< Xê-ca-ri-a 4 >

1 Thiên sứ nói chuyện với tôi trước đây đến làm cho tôi tỉnh lại, như đánh thức một người đang ngủ vậy.
ငါ နှင့် ပြောဆို သော ကောင်းကင် တမန်သည် ပြန် လာ၍ ၊ အိပ်ပျော် သောသူ ကို နှိုး သကဲ့သို့ ငါ့ ကို နှိုး လျက် ၊
2 Thiên sứ hỏi: “Ông thấy gì?” Tôi đáp: “Tôi thấy một chân đèn bằng vàng, bên trên có một bình dầu. Chung quanh bình là bảy cái ống dẫn dầu xuống bảy ngọn đèn.
သင် သည် အဘယ် အရာကို မြင် သနည်းဟုမေး လျှင် ၊ ငါက၊ အကျွန်ုပ်သည် ကြည့်ရှု ၍ ရွှေ အတိပြီးသော ဆီမီးခုံ ကို မြင် ပါ၏။ မီးခုံ တိုင်အဖျား ၌ ဆီအိုး တလုံး၊ မီးခွက် ခုနစ် လုံး၊ ဆီအိုးနှင့် မီးခွက် ခုနစ် လုံး ဆက်သော ပြွန်တံ ခုနစ် တံရှိပါ၏။
3 Hai bên bình dầu có hai cây ô-liu, một cây bên phải, một cây bên trái.”
ဆီအိုး လက်ျာ ဘက်၌ သံလွင်ပင်တ ပင်၊ လက်ဝဲ ဘက်၌ တ ပင်၊ မီးခုံ ကို လွှမ်းမိုး သော သံလွင် ပင်နှစ် ပင် ရှိပါသည်ဟုဆို ပြီးမှ ၊
4 Tôi hỏi: “Ý nghĩa của điềm này là gì, thưa ông?”
ငါ နှင့် ပြောဆို သော ကောင်းကင် တမန်အား ၊ အကျွန်ုပ် သခင် ၊ ဤ အရာတို့ကား အဘယ် အရာဖြစ်သနည်း ဟုမေး သော် ၊
5 Thiên sứ hỏi lại tôi: “Ông không hiểu sao?” Tôi đáp: “Thưa không.”
ငါ နှင့် ပြောဆို သော ကောင်းကင် တမန်က၊ ဤ အရာတို့ကား၊ အဘယ် အရာဖြစ်သည်ကို နား မ လည် သလော ဟုမေး လျှင် ၊ အကျွန်ုပ် နားမ လည်ပါသခင် ဟု လျှောက် ၏။
6 Thiên sứ nói: “Đây là lời Chúa Hằng Hữu truyền cho Xô-rô-ba-bên: ‘Không bởi quyền thế hay năng lực, nhưng bởi Thần Ta,’ Chúa Hằng Hữu Vạn Quân phán vậy.
ကောင်းကင်တမန်ကလည်း၊ ဇေရုဗဗေလ သို့ ရောက်လာသောထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား ၊ ဤအမှုသည် ဗိုလ်ခြေ အားဖြင့် မ ဟုတ်၊ အာဏာ တန်ခိုး အားဖြင့် မ ဟုတ်၊ ငါ့ ဝိညာဉ် အားဖြင့် ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ ၏။
7 Trước mặt Xô-rô-ba-bên, dù núi cao cũng được san phẳng thành đồng bằng. Người sẽ đặt viên đá cuối cùng của Đền Thờ giữa tiếng hò reo: ‘Nhờ Đức Chúa Trời ban ơn phước! Nhờ Đức Chúa Trời ban ơn phước!’”
