< Các Thủ Lãnh 3 >
1 Chúa Hằng Hữu giữ lại các dân tộc để thử luyện người Ít-ra-ên là những người chưa có kinh nghiệm chiến đấu tại Ca-na-an.
၁သို့ဖြစ်၍ထာဝရဘုရားသည်ခါနာန်ပြည် စစ်ပွဲများတွင်မပါမဝင်ခဲ့ဘူးသော ဣသ ရေလအမျိုးသားတို့အားစစ်ကြောရန် ထို ပြည်တွင်အချို့သောလူမျိုးတို့ကိုဆက် လက်နေထိုင်စေတော်မူ၏။-
2 Chúa làm vậy để dạy cách chiến đấu cho các thế hệ Ít-ra-ên sau này, là những người chưa có kinh nghiệm nơi trận mạc.
၂ယင်းသို့ကိုယ်တော်ပြုရသည့်အကြောင်းမှာ ဣသရေလလူမျိုးဆက်တစ်ဆက်ပြီးတစ် ဆက်စစ်မှုရေးရာသင်ကြားနိုင်ရန်ပင်ဖြစ် ၏။ အထူးသဖြင့်ယခင်ကစစ်ပွဲမဝင်ခဲ့ ဘူးသူတို့အားသင်ကြားပေးနိုင်စေရန် ဖြစ်၏။-
3 Các dân tộc này gồm: Người Phi-li-tin (sống dưới sự cai trị của năm lãnh chúa), người Ca-na-an, người Si-đôn, và người Hê-vi ở trên núi Li-ban, từ Núi Ba-anh Hẹt-môn đến lối vào Ha-mát.
၃ထိုပြည်တွင်ကျန်ရှိနေသောလူမျိုးများမှာ ဖိလိတ္တိမြို့ငါးမြို့မှဖိလိတ္တိလူမျိုး၊ ခါနာန် လူမျိုးအားလုံး၊ ဇိဒုန်လူမျိုးနှင့်ဗာလဟေ ရမုန်တောင်မှဟာမတ်တောင်ကြားလမ်းအထိ တည်ရှိသောလေဗနုန်တောင်ပေါ်တွင်နေထိုင် သည့်ဟိဝိလူမျိုးတို့ဖြစ်ကြ၏။-
4 Các dân tộc này được Chúa dùng để thử người Ít-ra-ên, xem họ có tuân theo các giáo lệnh Ngài đã truyền dạy họ qua Môi-se hay không.
၄ဣသရေလအမျိုးသားတို့သည်မိမိတို့ ဘိုးဘေးများအားမောရှေမှတစ်ဆင့် ထာဝရ ဘုရားပေးတော်မူခဲ့သည့်ပညတ်တော်တို့ ကိုလိုက်နာကျင့်သုံးမည်မကျင့်သုံးမည်ကို သိရှိနိုင်စေရန်ကိုယ်တော်သည်အဆိုပါလူ မျိုးတို့ကိုအသုံးပြု၍စစ်ကြောတော်မူလို သတည်း။-
5 Như thế, người Ít-ra-ên sống chung với người Ca-na-an, Hê-tít, A-mô-rít, Phê-rết, Hê-vi, và Giê-bu,
၅သို့ဖြစ်၍ဣသရေလအမျိုးသားတို့သည် ခါနာန်အမျိုးသားများ၊ ဟိတ္တိအမျိုးသား များ၊ အာမောရိအမျိုးသားများ၊ ဖေရဇိ အမျိုးသားများ၊ ဟိဝိအမျိုးသားများနှင့် ယေဗုသိအမျိုးသားများတို့နှင့်အတူနေ ထိုင်ရကြလေသည်။-
6 họ cưới con gái của các dân ấy làm vợ và gả con gái mình cho con trai các dân ấy. Hơn nữa, người Ít-ra-ên còn thờ phụng thần của các dân ấy.
