< Dân Số 27 >
1 Xê-lô-phát có năm người con gái là: Mách-la, Nô-a, Hốt-la, Minh-ca, và Thiệt-sa. Cha họ là Xê-lô-phát con của Hê-phe, cháu Ga-la-át, chắt Ma-ki, chít Ma-na-se. Ma-na-se là con Giô-sép.
၁ဇလောဖဒ်သည်ဟေဖေရ၏သား၊ ဟေဖေရ သည်ဂိလဒ်၏သား၊ ဂိလဒ်သည်မာခိရ၏သား၊ မာခိရသည်မနာရှေ၏သား၊ မနာရှေသည် ယောသပ်၏သားဖြစ်သည်။ ဇလောဖဒ်၏သမီး များဖြစ်ကြသောမာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာနှင့်တိရဇာတို့သည်၊-
2 Một hôm, các con gái của Xê-lô-phát đến gặp Môi-se, Thầy Tế lễ Ê-lê-a-sa, các nhà lãnh tụ, và toàn thể dân chúng hiện diện tại cửa Đền Tạm. Họ nói:
၂တဲတော်တံခါးဝသို့လာရောက်၍မောရှေ၊ ယဇ်ပုရောဟိတ်ဧလာဇာ၊ ခေါင်းဆောင်များ နှင့်ဣသရေလအမျိုးသားအပေါင်းတို့ ရှေ့တွင်ရပ်လျက်၊-
3 “Cha chúng tôi đã qua đời trong hoang mạc, nhưng không phải vì phản nghịch Chúa Hằng Hữu. Người không chết như Cô-ra và đồng bọn, nhưng qua đời tự nhiên, và không có con trai.
၃``ကျွန်မတို့၏ဖခင်သည်တောကန္တာရ၌ သေ ဆုံးခဲ့ရာသားယောကျာ်းဟူ၍တစ်ယောက်မျှ မကျန်ရစ်ပါ။ ဖခင်သည်ထာဝရဘုရား အားပုန်ကန်သောကောရ၏လူစုတွင်မပါ ဝင်ခဲ့ပါ။ သူသည်မိမိ၏အပြစ်ကြောင့်သေ ဆုံးခဲ့ရပါသည်။-
4 Chỉ vì không sinh con trai, cha chúng tôi phải bị xóa tên khỏi gia tộc mình hay sao? Không, xin cho chúng tôi đại diện cha lãnh phần đất cùng với các vị chú bác của chúng tôi.”
၄သူ၌သားယောကျာ်းမထွန်းကားသောကြောင့် သူ၏နာမည်သည်ဣသရေလအမျိုးမှ ပျောက်ကွယ်သွားရမည်လော။ ကျွန်မတို့ဖခင် ၏ဆွေမျိုးသားချင်းတို့အားမြေခွဲဝေပေး သကဲ့သို့ ကျွန်မတို့အားခွဲဝေပေးပါ'' ဟုတောင်းလျှောက်ကြလေသည်။
5 Môi-se trình việc này lên Chúa Hằng Hữu.
၅ထိုအခါမောရှေသည်သူတို့၏တောင်းဆို ချက်ကို ထာဝရဘုရားထံတင်လျှောက် ရာ၊-
6 Chúa Hằng Hữu phán dạy ông:
၆ထာဝရဘုရားက၊
7 “Các con gái Xê-lô-phát nói đúng. Hãy cho họ một phần đất cùng với chú bác họ, là phần đáng lẽ cha họ được hưởng.
၇``ဇလောဖဒ်၏သမီးများတောင်းဆိုချက်သည် သင့်လျော်သဖြင့်သူတို့ဖခင်၏ဆွေမျိုးသား ချင်းတို့အားမြေခွဲဝေပေးသကဲ့သို့ သူတို့ အားခွဲဝေပေးလော့။ သူတို့ဖခင်၏အမွေ ကိုသူတို့ဆက်ခံကြစေ။-
8 Nhân việc này, con cũng công bố cho dân chúng biết luật này. Nếu ai chết không có con trai, con gái sẽ lãnh phần tài sản.
