< Giê-rê-mi-a 41 >
1 Đến tháng bảy, Ích-ma-ên, con Nê-tha-nia, cháu Ê-li-sa-ma, thuộc hoàng tộc và là một trong các tướng chỉ huy của vua, cùng mười người đến Mích-pa gặp Ghê-đa-lia. Trong khi họ ăn bánh với nhau tại đó,
၁သတ္တမလတွင် ဆွေတော်မျိုးတော်ဖြစ်သော မင်းသား ဧလိရှမာ သားနာသနိ၏သား ဣရှမေလသည်၊ လူတကျိပ်နှင့်တကွ၊ အဟိကံသား ဂေဒလိရှိရာ မိဇပါမြို့ သို့လာ၍၊ ထိုမြို့၌တစုတည်းစားသောက်ကြ၏။
2 Ích-ma-ên và mười người ấy đột nhiên đứng dậy, rút gươm đâm chết Ghê-đa-lia, là người được vua Ba-by-lôn đặt làm tổng trấn trong xứ.
၂ထိုအခါနာသနိသား ဣရှမေလနှင့် ထိုလူ တကျိပ်တို့သည် ထ၍၊ ဗာဗုလုန်ရှင်ဘုရင်အခွင့်နှင့် ပြည် အုပ်လုပ်သော ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိကိုထားနှင့်ခုတ်၍ သတ်ကြ၏။
3 Ích-ma-ên cũng giết mọi người Do Thái ở tại Mích-pa với Ghê-đa-lia, cùng với quân lính Ba-by-lôn đang đóng tại đó.
၃ဣရှမေလသည်လည်း၊ မိဇပါမြို့တွင် ဂေဒလိ ထံ၌ရှိသော ယုဒလူအပေါင်းတို့ကို၎င်း၊ တွေ့သမျှသော ခါလဒဲ စစ်သူရဲတို့ကို၎င်း သတ်လေ၏။
4 Ngày thứ hai, trước khi mọi người hay tin về việc Ghê-đa-lia bị ám sát,
၄ဂေဒလိကိုသတ်၍၊ နှစ်ရက်လွန်သော်လည်း၊ ထိုအမှုကို အဘယ်သူမျှ မသိသေးသဖြင့်၊
5 thì có tám mươi người từ Si-chem, Si-lô, và Sa-ma-ri kéo nhau lên Đền Thờ để thờ phượng Chúa Hằng Hữu. Họ cạo đầu, xé áo, rạch da thịt rồi mang theo các lễ vật và trầm hương.
၅ရှေခင်မြို့၊ရှိလောမြို့၊ ရှမာရိမြို့မှထွက်လာသော လူရှစ်ကျိပ်တို့သည် မိမိတို့မုတ်ဆိတ်ကို ရိတ်ပြီးလျှင်၊ အဝတ်စုတ်ကိုဝတ်၍ ရှနသော ကိုယ်ရှိလျက်၊ ပူဇော သက္ကာနှင့်နံ့သာပေါင်းကို ဗိမာန်တော်သို့ ဆောင်ခဲ့လျက် ရောက်လာကြ၏။
6 Ích-ma-ên thấy họ đi ngang Mích-pa, liền ra nghênh đón, vừa đi vừa khóc. Ích-ma-ên đến cùng họ mà nói rằng: “Ôi, hãy đến và xem chuyện xảy ra cho Ghê-đa-lia!”
၆ထိုသူတို့ကို ကြိုဆိုအံ့သောငှါ၊ နာသနိသား ဣရှမေလသည် ငိုကြွေးလျက်၊ မိဇပါမြို့မှထွက်၍ တွေ့သောအခါ၊ အဟိကံသားဂေဒလိထံ သို့လာကြလော့ ဟု ခေါ်လေ၏။
7 Khi họ vào trong thành, Ích-ma-ên và các thủ hạ lập tức tàn sát bảy mươi người trong nhóm ấy, rồi ném xác xuống một hồ chứa nước.
၇မြို့ထဲသို့ရောက်ပြီးလျှင်၊ နာသနိသားဣရှမေလ နှင့် သူ၏လူများတို့သည် ထိုသူတို့ကိုသတ်၍၊ မြေတွင်း ထဲသို့ ပစ်ချကြ၏။
8 Còn mười người sống sót xin Ích-ma-ên tha với lời hứa là họ sẽ mang đến ông các kho lúa mì, lúa mạch, dầu ô-liu, và mật ong mà họ đã cất giấu.
၈ထိုသူတို့တွင်ပါသော လူတကျိပ်တို့က၊ အကျွန်ုပ် တို့ကို မသတ်ပါနှင့်။ အကျွန်ုပ်တို့သိုထားသော ဥစ္စာတည်း ဟူသောဂျုံ၊ မုယော၊ ဆီ၊ ပျားရည်သည်တော၌ရှိပါ၏ဟု၊ ဣရှမေလအားပြောဆိုသောကြောင့်၊ ထိုသူတို့ကိုသူတို့ ညီအစ်ကိုများနှင့်အတူ မသတ်ဘဲနေ၏။
9 Hồ chứa nước, nơi Ích-ma-ên quăng thi hài của những người bị giết vào đó, là một hồ lớn do Vua A-sa xây để tăng cường hệ thống phòng thủ Mích-pa trong cuộc chiến với Vua Ba-ê-sa, nước Ít-ra-ên. Ích-ma-ên, con Nê-tha-nia, lấp hồ bằng thây người.
