời nói rất phải.
၂၄ထို့နောက်ဗာလပရောဖက်တို့သည်မိမိတို့ ဘုရားထံသို့ဆုတောင်းကြစေ။ ငါသည်လည်း ထာဝရဘုရားထံတော်သို့ဆုတောင်းမည်။ ငါတို့အသီးသီးပြုသည့်ဆုတောင်းပတ္ထနာ ကိုနားညောင်းတော်မူ၍ မီးကိုချပေးတော် မူသောအရှင်သည်ဘုရားအမှန်ဖြစ်၏'' ဟု ဆိုလေသည်။ လူအပေါင်းတို့သည် ဧလိယ၏ပြောကြား ချက်ကိုသဘောတူကြောင်းဟစ်အော်၍ ဖော်ပြကြ၏။
25 Ê-li bèn nói với những tiên tri Ba-anh rằng: hãy chọn một con bò đực, làm nó trước đi, vì các ngươi đông; rồi hãy cầu khẩn danh của thần các ngươi; nhưng chớ châm lửa.
၂၅ထိုအခါဧလိယသည် ဗာလပရောဖက်တို့ အား``သင်တို့ကအရေအတွက်အားဖြင့်များ သည်ဖြစ်သောကြောင့် နွားတစ်ကောင်ကိုဦးစွာ ယူ၍ပြင်ဆင်ကြလော့။ သင်တို့၏ဘုရားထံ သို့ဆုတောင်းပတ္ထနာပြုကြလော့။ ထင်းများ ကိုမူမီးမညှိကြနှင့်'' ဟုဆို၏။
26 Vậy, chúng bắt con bò mà người ta đã ban cho mà làm nó; rồi từ sớm mai đến trưa, chúng cầu khẩn danh của Ba-anh, và rằng: Hỡi Ba-anh! xin đáp lời chúng tôi. Nhưng chẳng có tiếng gì, cũng chẳng ai đáp lời; chúng đều nhảy chung quanh bàn thờ mình đã dựng lên.
၂၆သူတို့သည်လည်းမိမိတို့ထံသို့ယူဆောင် လာသောနွားကိုယဇ်ပူဇော်ရန်အတွက် ပြင် ဆင်ကြပြီးလျှင်ဗာလဘုရားထံသို့မွန်း တည့်ချိန်တိုင်အောင်ဆုတောင်းပတ္ထနာပြု ကြ၏။ သူတို့က``အို ဗာလဘုရား၊ အကျွန်ုပ် တို့၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ ပါ'' ဟုဟစ်အော်ကြပြီးလျှင် မိမိတို့တည် ဆောက်ထားသည့်ယဇ်ပလ္လင်၏ပတ်လည်တွင် ကလျက်နေကြ၏။ သို့ရာတွင်ဗာလဘုရား ထံမှမည်သို့မျှအဖြေမရကြ။
27 Khi đã đến trưa, Ê-li nhạo chúng mà rằng: Khá la lớn lên đi, vì người là thần; hoặc người đương suy gẫm, hoặc ở đâu xa, hoặc đương đi đường; hay là có lẽ người ngủ, và sẽ thức dậy.
၂၇မွန်းတည့်ချိန်၌ဧလိယသည်သူတို့အား``သင် တို့သည်ပို၍အသံကျယ်စွာဆုတောင်းကြ လော့။ ဗာလကားဘုရားပေတည်း။ သူသည်ဆင် ခြင်စဉ်စားလျက်သော်လည်းကောင်း၊ တပိုတပါး သွားလျက်သော်လည်းကောင်း၊ ခရီးလွန်၍သော် လည်းကောင်းနေပေမည်။ ထိုသို့မဟုတ်လျှင်လည်း အိပ်လျက်နေကောင်းနေမည်ဖြစ်၍သူ့အား နှိုးရကြမည်'' ဟုပြက်ရယ်ပြု၍ဆို၏။-
28 Vậy, chúng kêu lớn tiếng; và theo thói lệ họ, lấy gươm giáo gạch vào mình cho đến chừng máu chảy ra.
၂၈သို့ဖြစ်၍ဗာလပရောဖက်တို့သည်ပို၍အသံ ကျယ်စွာဆုတောင်းလျက် ဋ္ဌလေ့ထုံးစံရှိသည့် အတိုင်းဋ္ဌားနှင့်ဋ္ဌားမြှောင်များဖြင့်သွေးယို စီးလာသည့်တိုင်အောင်ကိုယ်ကိုရှစေကြ လေသည်။-
29 Khi quá trưa rồi, họ cứ nói tiên tri như vậy cho đến giờ dâng của lễ chay ban chiều; nhưng vẫn không có tiếng gì, chẳng ai đáp lời, cũng không cố ý đến.
