< Thánh Thi 115 >

1 Lạy Chúa Hằng Hữu, không thuộc về chúng con, nhưng nguyện vinh quang thuộc về Danh Chúa, vì Chúa đầy tình thương và thành tín.
အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့် သစ္စာ​တော်​ကြောင့်​ကိုယ်​တော်​တစ်​ပါး​တည်း ၌​သာ​လျှင် ဘုန်း​အ​သ​ရေ​ရှိ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​၌​ဘုန်း​အ​သ​ရေ​မ​ရှိ​ပါ။
2 Sao các dân tộc hỏi nhau: “Đức Chúa Trời chúng nó ở đâu?”
``သင်​တို့​၏​ဘု​ရား​သည်​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု လူ​မျိုး​တ​ကာ​တို့​သည်​အ​ဘယ်​ကြောင့်​ငါ​တို့​အား မေး​ရ​ကြ​ပါ​သနည်း။
3 Đức Chúa Trời chúng con ngự trên trời, Ngài muốn làm việc gì tùy thích.
ငါ​တို့​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​တွင်​ရှိ​တော်​မူ​၍ အ​လို​တော်​အ​ရ​ခပ်​သိမ်း​သော​အ​မှု​တို့​ကို ပြု​တော်​မူ​၏။
4 Còn thần chúng nó bằng bạc vàng, chế tạo do bàn tay loài người;
သူ​တို့​ဘု​ရား​များ​ကား​ရွှေ​ငွေ​ဖြင့်​ပြီး​၍ လူ့​လက်​ဖြင့် ပြု​လုပ်​သော​ဘု​ရား​များ​ဖြစ်​ကြ​၏။
5 Có miệng không nói năng, và mắt không thấy đường.
ယင်း​တို့​သည်​နှုတ်​များ​ပါ​ရှိ​လျက်​နှင့်​စ​ကား မပြော​နိုင်။ မျက်​စိ​များ​ပါ​ရှိ​လျက်​နှင့်​မ​မြင်​နိုင်။
6 Có tai nhưng không nghe được, có mũi nhưng không ngửi.
နား​များ​ပါ​ရှိ​လျက်​နှင့်​မ​ကြား​နိုင်။ နှာ​ခေါင်း​များ​ရှိ​ပါ​လျက်​နှင့်​အ​နံ့​မ​ရ​နိုင်။
7 Tay lạnh lùng vô giác, chân bất động khô cằn, họng im lìm cứng ngắt.
လက်​များ​ပါ​ရှိ​လျက်​နှင့်​မ​ထိ​မ​တွေ့​နိုင်။ ခြေ​များ​ရှိ​ပါ​လျက်​နှင့်​လမ်း​မ​လျှောက်​နိုင်။ သူ​တို့​သည်​အ​သံ​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု​နိုင်။
8 Người tạo ra hình tượng và người thờ tà thần đều giống như hình tượng.
ထို​ရုပ်​တု​တို့​ကို​ပြု​လုပ်​သူ​များ​နှင့်​ကိုး​စား သူ​တို့​သည် မိ​မိ​တို့​ပြု​လုပ်​သည့်​ရုပ်​တု​များ​ကဲ့​သို့ ဖြစ်​ကြ​ပါ​စေ​သော။
9 Ít-ra-ên, khá tin cậy Chúa Hằng Hữu! Ngài là Đấng cứu trợ và thuẫn che chở họ.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ထာ​ဝ​ရ​ဘု​ရား ကို ကိုး​စား​ကြ​လော့။ ကိုယ်​တော်​သည်​သင်​တို့​ကို​ကူ​မ​တော်​မူ​၍ ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။
10 Nhà A-rôn, hãy tin cậy Chúa Hằng Hữu! Ngài là Đấng cứu trợ và là thuẫn che chở họ.
၁၀အ​ချင်း​ဘု​ရား​သ​ခင်​၏​ယဇ်​ပု​ရော​ဟိတ် တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​ကြ​လော့။ ကိုယ်​တော်​သည်​သင်​တို့​ကို​ကူ​မ​တော်​မူ​၍ ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။
11 Những ai kính sợ Chúa Hằng Hữu, hãy tin cậy Chúa Hằng Hữu! Ngài là Đấng cứu trợ và thuẫn che chở cho người.
၁၁ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သူ အ​ပေါင်း​တို့၊ ကိုယ်​တော်​ကို​ကိုး​စား​ကြ​လော့။ ကိုယ်​တော်​သည်​သင်​တို့​ကို​ကူ​မ​တော်​မူ​၍ ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။
12 Chúa Hằng Hữu ghi nhớ chúng ta và ban phước dồi dào. Ngài ban phước cho người Ít-ra-ên, và thầy tế lễ, dòng họ A-rôn.
၁၂ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​သ​တိ​ရ​တော် မူ​၍ ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကို​လည်း​ကောင်း၊ဘု​ရား​သ​ခင်​၏ ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့​ကို​လည်း ကောင်း ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။
13 Chúa sẽ ban phước cho người kính sợ Chúa Hằng Hữu, bất luận lớn nhỏ.
၁၃ကိုယ်​တော်​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​သူ အ​ပေါင်း​တို့​အား​ယုတ်​မြတ်​မ​ရွေး​ကောင်း​ချီး ပေး​တော်​မူ​လိမ့်​မည်။
14 Nguyện cầu Chúa Hằng Hữu ban phước cho anh chị em và cho con cháu.
၁၄ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှင့် သင်​တို့​၏​သား​မြေး​တို့​အား​သား​သ​မီး​များ​ကို ပေး​တော်​မူ​ပါ​စေ​သော။
15 Nguyện anh chị em được hưởng phước Chúa ban, Đấng dựng nên trời và đất.
၁၅ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​တော် မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး တော်​မူ​ပါ​စေ​သော။
16 Trời thuộc về Chúa Hằng Hữu, nhưng Ngài ban đất cho loài người.
၁၆ကောင်း​ကင်​ကို​ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း သာ​လျှင် ပိုင်​တော်​မူ​၏။ ကမ္ဘာ​မြေ​ကြီး​ကို​မူ​ကား​လူ​သား​တို့​အား ပေး​တော်​မူ​၏။
17 Người đã chết làm sao ca tụng Chúa Hằng Hữu, an giấc rồi, nín lặng cả thiên thu.
၁၇သေ​လွန်​ကြ​သူ၊ဆိတ်​ငြိမ်​ရာ​သို့ သက်​ဆင်း​ကြ​သူ​များ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​မ​ပြု​ကြ။
18 Nhưng chúng con luôn chúc tụng Chúa Hằng Hữu, từ nay cho đến muôn đời về sau! Tán dương Chúa Hằng Hữu!
၁၈သို့​ရာ​တွင်​အ​သက်​ရှင်​နေ​သူ​ငါ​တို့​မူ​ကား ယ​ခု​မှ​စ​၍​အ​စဉ်​အ​ဆက်​ကိုယ်​တော်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

< Thánh Thi 115 >