< Thánh Thi 73 >

1 (Thơ của A-sáp) Đức Chúa Trời thật nhân từ với Ít-ra-ên, với những ai có lòng trong sạch.
ဘု​ရား​သ​ခင်​သည်​စိတ်​နှ​လုံး​ဖြူ​စင်​သန့်​ရှင်း သူ​များ ဖြစ်​သည့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​မှန်​ပင် ကျေး​ဇူး​ပြု​တော်​မူ​၏။
2 Nhưng riêng con, gần như đã mất niềm tin. Chân con suýt trượt ngã bao lần.
သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​ကောင်း​စား​သည်​ကို မြင်​ရ​သော​အ​ခါ မောက်​မာ​သူ​တို့​ကို​မ​ရှု​လို​စိတ်​ရှိ​သ​ဖြင့်​ငါ သည် ခ​လုတ်​တိုက်​၍​လဲ​လု​ပါ​ပြီ။ ငါ​၏​ခြေ​တို့​သည်​လည်း​တိမ်း​ချော်​လု​ပြီ။
3 Vì con ganh tị người kiêu ngạo, khi thấy bọn gian ác thành công.
4 Lúc chết, họ không đau đớn; họ luôn luôn mạnh khỏe tráng kiện.
ထို​သူ​တို့​သည်​ဝေ​ဒ​နာ​မ​ခံ​စား​ရ​ကြ။ ကျန်း​မာ​သန်​စွမ်း​သူ​များ​ဖြစ်​ကြ​၏။
5 Họ không bị hoạn nạn như người khác; lúc nào họ cũng tai qua nạn khỏi.
သူ​တို့​သည်​အ​ခြား​သူ​များ​ကဲ့​သို့​ဝေ​ဒ​နာ မ​ခံ​ရ​ကြ။ အ​ခြား​သူ​များ​ကဲ့​သို့​ဒုက္ခ​မ​ရောက်​ရ​ကြ။
6 Vì thế họ lấy kiêu ngạo làm vòng đeo cổ, lấy bạo tàn làm áo mặc.
သို့​ဖြစ်​၍​သူ​တို့​သည်​မာန်​မာ​န​ကို​လည်​ဆွဲ တန်​ဆာ​ကဲ့​သို့​လည်း​ကောင်း၊ အ​ကြမ်း​ဖက်​မှု​ကို​ဝတ်​လုံ​ကဲ့​သို့​လည်း ကောင်း ဝတ်​ဆင်​ကြ​၏။
7 Tâm trí đầy mưu sâu kế độc, lòng dạ chai lì phát sinh bao tội ác!
သူ​တို့​၏​စိတ်​နှ​လုံး​မှ​မ​ကောင်း​မှု​များ​ကို ထုတ်​ဖော်​၍ သူ​တို့​၏​စိတ်​သည်​ယုတ်​မာ​သည့်​အ​ကြံ​အ​စည် များ​ကို​တွေး​တော​လျက်​နေ​ကြ​၏။
8 Họ nhạo cười, chế giễu thâm độc; kiêu căng, giăng cạm bẫy hại người.
သူ​တို့​သည်​သူ​တစ်​ပါး​တို့​အား​ပြက်​ရယ် ပြု​ကာ ညစ်​ညမ်း​သည့်​အ​ရာ​များ​ကို​ပြော​ဆို​ကြ​၏။ မောက်​မာ​လျက်​သူ​တစ်​ပါး​တို့​အား​နှိပ်​စက် ညှဉ်း​ဆဲ​ရန်​ကြံ​စည်​ကြ​၏။
9 Miệng khoác lác chống nghịch các tầng trời, lưỡi xấc xược nói nghịch thế nhân.
သူ​တို့​သည်​ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော ဘု​ရား သ​ခင်​အား​စော်​ကား​သည့်​စ​ကား​ကို​ပြော​ဆို​လျက်၊ ကမ္ဘာ​ပေါ်​ရှိ​လူ​တို့​အား​မောက်​မာ​စွာ​အ​မိန့်​ပေး ကြ​၏။
10 Thậm chí dân Chúa cũng về hùa, tin tất cả những lời họ nói.
၁၀ထို​ကြောင့်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ပင်​လျှင် သူ​တို့​ဘက်​သို့​ပါ​လျက်​သူ​တို့​ပြော​သ​မျှ​သော စ​ကား​ကို​ယုံ​ကြ​လေ​သည်။