၆သူတို့သည်ထိုသူတို့၏သားသမီးများနှင့် ထိမ်းမြားစုံဖက်ကာသူတို့၏ဘုရားများ ကိုကိုးကွယ်ကြကုန်၏။
7 Người Ít-ra-ên phạm tội với Chúa Hằng Hữu, quên Ngài là Đức Chúa Trời mình. Họ đi thờ Ba-anh và các trụ A-sê-ra.
၇ဣသရေလအမျိုးသားတို့သည်မိမိတို့၏ ဘုရားသခင်ထာဝရဘုရားအားမေ့လျော့ သွားကြ၏။ ကိုယ်တော်ကိုပြစ်မှားကာဗာလ ဘုရားနှင့်အာရှရဘုရားတို့ကိုဝတ်ပြု ရှိခိုးကြ၏။-
8 Vì thế, Chúa Hằng Hữu nổi giận, cho Vua Cu-san Ri-sa-tha-im của A-ram Na-ha-ra-im đô hộ họ trong tám năm.
၈သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့အားအမျက်တော်ထွက်သဖြင့် မေသောပေါတာမိဘုရင်ခုရှံရိရှသိမ်အား သူတို့ကိုနှိမ်နင်းအောင်မြင်စေတော်မူ၏။ သူ တို့သည်ရှစ်နှစ်ပတ်လုံးထိုဘုရင်၏လက် အောက်ခံဖြစ်ရကြလေသည်။-
9 Đến khi người Ít-ra-ên kêu khóc với Chúa Hằng Hữu, Ngài cho Ốt-ni-ên, con Kê-na, cháu Ca-lép, đứng lên giải cứu họ khỏi ách nô lệ.
၉ထိုနောက်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားထံတော်သို့ဟစ်အော်ကြ သောအခါ ကိုယ်တော်သည်သူတို့အားကယ် ဆယ်ရန်လူတစ်ယောက်ကိုစေလွှတ်တော်မူ၏။ ထိုသူမှာကာလက်၏ညီကေနတ်၏သား သြသံယေလပင်တည်း။-
10 Thần Linh của Chúa Hằng Hữu ngự trên Ốt-ni-ên, rồi ông trở thành phán quan của Ít-ra-ên. Ông tiến quân chống lại Vua Cu-san Ri-sa-tha-im, của A-ram, Chúa Hằng Hữu cho Ốt-ni-ên chiến thắng vua ấy.
၁၀ထာဝရဘုရား၏ဝိညာဉ်တော်သည်သူ့ အပေါ်သို့သက်ရောက်သဖြင့် သူသည် ဣသရေလအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်လာလေသည်။ သြသံယေလသည်စစ် ချီတိုက်ခိုက်ရာထာဝရဘုရားသည်သူ့ အားမေသောပေါတာမိဘုရင်ကိုနှိမ်နင်း အောင်မြင်စေတော်မူ၏။-
11 Đất nước được thái bình bốn mươi năm. Rồi Ốt-ni-ên, con Kê-na, qua đời.
၁၁တိုင်းပြည်သည်အနှစ်လေးဆယ်ပတ်လုံး ငြိမ်းချမ်းသာယာလျက်ရှိ၏။ ထိုနောက် သြသံယေလကွယ်လွန်လေသည်။
12 Người Ít-ra-ên lại phạm tội với Chúa Hằng Hữu. Ngài cho Vua Éc-lôn của Mô-áp được cường thịnh và chống lại Ít-ra-ên.
၁၂ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားအား နောက်တစ်ဖန်ပြစ်မှားကြပြန်၏။ ကိုယ်တော်သည်လည်းမောဘဘုရင်ဧဂလုန် ကိုဣသရေလအမျိုးသားတို့ထက်ပို၍ ခွန်အားကြီးစေတော်မူ၏။-
13 Éc-lôn liên kết với quân Am-môn và quân A-ma-léc, đánh bại quân Ít-ra-ên, chiếm thành Cây Chà Là.
