< Phi-líp 2 >

1 Trong Chúa Cứu Thế có niềm khích lệ không? Anh chị em có thương nhau đến độ sẵn sàng giúp đỡ nhau không? Tình anh em trong Chúa và mối tương giao trong Chúa Thánh Linh có thực hữu không? Lòng anh chị em có mềm mại cảm thương nhau không?
ထိုကြောင့်ခရစ်တော်၌သက်သာခြင်း၊ မေတ္တာနှင့်စပ်ဆိုင်သော ချမ်းသာခြင်း၊ ဝိညာဉ်တော်နှင့် မိဿ ဟာယဖွဲ့ခြင်း၊ သနားစုံမက်ခြင်းတည်းဟူသောအရာ တစုံတခုရှိလျှင်၊
2 Nếu có, xin anh chị em đồng tâm nhất trí, yêu thương nhau cách chân thành, hợp tác chặt chẽ với nhau, cùng nhắm vào một mục đích chung, để làm cho tôi hoàn toàn vui thỏa.
သင်တို့သည် အချင်းချင်းချစ်ကြ၍၊ စိတ်မကွဲပြားဘဲ တလုံးတဝတည်း ကြံစည်ခြင်းနှင့်တကွ၊ သဘော တညီတညွတ်တည်းရှိသောအားဖြင့်၊ ငါဝမ်းမြောက်စရာအကြောင်းကို စုံလင်စေကြလော့။
3 Đừng làm việc gì để thỏa mãn tham vọng cá nhân hoặc tự đề cao, nhưng hãy khiêm tốn, coi người khác hơn mình.
ရန်တွေ့လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကို မပြုကြ နှင့်။ သူတပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသော စိတ်ရှိ၍ တယောက်ကိုတယောက် ထင်မှတ်ကြလော့။
4 Đừng vị kỷ nhưng phải lưu ý đến quyền lợi người khác.
ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။
5 Anh chị em hãy có tinh thần giống Chúa Cứu Thế.
ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။
6 Dù Ngài vốn có bản thể như Đức Chúa Trời, nhưng Ngài không xem sự bình đẳng với Đức Chúa Trời là đều phải nắm giữ.
ထိုသခင်သည် ဘုရားသခင်၏ သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ၍ မထင်မမှတ်လျက်ပင်၊
7 Ngài đã từ bỏ chính mình, chịu thân phận đầy tớ, và trở nên giống như loài người. Ngài hiện ra như một người,
မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကို ယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဘွားမြင်ခြင်းကို ခံတော်မူ၏။
8 hạ mình xuống, vâng phục Đức Chúa Trời, và chịu chết như một tội nhân trên thập tự giá.
ထိုသို့ လူ၏ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။
9 Chính vì thế, Đức Chúa Trời đưa Ngài lên tột đỉnh vinh quang và ban cho Ngài danh vị cao cả tuyệt đối,
ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကိုအလွန်ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ် သော ဘွဲ့နာမကို ပေးသနားတော်မူ၏။
10 để mỗi khi nghe Danh Chúa Giê-xu tất cả đều quỳ gối xuống, dù ở tận trên các tầng trời hay dưới vực thẳm,
၁၀အကြောင်းမူကား၊ ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသော သတ္တဝါ တည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၍၊
11 mọi lưỡi đều tuyên xưng Chúa Cứu Thế là Chúa, và tôn vinh Đức Chúa Trời là Cha.
၁၁ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရား၏ ဘုန်းအသရေ တော်ကို ထင်ရှားစေကြမည်အကြောင်းတည်း။
12 Vì thế, thưa anh chị em thân yêu, anh chị em luôn luôn vâng lời khi tôi có mặt, nay cần vâng lời hơn khi vắng mặt tôi: Anh chị em hãy tiếp tục hoạt động với tấm lòng kính sợ, run rẩy để hoàn thành sự cứu rỗi mình.
၁၂သို့ဖြစ်၍ ငါ့ချစ်သူတို့၊ သင်တို့သည် ငါ့မျက်မှောက်၌ နားထောင်သည်သာမက၊ မျက်ကွယ်၌လည်း အစဉ်နားထောင်ကြသည်နှင့်အညီ၊ ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့်၊ ကိုယ်ကို ကယ်တင်ခြင်းငှါ ကိုယ်တိုင် ကြိုးစားအားထုတ်ကြလော့။
13 Vì Đức Chúa Trời luôn luôn tác động trong anh chị em, khiến anh chị em vừa muốn vừa làm theo ý muốn Ngài.
၁၃အကြောင်းမူကား၊ သင်တို့သည် အလိုရှိစေခြင်းငှါ၎င်း၊ အကျင့်ကျင့်စေခြင်းငှါ၎င်း၊ သင်တို့အထဲ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသောသူကား ဘုရားသခင်ပေတည်း။
14 Hãy thi hành mọi công tác không một lời phàn nàn, cãi cọ,
၁၄သင်တို့သည် ပြုလေသမျှတို့၌ မြည်တမ်းခြင်း၊ ငြင်းခုံခြင်းမရှိဘဲ ပြုကြလော့။
15 cốt để anh chị em sống trong sạch tinh khiết như con cái toàn hảo của Đức Chúa Trời giữa thế giới gian ác băng hoại, đề cao Đạo sống, chiếu rọi như các vì sao sáng giữa bầu trời tối tăm.