11 Họ bảo nhau: “Đức Chúa Trời không biết đâu? Làm sao Đấng Tối Cao hiểu hết mọi việc?”
၁၁သူ​တို့​က``ဘု​ရား​သ​ခင်​သည်​သိ​တော်​မူ​လိမ့်​မည် မ​ဟုတ်။ အ​မြင့်​မြတ်​ဆုံး​အ​ရှင်​သည်​တွေ့​မြင်​တော်​မူ လိမ့်​မည် မ​ဟုတ်'' ဟု​ဆို​တတ်​ကြ​၏။
12 Những người ác bình an vô sự— cứ hanh thông, của cải gia tăng.
၁၂ဤ​ကား​သူ​ယုတ်​မာ​တို့​ပြု​ကြ​ပုံ​ပင်​ဖြစ်​ပေ​သည်။ သို့​သော်​သူ​တို့​သည်​ကောင်း​စား​၍​အ​စဉ်​ပင် စည်း​စိမ်​ချမ်း​သာ​တိုး​လျက်​နေ​ကြ​၏။
13 Có phải con đã luyện tâm hồn tinh khiết cách vô ích? Có phải con hoài công rửa tay cho trong trắng?
၁၃သို့​ဖြစ်​၍​ငါ​သည်​မိ​မိ​စိတ်​နှ​လုံး​ကို ဖြူ​စင်​သန့်​ရှင်း​စေ​လျက်​အ​ပြစ်​မ​ပြု​ဘဲ​နေ သည်​မှာ အ​ချည်း​နှီး​ပေ​လော။
14 Con không được gì, chỉ suốt ngày gian nan; mỗi buổi sáng bị đớn đau hành hạ.
၁၄အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​တစ်​နေ့​လုံး ဒုက္ခ​ရောက်​စေ​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​နံ​နက်​တိုင်း ဒဏ်​ခတ်​တော်​မူ​ပါ​ပြီ။
15 Nếu con cứ than phiền trách móc, con sẽ trở nên bất trung với Ngài.
၁၅ကျွန်​တော်​မျိုး​သည်​ဤ​နည်း​အ​တိုင်း​ပြော​ဆို ခဲ့​လျှင် ကိုယ်​တော်​၏​လူ​စု​တော်​ကို​ကိုယ်​စား​ပြု​၍ ပြော​ဆို​သည်​မ​ဟုတ်​ပါ။
16 Con cúi đầu suy nghiệm sâu xa. Nan đề ấy con không sao hiểu được!
၁၆သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​ဤ​အ​ခြင်း​အ​ရာ​ကို သိ​ရှိ​နား​လည်​ရန်​ကြိုး​စား​၍​စဉ်း​စား​ဆင်​ခြင် ပါ​၏။ သို့​ရာ​တွင်​ယင်း​ကို​နား​လည်​နိုင်​ရန်​လွန်​စွာ ခက်​ခဲ​ပါ​၏။
17 Cho đến khi con đi vào nơi thánh, mới chợt hiểu ra chung cuộc của người ác.
၁၇ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​၏​ဗိ​မာန်​တော် ထဲ​သို့ ရောက်​ရှိ​သည့်​အ​ခါ​ကျ​မှ​သာ​လျှင် သူ​ယုတ်​မာ​တို့​အ​ဘယ်​သို့​နိ​ဂုံး​ချုပ်​ရ​ကြ မည်​ကို သိ​ရှိ​နား​လည်​လာ​ပါ​၏။
18 Thật Chúa đặt họ đứng nơi trơn trợt, bỏ họ vào đáy vực hư vong.
၁၈ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​ခြေ​ချော်​တတ်​သည့် နေ​ရာ​များ​တွင်​ခြေ​ချော်​စေ​တော်​မူ​၍ ဆုံး​ပါး​ပျက်​စီး​စေ​တော်​မူ​ပါ​မည်။
19 Trong khoảnh khắc, họ bị hủy diệt, lao mình vào hố thẳm kinh hoàng.
၁၉သူ​တို့​သည်​ချက်​ချင်း​ပင်​သေ​ကြေ​ပျက်​စီး ကြ​ပါ​၏။ သူ​တို့​၏​နောက်​ဆုံး​ဖြစ်​အင်​သည်​ကြောက်​မက်​ဖွယ် ကောင်း​လှ​ပါ​၏။
