< Các Thủ Lãnh 3 >

1 Chúa Hằng Hữu giữ lại các dân tộc để thử luyện người Ít-ra-ên là những người chưa có kinh nghiệm chiến đấu tại Ca-na-an.
ခါနာန် ပြည်၌ တိုက်သော စစ်မှု ရှိသမျှ တို့ကို မ သိ သော ဣသရေလ အမျိုးသားအပေါင်း တို့ကို စုံစမ်း ခြင်းငှါ ၎င်း၊
2 Chúa làm vậy để dạy cách chiến đấu cho các thế hệ Ít-ra-ên sau này, là những người chưa có kinh nghiệm nơi trận mạc.
စစ်မှုကို မ သိ သော ဣသရေလ အမျိုးသားအစဉ်အဆက် တို့သည် စစ် အတတ်ကို သင် ၍ တတ်စေခြင်းငှါ ၎င်း၊ ထာဝရဘုရား ချန် ထားတော်မူသောလူမျိုး များဟူမူကား၊
3 Các dân tộc này gồm: Người Phi-li-tin (sống dưới sự cai trị của năm lãnh chúa), người Ca-na-an, người Si-đôn, và người Hê-vi ở trên núi Li-ban, từ Núi Ba-anh Hẹt-môn đến lối vào Ha-mát.
ဖိလိတ္တိ မင်း ငါး ပါးအစရှိသော ခါနနိ လူအမျိုးမျိုး ၊ ဇိဒုန် လူ၊ ဗာလဟေရမုန် တောင် မှ စ၍ဟာမတ် လမ်းဝတိုင်အောင် လေဗနုန် တောင် ပေါ်မှာနေ သော ဟိဝိ လူတို့သည် ကျန်ကြွင်းကြ၏။
4 Các dân tộc này được Chúa dùng để thử người Ít-ra-ên, xem họ có tuân theo các giáo lệnh Ngài đã truyền dạy họ qua Môi-se hay không.
ထာဝရဘုရား သည် မောရှေ အားဖြင့် ဘိုးဘေး တို့ကို မှာ ထားတော်မူသောပညတ် များအတိုင်း ကျင့် မည် မကျင့်မည်ကို ထင်ရှား စေခြင်းငှါ ၊ ဣသရေလ အမျိုးကို စုံစမ်း ဘို့ ရာဖြစ် သတည်း။
5 Như thế, người Ít-ra-ên sống chung với người Ca-na-an, Hê-tít, A-mô-rít, Phê-rết, Hê-vi, và Giê-bu,
ဣသရေလ အမျိုးသားတို့သည် ခါနနိ လူ၊ ဟိတ္တိ လူ၊ အာမောရိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့တွင် နေ ၍၊
6 họ cưới con gái của các dân ấy làm vợ và gả con gái mình cho con trai các dân ấy. Hơn nữa, người Ít-ra-ên còn thờ phụng thần của các dân ấy.
သူ တို့သမီး နှင့် စုံဘက် ခြင်းကို ပြုလျက် ၊ မိမိ တို့သမီး ကို ပေးစား လျက် ၊ သူ တို့ဘုရား များကို ဝတ်ပြု ကြ၏။
7 Người Ít-ra-ên phạm tội với Chúa Hằng Hữu, quên Ngài là Đức Chúa Trời mình. Họ đi thờ Ba-anh và các trụ A-sê-ra.
ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ မိမိ တို့ဘုရား သခင်ထာဝရဘုရား ကို မေ့လျော့ သဖြင့်၊ ဗာလ ဘုရားများ၊ အာရှရ ပင်များကို ဝတ်ပြု သောကြောင့်၊
8 Vì thế, Chúa Hằng Hữu nổi giận, cho Vua Cu-san Ri-sa-tha-im của A-ram Na-ha-ra-im đô hộ họ trong tám năm.
ထာဝရဘုရား သည် ဣသရေလ အမျိုး၌ ပြင်းစွာအမျက် တော်ထွက်၍ ၊ မေသောပေါတာမိ ရှင်ဘုရင် ခုရှံရိရှသိမ် ၌ ရောင်း တော်မူသဖြင့်၊ ဣသရေလ လူတို့သည် ရှစ် နှစ် ပတ်လုံးထိုရှင်ဘုရင် ထံ၌ ကျွန်ခံ ရကြ၏။
9 Đến khi người Ít-ra-ên kêu khóc với Chúa Hằng Hữu, Ngài cho Ốt-ni-ên, con Kê-na, cháu Ca-lép, đứng lên giải cứu họ khỏi ách nô lệ.
