< Giăng 20 >
1 Sáng Chúa Nhật, lúc trời còn tờ mờ, Ma-ri Ma-đơ-len đến viếng mộ Chúa và thấy tảng đá lấp cửa mộ đã lăn qua một bên.
၁ခုနစ်ရက်တွင် ပဌမနေ့ရက်၊ မိုဃ်းမလင်းမှီ စောစောအချိန်၌ မာဂဒလမာရိသည် သင်္ချိုင်းတော်သို့ သွား၍ တွင်းဝ၌ပိတ်သော ကျောက်သည် ရွှေ့လျက်ရှိသည်ကိုမြင်လျှင်၊
2 Cô vội chạy và tìm Si-môn Phi-e-rơ và môn đệ Chúa Giê-xu yêu. Cô báo tin: “Người ta đã dời thi hài Chúa Giê-xu khỏi mộ, không biết họ đặt Ngài tại đâu!”
၂ရှိမုန်ပေတရုနှင့် ယေရှုချစ်တော်မူသော အခြားတပည့်တော်ဆီသို့ ပြေးသွား၍၊ သင်္ချိုင်းတော်မှ သခင်ကိုယူသွားကြပြီ။ အဘယ်မှာထားကြသည်ကို မသိဟုပြောဆို၏။
3 Phi-e-rơ và môn đệ kia liền chạy đến mộ.
၃ထိုအခါပေတရုနှင့် အခြားသော တပည့်တော်သည်ထွက်၍ သင်္ချိုင်းတော်သို့သွားကြ၏။
4 Cả hai cùng chạy, nhưng môn đệ kia chạy nhanh hơn Phi-e-rơ, nên đến mộ trước.
၄ထိုသူနှစ်ယောက်တို့သည် အတူပြေးသည်တွင် အခြားသောတပည့်တော်သည် ပေတရုကိုလွန်၍ သင်္ချိုင်းတော်သို့ အရင်ရောက်သည်ရှိသော်၊ ငုံ့၍ကြည့်သဖြင့်၊
5 Anh cúi xuống nhìn vào mộ, thấy vải liệm nhưng không dám vào.
၅ပိတ်ပုဆိုးရစ်သည်ကိုမြင်လျှင်၊ မဝင်ဘဲနေ၏။
6 Si-môn Phi-e-rơ đến sau, bước vào trong mộ, thấy vải liệm còn đó,
၆ရှိမုန်ပေရုသည်နောက်သို့လိုက်၍ ရောက်သောအခါ တွင်းထဲသို့ဝင်လျှင်၊ ပိတ်ပုဆိုးရှိရစ်သည်ကို၎င်း၊
7 tấm khăn trùm đầu Chúa Giê-xu thì cuốn lại để một bên, không nằm chung với vải liệm.
၇ခေါင်းတော်၌ရှိသောပုဝါသည် ပိတ်ပုဆိုးနှင့်အတူမရှိဘဲ တခြားစီလိပ်လျက်ရှိသည်ကို၎င်း မြင်လေ၏။
8 Môn đệ đến mộ trước cũng theo vào, anh nhìn thấy và tin—
၈ထိုအခါသင်္ချိုင်းတော်သို့ အရင်ရောက်သောအခြားတပည့်တော်သည် ဝင်၍မြင်သဖြင့် ယုံလေ၏။
9 vì đến lúc ấy, các môn đệ chưa hiểu lời Thánh Kinh nói Chúa Giê-xu sẽ sống lại từ cõi chết.
၉ကိုယ်တော်သည် သေခြင်းမှထမြောက်ရမည်ဟူသော ကျမ်းစကားကို တပည့်တော်တို့သည် နားမလည် ကြသေး။
10 Rồi hai môn đệ trở về nhà.
၁၀နောက်မှထိုသူနှစ်ယောက်တို့သည် မိမိတို့အပေါင်းအသင်းရှိရာသို့ ပြန်သွားကြ၏။
11 Ma-ri đứng bên mộ mà khóc, nước mắt đầm đìa, cô cúi xuống nhìn trong mộ.
၁၁မာရိသည် သင်္ချိုင်းတော်အနားမှာ ငိုကြွေးလျက်ရပ်နေ၏။ ငိုကြွေးစဉ် ငုံ၍တွင်းထဲသို့ကြည့်လျှင်၊
12 Cô thấy hai thiên sứ mặc áo trắng, một vị ngồi phía đầu, một vị ngồi phía chân nơi Chúa Giê-xu đã nằm.
၁၂ကောင်းကင်တမန်နှစ်ပါးတို့သည် ဖြူသောအဝတ်ကိုဝတ်ဆင်လျက်၊ ယေရှု၏အလောင်းတော် လျောင်း ရာအရပ်၊ ခေါင်းရင်း၌တပါး၊ ခြေရင်း၌တပါး ထိုင်ကြသည်ကိုမြင်လေ၏။
13 Hai thiên sứ hỏi: “Tại sao cô khóc?” Cô đáp: “Vì người ta dời thi hài Chúa tôi đi mất, tôi không biết họ để Ngài tại đâu!”