၁၅သို့ပြုလျှင် အပြစ်တင်ခွင့်မရှိ၊ အဘယ်သူကိုမျှ မပြစ်မှားဘဲနေ၍၊
16 Hãy giữ vững lời hằng sống ngõ hầu khi Chúa Cứu Thế trở lại, tôi có thể tự hào rằng những gian khổ, đấu tranh của tôi không phải là vô ích.
၁၆မဖြောင့်မမှန် ဖောက်ပြန်သောလူမျိုးအထဲ၌ အဘယ်အပြစ်မျှမပါသော ဘုရားသခင်၏ သားဖြစ်ကြ လိမ့်မည်။ အသက်ရှင်ခြင်းနှင့်ဆိုင်သော နှုတ်ကပတ် တရားတော်ကို ပြသ၍၊ စကြဝဠာ၌ နေ၊ လ၊ ကြယ် နက္ခတ်ကဲ့သို့ ထိုလူမျိုးအထဲ၌ ထွန်းလင်းကြ၏။ သို့ပြုလျှင် ငါသည် အကျိုးမရှိဘဲလျက် ပြေးသည်မဟုတ်၊ အကျိုး မရှိဘဲလျက် ကြိုးစားအားထုတ်သည်မဟုတ်ကြောင်းကို ငါထောက်၍ ခရစ်တော်၏နေ့ရက်၌ ဝါကြွားဝမ်းမြောက် ခြင်းရှိလိမ့်မည်။
17 Dù máu tôi bị rưới làm lễ quán trên tế lễ mà anh chị em dâng lên Chúa trong niềm tin, tôi cũng vui mừng và chia sẻ với tất cả anh chị em.
၁၇ထိုမျှမက၊ သင်တို့၏ယုံကြည်ခြင်းကို တင်လှူ ပူဇော်သော ယဇ်အပေါ်မှာ ငါ့ကိုလောင်းသော်လည်း ဝမ်းမြောက်ခြင်းရှိ၏။ သင်တို့ရှိသမျှနှင့်အတူ ငါဝမ်းမြောက်ခြင်းရှိ၏။
18 Anh chị em cũng hãy vui mừng và chia sẻ niềm vui với tôi như thế.
၁၈ထိုနည်းတူ သင်တို့သည်လည်း ဝမ်းမြောက်ကြလော့။ ငါနှင့်အတူ ဝမ်းမြောက်ခြင်း ရှိကြလော့။
19 Nhờ ơn của Chúa Giê-xu, tôi tin chắc Ti-mô-thê sẽ được cử đi thăm viếng anh chị em một ngày gần đây, để thu lượm các tin tức khích lệ về cho tôi.
၁၉သင်တို့အကြောင်းအရာများကို ငါသိ၍ စိတ်သက်သာခြင်းငှါ၊ တိမောသေကို သင်တို့ရှိရသို့ များ မကြာ စေလွှတ်မည်အကြောင်း၊ သခင်ယေရှုခရစ်၌ ငါမှီဝဲခြင်းရှိ၏။
20 Tôi chỉ có Ti-mô-thê là người ý hợp tâm đầu và thực lòng chăm sóc anh chị em.
၂၀အကြောင်းမူကား၊ ထိုသူသည် သင်တို့အကျိုးကို ကြည့်ရှုချင်သော စေတနာစိတ်ရှိသကဲ့သို့ စိတ်သဘောတူ သော သူတယောက်မျှ ငါတို့၌မရှိ။
21 Những người khác còn bận tâm về các việc riêng tư, không lưu ý đến công việc Chúa Cứu Thế.
၂၁လူခပ်သိမ်းတို့သည် ယေရှုခရစ်၏အကျိုးကို မရှာ၊ ကိုယ်အကျိုးကိုသာ ရှာကြ၏။
22 Chính anh chị em cũng biết phẩm cách của Ti-mô-thê khi anh ấy làm việc chặt chẽ với tôi—như con với cha—để xúc tiến công việc truyền bá Phúc Âm.
