< Sáng Thế 38 >

1 Giu-đa lìa gia đình, xuống A-đu-lam và trọ tại nhà Hy-ra.
ထိုကာလအခါ ယုဒသည် ညီအစ်ကိုနေရာမှ သွား၍၊ ဟိရအမည်ရှိသော၊ အဒုလံအမျိုးသားထံသို့ ဝင်လေ၏။
2 Phải lòng một thiếu nữ Ca-na-an, con gái của Su-a, Giu-đa lo ngay việc cưới xin.
ထိုအရပ်၌ ရှုအာအမည်ရှိသော၊ ခါနာန် အမျိုးသား၏သမီးကို တွေ့မြင်၍၊ အိမ်ထောင်ဘက် ပြုလျက်၊
3 Hai vợ chồng sinh được con trai đặt tên là Ê-rơ.
ထိုမိန်းမသည် ပဋိသန္ဓေယူ၍ သားကို ဘွားမြင် ၏။ ထိုသားကို ဧရအမည်ဖြင့် မှည့်လေ၏။
4 Nàng thọ thai nữa, sinh một con trai, đặt tên là Ô-nan.
တဖန် ပဋိသန္ဓေယူပြန်၍ ဘွားမြင်သောသားကို ဩနန်အမည်ဖြင့် မှည့်လေ၏။
5 Nàng lại sinh thêm một con trai thứ ba và đặt tên là Sê-la. Lúc ấy, vợ chồng Giu-đa đang ở Kê-xíp.
တဖန် ပဋိသန္ဓေယူပြန်၍ ဘွားမြင်သောသားကို ရှေလအမည်ဖြင့် မှည့်လေ၏။ ရှေလဘွားသောအခါ၊ အဘသည် ခေဇိပ်မြို့မှာရှိသတည်း။
6 Khi Ê-rơ đến tuổi trưởng thành, Giu-đa thu xếp cho con cưới cô Ta-ma.
ထိုနောက်မှ ယုဒသည် မိမိသားဦးဧရကို တာမာ အမည်ရှိသော သတို့သမီးနှင့် စုံဘက်စေ၏။
7 Ê-rơ là người gian ác, nên bị Chúa Hằng Hữu phạt chết sớm.
ယုဒ၏သားဦး ဧရသည် ထာဝရဘုရားရှေ့၌ ဆိုးသောသူဖြစ်၍၊ သူ့ကိုထာဝရဘုရား ကွပ်မျက်တော် မူ၏။
8 Giu-đa bảo Ô-nan: “Con phải cưới Ta-ma và sinh con nối dõi cho anh, đúng theo luật định.”
ထိုအခါ ယုဒသည် ဩနန်ကိုခေါ်ပြီးလျှင်၊ သင်၏အစ်ကို မယားထံသို့ဝင်၍ သူနှင့်အိမ်ထောင်ဘက် ပြုသဖြင့်၊ အစ်ကိုအမျိုးကို ဆက်နွှယ်လော့ဟုဆို၏။
9 Nhưng Ô-nan biết rằng con sinh ra cũng không thuộc về mình, nên cứ để xuất tinh ra ngoài, cho Ta-ma đừng thụ thai.
ဩနန်သည် သားကိုရလျှင်မူကား၊ မိမိသား မမှတ်ရဟုသိ၍ အစ်ကိုအား သားကိုမပေးလိုဘဲ၊ အစ်ကိုမယားထံသို့ ဝင်သောအခါ၊ သုတ်ရည်ကိုထုတ်၍ စွန့်လေ၏။
10 Hành động ấy không đẹp lòng Chúa Hằng Hữu, nên Ô-nan cũng chết sớm.
၁၀ထိုအမှုကို ထာဝရဘုရား နှစ်သက်တော်မမူ သောကြောင့်၊ ဩနန်ကိုလည်း ကွပ်မျက်တော်မူ၏။
11 Giu-đa bảo Ta-ma: “Con cứ về quê mẹ và thủ tiết đợi chờ một thời gian, cho đến khi Sê-la khôn lớn” (vì ông sợ không khéo Sê-la cũng chết luôn như hai anh). Ta-ma vâng lời về nhà cha mẹ.
