< Sáng Thế 43 >

1 Nạn đói càng thêm trầm trọng.
ခါ​နာန်​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​ခြင်း​ကပ် သည်​ပို​၍​ဆိုး​ရွား​လာ​လေ​၏။-
2 Khi gia đình ăn hết lương thực đem từ Ai Cập về, Gia-cốp bảo các con: “Hãy đi một chuyến nữa và mua ít lương thực về dùng.”
ယာ​ကုပ်​၏​မိသား​စု​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ဝယ် ယူ​ခဲ့​သော​စ​ပါး​ကို စား​သုံး​၍​ကုန်​သော​အ​ခါ ယာ​ကုပ်​က​သား​တို့​အား``အီ​ဂျစ်​ပြည်​သို့​ပြန် သွား​၍​ရိက္ခာ​ဝယ်​ကြ​ဦး'' ဟု​စေ​ခိုင်း​လေ​၏။
3 Giu-đa thưa: “Tể tướng ấy đã nghiêm khắc bảo chúng con: ‘Nếu không đem đứa út theo, đừng trở lại gặp mặt ta nữa.’
ယု​ဒ​က​ယာ​ကုပ်​အား``အီ​ဂျစ်​ပြည်​ဘု​ရင်​ခံ​က ကျွန်​တော်​တို့​၏​ညီ​ကို​မ​ခေါ်​ဆောင်​နိုင်​ခဲ့​လျှင် သူ​၏​ရှေ့​တော်​မှောက်​သို့​မ​ဝင်​ရ​ဟူ​၍​အ​တိ အ​လင်း​သ​တိ​ပေး​ပါ​သည်။-
4 Nếu cha bằng lòng cho em đi, chúng con mới mua lương thực được.
အ​ဖ​က​ညီ​ကို​ကျွန်​တော်​တို့​နှင့်​အ​တူ​သွား ခွင့်​ပြု​မည်​ဆို​လျှင် ကျွန်​တော်​တို့​သွား​၍​အဖ အ​တွက်​ရိက္ခာ​ဝယ်​ယူ​ပါ​မည်။-
5 Nếu không, chúng con không đi, vì tể tướng ấy nói quả quyết lắm.”
အ​ဖ​က​ကျွန်​တော်​တို့​နှင့်​အ​တူ​ညီ​ကို​သွား​ခွင့် မ​ပေး​လျှင် သင်​တို့​၏​ညီ​မ​ပါ​ခဲ့​လျှင်​ငါ​၏​ရှေ့ မှောက်​သို့​မ​ဝင်​ရ​ဟု​ဘု​ရင်​ခံ​က​အ​မိန့်​ရှိ​သ​ဖြင့် ကျွန်​တော်​တို့​မ​သွား​ဝံ့​ပါ'' ဟု​ပြော​လေ​၏။
6 Ít-ra-ên trách: “Sao chúng mày hại tao mà mách với ông ấy chúng mày còn một đứa em nữa.”
ထို​အ​ခါ​ယာ​ကုပ်​က``သင်​တို့​တွင်​ညီ​တစ်​ယောက် ရှိ​သေး​သည်​ဟု ထို​သူ​အား​အ​ဘယ်​ကြောင့်​ပြော ရ​သ​နည်း။ ငါ့​ကို​ဤ​မျှ​စိတ်​ဆင်း​ရဲ​အောင်​အ​ဘယ် ကြောင့်​ပြု​လုပ်​ရ​သ​နည်း'' ဟု​ဆို​၏။
7 Họ đáp: “Ông ấy hỏi chúng con rất kỹ về gia đình: ‘Cha các anh còn sống không? Còn người em nào nữa không?’ Chúng con cứ theo đó trả lời. Làm sao biết trước ông ấy bảo phải đem em xuống?”
