< Lê-vi 4 >
1 Chúa Hằng Hữu lại truyền dạy cho Môi-se:
၁ဣသရေလအမျိုးသားတို့တွင်တစ်စုံ တစ်ယောက်သောသူသည် ပညတ်တော်များ ကိုအမှတ်မထင်ချိုးဖောက်၍အပြစ်ကူး လွန်ခဲ့သည်ရှိသော် အောက်ဖော်ပြပါပြဋ္ဌာန်း ချက်များကိုလိုက်နာရန် ထာဝရဘုရား သည်မောရှေမှတစ်ဆင့်ချမှတ်ပေးတော်မူ၏။
2 “Hãy dạy người Ít-ra-ên về trường hợp một người vô tình vi phạm luật lệ của Chúa Hằng Hữu:
၂
3 Nếu một thầy tế lễ vô tình vi phạm, gây cho dân mang lỗi, thì thầy tế lễ đó phải dâng một con bò tơ không tì vít lên Chúa Hằng Hữu để chuộc tội,
၃အကယ်၍ယဇ်ပုရောဟိတ်မင်းသည်အပြစ် ပြုမိလျှင် လူတို့အားလည်းအပြစ်ရောက်စေ သည့်အတွက်ကြောင့်သူသည် အပြစ်အနာ ကင်းသောနွားပျိုကို မိမိအပြစ်ဖြေရန် ထာဝရဘုရားအားယဇ်ပူဇော်ရမည်။-
4 bằng cách dẫn con bò đến trước cửa Đền Tạm, đặt tay trên đầu nó, rồi giết nó trước mặt Chúa Hằng Hữu.
၄သူသည်နွားကိုတဲတော်တံခါးဝထာဝ ဘုရားရှေ့တော်သို့ယူဆောင်ခဲ့ပြီးလျှင် နွား ၏ဦးခေါင်းပေါ်တွင်လက်ကိုတင်၍ ထာဝရ ဘုရားရှေ့တော်တွင် ထိုနေရာ၌နွားကိုသတ် ရမည်။-
5 Sau đó thầy tế lễ lấy một phần máu bò đem vào Đền Tạm,
၅ယဇ်ပုရောဟိတ်မင်းသည်နွား၏သွေးအနည်း ငယ်ကိုတဲတော်ထဲသို့ယူဆောင်သွားရမည်။-
6 nhúng ngón tay vào máu, rảy bảy lần trước mặt Chúa Hằng Hữu, phía trước bức màn ngăn cách Nơi Chí Thánh.
၆သူ၏လက်ချောင်းကိုသွေးထဲ၌နှစ်၍သွေးကို ကန့်လန့်ကာတော်ရှေ့တွင်ခုနစ်ကြိမ်ဖျန်းရ မည်။-
7 Xong, thầy tế lễ ấy sẽ bôi máu trên các sừng bàn thờ xông hương trước mặt Chúa Hằng Hữu trong Đền Tạm. Máu còn lại đem đổ dưới chân bàn thờ dâng lễ thiêu, tại cửa Đền Tạm.
၇ထိုနောက်သူသည်တဲတော်အတွင်းရှိနံ့သာ ပေါင်းမီးရှို့ရာပလ္လင်၏ထောင့်များရှိအတက် တို့တွင် နွားသွေးအနည်းငယ်ကိုသုတ်ရမည်။ ကျန်သောနွားသွေးကို တဲတော်တံခါးဝ၌ ရှိသောမီးရှို့ပူဇော်ရာပလ္လင်ခြေရင်းတွင် လောင်းရမည်။-
8 Thầy tế lễ ấy sẽ lấy tất cả mỡ con bò, mỡ bọc ruột, tất cả mỡ trên bộ lòng,
၈ထိုနောက်သူသည်နွားအထီး၏ရှိသမျှ ဝမ်းတွင်းသားမှအဆီ၊-
9 hai trái thận với mỡ của nó dính nơi sườn và nơi túi mật, gỡ ra chung với hai trái thận,
၉ကျောက်ကပ်များနှင့်ကျောက်ကပ်အဆီ၊ အသည်း မှအကောင်းဆုံးအပိုင်းကိုယူရမည်။-
10 rồi đem đốt trên bàn thờ dâng lễ thiêu, cũng như trường hợp dâng con bò làm lễ tạ ơn.