၁၁သားငယ်ရှေလသည် အစ်ကိုတို့သေသကဲ့သို့ သေမည်ဟုယုဒသည် စိုးရိမ်၍၊ မိမိချွေးမတာမာကို ခေါ်ပြီးလျင်၊ ငါ့သားရှေလအကြီးမှီ သင်သည် သင့်အဘ အိမ်၌ မုတ်ဆိုးမပြု၍ နေပါဟုဆိုသည်အတိုင်း၊ တာမာ သွား၍ မိမိအဘ၏အိမ်၌နေလေ၏။
12 Sau một thời gian, vợ Giu-đa qua đời. Qua kỳ tang chế, Giu-đa rủ Hy-ra đi Thim-na, thăm các nhân công chuyên hớt lông chiên của mình.
၁၂ကာလအင်တန်ကြာသော်၊ ရှုအာသမီးဖြစ်သော ယုဒမယား လည်းသေလေ၏။ ယုဒသည်နှစ်သိမ့်ပြီးမှ၊ မိမိသိုးမွေးညှပ်သောသူတို့ရှိရာ တိမနတ်မြို့သို့ မိမိအဆွေ အဒုလံအမျိုး ဟိရနှင့်အတူ သွားလေ၏။
13 Có người nói với Ta-ma: “Kìa, ông gia sắp đến Thim-na để hớt lông chiên.”
၁၃မိမိယောက္ခမသည် သိုးမွေးကိုညှပ်ခြင်းငှါ၊ တိမနတ်မြို့သို့သွားကြောင်းကို၊ တာမာကြားလျှင်၊
14 Ta-ma liền bỏ áo quả phụ và mang mạng che mặt. Rồi nàng đến ngồi bên cổng thành Ê-nam trên đường đi Thim-na. Ta-ma hy vọng được ông gia cho mình kết tóc xe tơ với Sê-la vì chàng đã khôn lớn rồi.
၁၄မုတ်ဆိုးမအဝတ်ကို ချွတ်၍ မျက်နှာဖုံးနှင့် မျက်နှာကိုဖုံးလျက်၊ ကိုယ်ကိုလည်းခြုံရုံလျက်၊ တိမနတ်မြို့ သို့ သွားသောလမ်းအနား၊ ဧနိမ်မြို့တံခါးဝ၌ ထိုင်နေလေ ၏။ အကြောင်းမူကား၊ ရှေလကြီးသော်လည်း၊ မိမိနှင့် အိမ်ထောင်ဘက်မပြုရဟု သိမြင်သောကြောင့်တည်း။
15 Giu-đa đến nơi, thấy Ta-ma che mặt và không biết là dâu mình, tưởng lầm là gái mãi dâm.
၁၅ယုဒသည် ထိုမိန်းမကိုမြင်သောအခါ၊ သူသည် မိမိမျက်နှာကိုဖုံး၍ နေသောကြောင့်၊ ပြည်တန်ဆာ ဖြစ်သည်ဟု ထင်မှတ်လျက်၊
16 Ông liền đến gạ gẫm: “Hãy đến ngủ với ta,” vì ông không nhận ra cô chính là con dâu mình. Ta-ma hỏi: “Ông cho tôi bao nhiêu?”
၁၆လမ်းကိုလွှဲ၍ အနားသို့ချဉ်းပြီးလျှင်၊ သင့်ထံသို့ ငါဝင်ရသောအခွင့်ကိုပေးပါလော့ဟု ဆိုလေသော်၊ မိန်းမ က၊ သင်သည် ကျွန်မထံသို့ဝင်လိုသောငှါ အဘယ်ဆုကို ပေးမည်နည်းဟု မေးလျှင်၊
17 Giu-đa đáp: “Một con dê con từ bầy của tôi.” Ta-ma đề nghị: “Nhưng ông sẽ đặt cọc gì trước khi gửi dê con đến cho tôi chứ?”