သူ​တို့​က``ထို​သူ​သည်​ကျွန်​တော်​တို့​၏​မိ​သား စု​အ​ကြောင်း​ကို စေ့​စေ့​စပ်​စပ်​မေး​မြန်း​ပါ​သည်။ သူ​က`သင်​တို့​၏​အဖ​အ​သက်​ရှင်​လျက်​ရှိ​သေး သ​လော။ သင်​တို့​တွင်​ညီ​ရှိ​သေး​သ​လော' ဟု မေး​ပါ​သည်။ ကျွန်​တော်​တို့​က​သူ​၏​မေး​ခွန်း များ​ကို​ဖြေ​ရ​ပါ​သည်။ သူ​က​ကျွန်​တော်​တို့ ၏​ညီ​ကို​အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင်​ခဲ့​ရန်​စေ ခိုင်း​လိမ့်​မည်​ဟု​ကျွန်​တော်​တို့​အ​ဘယ်​သို့​သိ နိုင်​မည်​နည်း'' ဟု​ဖြေ​ကြား​ကြ​၏။
8 Giu-đa thưa với Ít-ra-ên: “Xin cha giao em cho con, chúng con xin lên đường để tất cả chúng ta—cha, chúng con, và các cháu nhỏ—khỏi chết đói.
ယု​ဒ​က​အ​ဖ​အား``သူ​ငယ်​ကို​ကျွန်​တော်​နှင့် အ​တူ​ထည့်​လိုက်​ပါ။ ယ​ခု​ပင်​ခ​ရီး​စ​ထွက် ကြ​ပါ​မည်။ သို့​မှ​သာ​ကျွန်​တော်​တို့​အား​လုံး အ​စာ​မ​ငတ်​ဘဲ​အ​သက်​ချမ်း​သာ​ရာ​ရ ကြ​ပါ​မည်။-
9 Con xin bảo lãnh em và chịu hoàn toàn trách nhiệm. Nếu con không đem em về cho cha, con sẽ mang tội với cha suốt đời.
ကျွန်​တော်​သည်​သူ​ငယ်​အ​တွက်​အာ​မ​ခံ​ပါ မည်။ သူ့​အ​တွက်​တာ​ဝန်​ယူ​ပါ​မည်။ သူ​ငယ် ကို​အ​ဖ​ထံ​သို့​ဘေး​ကင်း​လုံ​ခြုံ​စွာ​ပြန်​၍ မ​ခေါ်​ဆောင်​ခဲ့​လျှင် ကျွန်​တော်​သည်​တစ်​သက် လုံး​အ​ပြစ်​တင်​ခံ​ရ​ပါ​စေ။-
10 Nếu không trì hoãn, chúng con đã đi được hai chuyến rồi.”
၁၀ကျွန်​တော်​တို့​သည်​ဤ​မျှ​လောက်​မ​နှောင့်​နှေး မ​ဆိုင်း​တွ​ခဲ့​လျှင် အီ​ဂျစ်​ပြည်​သို့​အ​သွား အ​ပြန်​ခ​ရီး​နှစ်​ခေါက်​ရ​နိုင်​ပါ​ပြီ'' ဟု​ဆို လေ​၏။
11 Ít-ra-ên nói: “Đã thế, các con phải chọn sản phẩm trong xứ làm lễ vật dâng cho ông ấy—nhựa thơm, mật ong, hương liệu, hạt đào, và hạnh nhân.
၁၁ထို​အ​ခါ​သူ​တို့​အ​ဖ​က``သို့​ဖြစ်​လျှင်​ဤ​ကဲ့ သို့​ပြု​လုပ်​ကြ​လော့။ ခါ​နာန်​ပြည်​မှ​အ​ကောင်း ဆုံး​ထွက်​ကုန်​များ​ဖြစ်​သော​ဗာ​လ​စံ​စေး​အ​နည်း ငယ်၊ ပျား​ရည်​အ​နည်း​ငယ်၊ နံ့​သာ​မျိုး၊ မု​ရန်​စေး၊ သစ်​အယ်​သီး၊ ဗာ​တံ​သီး​တို့​ကို​ဘု​ရင်​ခံ​အား လက်​ဆောင်​ဆက်​သ​ရန်​သင်​တို့​အိတ်​များ​တွင် ထည့်​၍​ယူ​သွား​ကြ​လော့။-