၁၀ယဇ်ပုရောဟိတ်သည်မိတ်သဟာယယဇ်ပူဇော် ရာ၌ယဇ်ကောင်၏အဆီကိုမီးရှို့ပူဇော်သကဲ့ သို့ ထိုနွားမှအဆီကိုယဇ်ပလ္လင်ပေါ်တွင်မီးရှို့ ပူဇော်ရမည်။-
11 Nhưng phần còn lại gồm da, thịt, đầu, chân, bộ lòng, phân bò,
၁၁နွားအရေခွံ၊ အသားရှိသမျှ၊ ဦးခေါင်း၊ ခြေ ထောက်များ၊ ဝမ်းတွင်းသားနှင့်တကွအူတို့ ကိုမူကား၊-
12 nghĩa là tất cả phần còn lại của nó, thầy tế lễ sẽ đem ra khỏi nơi đóng trại, tại một nơi sạch sẽ, là nơi đổ tro bàn thờ, xếp tất cả trên củi mà đốt đi.
၁၂တပ်စခန်းအပြင်သို့ယူဆောင်၍ပြာသွန်ရာ သန့်ရှင်းသောနေရာတွင်ထင်းမီးပုံ၌မီးရှို့ ရမည်။
13 Nếu toàn dân Ít-ra-ên vô tình vi phạm một điều gì Chúa Hằng Hữu cấm đoán,
၁၃အကယ်၍ဣသရေလတစ်မျိုးသားလုံးသည် ထာဝရဘုရား၏ပညတ်တော်တစ်ပါးပါး ကို အမှတ်မထင်ချိုးဖောက်မိသဖြင့်အပြစ် ကူးလွန်ခဲ့သည်ရှိသော်၊-
14 và nhận biết lỗi mình, thì họ phải dâng một con bò tơ để chuộc tội. Bò sẽ được dẫn đến cửa Đền Tạm.
၁၄ပြစ်မှားကြောင်းသိလျှင်သိချင်းနွားထီးငယ် ကိုအပြစ်ဖြေရာယဇ်အဖြစ်ပူဇော်ကြရ မည်။ သူတို့သည်ထိုနွားကိုထာဝရဘုရား စံတော်မူရာတဲတော်သို့ယူဆောင်ခဲ့ရမည်။-
15 Các trưởng lão trong dân chúng sẽ đặt tay trên đầu con bò, rồi giết nó trước mặt Chúa Hằng Hữu.
၁၅ထိုနောက်အမျိုးသားခေါင်းဆောင်တို့သည် နွား၏ဦးခေါင်းပေါ်တွင်လက်များကိုတင် ၍နွားကိုသတ်ရမည်။-
16 Thầy tế lễ sẽ lấy một phần máu bò đem vào Đền Tạm,
၁၆ယဇ်ပုရောဟိတ်မင်းသည်နွားသွေးအနည်း ငယ်ကို တဲတော်ထဲသို့ယူဆောင်သွားပြီးလျှင်၊-
17 nhúng ngón tay vào máu, rảy bảy lần trước mặt Chúa Hằng Hữu, phía trước bức màn ngăn cách Nơi Chí Thánh.
၁၇သူ၏လက်ချောင်းကိုသွေးထဲ၌နှစ်၍သွေး ကို ကန့်လန့်ကာရှေ့တွင်ခုနစ်ကြိမ်ဖျန်းရမည်။-
18 Thầy tế lễ cũng sẽ bôi máu trên các sừng bàn thờ xông hương trước mặt Chúa Hằng Hữu trong Đền Tạm. Máu còn lại đem đổ dưới chân bàn thờ dâng lễ thiêu, tại cửa Đền Tạm.
၁၈တဲတော်အတွင်းရှိနံ့သာပေါင်းမီးရှို့ရာ ပလ္လင်၏ထောင့်များရှိအတက်တို့တွင် နွားသွေး အနည်းငယ်ကိုသုတ်ရမည်။ ကျန်သောနွား သွေးကိုတဲတော်တံခါးဝ၌ရှိသောမီးရှို့ ပူဇော်ရာပလ္လင်ခြေရင်းတွင်လောင်းရမည်။-
19 Thầy tế lễ cũng lấy tất cả mỡ bò đem đốt trên bàn thờ.
၁၉ထို့နောက်သူသည်နွားမှအဆီရှိသမျှကို ယူ၍ ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။-
20 Nếu thầy tế lễ làm lễ chuộc tội cho dân đúng theo thủ tục, thì lỗi họ sẽ được tha.
၂၀သူသည်အပြစ်ဖြေရာယဇ်ကောင်နွားကို ပူဇော်သည့်နည်းစံနစ်အတိုင်း ယဇ်ကောင်ကို ပူဇော်ရမည်။ ဤနည်းအားဖြင့်ယဇ်ပုရော ဟိတ်သည် လူတို့၏အပြစ်အတွက်ယဇ်ကောင် ကိုပူဇော်သဖြင့် လူတို့သည်အပြစ်လွတ်ကြ လိမ့်မည်။-
21 Sau đó, thầy tế lễ đem con bò ra khỏi nơi đóng trại để thiêu như trường hợp tế lễ thiêu chuộc tội cho cá nhân. Đây là lễ chuộc tội cho toàn dân Ít-ra-ên.
