< Dân Số 14 >
1 Nghe thế, mọi người khóc lóc nức nở. Họ khóc suốt đêm ấy.
၁ထိုအခါလူအပေါင်းတို့သည်တစ်ညလုံး ငိုကြွေးမြည်တမ်းကြလေသည်။-
2 Họ cùng nhau lên tiếng trách Môi-se và A-rôn: “Thà chúng tôi chết ở Ai Cập hay chết trong hoang mạc này còn hơn!
၂သူတို့သည်မောရှေနှင့်အာရုန်တို့အား``ငါတို့ သည်အီဂျစ်ပြည်၌ဖြစ်စေ၊ ဤတောကန္တာရ ၌ပင်ဖြစ်စေသေရခြင်းကသာ၍ကောင်း ပါသေးသည်။-
3 Tại sao Chúa Hằng Hữu đem chúng tôi đến đây để chịu đâm chém, và vợ con chúng tôi làm mồi cho địch? Thà đi trở lại Ai Cập còn hơn!”
၃ထာဝရဘုရားသည်အဘယ်ကြောင့်ငါတို့ ကိုထိုပြည်သို့ပို့ဆောင်ရပါသနည်း။ ငါတို့ သည်စစ်ပွဲတွင်ကျဆုံးကြပါလိမ့်မည်။ ငါ တို့၏သားမယားတို့သည်လည်းရန်သူဖမ်း သွားခြင်းခံရပါလိမ့်မည်။ အီဂျစ်ပြည်သို့ ပြန်လျှင်ကောင်းမည်'' ဟုညည်းညူကြလေ သည်။-
4 Họ quay lại bàn với nhau: “Chúng ta nên bầu một vị lãnh tụ để đem chúng ta quay về Ai Cập!”
၄ထိုကြောင့်သူတို့က``ငါတို့ကိုအီဂျစ်ပြည်သို့ ပြန်၍ ပို့ဆောင်မည့်ခေါင်းဆောင်တစ်ဦးကိုရွေး ကြပါစို့'' ဟူ၍အချင်းချင်းပြောဆိုကြ လေသည်။
5 Môi-se và A-rôn sấp mình xuống trước mặt toàn thể người dân Ít-ra-ên.
၅ထိုအခါမောရှေနှင့်အာရုန်တို့သည် လူ အပေါင်းတို့ရှေ့တွင်မြေပေါ်၌ပျပ်ဝပ် လျက်နေကြ၏။-
6 Giô-suê, con của Nun, và Ca-lép, con của Giê-phu-nê, là hai người trong toán đi trinh sát Ca-na-an về, liền xé áo mình,
၆ခါနာန်ပြည်ကိုစုံစမ်းထောက်လှမ်းခဲ့သူများ အနက် နှစ်ဦးဖြစ်ကြသောနုန်၏သားယောရှု နှင့်ယေဖုန္နာ၏သားကာလက်တို့သည် ဝမ်းနည်း သည့်အနေဖြင့်မိမိတို့၏အဝတ်အင်္ကျီများ ကိုဆုတ်ဖြဲလျက်၊-
7 khích lệ mọi người: “Xứ chúng tôi đi do thám đất đai vô cùng màu mỡ.
၇``ငါတို့စုံစမ်းထောက်လှမ်းခဲ့သောပြည် သည်အလွန်နေထိုင်ဖွယ်ကောင်းသောပြည် ဖြစ်သည်။-
8 Nếu Chúa Hằng Hữu thương yêu giúp đỡ, Ngài sẽ đưa chúng ta vào và cho chúng ta xứ ấy, là một xứ ‘đượm sữa và mật.’
၈ထာဝရဘုရားသည်ငါတို့ကိုစိတ်တော်နှင့် တွေ့လျှင်အစာရေစာပေါကြွယ်ဝ၍ မြေသြ ဇာထက်သန်သောထိုပြည်သို့ပို့ဆောင်လျက် အပိုင်စားပေးတော်မူမည်။-
9 Nhưng, xin anh chị em đừng nổi loạn cùng Chúa Hằng Hữu, cũng đừng sợ dân của xứ ấy, vì họ chỉ là mồi cho chúng ta. Họ không thể chống đỡ vì Chúa Hằng Hữu đứng bên chúng ta, không việc gì ta phải sợ họ!”