12 Các con cũng đem theo hai phần tiền để trả lại tiền trong miệng bao, vì có lẽ họ nhầm lẫn.
၁၂သင်​တို့​၏​စ​ပါး​အိတ်​ဝ​များ​၌​ထည့်​ပေး​လိုက် သော​ငွေ​ကို​ပြန်​ပေး​ရ​မည်​ဖြစ်​၍ ငွေ​ကို​နှစ်​ဆ ယူ​သွား​ကြ​လော့။ ပြန်​ထည့်​ပေး​လိုက်​သော​ငွေ မှာ​မှား​ပြီး​ပြန်​ထည့်​ပေး​လိုက်​ဟန်​တူ​သည်။-
13 Các con hãy đem em xuống đó.
၁၃သင်​တို့​ညီ​ကို​ခေါ်​ဆောင်​လျက်​ထို​သူ​ထံ​သို့ သွား​ကြ​လော့။-
14 Cầu Đức Chúa Trời Toàn Năng cho các con được ông ấy thương xót, để tha cho Si-mê-ôn và Bên-gia-min về với các con. Còn cha nếu phải mất con, cũng đành chịu chứ biết sao.”
၁၄ထို​သူ​သည်​ဗင်္ယာ​မိန်​နှင့်​ရှိ​မောင်​တို့​ကို​သင်​တို့ အား​ပြန်​အပ်​စေ​ရန် အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည်​ထို​သူ​၏​စိတ်​ကို​ပြု​ပြင်​ပေး​တော် မူ​ပါ​စေ​သော။ အ​ကယ်​၍​ငါ​သည်​သား​တို့ ကို​ဆုံး​ရှုံး​ရ​မည်​ဆို​လျှင်​ဆုံး​ရှုံး​ရ​မည်​သာ ဖြစ်​သည်'' ဟု​ဆို​၏။
15 Các anh em đem lễ vật, hai phần bạc, và dẫn Bên-gia-min xuống Ai Cập; họ ra mắt Giô-sép.
၁၅သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့​သည်​လက်​ဆောင်​များ နှင့်​ငွေ​နှစ်​ဆ​ကို​ယူ​၍ အီ​ဂျစ်​ပြည်​သို့​ထွက်​ခွာ သွား​ကြ​လေ​သည်။ သူ​တို့​နှင့်​အ​တူ​ဗင်္ယာ​မိန် လည်း​လိုက်​ပါ​သွား​လေ​၏။ ထို​ပြည်​သို့​ရောက် သော​အ​ခါ​သူ​တို့​သည်​ယော​သပ်​ထံ​သို့​ဝင် ၍​ခ​စား​ကြ​၏။-
16 Thấy Bên-gia-min đi với các anh, Giô-sép bảo quản gia: “Anh đưa mấy người này vào nhà và chuẩn bị dọn tiệc, vì trưa nay họ sẽ ăn với ta.”
၁၆ယော​သပ်​သည်​သူ​တို့​နှင့်​အ​တူ​ဗင်္ယာ​မိန်​ပါ လာ​သည်​ကို​မြင်​လျှင် သူ​၏​အိမ်​တော်​ဝန်​အား``ဤ သူ​တို့​ကို​ငါ့​အိမ်​သို့​ခေါ်​ဆောင်​သွား​လော့။ သား ကောင်​တစ်​ကောင်​ကို​သတ်​၍​ဟင်း​လျာ​ပြင်​လော့။ ငါ​သည်​သူ​တို့​နှင့်​နေ့​လည်​စာ​ကို​သုံး​ဆောင် မည်'' ဟု​စေ​ခိုင်း​လေ​၏။-
17 Quản gia vâng lệnh, dẫn các anh em vào tư dinh Giô-sép.
၁၇အိမ်​တော်​ဝန်​သည်​စေ​ခိုင်း​သည့်​အ​တိုင်း​ထို သူ​တို့​ကို​ယော​သပ်​၏​အိမ်​သို့​ခေါ်​ဆောင်​ခဲ့ လေ​၏။
18 Thấy mình bị dẫn vào nhà Giô-sép, mấy anh em sợ hãi và bảo nhau: “Vì số bạc để lại trong bao, mà họ dẫn chúng ta vào đây để bắt chúng ta làm nô lệ và cướp lừa của chúng ta.”
