< Xuất Hành 36 >
1 “Bê-sa-lê, Ô-hô-li-áp cùng với những người khác được Chúa Hằng Hữu phú cho tài năng và sự thông minh, để thực hiện công tác xây cất Đền Tạm, và chế tạo các dụng cụ như Chúa Hằng Hữu đã phán dạy.”
၁ထိုသို့ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သန့်ရှင်းရာဌာန၌ အမှုတော်ဆောင်စရာဘို့၊ အမျိုးမျိုးသောအလုပ်ကို လုပ်တတ်သော ဥာဏ်ပညာကို ထာဝရဘုရား ပေးသွင်းတော်မူသော ပညာရှိအပေါင်း တို့နှင့်တကွ၊ ဗေဇလေလ၊ ဟောလျဘတို့သည် အလုပ်လုပ်ကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ၏။
2 Vậy, Môi-se gọi Bê-sa-lê, Ô-hô-li-áp, và tất cả nghệ nhân khác đến làm việc.
၂တဖန် မောရှေသည်၊ ဗေဇလေလ၊ အဟောလျဘကို၎င်း၊ ထာဝရဘုရားပေးတော်မူသော ဥာဏ် သဘောကို ရ၍၊ အလုပ်လုပ်ချင်သော စေတနာစိတ်ရှိသော ပညာရှိအပေါင်းတို့ကို၎င်း ခေါ်ပြီးလျှင်၊
3 Môi-se trao cho họ các vật liệu dân chúng hiến dâng như của lễ thánh để hoàn tất Đền Tạm. Nhưng dân chúng vẫn cứ tiếp tục đem dâng thêm vào mỗi buổi sáng.
၃သန့်ရှင်းရာဌာနနှင့် အမှုတော်ထမ်းရန် တန်ဆာတို့ကို လုပ်ကိုင်စေခြင်းငှာ၊ ဣသရေလအမျိုးသားတို့ ဆောင်ခဲ့သော အလှူရှိသမျှကို ထိုသူတို့သည် မောရှေလက်မှ ခံကြ၏။ ကြည်ညိုသောစိတ်နှင့် လှူသောအလှူကို နံနက်တိုင်း ထပ်၍ ဆောင်ခဲ့ကြသေး၏။
4 Cuối cùng các người thợ phải ngưng công việc xây cất.
၄ထိုအခါ သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သော ပညာရှိအပေါင်းတို့သည်၊ အသီးအသီး မိမိလုပ်ရာမှ၊
5 Họ đến gặp Môi-se và nói: “Các vật liệu dân chúng đem dâng để thực hiện công tác Chúa Hằng Hữu ấn định hiện dư nhiều quá.”
၅မောရှေထံသို့ လာ၍ ထာဝရဘုရားမှာထားတော်မူသော အလုပ်ပြီးလောက်ရုံမျှမက၊ ပို၍ ဆောင်ခဲ့ကြ ပါပြီဟု ကြားပြောလျှင်၊
6 Vì vậy, Môi-se ra lệnh cho người đi báo cho toàn dân hay rằng: “Mọi người nam cũng như nữ, không ai được đem dâng vật liệu làm Đền Tạm nữa. Chúng ta đã có đủ vật liệu!” Đến lúc bị cấm như vậy, người ta mới thôi.
၆မောရှေက၊ သန့်ရှင်းရာဌာနတော်အဘို့ လှူခြင်းငှာ အဘယ်ယောက်ျားမိန်းမမျှ ထပ်မံ၍ မလုပ်စေနှင့် ဟု စီရင်၍၊ တတပ်လုံး၌ ကြော်ငြာစေသဖြင့်၊ လူများအလှူဆောင်ခြင်းအမှုကို ဆီးတား၏။
7 Dân chúng hiến dâng vật liệu nhiều hơn sự cần dùng để hoàn thành toàn bộ công việc.
၇ရခဲ့သောဥစ္စာသည် လုပ်ရှိသမျှကို ပြီးစီးလောက်ရုံမျှမက ပိုလျက်ရှိသတည်း။
8 Một số thợ khéo trong nhóm xây dựng Đền Tạm bắt đầu dệt mười bức màn bằng chỉ gai mịn, dùng chỉ xanh, tím, và đỏ, thêu hình chê-ru-bim vô cùng tinh vi.