၂၉သူတို့သည်ညနေစောင်းတိုင်အောင်ကျယ်လောင် စွာဟစ်အော်ကြသော်လည်းအဖြေမရကြ။ မည်သည့်အသံကိုလည်းမကြားရကြ။
30 Bấy giờ, Ê-li nói với cả dân sự rằng: Hãy đến gần ta. Dân sự bèn đến gần người. Ðoạn, Ê-li sửa lại cái bàn thờ của Ðức Giê-hô-va bị phá hủy.
၃၀ထို့နောက်ဧလိယကလူတို့အား``ငါ့အနီး သို့လာကြလော့'' ဟုဆိုသဖြင့် လူတို့သည် သူ၏ပတ်လည်သို့လာရောက်စုရုံးကြသော အခါ ဧလိယသည်ဖြိုချထားသည့်ထာဝရ ဘုရား၏ယဇ်ပလ္လင်ကိုပြန်၍ပြုပြင်၏။-
31 Người lấy mười hai chi phái của các con trai Gia-cốp, là người mà lời của Ðức Giê-hô-va đã phán cho rằng: Y-sơ-ra-ên sẽ là tên ngươi.
၃၁သူသည်ဣသရေလဟူသောနာမည်ဖြင့် ထာဝရဘုရားသမုတ်တော်မူသူ ယာကုပ်မှ ဆင်းသက်လာသောတစ်ဆယ့်နှစ်နွယ်ကိုရည် စူး၍ကျောက်ဆယ့်နှစ်လုံးကိုယူပြီးလျှင်၊-
32 Người dùng mười hai hòn đá ấy mà dựng lên một cái bàn thờ nhơn danh Ðức Giê-hô-va; chung quanh bàn thờ, người đào một cái mương đựng được hai đấu hột giống;
၃၂ထာဝရဘုရားကိုကိုးကွယ်ဝတ်ပြုရန်ယဇ် ပလ္လင်ကိုတည်လေသည်။ ထိုယဇ်ပလ္လင်၏ပတ်လည် ၌ရေလေးဂါလံခန့်ဝင်သည့်မြောင်းကိုတူး၏။-
33 rồi chất củi, sả bò tơ ra từ miếng, và sắp nó lên trên củi. Kế người nói:
၃၃ထို့နောက်ထင်းကိုယဇ်ပလ္လင်ပေါ်တွင်စီ၍တင် ပြီးနောက် နွားကိုအပိုင်းပိုင်းခုတ်၍ထင်းပေါ်တွင် တင်ထားလေသည်။ သူက``အိုးလေးလုံးကိုရေ အပြည့်ခပ်၍ပူဇော်သကာနှင့်ထင်းပေါ်သို့ လောင်းလော့'' ဟုဆိုသည့်အတိုင်းလူတို့ လောင်းပြီးသောအခါ၊-
34 Hãy múc đầy bốn bình nước, và đem đổ trên của lễ thiêu và củi. Người lại nói: Hãy làm lần thứ nhì; thì người ta làm lần thứ nhì. Người tiếp: Hãy làm lần thứ ba, và họ làm lần thứ ba,
၃၄ဧလိယက``တစ်ဖန်လောင်းဦးလော့'' ဟုဆို၏။ လူတို့သည်နောက်တစ်ကြိမ်လောင်းပြီးသောအခါ ဧလိယက``ထပ်မံ၍လောင်းဦးလော့'' ဟုဆို ပြန်၏။ လူတို့သည်လည်းထပ်မံ၍လောင်းကြ သဖြင့်၊-
35 cho đến đỗi nước chảy chung quanh bàn thờ, và đầy cái mương nữa.