၁၈ညီ​အစ်​ကို​တို့​သည်​ယော​သပ်​အိမ်​သို့​လိုက်​ပါ လာ​ကြ​စဉ်``ပ​ထ​မ​အ​ခေါက်​တွင်​ငါ​တို့​၏ စပါး​အိတ်​များ​၌​ငွေ​များ​ပြန်​ထည့်​ပေး​လိုက် သည့်​ကိစ္စ​ကို​အ​ကြောင်း​ပြု​ပြီး​လျှင် သူ​တို့ သည်​ငါ​တို့​အား​ဖမ်း​ဆီး​လျက်​မြည်း​များ​ကို သိမ်း​ယူ​၍​သူ့​ထံ​၌​ကျွန်​ခံ​စေ​လိမ့်​မည်'' ဟု တွေး​တော​ကာ​စိုး​ရိမ်​ကြောက်​ရွံ့​ကြ​၏။-
19 Các anh em bước đến gần cửa và trình với quản gia của Giô-sép:
၁၉သို့​ဖြစ်​၍​သူ​တို့​သည်​အိမ်​တံ​ခါး​ဝ​သို့ ရောက်​သော​အ​ခါ ယော​သပ်​၏​အိမ်​တော်​ဝန်​အား၊-
20 “Thưa ông, kỳ trước chúng tôi đến mua lương thực,
၂၀``အ​ရှင်၊ ကျွန်​တော်​တို့​သည်​ဤ​ပြည်​သို့​ရိက္ခာ ဝယ်​ရန် ယ​ခင်​က​တစ်​ခေါက်​ရောက်​ခဲ့​ပါ​သည်။-
21 khi về quán trọ mở bao ra, chúng tôi thấy bạc mỗi người còn nguyên trong miệng bao. Hiện chúng tôi có đem bạc ấy theo đây,
၂၁အိမ်​ပြန်​ခရီး​တွင်​စ​ခန်း​ချ​၍​စပါး​အိတ်​များ ကို​ဖွင့်​လိုက်​ရာ တစ်​ယောက်​စီ​၏​အိတ်​ဝ​တွင် မိ​မိ​၏​စပါး​ဖိုး​ငွေ​မ​လျော့​ဘဲ​တွေ့​ရ​ပါ​သည်။ ကျွန်​တော်​တို့​သည်​ထို​ငွေ​ကို​ယ​ခု​ပြန်​၍ ယူ​ခဲ့​ကြ​ပါ​သည်။-
22 cùng với tiền mua lương thực kỳ này. Ai đã bỏ bạc vào bao, chúng tôi chẳng biết.”
၂၂ရိက္ခာ​ထပ်​၍​ဝယ်​ရန်​ငွေ​ပို​လည်း​ယူ​ခဲ့​ပါ​သည်။ ကျွန်​တော်​တို့​၏​စပါး​အိတ်​များ​တွင်​မည်​သူ က​ငွေ​ကို​ပြန်​ထည့်​ထား​သည်​ကို​မ​သိ​ရ​ပါ'' ဟု​ပြော​ပြ​လေ​၏။
23 Quản gia đáp: “Các anh cứ an tâm, đừng sợ. Đức Chúa Trời của các anh và cha của các anh đã cho các anh bạc đó. Còn bạc mua lúa, chúng tôi đã nhận đủ.” Tiếp đó, quản gia thả Si-mê-ôn và đem anh ấy đến với họ.