၁၃ထိုသူတို့က၊ အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်းဟုမေးလျှင်၊ ကျွန်မ၏သခင်ကို ယူသွား ကြပြီ။ အဘယ်မှာထားကြသည်ကို မသိပါဟုပြောဆို၏။
14 Nói xong, cô quay đầu nhìn lại, thấy có người đứng sau lưng. Đó là Chúa Giê-xu, nhưng cô không nhận ra Ngài.
၁၄ထိုသို့ဆိုပြီးမှ နောက်သို့လှည့်လျှင်၊ ယေရှုရပ်လျက်နေတော်မူသည်ကို မြင်သော်လည်း ယေရှုဖြစ် တော်မူသည်ကိုမသိ။
15 Chúa Giê-xu hỏi: “Tại sao cô khóc? Cô tìm ai?” Cô tưởng là người làm vườn nên dò hỏi: “Thưa ông, nếu ông có đem thi hài Chúa đi đâu, xin làm ơn cho tôi biết để tôi đem về!”
၁၅ယေရှုကလည်း၊ အချင်းမိန်းမ၊ အဘယ်ကြောင့်ငိုကြွေးသနည်း။ အဘယ်သူကို ရှာသနည်းဟု မေးတော် မူ၏။ မာရိက၊ သင်သည်သူ့ကို ဆောင်သွားသည်မှန်လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ။ ကျွန်မ ယူသွားပါမည်အရှင်ဟု၊ ထိုသူကို ဥယျာဉ်စောင့်ဖြစ်သည်ဟု ထင်မှတ်လျက်ဆို၏။
16 Chúa Giê-xu gọi: “Ma-ri!” Cô xoay hẳn người lại, mừng rỡ kêu lên: “Ra-bu-ni!” (tiếng Hê-bơ-rơ nghĩa là “Thầy”).
၁၆ယေရှုကလည်း၊ မာရိဟုခေါ်တော်မူလျှင်၊ မာရိသည်လှည့်၍ ရဗ္ဗုနိဟု ထူးလေ၏။ ရဗ္ဗုနိအနက်ကား၊ အရှင်ဘုရားဟု ဆိုလိုသတည်း။
17 Chúa Giê-xu phán: “Đừng cầm giữ Ta, vì Ta chưa lên cùng Cha. Nhưng hãy đi tìm anh em Ta, nói với họ rằng: ‘Ta lên cùng Cha Ta cũng là Cha của các con, cùng Đức Chúa Trời Ta cũng là Đức Chúa Trời của các con.’”
၁၇ယေရှုကလည်း၊ ငါ့ကိုမဘက်နှင့်ဦး။ ငါသည် ငါ့ခမည်းတော်ထံသို့ မတက်ရသေး။ ငါ့ညီတို့ရှိရာသို့ သွားလော့။ ငါ၏ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ ဘုရားသခင်ထံတော်သို့ ငါတက်ရမည်အကြောင်းအရာကို ကြားပြောလော့ဟု မိန့်တော်မူသည်နှင့်အညီ၊
18 Ma-ri Ma-đơ-len đi tìm các môn đệ khác và nói với họ: “Tôi vừa gặp Chúa!” Rồi cô thuật lại mọi điều Ngài dạy.
၁၈မာဂဒလမာရိသည် သွား၍မိမိသည် သခင်ကိုတွေ့မြင်သည်ကို၎င်း၊ ထိုသို့မိန့်တော်မူသည်ကို၎င်း၊ တပည့်တော်တို့အားကြားပြောလေ၏။
19 Ngay tối hôm ấy, các môn đệ họp mặt với nhau, cửa phòng đóng thật chặt, vì họ sợ các lãnh đạo Do Thái. Thình lình, Chúa Giê-xu đến đứng giữa họ! Chúa phán: “Bình an cho các con.”
