< Phục Truyền Luật Lệ 5 >
1 Môi-se kêu gọi toàn dân Ít-ra-ên tập hợp lại và nói: “Hỡi Ít-ra-ên, hãy cẩn thận lắng nghe luật lệ tôi công bố, học tập, và thực hành luật ấy!
၁မောရှေသည်ဣသရေလအမျိုးသားအပေါင်း တို့ကိုဆင့်ခေါ်၍ သူတို့အားဤသို့ပြောကြား လေသည်။ ``ဣသရေလအမျိုးသားတို့၊ ယနေ့ သင်တို့အား ငါပြဋ္ဌာန်းပေးမည့်ပညတ်တော် အားလုံးကိုနားထောင်ကြလော့။ ထိုပညတ် တော်များကိုနာယူလိုက်နာရန်သတိပြု ကြလော့။-
2 Chúa Hằng Hữu, Đức Chúa Trời chúng ta, đã kết ước với chúng ta tại Núi Hô-rếp.
၂ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သိနာတောင်ပေါ်တွင်ငါတို့နှင့်ပဋိညာဉ် ပြုတော်မူ၏။-
3 Chúa Hằng Hữu kết ước với chúng ta, là những người đang sống, chứ không phải với tổ tiên ta.
၃ထာဝရဘုရားသည်ငါတို့၏ဘိုးဘေး တို့နှင့်သာလျှင် ပဋိညာဉ်ပြုသည်မဟုတ်။ ယနေ့အသက်ရှင်လျက်ရှိသော ငါတို့အား လုံးနှင့်လည်းပဋိညာဉ်ပြုတော်မူ၏။-
4 Từ trong đám lửa trên núi, Chúa Hằng Hữu đã đối diện nói chuyện với anh em.
၄ထာဝရဘုရားသည်တောင်ပေါ်တွင်မီးထဲ မှ သင်တို့နှင့်မျက်နှာချင်းဆိုင်၍မိန့်မြွက် တော်မူသည်။-
5 Lúc ấy, tôi đứng giữa Chúa Hằng Hữu và anh em, để truyền lại cho anh em mọi lời của Ngài, vì anh em sợ đám lửa, không dám lên núi. Ngài truyền dạy:
၅သင်တို့သည်မီးကိုကြောက်ရွံ့သဖြင့်တောင် ပေါ်သို့မတက်ဝံ့သောကြောင့် ငါသည်ထာဝရ ဘုရားနှင့်သင်တို့စပ်ကြားတွင်ရပ်လျက် ထာဝရဘုရား၏အမိန့်တော်ကိုသင်တို့ အားဆင့်ဆိုခဲ့၏။''
6 ‘Ta là Chúa Hằng Hữu, Đức Chúa Trời các ngươi, Đấng đã giải cứu các ngươi khỏi ách nô lệ Ai Cập.
၆``ထာဝရဘုရားက၊`ငါသည်သင်တို့ကို ကျွန်ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။'
7 Các ngươi không được thờ thần nào khác ngoài Ta.
၇`` `ငါမှတစ်ပါးအခြားသောဘုရားကို မကိုးကွယ်နှင့်။-
8 Các ngươi không được làm cho mình một hình tượng nào theo hình dạng của những vật trên trời cao, hoặc trên đất, hoặc trong nước.
၈`` `မိုးကောင်းကင်၌လည်းကောင်း၊ မြေကြီးပေါ်၌ လည်းကောင်း၊ မြေအောက်ရေထဲ၌လည်းကောင်း ရှိသောအရာနှင့်ပုံသဏ္ဌာန်တူသောရုပ်တုများ ကိုကိုးကွယ်ရန်အတွက်မထုလုပ်နှင့်။-
9 Các ngươi không được quỳ lạy hoặc phụng thờ các tượng ấy, vì Ta, Chúa Hằng Hữu, Đức Chúa Trời các ngươi, rất kỵ tà. Người nào ghét Ta, Ta sẽ trừng phạt họ, và luôn cả con cháu họ cho đến ba bốn thế hệ.
