< Thánh Thi 5 >

1 (Thơ của Đa-vít, soạn cho nhạc trưởng, dùng ống sáo) Lạy Chúa, xin nghiêng tai nghe tiếng con, lưu ý đến điều con thầm nguyện.
အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​မြွက်​ဆို​ချက်​ကို​နား​ထောင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​မြည်​တမ်း​သံ​များ​ကို​ကြား​တော်​မူ​ပါ။
2 Xin nghe con kêu xin cứu giúp, lạy Vua của con và Đức Chúa Trời của con, vì con chỉ cầu khẩn với Ngài.
ကျွန်​တော်​မျိုး​၏​ဘု​ရင်၊ကျွန်​တော်​မျိုး​၏​ဘု​ရား၊ ကူ​မ​တော်​မူ​ရန် ကျွန်​တော်​မျိုး​ဟစ်​အော်​တောင်း​လျှောက်​သည်​ကို နား​ထောင်​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့​ဆု​တောင်း ပတ္ထ​နာ​ပြု​ပါ​သည်။
3 Xin nghe tiếng con vào buổi sáng, lạy Chúa Hằng Hữu. Mỗi sáng con kêu cầu Ngài cứu giúp và tin chắc Ngài sẽ nhậm lời.
ကိုယ်​တော်​သည်​နံ​နက်​ချိန်​၌​ကျွန်​တော်​မျိုး​၏ ပတ္ထ​နာ​သံ​ကို​ကြား​ပါ​၏။ နေ​ထွက်​ချိန်​၌​ကျွန်​တော်​မျိုး​ဆု​တောင်း​၍ ကိုယ်​တော်​၏​အ​ဖြေ​ကို​စောင့်​မျှော်​ပါ​၏။
4 Ôi Đức Chúa Trời, Chúa không ưa việc gian ác; kẻ dữ làm sao sống với Ngài.
ကိုယ်​တော်​သည်​ဒု​စ​ရိုက်​ကို​နှစ်​သက်​တော်​မူ​သော ဘု​ရား​မ​ဟုတ်​ပါ။ ရှေ့​တော်​၌​ဆိုး​ယုတ်​မှု​ကို​ခွင့်​ပြု​တော်​မ​မူ​ပါ။
5 Người kiêu ngạo chẳng đứng nổi trước mặt Chúa, vì Chúa ghét mọi người làm điều ác.
မာ​န​ကြီး​သူ​တို့​သည်​ရှေ့​တော်​သို့​မ​ဝင်​ရ။ ကိုယ်​တော်​သည်​ယုတ်​မာ​သူ​အ​ပေါင်း​တို့​ကို မုန်း​တော်​မူ​၏။
6 Chúa diệt trừ người điêu ngoa dối trá. Chúa Hằng Hữu kinh tởm bọn sát nhân và lừa đảo.
ကိုယ်​တော်​သည်​လိမ်​လည်​သူ​အ​ပေါင်း​တို့​ကို ဖျက်​ဆီး​တော်​မူ​၍​အ​ကြမ်း​ဖက်​သူ၊ ကောက်​ကျစ်​သူ​တို့​ကို​စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​၏။
7 Về phần con, nhờ thiên ân vô hạn, sẽ được vào nhà Chúa; cung kính thờ phượng tại Đền Thờ Ngài.
ကျွန်​တော်​မျိုး​အ​ဖို့​မှာ​မူ​ကိုယ်​တော်​၏​ကြီး မား​သော မေတ္တာ​တော်​ကို​ခံ​စား​ရ​သ​ဖြင့် အိမ်​တော်​သို့​ဝင်​နိုင်​ပါ​၏။ ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန်​တော်​တွင် ကိုး​ကွယ်​ဝတ်​ပြု​ကာ ကိုယ်​တော်​အား​ရို​သေ​လေး​မြတ်​စွာ ဦး​ညွှတ်​ရှိ​ခိုး​နိုင်​ပါ​၏။
8 Xin dẫn con theo đường công chính, lạy Chúa Hằng Hữu, vì kẻ thù con lấn lướt con. Xin san bằng đường lối trước mặt con.
အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​မှာ​ရန်​သူ​များ​စွာ​ရှိ​ပါ​၏။ ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း​ပြု​ကျင့်​ရန် ကျွန်​တော်​မျိုး​အား​လမ်း​ပြ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင် လိုက်​လျှောက်​စေ​လို​သည့်​လမ်း​ကို ဖြောင့်​ဖြူး​စေ​တော်​မူ​ပါ။
9 Lời nói họ không thể nào tin được. Vì lòng họ chứa đầy mưu ác. Cổ họng mở ra như cửa mộ. Miệng lưỡi chúng chỉ chuyên dua nịnh.
ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​စ​ကား​ကို အ​ဘယ်​အ​ခါ​၌​ယုံ​ကြည်​၍​မ​ရ​ပါ။ သူ​တို့​တွင်​ဖျက်​ဆီး​လို​စိတ်​သာ​လျှင်​ရှိ​ပါ​၏။ သူ​တို့​၏​ခံ​တွင်း​သည်​ပွင့်​လျက်​နေ​သော သင်္ချိုင်း​တွင်း​နှင့်​တူ​ပါ​၏။ သူ​တို့​၏​လျှာ​သည်​လည်း​မြှောက်​ပင့်​လိမ်​လည် လှည့်​စား​တတ်​ပါ​၏။
10 Ôi Đức Chúa Trời, xin tuyên án họ có tội. Cho họ sa vào mưu chước họ gài. Loại trừ họ vì tội họ nhiều vô kể, vì họ phạm tội phản loạn chống lại Ngài.
၁၀အို ဘု​ရား​သ​ခင်၊ သူ​တို့​အား​ရှုတ်​ချ​လျက်​အ​ပြစ်​ဒဏ်​ပေး​တော်​မူ​ပါ။ သူ​တို့​၏​ဆိုး​ညစ်​သော​အ​ကြံ​အ​စည်​များ​က သူ​တို့​ကို​ပင်​အ​ကျိုး​နည်း​စေ​တော်​မူ​ပါ။ သူ​တို့​၏​များ​မြောင်​သော အ​ပြစ်​များ​ကြောင့်​လည်း​ကောင်း၊ကိုယ်​တော်​ကို ပုန်​ကန်​ကြ​သည့်​အ​တွက်​ကြောင့်​လည်း​ကောင်း သူ​တို့​အား​ရှေ့​တော်​မှောက်​မှ​နှင်​ထုတ်​တော်​မူ​ပါ။
11 Nhưng những ai nương mình trong Chúa; thì được an vui, mãi mãi hát mừng. Xin trải sự che chở Ngài trên họ, để những người yêu Danh Chúa mừng rỡ hân hoan.
၁၁သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​ထံ​တော်​တွင်​လုံ​ခြုံ​စွာ ခို​လှုံ​ကြ​သော​သူ​အ​ပေါင်း​တို့​သည် ဝမ်း​မြောက်​ရွှင်​လန်း​ရ​ကြ​ပါ​လိမ့်​မည်။ သူ​တို့​သည်​ဝမ်း​မြောက်​သ​ဖြင့်​အ​စဉ် သီ​ချင်း​ဆို​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​အား​ချစ်​သူ​တို့​ကို ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​ကြောင့်​သူ​တို့​သည်​အ​ကယ်​ပင် ဝမ်း​မြောက်​ရ​ကြ​ပါ​၏။
12 Vì Chúa ban phước cho người tin kính, lạy Chúa Hằng Hữu; ân huệ Ngài như khiên thuẫn chở che.
၁၂အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​မိ​မိ​စ​ကား​ကို​နား​ထောင် သူ​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ဒိုင်း​လွှား​သ​ဖွယ် သူ​တို့​အား​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​ပါ​၏။

< Thánh Thi 5 >