၈တစ်စုံတစ်ယောက်သည်သားယောကျာ်းမကျန် ရစ်ဘဲ သေဆုံးခဲ့သည်ရှိသော်သူ၏သမီးသည် ထိုသူ၏အမွေကိုဆက်ခံရမည်ဖြစ်ကြောင်း ဣသရေလအမျိုးသားတို့အားကြားပြော လော့။-
9 Nếu người ấy cũng không có con gái, tài sản sẽ thuộc về anh em ruột.
၉အကယ်၍ထိုသူ၌သမီးလည်းမကျန်ရစ် ခဲ့လျှင် သူ၏ညီအစ်ကိုတို့သည်သူ၏အမွေ ကိုဆက်ခံရမည်။-
10 Nếu không có anh em ruột, tài sản về tay chú bác.
၁၀အကယ်၍ထိုသူ၌ညီအစ်ကိုများလည်း မကျန်ရစ်လျှင်သူ၏ဘကြီး၊ ဘထွေးတို့ ကအမွေကိုဆက်ခံရမည်။-
11 Nếu không có chú bác, tài sản thuộc về người trong gia tộc gần nhất còn lại. Đây là điều Chúa Hằng Hữu phán bảo Môi-se.”
၁၁ထိုသူ၌ညီအစ်ကိုသို့မဟုတ်ဘကြီးဘထွေး များမကျန်ရစ်ခဲ့လျှင် အနီးစပ်ဆုံးဆွေမျိုး အားအမွေကိုဆက်ခံသိမ်းပိုက်စေရမည်။ ငါ ထာဝရဘုရားသည်သင့်အားမိန့်မှာတော် မူသည့်အတိုင်း ဣသရေလအမျိုးသားတို့ သည်ဤစီရင်ထုံးဖွဲ့ချက်ကိုလိုက်နာဆောင် ရွက်ကြရမည်'' ဟုမိန့်တော်မူ၏။
12 Sau đó, Chúa Hằng Hữu phán bảo Môi-se: “Con lên núi A-ba-rim ngắm xem đất Ta cho người Ít-ra-ên.
၁၂တစ်ဖန်ထာဝရဘုရားသည်မောရှေအား``အာဗ ရိမ်တောင်ပေါ်သို့တက်၍ဣသရေလအမျိုးသား တို့အား ငါပေးမည့်ပြည်ကိုမျှော်ကြည့်လော့။-
13 Xem xong, con sẽ qua đời như A-rôn vậy,
၁၃အာရုန်အနိစ္စရောက်သကဲ့သို့သင်သည် ထို ပြည်ကိုမျှော်ကြည့်ပြီးသောအခါ၌ အနိစ္စရောက်လိမ့်မည်။-
14 vì con đã chống lại lệnh Ta trong hoang mạc Xin, khi dân chúng nổi loạn. Con đã không tôn trọng Ta trước mặt họ.” (Đây là vụ “nước Mê-ri-ba” ở Ca-đe, trong hoang mạc Xin.)
၁၄အဘယ်ကြောင့်ဆိုသော်သင်တို့နှစ်ဦးစလုံး သည် ဇိနတောကန္တာရ၌ငါ၏အမိန့်ကိုဖီဆန် သောကြောင့်ဖြစ်၏။ မေရိဘအရပ်တွင်ဣသ ရေလအမျိုးသားအပေါင်းတို့သည် ငါ့အား အပြစ်တင်၍ညည်းတွားကြသောအခါ သင် တို့သည်သူတို့ရှေ့တွင်ငါ၏တန်ခိုးတော်ကို မထီလေးစားပြုမူခဲ့ကြ၏'' ဟုမိန့်တော် မူသည်။ (မေရိဘသည်ဇိနတောကန္တာရရှိ ကာဒေရှအရပ်၌တည်ရှိသောစမ်းရေ ပေါက်ကိုဆိုလိုသည်။)
15 Môi-se thưa lên Chúa Hằng Hữu:
၁၅ထိုအခါမောရှေကထာဝရဘုရားအား၊
16 “Lạy Chúa Hằng Hữu, là Chúa của linh hồn mọi người, xin chỉ định một người thay con lãnh đạo dân chúng,
၁၆``အသက်သခင်ထာဝရဘုရားရှင်၊ ကိုယ်တော် ၏လူမျိုးတော်သည်သိုးထိန်းမရှိသောသိုး များကဲ့သို့ အားကိုးရာမဲ့မဖြစ်စေခြင်းငှာ သူတို့ကိုခေါင်းဆောင်၍၊-
17 đối ngoại cũng như đối nội, để dân của Chúa Hằng Hữu không phải như chiên không người chăn.”
