< Sáng Thế 22 >
1 Sau đó, Đức Chúa Trời thử nghiệm Áp-ra-ham. Đức Chúa Trời gọi: “Áp-ra-ham!” Người thưa: “Có con đây.”
၁ထိုနောက်မှ ဘုရားသခင်သည်၊ အာဗြဟံကို စုံစမ်းခြင်းငှါ၊ အာဗြဟံဟု ခေါ်တော်မူ၍ အာဗြဟံက၊ အကျွန်ုပ်ရှိပါ၏ဟု လျှောက်လျှင်၊
2 Chúa phán: “Hãy bắt Y-sác, đứa con một mà con yêu quý, đem đến vùng Mô-ri-a, và dâng nó làm tế lễ thiêu trên một ngọn núi Ta sẽ chỉ cho con.”
၂သင်သည် အလွန်ချစ်သော တယောက်တည်း သော သားဣဇာတ်ကိုယူ၍ မောရိပြည်သို့သွားလော့။ ငါပြလတံ့သော တောင်ပေါ်မှာ သူကိုမီးရှို့ရာ ယဇ်ပြု၍ ပူဇော်လော့ဟု မိန့်တော်မူ၏။
3 Vậy, Áp-ra-ham dậy sớm, thắng lừa, đem Y-sác, con mình và hai đầy tớ đi theo. Ông chặt đủ củi để dâng tế lễ thiêu, lên đường đi đến địa điểm Đức Chúa Trời đã chỉ dạy.
၃အာဗြဟံသည် နံနက်စောစောထ၍၊ မြည်းကို ကုန်းနှီးတင်ပြီးလျှင်၊ မိမိသားဣဇာက်နှင့် ငယ်သား နှစ်ယောက်ကိုခေါ်၍ ယဇ်ရှို့စရာ ထင်းကိုခွဲပြီးမှ၊ ဘုရားသခင်မိန့်တော်မူသော အရပ်သို့ ထသွားလေ၏။
4 Ngày thứ ba, Áp-ra-ham ngước lên, nhìn thấy địa điểm ấy từ nơi xa,
၄သုံးရက်မြောက်သောနေ့၌ မြော်ကြည့်၍၊ ထိုအရပ်ကို အဝေးက မြင်လျှင်၊
5 liền bảo hai đầy tớ: “Hai đứa ở đây giữ lừa. Ta và Y-sác lên chỗ kia. Thờ phượng xong, chúng ta sẽ trở lại.”
၅ငယ်သား နှစ်ယောက်ဘို့အား၊ သင်တို့သည် ဤအရုပ်၌မြည်းနှင့် အတူနေရစ်ကြလော့။ ငါသည် သားနှင့်အတူ ထိုအရပ်သို့သွား၍၊ ကိုးကွယ်ခြင်းကိုပြုအံ့။ ထိုအမှုပြီးမှ၊ သင်တို့ဆီသို့ပြန်လာဦးမည်ဟု ဆိုလေ၏။
6 Áp-ra-ham lấy bó củi để dâng tế lễ thiêu chất trên vai Y-sác, con mình, và người cầm theo mồi lửa và một con dao. Hai cha con cùng đi.
၆ထိုအခါ ယဇ်ရှို့စရာထင်းကိုယူ၍ သားဣဇာတ် အပေါ်မှာ တင်ပြီးလျှင်၊ မီးနှင့်ထားကို မိမိလက်၌ ကိုင် လျက်၊ နှစ်ယောက်အတူသွားကြ၏။
7 Y-sác nói: “Cha ơi!” Áp-ra-ham đáp: “Có cha đây.” Y-sác hỏi: “Củi và lửa có sẵn rồi, nhưng chiên con ở đâu mà dâng tế lễ thiêu?”
၇သွားကြစဉ်တွင်၊ ဣဇာက်သည် အဘအာဗြဟံကို အဘဟုခေါ်လျှင်၊ ငါ့သား၊ ငါရှိ၏ဟု ထူးလေ၏။ ဣဇာက်ကလည်း မီးပါ၏၊ ထင်းလည်းပါ၏။ ယဇ်ရှို့စရာတို့သိုးသငယ်သည် အဘယ်မှာ ရှိသနည်းဟု မေးလျှင်၊
8 Áp-ra-ham đáp: “Con ơi, Đức Chúa Trời sẽ cung ứng chiên con làm tế lễ thiêu.” Hai cha con tiếp tục đi với nhau.