၂၁ထိုနောက်သူသည်မိမိ၏အပြစ်အတွက် ပူဇော်သောနွားကိုတပ်စခန်းအပြင်တွင် မီးရှို့သည့်နည်းတူ ဤနွားကိုလည်းစခန်း အပြင်တွင်မီးရှို့ရမည်။ ထိုယဇ်ပူဇော်နည်း သည်တစ်မျိုးလုံး၏အပြစ်ပြေစေရန်အတွက် ဖြစ်သတည်း။
22 Nếu một cấp lãnh đạo Ít-ra-ên vô tình vi phạm điều gì Chúa Hằng Hữu, Đức Chúa Trời của họ cấm đoán,
၂၂အကယ်၍အုပ်ချုပ်သောမင်းသည်ထာဝရ ဘုရား၏ပညတ်တော်တစ်ပါးပါးကို အမှတ် မထင်ချိုးဖောက်မိသဖြင့်အပြစ်ကူးလွန် ခဲ့သည်ရှိသော်၊-
23 và nhận biết tội mình, thì phải dâng một con dê đực không tì vít để chuộc tội.
၂၃မိမိ၏အပြစ်ကိုသိလျှင်အပြစ်အနာကင်း သောဆိတ်ထီးတစ်ကောင်ကိုယဇ်ပူဇော်ရန် ယူဆောင်ခဲ့ရမည်။-
24 Người ấy sẽ đặt tay mình trên đầu con dê, rồi giết nó tại nơi người ta giết sinh tế lễ thiêu, trước mặt Chúa Hằng Hữu. Đây là lễ chuộc tội.
၂၄ထိုသူသည်ယဇ်ပလ္လင်၏မြောက်ဘက်ရှိမီးရှို့ ရာယဇ်ကောင်များကိုသတ်သည့်နေရာ၌ ဆိတ် ၏ဦးခေါင်းပေါ်တွင်လက်ကိုတင်၍ဆိတ်ကို သတ်ရမည်။ ဤယဇ်ပူဇော်ခြင်းသည်အပြစ် ပြေစေရန်အတွက်ဖြစ်၏။-
25 Thầy tế lễ sẽ lấy ngón tay nhúng vào máu dê, đem bôi lên các sừng bàn thờ dâng lễ thiêu, máu còn lại đem đổ dưới chân bàn thờ.
၂၅ယဇ်ပုရောဟိတ်သည်သူ၏လက်ချောင်းကို သွေးထဲ၌နှစ်၍ ယဇ်ပလ္လင်၏ထောင့်များရှိ အတက်တို့တွင်သွေးသုတ်ရမည်။ ကျန်သော သွေးကိုယဇ်ပလ္လင်၏ခြေရင်း၌လောင်းချ ရမည်။-
26 Tất cả mỡ dê sẽ được đốt trên bàn thờ, như trường hợp dâng lễ tạ ơn. Như vậy, khi thầy tế lễ làm lễ chuộc tội cho người này, lỗi người sẽ được tha.
၂၆ထိုနောက်မိတ်သဟာယယဇ်ကောင်များ၏ အဆီကိုမီးရှို့ပူဇော်သကဲ့သို့ ဆိတ်အဆီ ရှိသမျှကိုယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော် ရမည်။ ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည် အုပ်ချုပ်သောမင်း၏အပြစ်အတွက်ပူဇော် သဖြင့်ထိုမင်းအပြစ်လွတ်လိမ့်မည်။
27 Nếu một công dân Ít-ra-ên vô tình vi phạm một điều gì Chúa Hằng Hữu cấm đoán
၂၇အကယ်၍သာမန်လူတစ်ဦးသည်ထာဝရ ဘုရား၏ပညတ်တော်တစ်ပါးပါးကို အမှတ် မထင်ချိုးဖောက်မိသဖြင့်အပြစ်ကူးလွန် ခဲ့သည်ရှိသော်၊-
28 và nhận biết tội mình, thì phải dâng một con dê cái không tì vít để chuộc tội.