၉ထိုရုပ်တုများကိုဦးမချ၊ ဝတ်မပြုနှင့်။ အဘယ်ကြောင့်ဆိုသော်ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၍ ပြိုင် ဘက်ကိုလုံးဝလက်ခံတော်မမူ။ ငါ့ကို မုန်းသောသူတို့အားငါဒဏ်ခတ်မည်။ ထို မျှမကသူတို့၏တတိယမျိုးဆက်၊ စတုတ္ထမျိုးဆက်တိုင်အောင်ငါဒဏ်ခတ် မည်။-
10 Nhưng người nào yêu kính Ta và tuân giữ điều răn Ta, Ta sẽ thương yêu săn sóc người ấy và con cháu họ cho đến nghìn đời.
၁၀သို့ရာတွင်ငါ့ကိုချစ်၍ငါ၏ပညတ်တော်တို့ ကိုစောင့်ထိန်းသောသူတို့အား အမျိုးဆက် ထောင်သောင်းတိုင်အောင်ငါ၏မေတ္တာကိုပြ မည်။
11 Không được lạm dụng tên của Chúa Hằng Hữu, Đức Chúa Trời các ngươi. Ai phạm tội này, Chúa Hằng Hữu sẽ trừng phạt.
၁၁`` `သင်၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိုအလွဲသုံးစားပြုသူအားဒဏ် ခတ်တော်မူမည်ဖြစ်သောကြောင့် ကိုယ်တော်၏ နာမတော်ကိုအလွဲသုံးစားမပြုနှင့်။
12 Giữ ngày Sa-bát làm ngày thánh, như Chúa Hằng Hữu, Đức Chúa Trời ngươi, đã dạy.
၁၂`` `သင်တို့၏ဘုရားသခင်ငါထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဥပုသ်နေ့ကိုစောင့် ထိန်း၍ထိုနေ့ကိုငါ့အတွက်သီးသန့်ထား လော့။-
13 Các ngươi có sáu ngày để làm công việc,
၁၃ခြောက်ရက်ပတ်လုံးအလုပ်လုပ်လော့။
14 nhưng ngày thứ bảy là ngày Sa-bát dành cho Chúa Hằng Hữu, Đức Chúa Trời ngươi. Trong ngày ấy, ngươi cũng như con trai, con gái, tôi trai, tớ gái, bò, lừa và súc vật khác, luôn cả khách ngoại kiều trong nhà ngươi, đều không được làm việc gì cả.
၁၄သတ္တမနေ့သည်ငါဘုရားအတွက်ဆက်ကပ် ရသောအလုပ်နားရက်ဖြစ်၏။ ထိုနေ့တွင်သင် မှစ၍ သင်၏သားသမီး၊ ကျေးကျွန်၊ တိရစ္ဆာန် နှင့်သင်တို့တိုင်းပြည်တွင်နေထိုင်သောလူမျိုး ခြားများသည်အလုပ်မလုပ်ရ။ သင်တို့၏ ကျေးကျွန်သည်သင်တို့ကဲ့သို့အနားယူ ရမည်။-
15 Nên nhớ rằng, ngươi cũng đã làm đầy tớ trong nước Ai Cập, nhưng nhờ Chúa Hằng Hữu, Đức Chúa Trời ngươi ra tay giải thoát ngươi. Vậy, phải giữ ngày lễ cuối tuần (Sa-bát).
၁၅သင်တို့သည်အီဂျစ်ပြည်တွင်ကျွန်ခံခဲ့ဖူး ကြောင်းကိုလည်းကောင်း၊ သင်တို့ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကိုမဟာတန်ခိုး တော်ဖြင့်ကယ်တင်ခဲ့ကြောင်းကိုလည်းကောင်း သတိရကြလော့။ ထိုအကြောင်းကြောင့်ငါ သည်သင်တို့အားဥပုသ်နေ့ကိုစောင့်ရန် မိန့်မှာတော်မူ၏။
16 Phải hiếu kính cha mẹ, như Chúa Hằng Hữu Đức Chúa Trời dạy ngươi, để ngươi được sống lâu và thịnh vượng trong đất Chúa Hằng Hữu, Đức Chúa Trời ngươi cho ngươi.