၁၉ခုနစ်ရက်တွင် ပဌမနေ့ရက်ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတို့ကိုကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေတည်းဟု မိန့်တော်မူ၏။
20 Nói xong, Chúa đưa sườn và tay cho họ xem. Được gặp Chúa, các môn đệ vô cùng mừng rỡ!
၂၀ထိုသို့မိန့်တော်မူပြီးမှ လက်တော်နှင့်နံဖေးတော်ကိုပြတော်မူ၏။ တပည့်တော်တို့သည် သခင်ကိုမြင်လျှင် ဝမ်းမြောက်ခြင်းရှိကြ၏။
21 Chúa Giê-xu phán tiếp: “Bình an cho các con. Cha đã sai Ta cách nào, Ta cũng sai các con cách ấy.”
၂၁တဖန်ယေရှုက၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း။ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည် နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်ဟု မိန့်တော်မူပြီးလျှင်၊
22 Rồi Chúa hà hơi trên các môn đệ và phán: “Hãy tiếp nhận Chúa Thánh Linh.
၂၂ထိုသူတို့အပေါ်၌ မှုတ်လျက်၊ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ခံကြလော့။
23 Các con tha tội cho ai, người ấy sẽ được tha tội. Các con buộc tội cho ai, người ấy sẽ bị buộc tội.”
၂၃အကြင်သူ၏အပြစ်ကို သင်တို့လွှတ်လျှင်၊ ထိုသူသည် အပြစ်လွှတ်လျက်ရှိ၏။ အကြင်သူ၏အပြစ်ကို သင်တို့တည်စေလျှင်၊ ထိုသူသည် အပြစ်တည်လျက်ရှိ၏ဟု မိန့်တော်မူ၏။
24 Một trong mười hai môn đệ, có Thô-ma (biệt danh là Song Sinh), không có mặt lúc Chúa Giê-xu đến.
၂၄ထိုသို့ ယေရှုသည်ကြွလာတော်မူသောအခါ တမန်တော်တကျိပ်နှစ်ပါးအဝင်၊ ဒိဒုမုဟုအမည်ရှိသော သောမသည်ထိုတပည့်တော်တို့နှင့်အတူမရှိ။
25 Các môn đệ kia báo tin: “Chúng tôi mới gặp Chúa!” Nhưng Thô-ma đáp: “Tôi không tin trừ khi chính mắt tôi thấy dấu đinh trên bàn tay Chúa, tay tôi sờ vết thương, và đặt tay tôi vào sườn Ngài!”
၂၅ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည်သခင်ကို မြင်ရကြပြီဟု သောမအားပြောဆိုကြလျှင်၊ သောမက၊ လက်တော်၌သံရိုက်ရာချက်ကိုမမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့်မတို့မစမ်း၊ နံဖေးတော်ကိုလည်း လက်နှင့် မစမ်းမသပ်ရလျှင် အကျွန်ုပ်မယုံဟုဆို၏။
26 Tám ngày sau, các môn đệ lại họp trong nhà ấy, lần này Thô-ma cũng có mặt. Cửa ngõ đều đóng chặt, bất thình lình, như lần trước, Chúa Giê-xu đến đứng giữa họ. Chúa phán: “Bình an cho các con.”
၂၆ထိုနောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် တဖန်အထဲမှာရှိကြ၍ သောမလည်းပါ၏။ တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျှက်၊ သင်တို့၌ငြိမ်သက်ခြင်း ရှိစေ သတည်းဟု မိန့်တော်မူ၏။
27 Chúa phán riêng với Thô-ma: “Hãy đặt ngón tay con vào đây và nhìn bàn tay Ta. Hãy đặt bàn tay con vào sườn Ta. Đừng hoài nghi nữa. Hãy tin!”
၂၇ထိုအခါ သောမအား၊ သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့ နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏။
28 Thô-ma thưa: “Lạy Chúa tôi và Đức Chúa Trời tôi!”
၂၈သောမကလည်း၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်ပါတကားဟု ပြန်၍လျှောက်၏။
29 Chúa Giê-xu phán với ông: “Con tin vì con thấy Ta. Phước cho những người chưa thấy mà tin Ta!”
၂၉ယေရှုကလည်း၊ သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။
30 Các môn đệ còn chứng kiến nhiều phép lạ khác do Chúa Giê-xu thực hiện, nhưng không thể chép tất cả vào sách này,
၃၀ဤကျမ်းစာ၌ ရေး၍မထားသောအခြားနိမိတ်လက္ခဏာအများတို့ကိုလည်း ယေရှုသည်တပည့်တော်တို့ မျက်မှောက်၌ပြတော်မူ၏။
31 Nhưng chỉ xin ghi lại một số phép lạ để giúp người đọc tin nhận Chúa Giê-xu là Đấng Mết-si-a, là Con Đức Chúa Trời, và nhờ niềm tin đó, chúng ta hưởng được sự sống vĩnh viễn trong Danh Chúa.
၃၁ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကို သင်တို့သည် ယုံ မည်အကြောင်း၊ ထိုသို့ယုံ၍နာမတော်အားဖြင့် အသက်ကိုရမည်အကြောင်း၊ ဤမျှလောက် ရေးထားလျက် ရှိသတည်း။