၉ထာဝရဘုရားကိုမပုန်ကန်ကြပါနှင့်။ ခါနာန်ပြည်သားတို့ကိုလည်းမကြောက်ရွံ့ ကြပါနှင့်။ ငါတို့သည်သူတို့ကိုလွယ်ကူ စွာတိုက်ခိုက်အောင်မြင်နိုင်ပါမည်။ ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိတော်မူ၍ သူတို့ကိုကွယ်ကာစောင့်ရှောက်သောဘုရား များကိုလည်း နှိမ်နင်းအောင်မြင်တော်မူပြီး ဖြစ်၍မကြောက်ရွံ့ကြပါနှင့်'' ဟုလူတို့ အားပြောကြ၏။-
10 Nhưng mọi người lại bảo nhau lấy đá ném cho hai ông chết. Bỗng vinh quang của Chúa Hằng Hữu hiện ra tại Đền Tạm trước mặt toàn thể người Ít-ra-ên.
၁၀လူအပေါင်းတို့သည်ထိုစကားကိုကြား လျှင် သူတို့နှစ်ဦးကိုကျောက်ခဲဖြင့်ပစ်သတ် ရန်ကြိုးစားအားထုတ်ကြလေသည်။ သို့ရာ တွင်ထိုခဏချင်း၌ထာဝရဘုရား၏ ဘုန်းရောင်ခြည်တော်သည် တဲတော်ပေါ်တွင် ထွန်းတောက်နေသည်ကိုသူတို့မြင်ကြ၏။
11 Chúa Hằng Hữu phán bảo Môi-se: “Dân này không tin Ta, khinh dể Ta cho đến bao giờ, mặc dù Ta đã làm bao nhiêu phép lạ giữa họ?
၁၁ထာဝရဘုရားကမောရှေအား``ဤလူတို့ သည်မည်မျှကာလပတ်လုံးငါ့ကိုပစ်ပယ် ကြမည်နည်း။ ငါသည်သူတို့တွင်အံ့သြဖွယ် အမှုများစွာတို့ကိုပြခဲ့သော်လည်း သူတို့ သည်မည်မျှကာလပတ်လုံးငါ့ကိုမယုံ ကြည်မကိုးစားဘဲနေကြမည်နည်း။-
12 Ta sẽ truất quyền thừa hưởng của họ, tiêu diệt họ bằng dịch lệ tai ương, rồi sẽ làm cho dòng giống của con thành một nước lớn mạnh hơn họ.”
၁၂ငါသည်သူတို့ကိုကပ်ရောဂါဖြင့်ဖျက်ဆီး ပစ်မည်။ သို့ရာတွင်ငါသည်သင့်အားသူတို့ ထက်သာ၍များပြား၍ တန်ခိုးကြီးသောလူ မျိုး၏ဖခင်ဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
13 Nhưng Môi-se thưa lên Chúa Hằng Hữu: “Nếu thế, người Ai Cập sẽ nghe tin này. Vì Chúa đã dùng quyền lực phi thường đem Ít-ra-ên ra đi từ Ai Cập,
၁၃ထိုအခါမောရှေကထာဝရဘုရား အား``ကိုယ်တော်သည်ဤလူမျိုးကိုတန်ခိုး တော်အားဖြင့် အီဂျစ်ပြည်မှထုတ်ဆောင်တော် မူခဲ့ပါသည်။ အီဂျစ်အမျိုးသားတို့သည် ကိုယ်တော်၏လူမျိုးတော်အား ကိုယ်တော်ဘေး ဒဏ်သင့်စေကြောင်းကြားရသောအခါ၊-
14 họ sẽ báo cho dân ở trong xứ này biết. Họ cũng có nghe rằng Chúa là Chúa Hằng Hữu ở với người Ít-ra-ên, hiện diện giữa Ít-ra-ên. Đám mây của Chúa dẫn đường Ít-ra-ên ngày và đêm.