၁၆`` `သင်တို့အားထာဝရဘုရားပေးသနား တော်မူမည့်ပြည်တွင် သင်တို့သည်ကောင်းစား ၍အသက်ရှည်စေရန် သင်တို့၏ဘုရားသခင် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း မိဘကိုရိုသေသမှုပြုကြလော့။
17 Không được giết người.
၁၇`` `သူ့အသက်ကိုမသတ်နှင့်။
18 Các ngươi không được ngoại tình.
၁၈`` `သူ့သားအိမ်ရာကိုမပြစ်မှားနှင့်။
19 Các ngươi không được trộm cắp.
၁၉`` `သူ့ဥစ္စာကိုမခိုးနှင့်။
20 Các ngươi không được làm chứng dối hại người lân cận mình.
၂၀`` `သူတစ်ပါးတစ်ဘက်၌မတရားသက်သေ မခံနှင့်။
21 Không được tham muốn vợ, nhà cửa, đất đai, tôi trai, tớ gái, bò, lừa, hoặc vật gì khác của người lân cận mình.’
၂၁`` `သူတစ်ပါး၏မယား၊ အိမ်၊ မြေ၊ ကျေးကျွန်၊ နွား၊ မြည်းမှစ၍သူပိုင်သမျှတို့ကိုတပ်မက် ခြင်းမရှိနှင့်' ဟုမိန့်တော်မူ၏။
22 Đó là mệnh lệnh Chúa Hằng Hữu đã truyền cho anh em vang ra từ trong đám lửa trên núi có mây đen bao bọc. Rồi Ngài viết những điều ấy vào hai bảng đá, trao cho tôi.
၂၂``ထာဝရဘုရားသည်တောင်အနီးသို့စုရုံး လာသောသင်တို့အပေါင်းအား ဤပညတ်တော် များကိုပြဋ္ဌာန်းပေးတော်မူ၏။ ထာဝရဘုရား သည်မီးနှင့်မှောင်မည်းသောမိုးတိမ်ထဲမှကျယ် သောအသံတော်ဖြင့် ဤပညတ်တော်များကိုမိန့် မြွက်တော်မူ၏။ ထပ်၍မိန့်မြွက်တော်မမူ။ ထို့ နောက်ထာဝရဘုရားသည်ပညတ်တော်များ ကိုကျောက်ပြားနှစ်ချပ်ပေါ်တွင်ရေး၍ငါ့ အားပေးအပ်တော်မူသည်။''
23 Nhưng khi anh em nghe tiếng vang ra từ trong bóng đen dày đặc, và trên đỉnh núi lại có lửa cháy dữ dội, các trưởng tộc và trưởng lão đều đến tìm tôi.
၂၃``တောင်တစ်ခုလုံးမီးတောက်၍အမှောင်ထု ထဲမှဗျာဒိတ်တော်သံကိုသင်တို့ကြားရ သောအခါ သင်တို့၏ခေါင်းဆောင်များနှင့် အနွယ်အကြီးအကဲတို့သည်ငါ့ထံသို့ ချဉ်းကပ်၍၊-
24 Họ nói: ‘Hôm nay chúng tôi đã thấy vinh quang và sự vĩ đại của Chúa Hằng Hữu, Đức Chúa Trời chúng ta, đã nghe tiếng Ngài phát ra từ trong đám lửa. Hôm nay chúng tôi thấy có người được nghe tiếng phán của Đức Chúa Trời mà vẫn còn sống.
၂၄`အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား ၏အသံတော်ကိုမီးထဲမှကြားရသဖြင့် အကျွန်ုပ်တို့အားထာဝရဘုရားက မိမိ ၏ဘုန်းတန်ခိုးတော်ကိုထင်ရှားပြသတော် မူပါပြီ။ ဘုရားသခင်သည်လူသားအား စကားပြောသော်လည်း လူသားသည်မသေ ဘဲအသက်ရှင်နေနိုင်ကြောင်းကိုအကျွန်ုပ် တို့ယနေ့သိမြင်ရကြပါပြီ။-
25 Nhưng nếu chúng tôi cứ tiếp tục nghe tiếng phán của Chúa Hằng Hữu, Đức Chúa Trời chúng ta, chúng tôi sẽ chết. Đám lửa kia sẽ thiêu hủy chúng tôi. Tại sao chúng tôi phải chết?
၂၅သို့ရာတွင်အကျွန်ုပ်တို့သည် အဘယ်ကြောင့် အရဲစွန့်၍အသေခံရမည်နည်း။ ထိုကြောက် မက်ဖွယ်မီးကြီးကြောင့် အကျွန်ုပ်တို့သည် ပျက်စီးဆုံးရှုံးရကြပါလိမ့်မည်။ အကျွန်ုပ် တို့၏ဘုရားသခင်ထာဝရဘုရား၏ အသံတော်ကိုထပ်၍ကြားရလျှင်အကျွန်ုပ် တို့သေရပါလိမ့်မည်။-
26 Có ai là người trần như chúng tôi, đã nghe tiếng phán của Đức Chúa Trời Hằng Sống phát ra từ trong đám lửa, mà vẫn còn sống hay không?