၁၇တိုက်ပွဲများ၌ဦးစီးနိုင်သူတစ်ဦးကိုခန့် ထားတော်မူပါ'' ဟုလျှောက်ထားလေ၏။
18 Chúa Hằng Hữu đáp: “Giô-suê, con của Nun là người có Thần ở cùng. Trước hết, con đem người đến, đặt tay trên người.
၁၈ထာဝရဘုရားသည်မောရှေအား``နုန်၏သား ယောရှုသည်အစွမ်းသတ္တိနှင့်ပြည့်စုံသူဖြစ် သောကြောင့် သူ၏ဦးခေါင်းပေါ်မှာသင့်လက် ကိုတင်လော့။-
19 Sau đó, dẫn người đến đứng trước mặt Thầy Tế lễ Ê-lê-a-sa với sự chứng kiến của toàn dân, rồi con sẽ ủy thác trách nhiệm cho người.
၁၉ယဇ်ပုရောဟိတ်ဧလာဇာနှင့်လူအပေါင်းတို့ ရှေ့တွင် သူ့ကိုရပ်စေ၍သင့်ကိုဆက်ခံသူ အဖြစ်ကြေညာလော့။-
20 Con sẽ trao quyền cho người, và như vậy toàn dân Ít-ra-ên sẽ tuân lệnh người.
၂၀ဣသရေလအမျိုးသားအပေါင်းတို့သည်သူ ၏သြဇာကိုနာခံကြစေခြင်းငှာ သင်၏ အာဏာအချို့ကိုသူ့အားလွှဲအပ်ပေးလော့။-
21 Giô-suê sẽ tham khảo với Thầy Tế lễ Ê-lê-a-sa để biết các quyết định của Chúa Hằng Hữu (nhờ bảng U-rim). Người và toàn dân sẽ tuân theo chỉ thị của Chúa Hằng Hữu trong mọi việc.”
၂၁ယဇ်ပုရောဟိတ်ဧလာဇာသည်ဥရိမ်နှင့် သုမိန်ကိုအသုံးပြု၍ ငါ၏အလိုတော်ကို သိနိုင်မည်။ သို့ဖြစ်၍ယောရှုသည်ဧလာဇာ ကိုအားကိုးမည်။ ဤနည်းအားဖြင့်ဧလာဇာ သည်ယောရှုနှင့်ဣသရေလအမျိုးသားအ ပေါင်းတို့ကို အရေးကိစ္စရှိသမျှတို့၌သွန် သင်လမ်းပြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
22 Vâng lệnh Chúa Hằng Hữu, Môi-se đem Giô-suê đến đứng trước mặt Thầy Tế lễ Ê-lê-a-sa và toàn dân.
၂၂မောရှေသည်ထာဝရဘုရားမိန့်တော်မူ သမျှအတိုင်းဆောင်ရွက်လေ၏။-
23 Môi-se đặt tay trên Giô-suê, ủy thác trách nhiệm như lời Chúa Hằng Hữu phán dạy ông.
၂၃ထိုနောက်မောရှေသည်ထာဝရဘုရားမိန့် တော်မူသည်အတိုင်း ယောရှု၏ဦးခေါင်းပေါ် တွင်လက်ကိုတင်၍မိမိအားဆက်ခံသူ အဖြစ်ကြေညာလေ၏။