နောက်တဖန်ထာဝရဘုရား ကို အော်ဟစ် ကြသောအခါ၊ ကယ်တင် သောသခင် ၊ ကာလက် ညီ ၊ ကေနတ် ၏သား ဩသံယေလ ကို သူ တို့အဘို့ ပေါ်ထွန်း စေတော်မူ၏။
10 Thần Linh của Chúa Hằng Hữu ngự trên Ốt-ni-ên, rồi ông trở thành phán quan của Ít-ra-ên. Ông tiến quân chống lại Vua Cu-san Ri-sa-tha-im, của A-ram, Chúa Hằng Hữu cho Ốt-ni-ên chiến thắng vua ấy.
၁၀ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သူ့ အပေါ် သို့ သက်ရောက် သဖြင့်၊ သူသည်ဣသရေလ အမျိုးကို အုပ်စိုး ၍ စစ်ချီ လေ၏။ မေသောပေါတာမိ ရှင်ဘုရင် ခုရှံရိရှသိမ် ကို သူ့ လက် ၌ ထာဝရဘုရား အပ် တော်မူသဖြင့်၊ သူသည် ထိုရှင်ဘုရင် ကို အောင် လေ၏။
11 Đất nước được thái bình bốn mươi năm. Rồi Ốt-ni-ên, con Kê-na, qua đời.
၁၁အနှစ် လေးဆယ် တိုင်တိုင်တပြည် လုံးငြိမ်း ပြီးမှ ၊ ကေနတ် ၏သား ဩသံယေလ သည် သေ လေ၏။
12 Người Ít-ra-ên lại phạm tội với Chúa Hằng Hữu. Ngài cho Vua Éc-lôn của Mô-áp được cường thịnh và chống lại Ít-ra-ên.
၁၂တဖန် ဣသရေလ အမျိုးသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု သောကြောင့် ၊ မောဘ ရှင်ဘုရင် ဧဂလုန် ကို ဣသရေလ အမျိုးတစ်ဘက်၌ ခွန်အား နှင့် ပြည့်စုံစေတော်မူ၏။
13 Éc-lôn liên kết với quân Am-môn và quân A-ma-léc, đánh bại quân Ít-ra-ên, chiếm thành Cây Chà Là.
၁၃ထိုမင်းသည် အမ္မုန် အမျိုးသား၊ အာမလက် အမျိုးသားတို့ကို စုဝေး စေလျက် ချီ သွား၍၊ ဣသရေလ လူတို့ကို လုပ်ကြံ ပြီးမှ ၊ စွန်ပလွံ မြို့ကို သိမ်းယူ သဖြင့်၊
14 Ít-ra-ên phải phục dịch Éc-lôn, vua Mô-áp mười tám năm.
၁၄ဣသရေလ အမျိုးသားတို့သည် တဆယ် ရှစ် နှစ် ပတ်လုံးမောဘ ရှင်ဘုရင် ဧဂလုန် မင်းထံ၌ ကျွန်ခံ ရကြ၏။
15 Nhưng khi người Ít-ra-ên kêu khóc với Chúa Hằng Hữu, Ngài dùng Ê-hút, con Ghê-ra, thuộc đại tộc Bên-gia-min, một người thuận tay trái, để giải cứu họ. Ông vốn là sứ thần đi triều cống Éc-lôn, vua Mô-áp.
၁၅နောက်တဖန် ထာဝရဘုရား ကို အော်ဟစ် သောအခါ ၊ ကယ်တင် သော သခင် ၊ လက်ျာ လက် ကို မသုံးတတ်သော ဗင်္ယာမိန် အမျိုး၊ ဂေရ သား ဧဟုဒ ကို ပေါ်ထွန်း စေတော်မူ၏။ သူ့ လက် တွင် ဣသရေလ လူတို့သည် လက်ဆောင် ကို မောဘ ရှင်ဘုရင် ဧဂလုန် ထံ သို့ပေး လိုက်ကြ၏။
16 Lúc ấy, ông rèn một thanh gươm hai lưỡi, dài nửa thước buộc vào đùi bên phải, khuất dưới lớp áo,
၁၆ဧဟုဒ သည် အလျား တတောင် ရှိသောသန်လျက် ကို လုပ် ၍ လက်ျာ ပေါင် အဝတ် တွင်း ၌ စည်း ထားပြီးလျှင်၊
17 và đi cống vua Mô-áp như thường lệ. Vua Éc-lôn là một người rất to béo.
