< Thánh Thi 87 >

1 (Thơ của con cháu Cô-ra) Chúa Hằng Hữu xây nền móng Ngài trên núi thánh.
ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​မြို့​တော်​ကို သန့်​ရှင်း​မြင့်​မြတ်​သည့်​တောင် ပေါ်​တွင် တည်​ဆောက်​တော်​မူ​၏။
2 Chúa mến chuộng thành Si-ôn, hơn bất cứ thành nào của Gia-cốp.
ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​ကြီး​ကို ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​အ​ခြား​မြို့​အ​ပေါင်း​တို့​ထက် ပို​၍​နှစ်​သက်​မြတ်​နိုး​တော်​မူ​၏။
3 Ôi thành trì của Đức Chúa Trời vinh quang thành Chúa được đề cao!
အို ဘု​ရား​သ​ခင်​၏​မြို့​တော်၊ သင်​၏​အ​ကြောင်း​ကိုယ်​တော်​ယ​ခု​မိန့်​တော် မူ​သော အံ့​သြ​ဖွယ်​ရာ​များ​ကို​နား​ထောင်​လော့။
4 Ta sẽ nói đến Ra-háp và Ba-by-lôn là những nơi biết Ta— Phi-li-tin, Ty-rơ, và ngay cả Ê-thi-ô-pi xa xôi. Tất cả họ sẽ trở nên công dân của Giê-ru-sa-lem!
ကိုယ်​တော်​မိန့်​တော်​မူ​သည်​မှာ ``ငါ​၏​စ​ကား​ကို​နား​ထောင်​သည့်​နိုင်​ငံ​များ စာ​ရင်း​ကို​ယူ​သော​အ​ခါ​အီ​ဂျစ်​ပြည်​နှင့် ဗာ​ဗု​လုန်​ပြည်​ကို​ငါ​ထည့်​သွင်း​မည်။ ဖိ​လိတ္တိ​ပြည်၊တု​ရု​ပြည်​နှင့်​ဆူ​ဒန်​ပြည်​မှ လူ​တို့​သည်​လည်း​ယေ​ရု​ရှ​လင်​မြို့​သား​များ စာ​ရင်း​တွင်​ငါ​ဖော်​ပြ​မည်။''
5 Phải người ta sẽ nói về Si-ôn rằng: “Người này người nọ sinh tại đó.” Và Đấng Chí Cao sẽ ban phước cho thành này.
ဇိ​အုန်​တောင်​အား​လူ​မျိုး​အ​ပေါင်း​တို့​ဖွား​မြင်​ရာ မိ​ခင်​ဟူ​၍​လည်း​ကောင်း၊ အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ဘု​ရား​သည် ထို​တောင်​ကို​ခိုင်​ခံ့​စေ​တော်​မူ​လိမ့်​မည် ဟူ​၍​လည်း​ကောင်း​လူ​တို့​ပြော​ဆို​ကြ လိမ့်​မည်။
6 Khi Chúa Hằng Hữu kiểm kê dân số, sẽ ghi rõ: “Tất cả họ là công dân của Giê-ru-sa-lem.”
ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တို့​ကို​စာ​ရင်း ပြု​စု​တော်​မူ​လိမ့်​မည်။ ယင်း​စာ​ရင်း​တွင်​ပါ​ရှိ​သော​သူ​အ​ပေါင်း တို့​ကို ယေ​ရု​ရှ​လင်​မြို့​သား​များ​အ​ဖြစ်​ဖြင့်​ထည့်​သွင်း ရေး​မှတ်​တော်​မူ​လိမ့်​မည်။
7 Người ta sẽ thổi sáo và hát mừng: “Các nguồn cảm hứng của ta xuất phát từ Giê-ru-sa-lem!”
ထို​သူ​အ​ပေါင်း​တို့​သည်​က​ခုန်​လျက် ``ဇိ​အုန်​တောင်​သည် ငါ​တို့​ခံ​စား​ရ​သော​ကောင်း​ချီး​မင်္ဂလာ​အ​ပေါင်း စီး​ဆင်း​ရာ​ဖြစ်​ပေ​သည်'' ဟု​သီ​ဆို​ကြ​၏။

< Thánh Thi 87 >