၁၃ဧဂလုန်သည်အမ္မုန်အမျိုးသားနှင့်အာမလက် အမျိုးသားတို့ကိုစုရုံးပြီးလျှင် ဣသရေလ အမျိုးသားတို့အားနှိမ်နင်းအောင်မြင်သဖြင့် စွန်ပလွံပင်မြို့တည်းဟူသောယေရိခေါမြို့ ကိုသိမ်းယူလေသည်။-
14 Ít-ra-ên phải phục dịch Éc-lôn, vua Mô-áp mười tám năm.
၁၄ဣသရေလအမျိုးသားတို့သည်တစ်ဆယ့် ရှစ်နှစ်ပတ်လုံးဧဂလုန်ထံ၌ကျွန်ခံရကြ လေသည်။
15 Nhưng khi người Ít-ra-ên kêu khóc với Chúa Hằng Hữu, Ngài dùng Ê-hút, con Ghê-ra, thuộc đại tộc Bên-gia-min, một người thuận tay trái, để giải cứu họ. Ông vốn là sứ thần đi triều cống Éc-lôn, vua Mô-áp.
၁၅ထိုနောက်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားထံတော်သို့ဟစ်အော်ကြ သောအခါ ကိုယ်တော်သည်သူတို့ကိုကယ် ဆယ်မည့်သူတစ်ဦးကိုစေလွှတ်တော်မူ၏။ ထိုသူသည်ဗင်္ယာမိန်အနွယ်ဝင်ဂေရ၏သား၊ ဘယ်သန်သူဧဟုဒဖြစ်၏။ ဣသရေလ အမျိုးသားတို့သည်ဧဟုဒအားမောဘ ဘုရင်ဧဂလုန်ထံသို့လက်ဆောင်ပဏ္ဏာ များနှင့်အတူစေလွှတ်လိုက်ကြ၏။-
16 Lúc ấy, ông rèn một thanh gươm hai lưỡi, dài nửa thước buộc vào đùi bên phải, khuất dưới lớp áo,
၁၆ဧဟုဒသည်တစ်ပေခွဲခန့်ရှိသောသံလျက် တစ်လက်ကိုပြုလုပ်ပြီးလျှင် ညာဘက်ပေါင် အဝတ်အစားများအောက်တွင်ချည်နှောင် ထား၏။-
17 và đi cống vua Mô-áp như thường lệ. Vua Éc-lôn là một người rất to béo.
၁၇ထိုနောက်လက်ဆောင်ပဏ္ဏာများကိုလူဝကြီး ဧဂလုန်ထံသို့ယူဆောင်သွားလေသည်။-
18 Xong việc triều cống, Ê-hút cho các người khuân vác lễ vật về.
၁၈ဧဟုဒသည်ထိုလက်ဆောင်ပဏ္ဏာများကို ဆက်သပြီးသောအခါ ယင်းတို့ကိုသယ် ဆောင်လာသူတို့အားအိမ်သို့ပြန်စေ၏။-
19 Ông cũng lên đường về, nhưng khi đến tảng đá chạm gần Ghinh-ganh, liền trở lại, nói với Éc-lôn: “Tôi xin tâu kín với vua một điều.” Vua truyền cho những người hầu cận đi ra.
၁၉သူမူကားဂိလဂါလမြို့အနီး၌ရှိသော ကျောက်ရုပ်တုများရှိရာမှပြန်လာ၍ဧဂ လုန်ကို``မင်းကြီးအားလျှောက်ထားရန်လျှို့ဝှက် သတင်းရှိပါသည်'' ဟုလျှောက်၏။ သို့ဖြစ်၍ မင်းကြီးသည်ကျေးကျွန်တို့အား``ငါတို့နှစ် ဦးတည်းပြောစရာရှိ၍ထွက်သွားကြလော့'' ဟုအမိန့်ပေးသဖြင့်ကျေးကျွန်အပေါင်း တို့သည်အပြင်သို့ထွက်သွားကြလေသည်။
20 Lúc vua chỉ còn lại một mình, ngồi trong một phòng nghỉ mát trên lầu cung điện, Ê-hút lại gần Éc-lôn nói: “Tôi xin tâu lại lời của Đức Chúa Trời dành cho vua.” Nghe thế, vua liền đứng dậy.