၁၇မောဘ ရှင်ဘုရင် ဧဂလုန် ထံ သို့လက်ဆောင် ကို ဆောင် ခဲ့လေ၏။ ဧဂလုန် သည် အလွန် ဝ သောသူ ဖြစ်၏။
18 Xong việc triều cống, Ê-hút cho các người khuân vác lễ vật về.
၁၈ဧဟုဒသည် လက်ဆောင် ကို ဆက် ပြီး လျှင် ၊ လက်ဆောင် ကို ထမ်း သောသူ တို့ကို လွှတ် လိုက်၍၊
19 Ông cũng lên đường về, nhưng khi đến tảng đá chạm gần Ghinh-ganh, liền trở lại, nói với Éc-lôn: “Tôi xin tâu kín với vua một điều.” Vua truyền cho những người hầu cận đi ra.
၁၉ဂိလဂါလ မြို့နား ၌ရှိသောကျောက်တိုင် တို့မှ ကိုယ်တိုင်ပြန် လာ၍၊ ဘုရား ကျွန်တော် သည် တိတ်ဆိတ် စွာ လျှောက်စရာအကြောင်း ရှိပါသည်ဟု ဆို လျှင် ၊ ရှင်ဘုရင် က၊ တိတ်ဆိတ် စွာနေကြဟု အမိန့် တော်ရှိသည်အတိုင်း ၊ အထံ တော်၌ ခစား သော သူအပေါင်း တို့သည် ထွက် ကြ၏။
20 Lúc vua chỉ còn lại một mình, ngồi trong một phòng nghỉ mát trên lầu cung điện, Ê-hút lại gần Éc-lôn nói: “Tôi xin tâu lại lời của Đức Chúa Trời dành cho vua.” Nghe thế, vua liền đứng dậy.
၂၀ထိုအခါ ရှင်ဘုရင်သည် ကိုယ်တိုင် တ ယောက်တည်း နေတတ်သော နွေ နန်းဆောင် ၌ ထိုင် နေစဉ် ၊ ဧဟုဒ သည် ချဉ်းကပ် ၍ ကိုယ်တော် နှင့်ဆိုင် သော ဘုရား သခင်၏ အမိန့် တော်ပါပါ၏ဟု လျှောက် သော်၊ ရှင်ဘုရင်သည် ထ လေ၏။
21 Ê-hút dùng tay trái rút gươm ở đùi phải ra, đăm vào bụng Éc-lôn.
၂၁ဧဟုဒ သည် လက်ဝဲ လက် ကို ဆန့် လျက် သန်လျက် ကို လက်ျာ ပေါင် မှ ထုတ် ၍ ရှင်ဘုရင် ၏ ဝမ်း ကို ထိုး သဖြင့်၊
22 Gươm đâm lút cán, mỡ dày phủ chung quanh gươm; vì người không rút ra, nên gươm đâm thấu tới sau lưng.
၂၂လက်ကိုင် အရိုးနှင့်တကွ သန်လျက် မြုပ် ဝင်၍ ၊ ဝမ်း ထဲက မ နှုတ် နိုင်အောင် ဆီဥ သည် သန်လျက် ကို လွှမ်း လျက်၊ ချေးနု လည်း ထွက် လျက်ရှိလေ၏။
23 Ê-hút đi ra khóa cửa phòng lại, và thoát qua cổng.
၂၃ထိုအခါ ဧဟုဒ သည် အခန်း ပြင်သို့ ထွက် ပြီးလျှင် နန်းတော် တံခါး တို့ကို ပိတ် ၍ သော့ခတ် လေ၏။
24 Khi Ê-hút đã đi xa rồi, những người hầu cận Éc-lôn trở lại, thấy cửa phòng khóa chặt, liền nghĩ: “Chắc vua đang nghỉ ngơi trên phòng nghỉ mát.”