၃၅ရေသည်ယဇ်ပလ္လင်ပတ်လည်သို့စီး၍မြောင်း သည်ရေပြည့်လေ၏။
36 Ðến giờ dâng của lễ chay ban chiều, tiên tri đến gần và nguyện rằng: Lạy Giê-hô-va Ðức Chúa Trời của Áp-ra-ham, của Y-sác, và của Y-sơ-ra-ên, ngày nay xin hãy tỏ cho người ta biết rằng Ngài là Ðức Chúa Trời trong Y-sơ-ra-ên, rằng tôi là kẻ tôi tớ Ngài, và tôi vâng lời Ngài mà làm mọi sự này.
၃၆ညဥ့်ဦးယံယဇ်ပူဇော်ချိန်ရောက်သောအခါ ပရောဖက်ဧလိယသည်ယဇ်ပလ္လင်အနီးသို့ ချဉ်းကပ်၍``အို အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ ၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် သည်ဣသရေလအမျိုးသားတို့၏ဘုရား ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အကျွန်ုပ် သည်ကိုယ်တော်၏အစေခံဖြစ်၍ဤအမှု အရာအလုံးစုံကို ကိုယ်တော်၏အမိန့်တော် အရပြုကြောင်းကိုလည်းကောင်းယနေ့သိ ကြပါစေသော။-
37 Ðức Giê-hô-va ôi! Xin nhậm lời tôi, xin đáp lời tôi, hầu cho dân sự này nhìn biết rằng Giê-hô-va là Ðức Chúa Trời, và Ngài khiến cho lòng họ trở lại.
၃၇အို ထာဝရဘုရား၊ ကိုယ်တော်ထာဝရအရှင် သည် ဘုရားအမှန်ပင်ဖြစ်တော်မူကြောင်းကို လည်းကောင်း၊ ဤသူတို့အားအထံတော်သို့ပြန် လည်ခေါ်ယူလျက်နေတော်မူကြောင်းကိုလည်း ကောင်း ဤလူတို့သိစေခြင်းငှာအကျွန်ုပ်အား ဖြေကြားတော်မူပါ။ ဖြေကြားတော်မူပါ'' ဟု ဆုတောင်းလေ၏။
38 Lửa của Ðức Giê-hô-va bèn giáng xuống, thiêu đốt của lễ thiêu, củi, đá, bụi, và rút nước trong mương.
၃၈ထာဝရဘုရားသည်မီးကိုချပေးတော်မူသဖြင့် ယဇ်ပူဇော်သကာနှင့်တကွထင်းနှင့်ကျောက်တုံးများ ပါကျွမ်းလောင်သွားသည့်အပြင် မြေကြီးသည်လည်း မီးကျွမ်း၍မြောင်းထဲရှိရေကိုခန်းခြောက်စေ၏။-
39 Thấy vậy, cả dân sự sấp mình xuống đất, và la rằng: Giê-hô-va là Ðức Chúa Trời! Giê-hô-va là Ðức Chúa Trời!
၃၉ဤအခြင်းအရာကိုမြင်သောအခါ လူတို့သည် မိမိတို့ကိုယ်ကိုမြေပေါ်တွင်လှဲချကာ``ထာဝရ ဘုရားသည်ဘုရားအမှန်ပင်ဖြစ်ပေသည်။ ထာဝရ ဘုရားတစ်ပါးတည်းသာလျှင်ဘုရားအမှန်ဖြစ် ပါသည်တကား'' ဟုကြွေးကြော်ကြကုန်၏။
40 Ê-li nói với chúng rằng: Hãy bắt các tiên tri của Ba-anh, chớ cho thoát một người nào. Chúng bèn bắt họ, Ê-li đem họ xuống dưới khe Ki-sôn, và giết họ tại đó.
၄၀ဧလိယက``ဗာလပရောဖက်တို့ကိုဖမ်းဆီးကြ လော့။ တစ်ယောက်မျှထွက်မပြေးစေကြနှင့်'' ဟု အမိန့်ပေး၏။ လူတို့သည်ပရောဖက်အားလုံးကို ဖမ်းဆီး၍ပေးသဖြင့် ဧလိယသည်သူတို့အား ကိရှုန်ချောင်းသို့ထုတ်သွားပြီးလျှင်ကွပ်မျက် လေ၏။
41 Ðoạn, Ê-li nói cùng A-háp rằng: Hãy đi lên, ăn và uống, vì tôi đã nghe tiếng mưa lớn.