၂၆အသက်ရှင်တော်မူသောဘုရား၏အသံတော် ကိုမီးထဲမှ အကျွန်ုပ်တို့ကဲ့သို့ကြားရပြီးမှ အသက်ရှင်သောလူသတ္တဝါရှိဖူးပါသလော။-
27 Vậy, xin ông đi nghe những gì Chúa Hằng Hữu, Đức Chúa Trời chúng ta, dạy và truyền lại cho chúng tôi, chúng tôi xin vâng theo tất cả.’
၂၇ကိုယ်တော်သာချဉ်းကပ်၍အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားမိန့်မှာသမျှ ကိုကြားနာပြီးလျှင် အကျွန်ုပ်တို့အားဆင့် ဆိုတော်မူပါ။ အကျွန်ုပ်တို့သည်အမိန့်တော် ကိုနာခံပါမည်' ဟုလျှောက်ထားကြ၏။
28 Nghe những lời họ nói, Chúa Hằng Hữu phán cùng tôi: ‘Ta nghe những điều họ trình bày với con rồi. Họ nói phải.
၂၈``ထာဝရဘုရားသည်သင်တို့ထိုသို့လျှောက် ထားသောစကားကိုကြားတော်မူလျှင် ငါ့ အား`ငါသည်ဤသူတို့လျှောက်ထားသော စကားကိုကြားရပြီ။ သူတို့ပြောသည့် အတိုင်းမှန်ပေ၏။-
29 Nếu họ có lòng như vậy, hãy kính sợ Ta và vâng giữ các điều răn Ta, tương lai họ và con cháu họ sẽ rất tốt đẹp.
၂၉သူတို့သည်ဤကဲ့သို့ငါ့ကိုအစဉ်ကြောက်ရွံ့ ရိုသေ၍ ငါ၏ပညတ်တော်အားလုံးကိုစောင့်ထိန်း ကြမည်ဆိုလျှင် သူတို့နှင့်သူတို့၏အဆက် အနွယ်များသည်ထာဝစဉ်ကောင်းစားကြ လိမ့်မည်။-
30 Bây giờ con bảo họ về trại đi.
၃၀ယခုမိမိတို့တဲအိမ်များသို့ပြန်ကြရန် သူတို့အားပြောလော့။-
31 Còn con hãy ở đây với Ta, Ta sẽ truyền cho con mọi điều răn, luật lệ, và chỉ thị; và con sẽ dạy lại họ, để họ đem ra áp dụng trong đất mà Ta ban cho.’”
၃၁သင်ကိုယ်တိုင်မူကားငါနှင့်အတူနေရစ်လော့။ ငါပေးမည့်ပြည်တွင်သူတို့လိုက်နာစောင့်ထိန်း ရန် ပညတ်တော်များနှင့်ပြဋ္ဌာန်းချက်ရှိသမျှ ကိုသင့်အားငါဆင့်ဆိုမည်။ ထိုပညတ်တော် များနှင့်ပြဋ္ဌာန်းချက်များကိုသူတို့အား သွန်သင်လော့' ဟု မိန့်တော်မူ၏။-
32 Vậy Môi-se nói với dân chúng: “Anh em phải thận trọng thi hành mọi điều Chúa Hằng Hữu, Đức Chúa Trời của anh em truyền dạy, không sai lệch.
၃၂``ဣသရေလအမျိုးသားတို့၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း လိုက်နာရမည်။ မည်သည့်ပညတ်တော်ကိုမျှမချိုး ဖောက်နှင့်။-
33 Cứ theo đúng đường lối Chúa Hằng Hữu, Đức Chúa Trời của anh em dạy, anh em sẽ được sống lâu, thịnh vượng, may mắn trong lãnh thổ anh em sắp chiếm cứ.”
၃၃သင်တို့ဝင်ရောက်သိမ်းယူမည့်ပြည်တွင်ကောင်း စား၍ ဆက်လက်နေထိုင်ရန်ပညတ်တော်ရှိ သမျှကိုလိုက်နာစောင့်ထိန်းရကြမည်။