၈သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သော သူတို့တွင်၊ ပညာရှိသောသူသည် ပိတ်ချော၊ ပြာသော အထည်၊ မောင်းသောအထည်၊ နီသောအထည်ဖြင့် ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ပိတ်ချော ကုလားကာဆယ်ထည်ကို လုပ်လေ၏။
9 Mười bức màn đều bằng nhau, dài 12,9 mét, rộng 1,8 mét.
၉ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင်၊ အနံလေးတောင်ရှိ၍၊ ကုလားကာချင်း အလျားအနံတူ၏။
10 Họ nối từng năm bức màn lại với nhau thành hai tấm lớn.
၁၀ကုလားကာငါးထည်စီ တစပ်တည်းချုပ်လေ၏။
11 Họ dùng chỉ xanh kết các vòng dọc theo đường biên của hai tấm lớn,
၁၁ကုလားကာတထည် ပြင်ဘက်ကုလားကာ နားချင်းဆက်မှီရာ၌ ကွင်းများကို ပြာသောအထည်နှင့် လုပ်၍၊ အခြားသော ကုလားကာပြင်ဘက် ကုလားကာနားချင်းဆက်မှီရာ၌လည်း ထိုအတူလုပ်လေ၏။
12 năm mươi vòng mỗi bên, đối diện nhau.
၁၂ကုလားကာတထည်၌ ကွင်းငါးဆယ်ကို၎င်း၊ အခြားသော ကုလားကာအနားဆက်မှီရာ၌ ကွင်းငါးဆယ်ကို ၎င်း လုပ်သဖြင့်၊ ကွင်းချင်းဆိုင်မိကြ၏။
13 Người ta làm năm mươi cái móc bằng vàng, cài vào các vòng chỉ, như vậy hai tấm lớn được kết lại thành nóc Đền Tạm.
၁၃ရွှေချောင်းငါးဆယ်ကိုလည်း လုပ်၍၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့် တဲတော် တဆောင်တည်းဖြစ်လေ၏။
14 Họ cũng dệt mười một bức màn bằng lông dê để phủ lên trên nóc Đền Tạm.
၁၄တဲတော်ဖုံးအုပ်ဘို့ အခြားသော ကုလားကာ ဆယ်တထည်ကို ဆိတ်မွေးနှင့် လုပ်လေ၏။
15 Mười một bức màn này đều bằng nhau, dài 13,8 mét, rộng 1,8 mét.
၁၅ကုလားကာသည် အလျားအတောင်သုံးဆယ်၊ အနံလေးတောင်ရှိ၍ ကုလားကာဆယ်တထည်တို့သည် အလျားအနံချင်း တူ၏။
16 Năm bức màn lông dê nối lại thành một tấm lớn; còn lại sáu bức kia nối thành một tấm lớn thứ hai.
၁၆ကုလားကာငါးထည်တစပ်၊ ခြောက်ထည်တစပ်တည်း ချုပ်လေ၏။
17 Người ta làm năm mươi cái vòng dọc theo đường biên của mỗi tấm lớn.
၁၇ကုလားကာများဆက်မှီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာတထည်အနားမှာ ကွင်းငါးဆယ်ကို၎င်း၊ ဆက်မှီသော အခြားကုလားကာအနားမှာ ကွင်းငါးဆယ်ကို၎င်း လုပ်လေ၏။
18 Họ dùng năm mươi cái móc đồng nối hai tấm lớn lại với nhau.
၁၈ကြေးဝါချောင်းငါးဆယ်ကိုလည်း လုပ်၍ အပေါ်တဲတပိုင်းနှင့် တပိုင်းကို ပူးတွဲသဖြင့်၊ တဲတဆောင် တည်းဖြစ်လေ၏။
19 Lớp trên cùng của nóc đền làm bằng da chiên nhuộm đỏ và da dê.
၁၉အပေါ်တဲဖုံးအုပ်ဘို့ အနီဆိုးသော သိုးရေကို၎င်း၊ ထိုသိုးရေအပေါ်၌ တဟာရှသားရေကို၎င်း လုပ်လေ၏။
20 Gỗ keo được dùng để làm vách Đền Tạm, dựng thẳng đứng.
၂၀တဲတော်ကာရန်ထောင်ထားသော အကာရှပျဉ်ပြားတို့ကိုလည်း လုပ်လေ၏။
21 Mỗi tấm ván dài 4,6 mét, rộng 0,69 mét,
၂၁ပျဉ်ပြားသည် အလျားဆယ်တောင်၊ အနံတတောင်ထွာရှိ၏။
22 có hai cái mộng để ghép vào các lỗ mộng.
၂၂ထိုပျဉ်ပြားရှိသမျှတို့၌ ခြေထောက်နှစ်ခုစီ တတန်းတည်းရှိစေခြင်းငှာ လုပ်လေ၏။
23 Vách phía nam gồm hai mươi tấm ván;
၂၃တဲတော်တောင်ဘက်၌ ကာရန် ပျဉ်ပြားနှစ်ဆယ်ကို လုပ်၍၊
24 dưới mỗi tấm có hai lỗ mộng bằng bạc, cộng bốn mươi lỗ mộng.