၂၀မင်းကြီးသည်နွေနန်းဆောင်၌တစ်ကိုယ်တည်း ထိုင်လျက်နေစဉ် ဧဟုဒသည်ဘုရင်၏အနီး သို့သွားပြီးလျှင်``အရှင်မင်းကြီးအတွက် ဘုရားသခင်ထံမှအမိန့်တော်ရှိပါသည်'' ဟုဆို၏။ မင်းကြီးသည်လည်းမတ်တတ် ထတော်မူ၏။-
21 Ê-hút dùng tay trái rút gươm ở đùi phải ra, đăm vào bụng Éc-lôn.
၂၁ထိုအခါဧဟုဒသည်မိမိဘယ်လက်ဖြင့် ညာပေါင်တွင်ချည်နှောင်ထားသောသံလျက် ကိုယူ၍မင်းကြီး၏ဝမ်းဗိုက်ကိုထိုးလိုက် ရာ၊-
22 Gươm đâm lút cán, mỡ dày phủ chung quanh gươm; vì người không rút ra, nên gươm đâm thấu tới sau lưng.
၂၂သန်လျက်သည်လက်ကိုင်ရိုးနှင့်တကွမြုပ်ဝင် သွားပြီးလျှင် အဆီများဖြင့်ဖုံးအုပ်သွားလေ သည်။ ဧဟုဒသည်ထိုသန်လျက်ကိုဆွဲမနုတ် ချေ။ သန်လျက်သည်မင်းကြီး၏နောက်ဘက် တွင်ပေါင်နှစ်လုံးကြားမှထိုးထွက်လျက်နေ တော့၏။-
23 Ê-hút đi ra khóa cửa phòng lại, và thoát qua cổng.
၂၃ထိုနောက်ဧဟုဒသည်အပြင်သို့ထွက်၍ တံခါးများကိုသော့ခတ်ပြီးလျှင်၊-
24 Khi Ê-hút đã đi xa rồi, những người hầu cận Éc-lôn trở lại, thấy cửa phòng khóa chặt, liền nghĩ: “Chắc vua đang nghỉ ngơi trên phòng nghỉ mát.”
၂၄ထွက်ခွာသွားလေသည်။ ကျေးကျွန်များပြန် လာကြသောအခါ နန်းတော်တံခါးများ သော့ခတ်လျက်ထားသည်ကိုတွေ့မြင်ရကြ ၏။ သို့ရာတွင်သူတို့သည်နန်းတွင်း၌ မင်း ကြီးအခင်းသွားနေသည်ဟူ၍သာလျှင် ထင်မှတ်ကြလေသည်။-
25 Nhưng đứng đợi lâu quá đến nỗi hổ thẹn mà vẫn không thấy vua mở cửa, họ lấy chìa khóa mở cửa phòng ra, mới thấy vua nằm chết dưới sàn nhà.
၂၅အပြင်တွင်စောင့်ဆိုင်းသင့်သမျှစောင့်ဆိုင်းနေ သော်လည်း မင်းကြီးသည်တံခါးကိုမဖွင့်ဘဲ နေသေးသဖြင့် သူတို့သည်သော့ကိုယူ၍ဖွင့် လိုက်ကြ၏။ ထိုအခါမိမိတို့၏အရှင်မှာ ကြမ်းပြင်ပေါ်တွင်လဲလျက်သေနေသည် ကိုတွေ့မြင်ကြလေသည်။