၂၃အိမ်​တော်​ဝန်​က``သင်​တို့​မ​စိုး​ရိမ်​ကြ​နှင့်။ မ ကြောက်​ကြ​နှင့်။ သင်​တို့​ဘု​ရား၊ သင်​တို့​အ​ဖ ၏​ဘု​ရား​သည်​စ​ပါး​အိတ်​များ​ထဲ​၌​သင်​တို့ အ​တွက် ထို​ငွေ​ကို​ထည့်​ခြင်း​ဖြစ်​ရ​မည်။ သင် တို့​ထံ​မှ​စပါး​ဖိုး​ငွေ​ကို​ကျွန်ုပ်​လက်​ခံ​ရ​ရှိ ပြီး​ဖြစ်​သည်'' ဟု​ဆို​လေ​၏။ ထို​နောက်​သူ​သည် ရှိ​မောင်​ကို​သူ​တို့​ထံ​သို့​ခေါ်​ထုတ်​ခဲ့​လေ​သည်။
24 Tất cả anh em được vào dinh Giô-sép, được cho nước rửa chân, và lừa được ăn.
၂၄အိမ်​တော်​ဝန်​သည်​သူ​တို့​ကို​အိမ်​ထဲ​သို့​ဝင်​စေ ၏။ သူ​တို့​၏​ခြေ​များ​ကို​ဆေး​ကြော​ရန်​ရေ​ကို ပေး​၍​သူ​တို့​၏​မြည်း​များ​ကို​အ​စာ​ကျွေး ၏။-
25 Các anh em soạn lễ vật dâng Giô-sép trưa hôm ấy, vì họ được mời ăn tiệc tại dinh.
၂၅မွန်း​တည့်​အ​ချိန်​၌​ယော​သပ်​သည်​သူ​တို့​နှင့် အ​တူ​စား​သောက်​မည်​ဟု​ကြား​သိ​ရ​သ​ဖြင့် သူ​တို့​သည်​မိ​မိ​တို့​၏​လက်​ဆောင်​များ​ကို အ​သင့်​ပြင်​ထား​ကြ​၏။-
26 Khi Giô-sép về, các anh em đem lễ vật đến dâng và quỳ gối sấp mình trước mặt ông.
၂၆ယော​သပ်​အိမ်​သို့​ပြန်​လာ​သော​အ​ခါ​သူ​တို့ သည် မိ​မိ​တို့​နှင့်​ပါ​လာ​သော​လက်​ဆောင်​များ ကို​အိမ်​ထဲ​သို့​ယူ​ဆောင်​လာ​ပြီး​လျှင် ယော​သပ် အား​ဆက်​သ​၍​သူ​၏​ရှေ့​တွင်​ပျပ်​ဝပ်​ကြ လေ​သည်။-
27 Ông chào thăm họ và hỏi: “Cha các anh còn sống không? Mạnh khỏe không?”
၂၇ယော​သပ်​သည်​သူ​တို့​အား​နှုတ်​ခွန်း​ဆက်​ပြီး နောက်``သင်​တို့​ပြော​သော​သင်​တို့​၏​ဖခင်​အို သည်​ကျန်း​မာ​ပါ​၏​လော။ သူ​အသက်​ရှင်​လျက် ရှိ​ပါ​သေး​သ​လော'' ဟု​မေး​မြန်း​လေ​၏။
28 Họ đáp: “Đầy tớ ông, thân phụ chúng tôi, vẫn còn sống mạnh khỏe.” Họ sấp mình tỏ lòng tôn kính.
၂၈သူ​တို့​က``အရှင့်​ကျွန်၊ ကျွန်​တော်​တို့​၏​အ​ဖ​သည် ကျန်း​မာ​၍​အ​သက်​ရှင်​လျက်​ရှိ​ပါ​၏'' ဟု​ဖြေ ကြ​၏။ ထို​နောက်​သူ​တို့​သည်​ယော​သပ်​အား ဦး​ညွှတ်​ရှိ​ခိုး​ကြ​၏။
29 Giô-sép nhìn thấy Bên-gia-min, em ruột mình, liền hỏi: “Đây có phải em út mà các anh đã hứa đem đến không?” Và tiếp: “Cầu xin Đức Chúa Trời ban phước lành cho em.”