၁၄သူတို့ကဤပြည်ရှိပြည်သားတို့အားသတင်း ပြောကြားကြပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အတူရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်၏မိုးတိမ်သည်အကျွန်ုပ် တို့၏အထက်တွင်ထင်ရှားစွာတည်နေကြောင်း ကိုလည်းကောင်း၊ ကိုယ်တော်သည်နေ့အချိန်တွင် မိုးတိမ်တိုင်၊ ညအချိန်တွင်မီးတိမ်တိုင်အား ဖြင့်အကျွန်ုပ်တို့ရှေ့မှကြွသွားတော်မူကြောင်း ကိုလည်းကောင်း ဤပြည်ရှိပြည်သားများသိ ရပြီးဖြစ်ပါသည်။-
15 Bây giờ nếu Chúa tiêu diệt Ít-ra-ên, những nước đã nghe danh tiếng Chúa sẽ nói rằng:
၁၅ယခုတွင်ကိုယ်တော်၏လူမျိုးတော်ကိုသုတ်သင် ပယ်ရှင်းတော်မူလျှင် ကိုယ်တော်၏ဂုဏ်သတင်း ကိုကြားခဲ့ဖူးသောလူမျိုးများက၊-
16 ‘Vì Chúa Hằng Hữu không thể nào đem Ít-ra-ên vào đất Ngài thề hứa cho họ, nên mới giết họ trong hoang mạc.’
၁၆ကိုယ်တော်သည်ပေးမည်ဟုကတိထားတော်မူ သောပြည်သို့မပို့ဆောင်နိုင်သောကြောင့် ဤသူ တို့ကိုတောကန္တာရ၌အဆုံးစီရင်တော်မူ သည်ဟုပြောကြပါလိမ့်မည်။-
17 Vậy con van nài Chúa, xin quyền năng của Chúa Hằng Hữu thể hiện cách uy nghi, như Chúa đã phán:
၁၇သို့ဖြစ်၍ အို ထာဝရဘုရား၊ ယခုပင်ကိုယ်တော် ၏တန်ခိုးတော်ကိုပြတော်မူပါ။ ကိုယ်တော်က`ငါ ထာဝရဘုရားသည်သည်းခံသောသဘောရှိ ၏။ မေတ္တာကရုဏာနှင့်ကြွယ်ဝ၍ဒုစရိုက်အပြစ် နှင့်ပုန်ကန်ခြင်းအပြစ်တို့ကိုလွှတ်တော်မူ၏။ သို့ သော်လည်းမိဘတို့၏အပြစ်အတွက်သူတို့ ၏သားမြေးမှစ၍တတိယမျိုးဆက်၊ စတုတ္ထ မျိုးဆက်သို့တိုင်အောင်ပင်ဒဏ်ခတ်တော်မူမည်' ဟုကတိထားတော်မူသည့်အတိုင်းပြုတော် မူပါ။-
18 ‘Chúa Hằng Hữu đầy tình thương, chậm giận, hay thứ lỗi, nhưng Chúa cũng không thể không trừng phạt người có tội và dòng dõi họ.’
၁၈
19 Xin Chúa tha tội cho dân này, vì tình thương không hề thay đổi của Chúa, cũng như Chúa đã bao lần tha thứ cho họ từ khi còn ở Ai Cập cho đến ngày nay.”
၁၉အို ထာဝရဘုရား၊ ကိုယ်တော်သည်ဤသူ တို့အီဂျစ်ပြည်မှထွက်ခွာလာချိန်မှ ယနေ့ အထိသူတို့ကူးလွန်ခဲ့သောအပြစ်များ ကိုဖြေလွှတ်တော်မူခဲ့သည့်နည်းတူ ကိုယ်တော် ၏ကြီးမားသောမေတ္တာကရုဏာတော်နှင့် အညီ ယခုလည်းသူတို့ပြုမိသောအပြစ် များကိုဖြေလွှတ်တော်မူရန်အကျွန်ုပ် တောင်းလျှောက်ပါ၏'' ဟုဆုတောင်းလေ သည်။
20 Chúa Hằng Hữu đáp: “Theo lời con xin, Ta đã tha cho họ.
၂၀ထိုအခါထာဝရဘုရားက``သင်တောင်းပန် သည့်အတိုင်း ငါသည်သူတို့၏အပြစ်ကို လွှတ်တော်မူမည်။-