၂၂သို့သော်လည်း သားသည်အဘနှင့်အတူ ဆောင်ရွက်သကဲ့သို့၊ သူသည်ငါနှင့်အတူ ဧဝံဂေလိတရားအမှုကို အမှန်ဆောင်ရွက်သည်ဟု သူပြသောသက်သေကို သင်တို့ သိကြ၏။
23 Tôi hy vọng có thể sai Ti-mô-thê lên đường ngay sau khi biết rõ kết quả phiên tòa.
၂၃ထိုကြောင့် ငါ၌အဘယ်သို့ဖြစ်မည်ဟု ငါသိ သောအခါ၊ သူ့ကို သင်တို့ရှိရာသို့ ချက်ခြင်းစေလွှတ်မည် ဟု ကြံစည်မြော်လင့်လျက် ငါနေ၏။
24 Tôi tin chắc chẳng bao lâu Chúa sẽ cho tôi đến thăm anh chị em.
၂၄ထိုမျှမက၊ ငါ့ကိုယ်တိုင် သင်တို့ရှိရာသို့ များမကြာလာမည်ဟု သခင်ဘုရားအားဖြင့် ယုံမှတ်စွဲ လမ်းသောစိတ်ရှိ၏။
25 Nhưng tôi thấy cần cho Ê-ba-phô-đi về ngay với anh chị em. Được anh chị em cử đến giúp tôi, Ê-ba-phô-đi nay đã thân thiết như người ruột thịt, đồng sự và chiến đấu với tôi.
၂၅သို့သော်လည်း ဆောင်ရွက်ခြင်း၊ စစ်တိုက်ခြင်းအမှု၌ ငါ၏အပေါင်းအဘော်၊ ငါ့ကိုပြုစုသော သူတည်း ဟူသော သင်တို့တမန်၊ ငါ့ညီ ဧပဖြောဒိတ်ကို သင်တို့ရှိရာသို့ ယခုစေလွှတ်သင့်သည်ဟု ငါထင်မှတ်၏။
26 Anh trông mong gặp mặt anh chị em. Anh lo ngại vì anh chị em đã nghe tin anh đau yếu.
၂၆အကြောင်းမူကား၊ သူသည် နာကြောင်းကို သင်တို့ကြားသိသောကြောင့်၊ သူသည် သင်တို့အပေါင်းကို လွမ်းဆွတ်၍ စိတ်မသာလျက်နေ၏။
27 Anh đau nặng gần chết nhưng Đức Chúa Trời đã thương xót cả anh và tôi, nên chữa lành cho anh để tôi khỏi thêm buồn bã giữa cảnh gian khổ hiện nay.
၂၇သူသည် သေလုအောင် နာသည်မှန်၏။ ထိုအခါ ဘုရားသခင်သည် သူ့ကို သနားတော်မူ၏။ သူ့ကိုသာ သနားတော်မူသည်မဟုတ်။ ငါ့၌ ဝမ်းနည်းခြင်းအဆင့်ဆင့် အထပ်ထပ်မရှိစေခြင်းငှါ၊ ငါ့ကိုလည်း သနားတော်မူ၏။
28 Vì thế, tôi càng nôn nả cho anh về để anh chị em vui thỏa gặp mặt anh, do đó tôi cũng bớt băn khoăn.
၂၈ထိုကြောင့် သင်တို့သည် သူ့ကိုတဖန် တွေ့မြင်၍ ဝမ်းမြောက်စေခြင်းငှါ၎င်း၊ ငါသည်လည်း သက်သာ ခြင်းငှါ၎င်း၊ သူ့ကို သာ၍ကြိုးစားသည်နှင့် ငါစေလွှတ်၏။
29 Anh chị em hãy nghênh đón anh với niềm hân hoan nồng nhiệt trong Chúa. Hãy tôn trọng những người như thế,
၂၉သို့ဖြစ်၍ သခင်ဘုရားကို ထောက်လျက်၊ ဝမ်းမြောက်သောစိတ်နှင့် သူ့ကိုလက်ခံကြလော့။ ထိုသို့ သောသူတို့ကို ရိုသေလေးမြတ်ကြလော့။
30 vì anh gần bỏ mạng trong khi phục vụ Chúa Cứu Thế. Anh đã liều mạng để bù lại những điều anh chị em không làm được.
၃၀အကြောင်းမူကား၊ သင်တို့သည် ငါ့ကိုပြုစု၍ မပြည့်စုံသေးသောဝတ်ကို သူသည် ပြည့်စုံခြင်းငှါ၊ ကိုယ်အသက်ကို စွန့်စား၍ ခရစ်တော်၏အမှုကြောင့် သေခြင်းသို့ ရောက်လုနီးပြီ။

< Phi-líp 2 >