၈အာဗြဟံက ငါ့သား၊ ယဇ်ရှို့စရာဘို့ သိုးသငယ်ကို ဘုရားသခင်သည် မိမိအဘို့ ပြင်ဆင်တော်မူလိမ့်မည်ဟု ဆိုလေ၏။
9 Đến chỗ Đức Chúa Trời đã chỉ định, Áp-ra-ham dựng một bàn thờ, sắp củi lên, trói Y-sác, con mình, và đem đặt lên lớp củi trên bàn thờ.
၉ထိုသို့နှစ်ယောက်အတူသွား၍၊ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ရောက်ကြသောအခါ၊ အာဗြဟံ သည် ယဇ်ပလ္လင်ကိုတည်၍ ထင်းကိုခင်းပြီးလျှင်၊ သား ဣဇာက်ကိုချည်နှောင်၍၊ ယဇ်ပလ္လင်၌ ထင်းပေါ်မှာ တင်ထား၏။
10 Áp-ra-ham đưa tay cầm dao để giết con.
၁၀မိမိလက်ကို ဆန့်၍ သားကိုသတ်ခြင်းငှါ၊ ထားကို ကိုင်ယူလေ၏။
11 Bỗng, thiên sứ của Chúa Hằng Hữu từ trên trời gọi: “Áp-ra-ham! Áp-ra-ham!” Ông thưa: “Có con đây.”
၁၁ထိုအခါ၊ ထာဝဘုရား၏ ကောင်းကင်တမန်က၊ အာဗြဟံ၊ အာဗြဟံဟု ကောင်းကင်ပေါ်က ခေါ်လေ၏။ အာဗြဟံက၊ အကျွန်ုပ်ရှိပါ၏ဟု လျှောက်လျှင်၊
12 Thiên sứ bảo: “Đừng giết đứa trẻ, cũng đừng làm gì nó cả. Vì bây giờ Ta biết ngươi kính sợ Đức Chúa Trời và không tiếc con ngươi với Ta, dù là con một của ngươi!”
၁၂ထိုလုလင်ကို မထိမခိုက်နှင့်။ အလျှင်းမပြုနှင့်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည်ဟု ယခု ငါသိ ၏။ အကြောင်းမူကား၊ သင်၏သား သင်၌တယောက် တည်းသောသားကိုငါတောင်း၍ သင်သည် ငါ့ကိုမငြင်းဟု မိန့်တော်မူ၏။
13 Áp-ra-ham ngước mắt nhìn thấy một con chiên đực, sừng đang mắc vào bụi gai rậm phía sau mình. Ông liền bắt nó dâng tế lễ thiêu thay thế con trai mình.
၁၃ထိုအခါ အာဗြဟံသည် မြော်ကြည့်၍ မိမိ နောက်မှ ချုံဖုတ်၌ ချိုညိလျက် ရှိသောသိုးကိုမြင်လေ၏။ ထိုသိုးကိုသွား၍ ယူပြီးလျှင် မိမိသားကိုယ်စား မီးရှို့ယဇ် ပြု၍ ပူဇော်လေ၏။
14 Áp-ra-ham gọi địa điểm này là “Chúa Hằng Hữu cung ứng.” Vì thế, cho đến ngày nay, người ta có câu: “Trên núi của Chúa Hằng Hữu, điều ấy sẽ được cung ứng!”