၂၄ထိုပျဉ်ပြားနှစ်ဆယ်တွင်၊ တပြားတပြားအောက်၌ ခြေထောက် နှစ်ခုစီ စွပ်စရာဘို့ ငွေခြေစွပ် လေးဆယ်ကို လုပ်လေ၏။
25 Vách phía bắc Đền Tạm cũng gồm hai mươi tấm ván,
၂၅ထိုအတူ တဲတော်မြောက်ဘက်၌ ကာရန် ပျဉ်ပြားနှစ်ဆယ်ကို လုပ်၍၊
26 dưới mỗi tấm có hai lỗ mộng bạc, cộng bốn mươi lỗ mộng.
၂၆ထိုပျဉ်ပြား၌လည်း ငွေခြေစွပ် လေးဆယ်၊ တပြားနှစ်ခုစီ လုပ်လေ၏။
27 Vách phía tây tức là phía sau Đền Tạm gồm sáu tấm ván,
၂၇တဲတော်အနောက်ဘက်၌ ကာရန် ပျဉ်ပြားခြောက်ပြားကို၎င်း၊
28 thêm vào hai tấm nữa ở hai góc phía sau.
၂၈ထောင့်တဘက်တချက်၌ ကာရန် ပျဉ်ပြား နှစ်ပြားကို၎င်း လုပ်လေ၏။
29 Các tấm ván này sẽ được ghép vào nhau bằng móc cài cả dưới lẫn trên.
၂၉အထက်၌၎င်း၊ အောက်၌၎င်း၊ ကွင်းကိုတပ်၍ စေ့စပ်လျက် ထောင့်နှစ်ခုပြီးလေ၏။
30 Vậy, vách phía tây có tám tấm ván và mười sáu lỗ mộng bằng bạc, hai lỗ mỗi tấm.
၃၀ပျဉ်ပြားရှစ်ပြား၊ ငွေခြေစွပ်ဆယ်ခြောက်ခု၊ တပြားနှစ်ခုစီရှိလေ၏။
31 Họ cũng làm thanh ngang cho vách Đền Tạm cũng bằng gỗ keo,
၃၁တဲတော်၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ အကာရှသား ကန့်လန့်ကျင်တို့ကို၊ တဘက်ငါးချောင်းစီ လုပ်လေ၏။
32 mỗi phía năm thanh, vách phía tây cũng có năm thanh.
၃၂တဲတော်နောက်ဖေး၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့၊ ကန့်လန့်ကျင်ငါးချောင်းကိုလည်း လုပ်လေ၏။
33 Thanh chính giữa nằm giữa vách, chạy dài từ đầu này chí đầu kia của đền.
၃၃အလယ်ကန့်လန့်ကျင်ကို ထောင့်တဘက်တချက်၌ ဆုံးစေ၏။
34 Người ta bọc vàng các tấm ván vách và các thanh ngang, làm các vòng vàng để xỏ thanh ngang.
၃၄ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံလေ၏။ ကန့်လန့်ကျင်လျှိုဘို့ရာ ရွှေကွင်းကိုလည်းလုပ်၍ ကန့်လန့်ကျင်တို့ကို ရွှေနှင့်မွမ်းမံလေ၏။
35 Người ta may một bức màn bằng vải gai mịn, rồi dùng chỉ xanh, tím, và đỏ thêu hình chê-ru-bim vô cùng tinh vi.
၃၅တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့် ပြီး၍၊ ခေရုဗိမ်အရုပ်နှင့်၊ ချယ်လှယ်သော ကုလားကာတထည်ကို၎င်း၊
36 Màn được móc vào bốn móc vàng của bốn trụ gỗ keo bọc vàng, trụ được dựng trên lỗ trụ bằng bạc.
၃၆ထိုကုလားကာဘို့ ရွှေချသော အကာရှသားတိုင်လေးတိုင်ကို၎င်း လုပ်လေ၏။ ထိုတိုင်တို့သည် ရွှေတံစို့နှင့် ပြည့်စုံ၍၊ ငွေခြေစွပ်လေးခုကိုလည်း သွန်းလေ၏။
37 Người ta cũng làm một bức màn che cửa đền bằng vải gai mịn, thêu chỉ xanh, tím, và đỏ rất tinh vi.
၃၇တဲတော်တံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသော အထည်၊ နီသော အထည် ပိတ်ချောဖြင့် ပြီး၍ ချယ်လှယ်သော ကုလားကာတထည်ကို၎င်း၊
38 Màn này được treo bằng năm móc vàng trên năm trụ cây keo bọc vàng. Các lỗ trụ này đều bằng đồng.
၃၈ထိုကုလားကာဘို့ တံစို့နှင့် ပြည့်စုံသော တိုင်ငါးတိုင်ကို၎င်း လုပ်၍၊ တိုင်ထိပ်နှင့်တိုင်တန်တို့ကို ရွှေနှင့် မွမ်းမံလေ၏။ ကြေးဝါခြေစွပ်ငါးခုလည်း ရှိ၏။