21 Nhưng hiển nhiên như Ta hằng sống, vinh quang Chúa Hằng Hữu sẽ tràn ngập đất.
၂၁ငါသည်အသက်ရှင်၍ငါ၏ဘုန်းအသရေ တော်သည် တစ်ကမ္ဘာလုံးတွင်ပျံ့နှံ့လျက်ရှိ သည်အတိုင်း၊-
22 Trong tất cả những người thấy vinh quang Ta, sẽ không cho một ai được thấy đất đai Ta đã hứa cho tổ tiên họ. Họ đã thấy các phép lạ Ta làm tại Ai Cập cũng như
၂၂ဤသူတို့အနက်မည်သူမျှထိုပြည်သို့မဝင် ရ။ သူတို့သည်ငါ၏တောက်ပသောဘုန်းအသ ရေတော်ကိုလည်းကောင်း၊ အီဂျစ်ပြည်နှင့်တော ကန္တာရတွင်ငါပြုခဲ့သောအံ့သြဖွယ်အမှု များကိုလည်းကောင်းတွေ့မြင်ခဲ့ရသော်လည်း သူတို့သည်ငါ့ကိုအကြိမ်ကြိမ်မထီလေးစား ပြု၍ငါ့စကားကိုလည်းနားမထောင်ခဲ့ကြ။-
23 trong hoang mạc, nhưng đã mười lần không tin Ta, không vâng lời Ta.
၂၃သူတို့၏ဘိုးဘေးတို့အားငါပေးမည်ဟုကတိ ထားသောပြည်သို့သူတို့မဝင်ရ။ ငါ့ကိုပစ်ပယ် သူမှန်သမျှထိုပြည်သို့မဝင်ရ။-
24 Nhưng đầy tớ Ta là Ca-lép, với một tinh thần khác biệt, đã hết lòng theo Ta; nên Ta sẽ đưa Ca-lép vào đất người đã trinh sát, và con cháu người sẽ hưởng chủ quyền đất ấy.
၂၄သို့သော်လည်းငါ၏အစေခံကာလက်သည် အခြားသူတို့နှင့်ခြားနားသောသဘောရှိ၍ ငါ၏စကားကိုတစ်သဝေမတိမ်းလိုက်နာ သူဖြစ်ခြင်းကြောင့် သူစုံစမ်းထောက်လှမ်းခဲ့ သောပြည်သို့သူ့ကိုငါပို့ဆောင်မည်။ သူ၏ အဆက်အနွယ်တို့သည်အာမလက်အမျိုး သားနှင့်ခါနာန်အမျိုးသားတို့ယခုနေထိုင် ရာချိုင့်ဝှမ်းများရှိရာနယ်မြေကိုအပိုင်ရ လိမ့်မည်။ နက်ဖြန်နေ့တွင်သင်သည်ပြန်လှည့် ၍အာကာဘာပင်လယ်ကွေ့ဘက်ရှိတော ကန္တာရသို့သွားလော့'' ဟုမောရှေအား မိန့်တော်မူ၏။
25 Lúc ấy người A-ma-léc và người Ca-na-an đang sống trong thung lũng. Ngày mai, các ngươi sẽ quay lại, đi vào hoang mạc theo hướng Biển Đỏ.”
၂၅
26 Chúa Hằng Hữu phán bảo Môi-se và A-rôn:
၂၆ထာဝရဘုရားကမောရှေနှင့်အာရုန်တို့အား၊-
27 “Những người tội lỗi này còn phàn nàn oán trách Ta cho đến bao giờ? Ta đã nghe hết những lời của người Ít-ra-ên phàn nàn rồi.
၂၇``ဤဆိုးယုတ်သောသူတို့သည်မည်မျှကာလ ပတ်လုံးညည်းညူလျက်ရှိကြမည်နည်း။ ဣသ ရေလအမျိုးသားတို့၏ညည်းညူသံကိုငါ ကြားရဖန်များလှပြီ။-
28 Con bảo họ rằng: ‘Hiển nhiên như Chúa Hằng Hữu hằng sống, Ta sẽ làm cho những lời kêu ca của các ngươi thành sự thật.
၂၈ယခုသူတို့အားဤသို့ပြန်ပြောလော့။ `ငါ ထာဝရဘုရားသည်ငါ့ကိုယ်ကိုတိုင်တည်၍ သင်တို့တောင်းဆိုသည့်အတိုင်းငါပြုမည်။-
29 Các ngươi đều phải chết trong hoang mạc; tất cả những ai đã oán trách Ta, từ hai mươi tuổi trở lên,
၂၉သင်တို့သည်တောကန္တာရ၌ပင်သေဆုံး ကြလိမ့်မည်။ ဤတောသည်သင်တို့၏သင်္ချိုင်း ဖြစ်လိမ့်မည်။ သင်တို့သည်ငါ့ကိုအပြစ်တင် ညည်းညူကြသောကြောင့် အသက်နှစ်ဆယ် ကျော်သူတစ်ယောက်မျှထိုပြည်သို့ မဝင်ရ။-
30 đều không được vào đất hứa, trừ Ca-lép, con Giê-phu-nê và Giô-suê, con Nun.