၉ဣရှမေလသည် ဂေဒလိနှင့်အတူ သတ်သောသူ အသေကောင်များကို ပစ်ချသော တွင်းသည်အခြားတွင်း မဟုတ်၊ အာသမင်းကြီးသည် ဣသရေလရှင်ဘုရင်ဗာရှာ ကို ကြောက်၍တူးသော တွင်းဖြစ်သတည်း။ ထိုတွင်းကို နာသနိသား ဣရှမေလသည် အသေကောင်များနှင့် ပြည့်စေ၏။
10 Ích-ma-ên bắt làm tù binh các công chúa và dân chúng còn sót lại mà Nê-bu-xa-ra-đan để lại Mích-pa dưới quyền cai trị của Ghê-đa-lia, rồi dẫn hết qua xứ Am-môn.
၁၀ထိုအခါအဟိကံသား ဂေဒလိ၌ ကိုယ်ရံတော်မှူး နေဗုဇာရဒန် အပ်သောမင်းသမီးများအစရှိသော၊ မိဇပါ မြို့၌ ကျန်ကြွင်းသမျှသော သူတို့ကို နာသနိသား ဣရှမေလသည် သိမ်းယူ၍၊ အမ္မုန်အမျိုးသားတို့ထံသို့ ထွက်သွားလေ၏။
11 Giô-ha-nan, con Ca-rê-át, và các thủ lĩnh quân lưu tán nghe chuyện ác mà Ích-ma-ên đã làm,
၁၁ထိုသို့နာသနိသား ဣရှမေလပြုသော အမှုဆိုး အလုံစုံတို့ကို၊ ကာရသားယောဟနန်နှင့် သူ့ထံ၌ရှိသမျှ သော တပ်မှူးတို့သည်ကြားလျှင်၊
12 họ liền tập họp toàn thể lực lượng đi đánh Ích-ma-ên. Họ đuổi theo ông tại hồ lớn gần hồ Ga-ba-ôn.
၁၂လူအပေါင်းတို့ကို ခေါ်၍၊ နာသနိသား ဣရှ မေလကိုတိုက်ခြင်းငှါ ထွက်သွားသဖြင့်၊ ဂိဗောင်ကန်နား မှာတွေ့လေ၏။
13 Đoàn dân bị Ích-ma-ên bắt đều reo mừng khi thấy Giô-ha-nan và các quân lưu tán.
၁၃ဣရှမေလ၌ပါသောသူ အပေါင်းတို့သည် ကာရာသား ယောဟနန်နှင့်သူ၌ပါသော တပ်မှူး အပေါင်းတို့ကို မြင်သောအခါ၊ ဝမ်းမြောက်ခြင်းသို့ ရောက်ကြ၏။
14 Tất cả những người bị bắt dẫn đi từ Mích-pa đều trốn chạy và họ bắt đầu giúp Giô-ha-nan.
၁၄ထိုအခါမိဇပါမြို့မှ ဣရှမေလသိမ်းသွားသော လူအပေါင်းတို့သည် သူ့ထံမှထွက်၍၊ ကာရာသား ယောဟနန်ထံသို့ ကူးသွားကြ၏။
15 Còn Ích-ma-ên cùng tám thủ hạ thoát khỏi tay Giô-ha-nan, trốn qua xứ Am-môn.
၁၅နာသနိသား ဣရှမေလသည် လူရှစ်ယောက်နှင့် တကွ၊ ယောဟနန်လက်မှ လွတ်ပြေး၍၊ အမ္မုန်အမျိုးသား တို့ထံသို့ သွားလေ၏။
16 Giô-ha-nan, con Ca-rê-át, và các thủ lĩnh quân lưu tán tập họp những người sống sót được cứu khỏi Ích-ma-ên, là những người mà hắn đã bắt đi tại Mích-pa sau vụ ám sát Ghê-đa-lia, con A-hi-cam, cùng tất cả binh sĩ, nội giám, phụ nữ, và trẻ con rời khỏi Ga-ba-ôn.
၁၆ထိုသို့အဟိကံသား ဂေဒလိကို သတ်ပြီးသည် နောက်၊ ကာရာသားယောဟနန်နှင့် သူ့ထံ၌ရှိသော တပ်မှူးအပေါင်းတို့သည် နာသနိသား ဣရှမေလလက်မှ ၎င်း၊ မိဇပါမြို့မှ၎င်းနှုတ်၍ ကျန်ကြွင်းသော သူတည်း ဟူသော၊ အားကြီးသော စစ်သူရဲများ၊ မိန်းမများ၊ သူငယ် များ၊ မိန်းမစိုးများ အပေါင်းတို့ကို ဂိဗောင်မြို့မှ ဆောင်ခဲ့ ပြန်၍၊
17 Họ khởi hành, sau đó tạm dừng tại Ghê-rút Kim-ham, gần Bết-lê-hem, trên đường xuống Ai Cập.
၁၇ခါလဒဲလူတို့ကြောင့် အဲဂုတ္တုပြည်သို့ပြောင်းမည် အကြံရှိလျက်၊ ဗက်လင်မြို့နှင့်နီးသော ခိမဟံရွာသို့သွား၍ နေကြ၏။
18 Vì họ sợ quân Ba-by-lôn trả thù khi nghe tin Ích-ma-ên ám sát Ghê-đa-lia mà vua Ba-by-lôn đã lập làm tổng trấn trong xứ.
၁၈အကြောင်းမူကား၊ ပြည်အုပ်အရာ၌ ဗာဗုလုန် ရှင်ဘုရင် ခန့်ထားသော အဟိကံသားဂေဒလိကို နာသနိ သား ဣရှမေလသတ်သောကြောင့်၊ ခါလဒဲလူတို့ကို ကြောက်ကြ၏။