၂၉ယော​သပ်​သည်​မိ​မိ​အ​မိ​၏​သား​မိ​မိ​၏​ညီ ဗင်္ယာ​မိန်​ကို​မြင်​သော​အ​ခါ``ဤ​သူ​ငယ်​သည် သင်​တို့​၏​ညီ​အ​ငယ်​ဆုံး​ဆို​သူ​ဖြစ်​ပါ​သ လော။ လူ​က​လေး​သင့်​အား​ဘု​ရား​ကောင်း​ချီး ပေး​ပါ​စေ​သော'' ဟု​ဆို​လေ​၏။-
30 Nhìn thấy em, Giô-sép vô cùng xúc động, vội đi vào phòng riêng mà khóc.
၃၀ယော​သပ်​သည်​ညီ​ကို​မြင်​ရ​သ​ဖြင့်​ကြင်​နာ သော​စိတ်​ရှိ​၍ မျက်​ရည်​မ​ဆည်​နိုင်​သော​ကြောင့် မိ​မိ​၏​အ​ခန်း​တွင်း​သို့​ဝင်​၍​ငို​ကြွေး​လေ​၏။-
31 Rửa mặt xong, ông bước ra, cố giữ vẻ điềm tĩnh, Giô-sép nói: “Dọn thức ăn đi.”
၃၁ထို​နောက်​သူ​သည်​မျက်​နှာ​သစ်​ပြီး​လျှင်​အ​ပြင် သို့​ထွက်​လာ​၍ မိ​မိ​၏​စိတ်​ကို​ထိန်း​လျက်​စား သောက်​ပွဲ​ကို​ပြင်​ရန်​အ​မိန့်​ပေး​လေ​သည်။-
32 Người nhà dọn cho Giô-sép ăn riêng, các anh em ngồi bàn khác, và người Ai Cập dự tiệc cũng ngồi riêng, vì người Ai Cập ghê tởm người Hê-bơ-rơ nên không bao giờ ăn chung.
၃၂ယော​သပ်​အ​ဖို့​စား​ပွဲ​တစ်​ပွဲ၊ သူ​၏​အစ်​ကို​တို့ အ​ဖို့​စား​ပွဲ​တစ်​ပွဲ၊ အီ​ဂျစ်​အ​မျိုး​သား​တို့ အ​ဖို့​စား​ပွဲ​တစ်​ပွဲ​တည်​ခင်း​ကြ​၏။ အီ​ဂျစ် အ​မျိုး​သား​တို့​သည်​ဟေ​ဗြဲ​အ​မျိုး​သား​တို့ နှင့်​အ​တူ​စား​သောက်​လျှင် ဂုဏ်​သိမ်​သည်​ဟု ယူ​ဆ​ကြ​သော​ကြောင့်​ဟေ​ဗြဲ​အ​မျိုး​သား တို့​နှင့်​အ​တူ​တူ​မ​စား​ကြ။-
33 Giô-sép xếp các anh em ngồi theo thứ tự, từ anh cả đến em út, khiến họ kinh ngạc nhìn nhau.
၃၃ညီ​အစ်​ကို​တို့​သည်​အ​သက်​ကြီး​စဉ်​ငယ်​လိုက် ယော​သပ်​၏​ရှေ့​တွင်​ထိုင်​ရ​ကြ​၏။ သူ​တို့​သည် မိ​မိ​တို့​အား​နေ​ရာ​ချ​ထား​ပုံ​ကို​မြင်​ကြ သ​ဖြင့် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​၍​အံ့​အား​သင့်​လျက်​ရှိ​ကြ​၏။-
34 Thức ăn từ bàn Giô-sép đưa qua bàn các anh em. Phần của Bên-gia-min nhiều gấp năm lần của các anh. Ai nấy đều ăn uống vui vẻ với Giô-sép.
၃၄ယော​သပ်​သည်​မိ​မိ​စား​ပွဲ​မှ​အ​စား​အ​စာ များ​ကို​သူ​တို့​ထံ​သို့​ပို့​ပေး​၏။ ဗင်္ယာ​မိန်​သည် အ​ခြား​သူ​များ​ထက်​ငါး​ဆ​ပို​၍​ရ​လေ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​ယော​သပ်​နှင့်​အ​တူ စား​သောက်​ပျော်​မြူး​ကြ​လေ​၏။

< Sáng Thế 43 >