၃၀သင်တို့ကိုနေထိုင်စေမည်ဟုကတိထား သောပြည်သို့ ကာလက်နှင့်ယောရှုမှတစ်ပါး မည်သူမျှမဝင်ရ။-
31 Đối với con cái của các ngươi, các ngươi nói rằng chúng nó sẽ làm mồi cho địch, nhưng Ta sẽ đưa chúng nó vào đất các ngươi chê bỏ.
၃၁သင်တို့၏သားသမီးများကိုရန်သူဖမ်းသွား လိမ့်မည်ဟုသင်တို့ဆိုကြ၏။ သို့ရာတွင်ငါ သည်သင်တို့မသွားလိုသောပြည်သို့သင်တို့ ၏ကလေးများကိုပို့ဆောင်သဖြင့် သူတို့ သည်ထိုပြည်တွင်နေထိုင်ရလိမ့်မည်။-
32 Còn về chính các ngươi thì thây các ngươi sẽ nằm rạp trong hoang mạc này.
၃၂သင်တို့မူကားဤတောကန္တာရ၌သေဆုံးရ ကြမည်။-
33 Vì các ngươi bất trung, nên con cái các ngươi phải lang thang trong hoang mạc suốt bốn mươi năm, cho đến ngày những người sau cùng trong các ngươi chết trong hoang mạc.
၃၃သင်တို့ယုံကြည်မှုကင်းမဲ့သောကြောင့်ဤ တောကန္တာရ၌သင်တို့အနက် နောက်ဆုံးသော သူကွယ်လွန်သည်အထိသင်တို့၏သားသမီး များသည်နှစ်ပေါင်းလေးဆယ်တိုင်တိုင်တော ကန္တာရ၌လှည့်လည်နေထိုင်ရကြမည်။-
34 Vì các ngươi đã trinh sát xứ trong bốn mươi ngày, nên các ngươi phải lang thang trong hoang mạc suốt bốn mươi năm—mỗi ngày là một năm, đó là thời gian các ngươi phải mang tội ác mình. Các ngươi sẽ ý thức được hậu quả của việc toa rập nhau chống nghịch Ta.’
၃၄သင်တို့ခါနာန်ပြည်ကိုစုံစမ်းထောက်လှမ်းခဲ့ သောရက်ပေါင်းလေးဆယ်အတွက် တစ်ရက်လျှင် တစ်နှစ်ကျဖြင့်သင်တို့၏အပြစ်ဒဏ်ကိုနှစ် ပေါင်းလေးဆယ်ခံရကြမည်။ သင်တို့သည်ငါ ၏ပစ်ပယ်ခြင်းဒဏ်ကိုခံရကြလိမ့်မည်။-
35 Ta là Chúa Hằng Hữu đã quyết định như vậy, họ phải chết trong hoang mạc này vì tội phản nghịch Ta.”
၃၅ငါ့ကိုဆန့်ကျင်ဘက်ပြုသောဆိုးသွမ်းသည့် သင်တို့အပေါင်းကို ငါသည်မုချဒဏ်ခတ်မည်။ သင်တို့ရှိသမျှသည်တောကန္တာရတွင်သေ ကြေပျက်စီးလိမ့်မည်ဟု ငါထာဝရဘုရား မိန့်တော်မူပြီ'' ဟုမိန့်တော်မူ၏။
36 Riêng các thám tử mà Môi-se đã sai đi trinh sát xứ, khi trở về có xui cho dân chúng lằm bằm cùng Môi-se,
၃၆ခါနာန်ပြည်ကိုစုံစမ်းထောက်လှမ်းရန်မောရှေ စေလွှတ်သောသူတို့သည် မမှန်သတင်းကိုယူ ဆောင်ခဲ့ကြသဖြင့် ကြားရသောသူတို့သည် ထာဝရဘုရားအားအပြစ်တင်ညည်းတွား ကြ၏။ ထို့ကြောင့်ထာဝရဘုရားသည်မမှန် သတင်းယူဆောင်လာခဲ့သူတို့အား ကပ် ရောဂါဖြင့်သေဆုံးစေတော်မူ၏။-
37 những người cản trở, trình báo sai trật đều bị tai vạ hành chết ngay trước mặt Chúa Hằng Hữu.