အို တောင် ကြီး ၊ သင် သည် အဘယ် သို့နည်း။ ဇေရုဗဗေလ ရှေ့ မှာ ညီ သောအရပ် ဖြစ် ရလိမ့်မည်။ လူများ တို့က၊ ကျေးဇူး တော်ရှိပါစေသော။ ကျေးဇူး တော်ရှိပါ စေသောဟု ကြွေးကြော် လျက်၊ ထို မင်းသည် တိုက်ထောင့် အထွဋ် ကျောက် ကို တင်ထားရလိမ့်မည်။
8 Tôi còn nhận được sứ điệp này từ Chúa Hằng Hữu:
တဖန် ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ငါ့ ဆီ သို့ ရောက် လာသည်ကား၊
9 “Tay Xô-rô-ba-bên đặt móng Đền Thờ này, tay ấy sẽ hoàn tất công tác. Và ngươi sẽ biết rằng sứ điệp này đến từ Chúa Hằng Hữu Vạn Quân.
ဇေရုဗဗေလ သည် ဤ အိမ် တော်အမြစ် ကို ချထား ပြီ။ သူ သည်လည်း လက်စသတ် ရလိမ့်မည်။ ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ငါ့ ကို သင် တို့ရှိရာသို့ စေလွှတ် တော်မူသည်ကို သင်တို့သိ ရကြလိမ့်မည်။
10 Ai dám coi thường những việc nhỏ thực hiện trong ngày khởi công? Người ta sẽ vui mừng khi thấy Xô-rô-ba-bên cầm dây chì trong tay.” (Vì bảy ngọn đèn là mắt của Chúa Hằng Hữu soi xét khắp đất, trông thấy tất cả.)
၁၀အမှု ငယ်ပြုသော နေ့ရက် ကို အဘယ်သူ သည် မထီမဲ့မြင် ပြုရသနည်း။ ချိန်ကြိုး သည် ဇေရုဗဗေလ လက် ၌ ရှိသည်ကို ထိုခုနစ်ပါးတို့သည် မြင်၍ ဝမ်းမြောက် ကြ လိမ့်မည်။ ထို ခုနစ် ပါးတို့ကား၊ မြေကြီး တပြင်လုံး တွင် တောင်မြောက်ပြေး တတ်သော၊ ထာဝရဘုရား ၏မျက်စိ တော်များဖြစ်သတည်းဟု မိန့်တော်မူ၏။
11 Tôi hỏi thiên sứ: “Hai cây ô-liu ở hai bên chân đèn,
၁၁ငါကလည်း၊ မီးခုံ လက်ျာ ဘက်၊ လက်ဝဲ ဘက်၌ ရှိသောထိုသံလွင် ပင်နှစ် ပင်ကား အဘယ် သို့နည်းဟူ၍၎င်း ၊
12 và về hai cành ô-liu đổ dầu vào bình vàng qua hai ống dẫn bằng vàng có ý nghĩa gì?”
၁၂ဆီညှစ်ရာရွှေ စက်နှစ် ခုအားဖြင့်၊ မိမိ တို့ဆီကို သွန်းလောင်း သော ထို သံလွင် ကိုင်း နှစ် ကိုင်းကား အဘယ် သို့ နည်းဟူ၍၎င်း မေးလျှောက် သော် ၊
13 Thiên sứ hỏi lại tôi: “Ông không hiểu sao?” Tôi đáp: “Thưa không.”
၁၃ကောင်းကင်တမန်က၊ ထို အကိုင်းတို့ကို နား မ လည်သလော ဟုမေး လျှင် ၊ အကျွန်ုပ် နားမ လည်ပါသခင် ဟု လျှောက် ၏။
14 Thiên sứ nói với tôi: “Đó là hai người được xức dầu, phục vụ Chúa Hằng Hữu dưới đất.”
၁၄ကောင်းကင်တမန်ကလည်း၊ ထို အကိုင်းတို့သည် မြေကြီး တပြင်လုံး ကို အစိုးပိုင်တော်မူသောအရှင် ၏ ရှေ့ တော်၌ ရပ် နေသောဘိသိက် ခံသူနှစ် ပါးဖြစ်သည်ဟု ဆို ၏။

< Xê-ca-ri-a 4 >