၄၁ထို့နောက်ဧလိယသည် အာဟပ်မင်းအား``ယခု သင်သွား၍အစားအစာကိုစားသောက်ပါလော့။ မိုးလာနေသည့်အသံကိုငါကြား၏'' ဟုဆို သဖြင့်၊-
42 Vậy, A-háp trở lên đặng ăn uống. Nhưng Ê-li leo lên chót núi Cạt-mên, cúi xuống đất và úp mặt mình giữa hai đầu gối.
၄၂အာဟပ်သည်စားသောက်ရန်ထွက်ခွာသွားစဉ် ဧလိယသည်ကရမေလတောင်ထိပ်သို့တက် ပြီးလျှင် မိမိ၏ဒူးနှစ်ခုအကြားတွင်မြေ သို့တိုင်အောင်ဦးညွှတ်ပျပ်ဝပ်လျက်၊-
43 Ðoạn, người nói với kẻ tôi tớ mình rằng: Xin hãy đi lên, ngó về phía biển. Kẻ tôi tớ đi lên xem, nhưng nói rằng: Không có chi hết. Ê-li lại nói: Hãy trở lên bảy lần.
၄၃မိမိ၏အစေခံအား``သင်သွား၍ပင်လယ်သို့ မျှော်ကြည့်လော့'' ဟုဆို၏။ အစေခံသည်သွား၍ကြည့်ရာမှပြန်လာပြီး နောက်``အဘယ်အရာကိုမျှကျွန်တော်မမြင် ပါ'' ဟုပြော၏။ ဧလိယသည်မိမိ၏အစေခံ အား ဤနည်းအတိုင်းခုနစ်ကြိမ်တိုင်တိုင်သွား ၍ကြည့်စေ၏။-
44 Lần thứ bảy, kẻ tôi tớ đáp rằng: Tôi thấy ở phía biển lên một cụm mây nhỏ như lòng bàn tay, Ê-li bèn tiếp: Hãy đi nói với A-háp rằng: Hãy thắng xe và đi xuống, kẻo mưa cầm vua lại chăng.
၄၄သတ္တမအကြိမ်၌အစေခံသည်ယင်းသို့သွား ၍ကြည့်ရာမှပြန်လာကာ``လူ၏လက်သဖွယ် သေးငယ်သောမိုးတိမ်ကိုကျွန်တော်မြင်ပါသည်'' ဟုလျှောက်၏။ ဧလိယကမိမိ၏အစေခံအား``သင်သည် အာဟပ်မင်းထံသို့သွားပြီးလျှင်မိုးမဆီး တားမီရထားပေါ်သို့တက်၍ နန်းတော်သို့ ပြန်တော်မူရန်လျှောက်ထားလော့'' ဟုအမိန့် ပေး၏။
45 Trong một lúc, trời bị mây che đen, gió nổi dậy, và có cơn mưa rất lớn. A-háp bèn lên xe mình, đi đến Gít-rê-ên.
၄၅အချိန်အနည်းငယ်အတွင်း၌ပင်ကောင်းကင် ပြင်တွင် တိမ်မည်းများအုပ်ဆိုင်းလာပြီးလျှင် လေတိုက်လျက်မိုးသည်းထန်စွာရွာသွန်းလေ၏။ အာဟပ်သည်လည်းရထားပေါ်သို့တက်၍ ယေဇရေလမြို့သို့ထွက်ခွာသွား၏။-
46 Tay Ðức Giê-hô-va giáng trên Ê-li; người thắt lưng, chạy trước A-háp cho đến khi tới Gít-rê-ên.
၄၆ထာဝရဘုရား၏တန်ခိုးတော်သည်ဧလိယ အပေါ်သို့သက်ရောက်သဖြင့် သူသည်မိမိ၏ ဝတ်လုံကိုခါးတွင်စည်း၍ယေဇရေလမြို့ သို့ရောက်သည့်တိုင်အောင်အာဟပ်၏ရှေ့က ပြေးလေ၏။