၃၇
38 Trong những người đi trinh sát xứ chỉ có Giô-suê, con trai của Nun, và Ca-lép, con trai của Giê-phu-nê còn sống được.
၃၈စုံစမ်းထောက်လှမ်းသူတစ်ဆယ့်နှစ်ဦးအနက် ယောရှုနှင့်ကာလက်သာလျှင်အသက်ချမ်း သာရာရလေသည်။
39 Môi-se thuật lại mọi lời của Chúa Hằng Hữu cho toàn dân Ít-ra-ên, nên họ vô cùng sầu thảm.
၃၉မောရှေသည်ထာဝရဘုရားမိန့်တော်မူသမျှ ကို ဣသရေလအမျိုးသားတို့အားပြန်ကြား သောအခါ သူတို့သည်အလွန်ဝမ်းနည်း ကြေကွဲကြ၏။-
40 Sáng hôm sau, họ dậy sớm, leo lên núi và nói: “Chúng tôi đã phạm tội. Nhưng bây giờ chúng tôi sẵn sàng vào đất hứa. Thấy không, chúng tôi đã lên đến tận đất mà Chúa Hằng Hữu đã hứa với chúng tôi.”
၄၀နောက်တစ်နေ့နံနက်စောစောအချိန်တွင် သူတို့ သည်တောင်ကုန်းဒေသကိုဝင်ရောက်သိမ်းပိုက် ရန်စတင်ချီတက်ကြလေသည်။ သူတို့က``ထာ ဝရဘုရားကတိထားတော်မူသောပြည်သို့ ယခုငါတို့သွားပါမည်။ ငါတို့ပြစ်မှားမိ ကြောင်းဝန်ခံပါ၏'' ဟုဆိုကြလေသည်။
41 Nhưng Môi-se nói: “Đã đến nước này sao còn cãi lệnh Chúa Hằng Hữu? Làm vậy anh em chỉ có thất bại.
၄၁သို့ရာတွင်မောရှေက``သင်တို့အဘယ်ကြောင့် ထာဝရဘုရား၏အမိန့်တော်ကို ယခုမနာ ခံကြသနည်း။ သင်တို့အကြံအောင်မြင်မည် မဟုတ်။-
42 Tự ý ra đi khi không có Chúa Hằng Hữu đi cùng, anh em sẽ bị quân thù đánh bại.
၄၂မသွားကြနှင့်။ ထာဝရဘုရားသည်သင်တို့ နှင့်အတူမရှိသဖြင့် ရန်သူတို့သည်သင် တို့ကိုအနိုင်ရလိမ့်မည်။-
43 Anh em sẽ chết dưới lưỡi gươm của quân A-ma-léc và Ca-na-an, vì anh em đã chối bỏ Chúa Hằng Hữu, nên Ngài cũng từ bỏ anh em.”
၄၃သင်တို့သည်အာမလက်အမျိုးသား၊ ခါနာန် အမျိုးသားတို့နှင့်ယှဉ်ပြိုင်တိုက်ခိုက်သောအခါ သင်တို့ကျဆုံးကြလိမ့်မည်။ သင်တို့သည်ထာဝရ ဘုရားကိုစွန့်ပစ်ခြင်းကြောင့် ကိုယ်တော်သည်သင် တို့နှင့်အတူရှိတော်မူမည်မဟုတ်'' ဟုဆို လေ၏။
44 Nhưng họ ngoan cố cứ tiến lên núi, mặc dù Môi-se và Hòm Giao Ước của Chúa Hằng Hữu vẫn chưa rời trại.
၄၄ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်သည် လည်းကောင်း၊ မောရှေသည်လည်းကောင်းစခန်းမှ မထွက်ခွာသော်လည်း သူတို့သည်တောင်ကုန်း ဒေသသို့အရဲစွန့်၍ချီတက်ကြလေသည်။-
45 Quân A-ma-léc và Ca-na-an ở trên đồi núi đổ xuống đánh giết họ và đánh đuổi họ chạy dài cho đến Họt-ma.
၄၅ထိုအရပ်၌နေထိုင်ကြသောအာမလက် အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် သူတို့တိုက်ခိုက်အောင်မြင်၍ သူတို့ကိုဟော မာမြို့တိုင်အောင်လိုက်လံတိုက်ခိုက်လေသည်။