၁၄ထိုအရပ်ကို ယေဟောဝါယိရဟု အာဗြဟံ သမုတ်လေ၏။ ထိုသို့နှင့်အညီ တောင်ပေါ်မှာ ထာဝရ ဘုရားပြင်ဆင်တော်မူမည်ဟု ယနေ့တိုင်အောင် ဆိုလေ့ ရှိသတည်း။
15 Từ trời, thiên sứ của Chúa Hằng Hữu lại gọi Áp-ra-ham lần thứ nhì,
၁၅တဖန် ထာဝရဘုရား၏ ကောင်းကင်းတမန် သည် ကောင်းကင်ပေါ်က အာဗြဟံကို ခေါ်လျက်၊
16 mà bảo: “Ta đã lấy chính Ta mà thề—Chúa Hằng Hữu phán—vì con đã làm điều ấy, không tiếc sinh mạng đứa con, dù là con một,
၁၆သင်သည် ဤအမှုကိုပြု၍၊ သင်၏သားသင်၌ တယောက်တည်းသောသားကို၊ ငါ့အား မငြင်း သောကြောင့်၊
17 nên Ta sẽ ban phước hạnh cho con, gia tăng dòng dõi con đông như sao trên trời, như cát bãi biển, và hậu tự con sẽ chiếm lấy cổng thành quân địch.
၁၇ငါသည် သင့်အား အစဉ်အမြဲကောင်းကြီး ပေးမည်။ သင်၏အမျိုးအနွှယ်ကိုလည်း ကောင်းကင် ကြယ်ကဲ့သို့၎င်း၊ သမုဒ္ဒရာသဲလုံးကဲ့သို့၎င်း၊ အစဉ်အမြဲ ပွားများစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏ မြို့တံခါးများကို အစိုးရလိမ့်မည်။
18 Tất cả các dân tộc trên thế giới sẽ nhờ hậu tự con mà được phước, vì con đã vâng lời Ta.”
၁၈သင်၏အမျိုးအနွယ်အားဖြင့်၊ လူမျိုးပေါင်း တို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ၏ စကားကို သင်နားထောင်သောကြောင့်၊ ငါသည်ကိုယ်ကို ကိုယ်တိုင်တည်၍ ကျိန်ဆို၏ဟု ထာဝရဘုရား၏ အမိန့် တော်ကို ဆင့်ဆိုလေ၏။
19 Vậy, Áp-ra-ham trở lại cùng hai đầy tớ; tất cả lên đường quay về Bê-e-sê-ba. Áp-ra-ham cư trú tại đó.
၁၉ထိုအခါအာဗြဟံသည် ငယ်သားတို့ ရှိရာသို့ ပြန်၏။ သူတို့သည် ထပြီးလျှင် ဗေရာရဗတအရပ်သို့ လိုက်သွားကြ၏။ ထိုအရပ်၌ အာဗြဟံနေလေ၏။
20 Sau đó, có người báo cho Áp-ra-ham: “Minh-ca đã sinh con trai cho Na-cô, em ông!”
၂၀ထိုနောက်မှ၊ အာဗြဟံကြားသော သိတင်းစကား ဟုမူကား၊ သင်၏အစ်ကိုနာခေါ်မယားမိလခါသည် သားကိုဘွားမြင်လေပြီ။
21 Con đầu lòng tên U-xơ, các con kế là Bu-xơ, Kê-mu-ên (tổ phụ của A-ram),
၂၁သားအကြီးဟုဇ၊ သူ့ညီဗုဇ၊ အာရံအဘကေမွေလ၊
22 Kế-sết, Ha-xô, Phin-đát, Díp-láp, và Bê-tu-ên.
၂၂ခေသက်၊ဟာဇော၊ ပိလဒါရှ၊ ယိဒလပ်၊ ဗေသွေလတည်းဟူသော၊
23 (Bê-tu-ên là cha của Rê-bê-ca). Tổng cộng được tám người con trai từ Minh-ca.
၂၃သားရှစ်ယောက်တို့ကို၊ အာဗြဟံအစ်ကို နာခေါ် ၏ မယားမိလအခါ ဘွားမြင်လေ၏။ ဗေသွေလကား၊ ရေဗက္ကအဘတည်း။
24 Rê-u-ma, vợ lẽ của Na-cô, sinh Tê-ba, Ga-ham, Ta-hách, và Ma-a-ca.
၂၄ရုမာ အမည်ရှိသော နာခေါ်၏ မယားငယ်သည်လည်း တေဘဂါဟံ၊ သဟာရှမာခါတို့ကို ဘွားမြင်လေ၏။