20 Lạy Chúa, Ngài khinh dể những ý tưởng khờ dại của họ như một người nhạo cười giấc mơ vào ban sáng.
၂၀အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​သည်​နံ​နက်​ချိန်​၌​ပျောက်​ကွယ် သွား​သည့် အိပ်​မက်​နှင့်​တူ​ပါ​၏။ ကိုယ်​တော်​ရှင်​နိုး​ထ​တော်​မူ​သော​အ​ခါ​သူ​တို့​သည် ပျောက်​ကွယ်​သွား​ကြ​ပါ​၏။
21 Khi lòng con đau buồn, tinh thần con cay đắng.
၂၁ကျွန်​တော်​မျိုး​သည်​ဝမ်း​နည်း​ကြေ​ကွဲ​၍ စိတ်​နာ​ကြည်း​သော​အ​ခါ
22 Con trở nên ngu si, dốt nát— như thú hoang trước thánh nhan.
၂၂တိရစ္ဆာန်​ကဲ့​သို့​မိုက်​မဲ​သ​ဖြင့်​ကိုယ်​တော်​ရှင်​၏ ရှေ့​တော်​၌​အ​သိ​ပညာ​မ​ရှိ​ပါ။
23 Nhưng con vẫn luôn thuộc về Chúa; Chúa nắm lấy tay hữu con.
၂၃သို့​သော်​လည်း​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော် ရှင်​၏ ထံ​တော်​ပါး​တွင်​အ​စဉ်​အ​မြဲ​နေ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​လည်း​ကျွန်​တော်​မျိုး​၏ လက်​ကို​ဆွဲ​ကိုင်​ထား​တော်​မူ​ပါ​၏။
24 Chúa dạy bằng lời huấn thị, để rồi đưa con vào bến vinh quang.
၂၄ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​အ​ကြံ​ပေး​၍ လမ်း​ပြ​တော်​မူ​ပြီး​လျှင်​နောက်​ဆုံး​၌ ကျွန်​တော်​မျိုး​အား​ချီး​မြှင့်​ရန်​လက်​ခံ​တော်​မူ လိမ့်​မည်။
25 Trên trời, con không có ai ngoài Chúa. Được ở với Chúa, con còn ước ao gì hơn trên đất này.
၂၅ကျွန်​တော်​မျိုး​မှာ​ကိုယ်​တော်​ရှင်​မှ​လွဲ​၍ ကောင်း​ကင်​ဘုံ​တွင်​အ​ဘယ်​သူ​ရှိ​ပါ​သ​နည်း။ ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​နှင့်​ရှိ​တော်​မူ​လျှင် ကမ္ဘာ​မြေ​ပေါ်​၌​အ​ဘယ်​အ​ရာ​ကို​လို​ပါ​တော့ မည်​နည်း။
26 Thân xác và tâm hồn con tàn tạ, nhưng Đức Chúa Trời là sức mạnh lòng con; Ngài là phần của con mãi mãi.
၂၆ကျွန်​တော်​မျိုး​၏​ကိုယ်​စိတ်​သည်​အင်​အား ချိ​နဲ့​လာ​ပါ​လိမ့်​မည်။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ စွမ်း​အား​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​မှ​တစ်​ပါး မည်​သူ့​ကို​မျှ​မ​လို​ပါ။
27 Những ai cách xa Chúa sẽ hư vong, Chúa hủy diệt những người chối bỏ Chúa.
၂၇ကိုယ်​တော်​ရှင်​အား​စွန့်​ပစ်​ကြ​သူ​တို့​သည် အ​ကယ်​စင်​စစ် သေ​ကျေ​ပျက်​စီး​ရ​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​အား​သစ္စာ​ဖောက်​သူ​တို့​ကို ကိုယ်​တော်​ရှင်​သည်​သုတ်​သင်​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။
28 Nhưng riêng con, được gần Đức Chúa Trời thật phước hạnh thay! Nhờ Chúa Hằng Hữu Chí Cao làm nơi ẩn trú, và con sẽ thuật lại tất cả việc kỳ diệu Ngài làm.
၂၈သို့​သော်​လည်း​ကျွန်​တော်​မျိုး​အ​ဖို့​မှာ​မူ​ဘု​ရား​သ​ခင်​၏ အ​ပါး​တော်​တွင်​နေ​ရ​ခြင်း၊ အ​ရှင်​ဘု​ရား​၏​ထံ​တော်​၌​ခို​လှုံ​ရ​ခြင်း​နှင့် ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​အ​ပေါင်း​ကို ထုတ်​ဖော်​ကြေ​ညာ​ရ​ခြင်း​တို့​သည်​လွန်​စွာ​မြတ် နိုး​ဖွယ် ဖြစ်​ပါ​သည်​တ​ကား။

< Thánh Thi 73 >