၁၇ယုဒက၊ ဆိတ်သငယ်ကိုပေးလိုက်မည်ဟု ဆိုလေ ၏။ မိန်းမကလည်း၊ မပေးလိုက်မှီ တစုံတခုသောအရာကို ပေါင်ထားမည်လောဟုမေးလျှင်၊
18 Ông đáp: “Nàng muốn ta đặt cọc gì đây?” Ta-ma đáp: “Chiếc nhẫn, sợi dây chuyền, và cây gậy trên tay ông đó là được rồi.” Giu-đa đồng ý, và Ta-ma thụ thai.
၁၈ယုဒက အဘယ်အရာကို ပေါင်စေချင်သနည်း ဟု ပြန်၍မေးလေသော်၊ မိန်းမက၊ သင်၏တံဆိပ်၊ စလွယ်၊ လက်စွဲတောင်ဝေးတို့ကို ပေါင်တော့ဟု ဆိုသည်အတိုင်း၊ ထိုဥစ္စာကိုအပ်၍ မိန်းမထံသို့ဝင်သဖြင့်၊ သူသည် ပဋိ သန္ဓေစွဲယူလေ၏။
19 Nàng đứng dậy về nhà, cởi mạng che mặt, và mặc lại chiếc áo quả phụ.
၁၉ထိုနောက်မှ၊ မိန်းမသည် ထသွား၍ မျက်နှာဖုံးကို ချွတ်ပြီးလျှင်၊ မုတ်ဆိုးမအဝတ်ကို ဝတ်မြဲဝတ်ပြန်လေ၏။
20 Giu-đa nhờ Hy-ra đem dê con đến Ê-nam để thu lại các vật đặt cọc, nhưng Hy-ra tìm mãi không thấy người đàn bà ấy.
၂၀ယုဒသည် မိန်းမ၌ပေါင်သောဥစ္စာကို ရွေးယူ ခြင်းငှါ၊ မိမိအဆွေအဒုလံအမျိုးသားတွင် ဆိတ်သငယ်ကို ပေးလိုက်၏။ အဒုလံအမျိုးသားသည် ထိုမိန်းမကို မတွေ့လျှင်၊
21 Hy-ra hỏi người dân Ê-nam: “Cô gái mãi dâm thường ngồi bên lề đường tại Ê-nam đi đâu rồi?” Họ đáp: “Ở đây làm gì có gái mãi dâm.”
၂၁ဧနိမ်မြို့လမ်းနားမှာ ထိုင်နေသော ပြည် တန်ဆာမသည် အဘယ်မှာရှိသနည်းဟု ထိုအရပ်သား တို့ကို မေးလေသော်၊ အရပ်သားတို့က ဤအရပ်၌ ပြည်တန်ဆာမ မရှိဟုဆိုကြလျှင်၊
22 Hy-ra quay về và nói với Giu-đa: “Tôi tìm nó không được, khi tôi hỏi dân chúng, họ quả quyết rằng trong thành phố không có gái mãi dâm.”
၂၂ယုဒထံသို့ ပြန်၍၊ ကျွန်ုပ်သည် ထိုမိန်းမကို ရှာ၍မတွေ့။ အရပ်သားတို့ကလည်း၊ ဤအရပ်၌ ပြည် တန်ဆာမ မရှိဟု ဆိုကြောင်းကို ပြောလေ၏။
23 Giu-đa đáp: “Thôi, cứ để nó giữ các thứ ấy cũng được, đừng để người ta bêu riếu chúng ta. Tôi đã đúng hẹn gửi dê con cho nó, mà anh tìm nó không được, tôi đành chịu vậy.”
၂၃ယုဒကလည်း၊ အရှက်မကွဲမည်အကြောင်း၊ ယူပါ လေစ။ ကြည့်ပါ။ ဤဆိတ်သငယ်ကို ကျွန်ုပ်ပေးလိုက်၍ သင်သည် မိန်းမကိုရှာ၍ မတွေ့ပါတကားဟုဆို၏။
24 Ba tháng sau, có người đến báo tin cho Giu-đa: “Ta-ma, con dâu ông, đã làm gái bán dâm lại còn chửa hoang nữa.” Giu-đa nổi giận quát: “Đem nó ra thiêu sống đi!”