၂၈မိမိ၏အပြစ်ကိုသိလျှင်သိချင်း အပြစ် အနာကင်းသောဆိတ်မတစ်ကောင်ကို ယဇ် ပူဇော်ရန်ယူဆောင်ခဲ့ရမည်။-
29 Người ấy sẽ đặt tay trên đầu con dê, rồi giết nó tại nơi người ta giết sinh tế lễ thiêu.
၂၉သူသည်ယဇ်ပလ္လင်၏မြောက်ဘက်ရှိမီးရှို့ရာ ယဇ်ကောင်များသတ်သည့်နေရာ၌ ဆိတ်၏ဦး ခေါင်းပေါ်တွင်လက်ကိုတင်၍ဆိတ်ကိုသတ် ရမည်။-
30 Thầy tế lễ sẽ lấy ngón tay nhúng vào máu dê, đem bôi trên các sừng bàn thờ dâng lễ thiêu, máu còn lại đem đổ dưới chân bàn thờ.
၃၀ယဇ်ပုရောဟိတ်သည်သူ၏လက်ချောင်းကိုသွေး ထဲ၌နှစ်၍ ယဇ်ပလ္လင်၏ထောင့်များရှိအတက် တို့တွင်သွေးသုတ်ရမည်။ ကျန်သောသွေးကို ယဇ်ပလ္လင်၏ခြေရင်း၌လောင်းရမည်။-
31 Thầy tế lễ cũng lấy tất cả mỡ đem đốt trên bàn thờ dâng hương thơm lên Chúa Hằng Hữu như trường hợp dâng lễ tạ ơn. Như vậy, khi thầy tế lễ làm lễ chuộc tội cho người này, lỗi người sẽ được tha.
၃၁ထို့နောက်မိတ်သဟာယယဇ်ကောင်များမှ အဆီကိုထုတ်ယူသကဲ့သို့ ဆိတ်မမှအဆီ ရှိသမျှကိုထုတ်ယူပြီးလျှင်ယဇ်ပလ္လင်ပေါ် တွင်မီးရှို့ပူဇော်ရမည်။ ထိုပူဇော်သကာ၏ ရနံ့ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည်သာမန် လူတစ်ဦး၏အပြစ်အတွက်ယဇ်ပူဇော် သဖြင့်ထိုသူအပြစ်လွတ်လိမ့်မည်။
32 Nếu người này muốn dâng một con chiên để làm lễ chuộc tội, thì phải chọn một con chiên cái không tì vít.
၃၂အကယ်၍လူတစ်ဦးသည်အပြစ်ပြေရာယဇ် အဖြစ်သိုးကိုယူဆောင်ခဲ့လျှင် သိုးသည် အပြစ်အနာကင်းသောသိုးမဖြစ်ရမည်။-
33 Người ấy sẽ đặt tay trên đầu con chiên, rồi giết nó tại nơi người ta giết sinh tế lễ thiêu.
၃၃သူသည်ယဇ်ပလ္လင်၏မြောက်ဘက်ရှိမီးရှို့ရာ ယဇ်ကောင်များသတ်သည့်နေရာ၌ သိုး၏ဦး ခေါင်းပေါ်တွင်လက်ကိုတင်၍သိုးကိုသတ် ရမည်။-
34 Thầy tế lễ lấy ngón tay nhúng vào máu chiên, đem bôi trên các sừng bàn thờ dâng lễ thiêu, máu còn lại đem đổ dưới chân bàn thờ.
၃၄ယဇ်ပုရောဟိတ်သည်သူ၏လက်ချောင်းကိုသွေး ထဲ၌နှစ်၍ ယဇ်ပလ္လင်၏ထောင့်များရှိအတက် တို့တွင်သွေးသုတ်ရမည်။ ကျန်သောသွေးကို ယဇ်ပလ္လင်၏ခြေရင်း၌လောင်းချရမည်။-
35 Thầy tế lễ cũng lấy mỡ chiên đốt trên bàn thờ, như trường hợp dâng chiên làm lễ tạ ơn lên Chúa Hằng Hữu. Như vậy, khi thầy tế lễ làm lễ chuộc tội cho người này, lỗi người sẽ được tha.”
၃၅ထို့နောက်မိတ်သဟာယယဇ်ကောင်သိုးမှ အဆီကိုထုတ်ယူသကဲ့သို့ သိုးမမှအဆီ ရှိသမျှကိုထုတ်ယူပြီးလျှင်ပူဇော်သကာ နှင့်တကွ ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည်လူ တစ်ဦး၏အပြစ်အတွက် ယဇ်ပူဇော်သဖြင့် ထိုအပြစ်လွတ်လိမ့်မည်။