၂၄ထွက် သွားသောနောက်၊ ကျွန် တော်မျိုးအချို့တို့သည် လာ ၍ နန်းတော် တံခါး ၌ သော့ခတ် လျက် ရှိသည်ကို မြင် လျှင် ၊ စင်စစ် နွေ နန်းဆောင် ၌ စက်တော်ခေါ် သည်ဟုဆို လျက်၊
25 Nhưng đứng đợi lâu quá đến nỗi hổ thẹn mà vẫn không thấy vua mở cửa, họ lấy chìa khóa mở cửa phòng ra, mới thấy vua nằm chết dưới sàn nhà.
၂၅ရှက်ကြောက် သည်တိုင်အောင် ငံ့ နေပြီးမှ ၊ သူတို့အရှင် သည် တံခါး ကို မ ဖွင့် သောကြောင့် ၊ သူတို့သည် သော့ ကိုယူ ၍ ဖွင့် ကြည့် သောအခါ ၊ မြေ ပေါ် မှာ လဲ ၍ သေ လျက်ရှိသောမိမိ တို့အရှင် ကို တွေ့မြင်ကြ၏။
26 Trong khi họ còn chần chờ, Ê-hút đã băng qua tảng đá chạm, thoát về Sê-i-ra.
၂၆ထိုသို့ သူ တို့သည် ငံ့ နေကြစဉ် တွင်၊ ဧဟုဒ သည် ဘေးလွတ် သဖြင့်၊ ကျောက်တိုင် တို့ကို လွန် ၍ စိရပ် ရွာသို့ ရောက် ပြီးမှ၊
27 Về đến vùng cao nguyên Ép-ra-im, Ê-hút thổi kèn chiêu tập nghĩa quân và toàn dân Ít-ra-ên đều cùng người đi xuống khỏi núi và ông dẫn đầu họ.
၂၇ဧဖရိမ် တောင် ပေါ်မှာ တံပိုး ကို မှုတ် ၍ ၊ ဣသရေလ အမျိုးသားတို့သည် သူ့နောက်သို့ လိုက်လျက် တောင် ပေါ်က ဆင်း ကြ၏။
28 Ê-hút nói với họ rằng: “Anh em theo tôi! Chúa Hằng Hữu giao nạp quân thù Mô-áp vào tay ta rồi.” Họ theo ông, chiếm những chỗ cạn của Sông Giô-đan trên đường dẫn đến Mô-áp, và không cho ai qua lại.
၂၈သူကလည်း ငါ့ နောက် သို့ လိုက် ကြလော့။ ထာဝရဘုရား သည် သင် တို့၏ရန်သူ မောဘ လူတို့ကို သင် တို့လက် ၌ အပ် တော်မူမည်ဟု ဆို သည်အတိုင်း ၊ သူ့ နောက် မှာ ဆင်း ၍ ယော်ဒန် မြစ်ကူး ရာ မောဘ ပြည်သို့ သွားရာလမ်းကို ဆီးတား သဖြင့်၊ လူ တစုံတယောက်ကိုမျှ မ ကူး စေ ရ။
29 Rồi họ đánh quân Mô-áp, giết chừng 10.000 người, toàn là chiến sĩ, không ai thoát nổi.
၂၉ထိုအခါ ခွန်အား ကြီးသော မောဘ စစ်သူရဲတယောက်မျှ မ လွတ် ဘဲ၊ လူ တသောင်း ကိုသတ် ၍၊
30 Và hôm ấy, Ít-ra-ên khắc phục Mô-áp. Đất nước thái bình trong tám mươi năm.
၃၀မောဘ အမျိုးသည် ဣသရေလ အမျိုးလက် ၌ ရှုံး သဖြင့်၊ အနှစ် ရှစ်ဆယ် တိုင်တိုင်တပြည် လုံး ငြိမ်း လေ၏။
31 Sau Ê-hút, có Sam-ga, con A-nát, giải cứu người Ít-ra-ên. Ông từng giết 600 người Phi-li-tin với một cây gậy có đầu nhọn dùng để thúc bò.
၃၁ဧဟုဒ နောက် မှာ အာနတ် သား ရှံဂါ ပေါ်ထွန်း ၍ ၊ တုတ်ချွန်နှင့် ဖိလိတ္တိ လူခြောက်ရာ တို့ကိုသတ် သဖြင့်၊ ဣသရေလ အမျိုးသားတို့ကို ကယ်လွှတ် လေ၏။

< Các Thủ Lãnh 3 >