၂၄ထိုနောက် သုံးလခန့်လွန်သည်ရှိသော်၊ သူတပါး က၊ သင်၏ချွေးမတာမာသည် ပြည်တန်ဆာလုပ်၍ မတရားသော မေထုန်ပြုသဖြင့် ကိုယ်ဝန်ဆောင်လျက် နေပြီတကားဟု ယုဒအားပြောဆိုလျှင်၊ ယုဒက သူ့ကို ထုတ်၍ မီးရှို့စေဟု စီရင်လေ၏။
25 Khi Ta-ma bị bắt đem đi thiêu, cô liền nhờ người đem các vật đặt cọc trình cho Giu-đa và phán: “Xin cha xét lại, xem các vật này của ai đây. Con thụ thai do người đó.”
၂၅ထုတ်သောအခါ၊ တာမာသည် တံဆိပ်၊ စလွယ်၊ တောင်ဝေးတို့ကို ယောက္ခမထံသို့ ပို့စေ၍၊ ဤဥစ္စာကို ပိုင်သောသူအားဖြင့် ကျွန်မသည် ပဌိသနေယှုပြီ။ ဤဥစ္စာတို့သည် အဘယ်သူ၏ ဥစ္စာဖြစ်သည်ကို ကြည့်ပါလော့ဟု မှာလိုက်၏။
26 Giu-đa giật mình nhìn nhận: “Ta-ma đúng hơn ta rồi. Chỉ vì ta không chịu cho Sê-la kết tóc xe tơ với nó như luật định.” Từ đó, Giu-đa kiêng nể Ta-ma.
၂၆ထိုဥစ္စာ ကိုယုဒမှတ်မိ၍ သူ အပြစ်ထက် ငါ့အပြစ်သာ၍ ကြီးပေ၏။ သူ့အား ငါ့သားရှေလကို ငါမပေးစားဘဲနေမိပြီဟု ပြောဆို၏။ နောက်တဖန် သူ့ကို မချဉ်းကပ်ဘဲနေ၏။
27 Đến ngày lâm bồn, Ta-ma sinh đôi.
၂၇ထိုနောက်တာမာသည် သားဘွားချိန်ရောက် လျှင်၊ ဝမ်းထဲတွင် သားနှစ်ယောက်ရှိ၏။
28 Trong lúc bà đang sinh, một đứa đưa tay ra trước. Bà mụ nắm tay nó cột sợi chỉ đỏ vào tay và nói: “Đứa này ra trước.”
၂၈ဘွားစဉ်တွင် သားတယောက်သည် လက်ကို ထုတ်ဆန့်၍၊ ဝမ်းဆွဲက ဤသူငယ်သည် အရင်ဘွားလိမ့် မည်ဟုဆိုလျက် လက်ကိုကိုင်၍ နီသောကြိုးနှင့် စည်းလေ ၏။
29 Nhưng nó rút tay vào. Thấy đứa kia ra trước, bà đỡ ngạc nhiên: “Gớm! Mày ở đâu mà xông ra đây.” Vì thế, người ta đặt tên nó là Phê-rết (có nghĩa là xông ra.)
၂၉သို့သော်လည်း ထိုသူသည်မိမိလက်ကိုရုပ်ပြန်၍ သူ့အစ်ကိုဘွားသည်ကို ဝမ်းဆွဲက၊ သင်သည် အဘယ် ကြောင့် အနိုင်အထက်ပြုရသနည်း။ အနိုင်အထက်ပြု သော ဤအမှုသည် သင်၌စွဲစေဟုဆိုလျက် သူ့ကိုဖါရက် အမည်ဖြင့် မှည့်လေ၏။
30 Em nó lọt lòng sau, tay vẫn còn sợi chỉ đỏ, được đặt tên là Xê-rách.
၃၀ထိုနောက်မှ လက်၌ကြိုးနီစည်းသောညီဘွား၍၊ သူ့ကိုဇာရအမည်ဖြင့် မှည့်သတည်း။

< Sáng Thế 38 >