26 Trong khi họ còn chần chờ, Ê-hút đã băng qua tảng đá chạm, thoát về Sê-i-ra.
၂၆ဧဟုဒသည်ယင်းသို့ထိုသူတို့စောင့်ဆိုင်းနေ ကြစဉ်အတွင်း၌ထွက်ပြေးသွားလေသည်။ သူသည်ကျောက်ရုပ်တုတို့ကိုကျော်လွန်ကာ စိရပ်ရွာသို့လွတ်မြောက်သွားလေ၏။-
27 Về đến vùng cao nguyên Ép-ra-im, Ê-hút thổi kèn chiêu tập nghĩa quân và toàn dân Ít-ra-ên đều cùng người đi xuống khỏi núi và ông dẫn đầu họ.
၂၇သူသည်ဧဖရိမ်တောင်ကုန်းဒေသသို့ရောက် သောအခါတိုက်ပွဲဝင်ရန်တံပိုးခရာမှုတ် လိုက်ရာဣသရေလအမျိုးသားတို့သည် သူ့နောက်သို့လိုက်၍တောင်ကုန်းများပေါ် မှဆင်းလာကြ၏။-
28 Ê-hút nói với họ rằng: “Anh em theo tôi! Chúa Hằng Hữu giao nạp quân thù Mô-áp vào tay ta rồi.” Họ theo ông, chiếm những chỗ cạn của Sông Giô-đan trên đường dẫn đến Mô-áp, và không cho ai qua lại.
၂၈သူက``ငါ့နောက်သို့လိုက်ကြလော့။ ထာဝရ ဘုရားသည်သင်တို့အားရန်သူဖြစ်သော မောဘအမျိုးသားတို့အပေါ်၌အောင်ပွဲ ခံစေတော်မူပြီ'' ဟုသူတို့အားပြောလေ သည်။ သို့ဖြစ်၍ဣသရေလအမျိုးသား တို့သည်တောင်ကုန်းပေါ်မှဆင်း၍ ဧဟုဒ၏ နောက်သို့လိုက်ပြီးလျှင်မောဘအမျိုးသား တို့ကူးရာယော်ဒန်မြစ်ကူးဆိပ်ကိုသိမ်း ယူကြလေသည်။ ရန်သူတို့တစ်ယောက်မျှ မြစ်ကိုကူးခွင့်မရကြ။-
29 Rồi họ đánh quân Mô-áp, giết chừng 10.000 người, toàn là chiến sĩ, không ai thoát nổi.
၂၉ထိုနေ့၌မောဘအမျိုးသားလက်ရွေးစင်စစ် သည် တစ်သောင်းမျှသုတ်သင်ခြင်းကိုခံရကြ ၏။ သူတို့တစ်ယောက်မျှမလွတ်မြောက်ပေ။-
30 Và hôm ấy, Ít-ra-ên khắc phục Mô-áp. Đất nước thái bình trong tám mươi năm.
၃၀ထိုနေ့၌မောဘအမျိုးသားတို့အားဣသ ရေလအမျိုးသားတို့ကနှိမ်နင်းအောင်မြင် ပြီးနောက် တိုင်းပြည်တွင်နှစ်ပေါင်းရှစ်ဆယ် တိုင်ငြိမ်းချမ်းသာယာလျက်နေသတည်း။
31 Sau Ê-hút, có Sam-ga, con A-nát, giải cứu người Ít-ra-ên. Ông từng giết 600 người Phi-li-tin với một cây gậy có đầu nhọn dùng để thúc bò.
၃၁ထိုနောက်ပေါ်ထွန်းလာသောခေါင်းဆောင်မှာ အာနတ်၏သားရှံဂါဖြစ်၏။ သူသည်ဖိလိတ္တိ အမျိုးသားခြောက်ရာကိုတုတ်ချွန်တစ်ချောင်း ဖြင့်သတ်၍ ဣသရေလအမျိုးသားတို့အား ကယ်ဆယ်ခဲ့လေသည်။