< Công Vụ Các Sứ đồ 4 >
1 Trong khi Phi-e-rơ và Giăng đang nói chuyện với dân chúng, thình lình các thầy tế lễ, viên chỉ huy đội tuần cảnh Đền Thờ, và các thầy Sa-đu-sê xông vào bắt hai ông.
၁ထိုသို့ တမန်တော်တို့သည် လူများတို့အားဟောပြောစဉ်တွင်၊ ဗိမာန်တော်မှူးမှစသော ယဇ်ပုရောဟိတ် တို့နှင့် ဇဒ္ဒုကဲများတို့သည်လာကြသဖြင့်၊
2 Họ bực tức vì Phi-e-rơ và Giăng dạy dỗ dân chúng và truyền giảng về sự sống lại của Chúa Giê-xu.
၂တမန်တော်တို့သည် လူများတို့အားဆုံးမဩဝါဒပေး၍ ယေရှုကိုအကြောင်းပြုလျက် သေခြင်းမှ ထမြောက်ခြင်းတရားကို ဟောသောကြောင့်၊ ထိုမင်းများတို့သည် စိတ်ပူပန်ခြင်းရှိသည်နှင့်၊
3 Lúc ấy trời đã tối, nên họ bắt hai ông giam vào ngục cho đến sáng hôm sau.
၃တမန်တော်တို့ကိုဘမ်းဆီးပြီးမှ၊ ညအချိန်ဖြစ်သောကြောင့် နက်ဖြန်နေ့တိုင်အောင် နှောင်အိမ်၌ ချုပ်ထားကြ၏။
4 Tuy nhiên, nhiều người đã tin Chúa khi nghe lời truyền giảng, nên số người tin tăng lên khoảng 5.000 người, không kể phụ nữ và trẻ em.
၄တရားနာသောသူအများတို့သည် ယုံကြည်ခြင်းသို့ရောက်၍ အရေအတွက်အားဖြင့် လူငါးထောင်မျှ လောက်ရှိကြ၏။
5 Qua ngày sau, Hội Đồng Quốc Gia gồm các nhà lãnh đạo, các trưởng lão, và các thầy dạy giáo luật họp tại Giê-ru-sa-lem.
၅နက်ဖြန်နေ့ရောက်သော် မင်းအရာရှိ၊ လူအကြီးအကဲ၊ ကျမ်းပြုဆရာတို့နှင့်၊
6 Có thầy thượng tế An-ne, cùng với Cai-phe, Giăng, A-lét-xan-đơ, và những người khác trong gia tộc thầy thượng tế.
၆ယဇ်ပုရောဟိတ်မင်းအန္နတ်၊ ကယာဖ၊ ယောဟန်၊ အာလေဇန္ဒြုမှစ၍ ယဇ်ပုရောဟိတ်မင်းမျိုးရှိမျှ တို့သည် ယေရုရှလင်မြို့၌ စုဝေးကြပြီးလျှင်၊
7 Họ giải hai sứ đồ đến và tra vấn: “Các anh nhờ quyền lực nào chữa bệnh? Các anh nhân danh ai?”
၇တမန်တော်တို့ကို အလယ်၌ထား၍၊ သင်တို့သည် အဘယ်သို့သောတန်ခိုး၊ အဘယ်သူ၏နာမအားဖြင့် ဤအမှုကိုပြုသနည်းဟု မေးမြန်းကြ၏။
8 Phi-e-rơ được đầy dẫy Chúa Thánh Linh, giải đáp: “Thưa các nhà lãnh đạo và các trưởng lão,
၈ထိုအခါပေတရုသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်စုံလျက်၊ လူများကို အစိုးရသောမင်းတို့နှင့် ဣသရေလအမျိုးအကြီးအကဲတို့၊
9 hôm nay chúng tôi bị bắt vì làm phước cho một người tàn tật và bị tra hỏi về cách chữa lành người ấy.
၉အင်္ဂါချို့တဲ့သောသူကို ကျေးဇူးပြု၍၊ သူသည် အနာရောဂါနှင့် အဘယ်သို့ ကင်းလွတ်သနည်းဟု ငါတို့သည်ယနေ့အစစ်ခံရလျှင်၊
10 Xin quý vị và toàn dân Ít-ra-ên lưu ý, đây là nhờ Danh Chúa Cứu Thế Giê-xu ở Na-xa-rét, Đấng mà quý vị đã đóng đinh nhưng Đức Chúa Trời đã cho Ngài sống lại từ cõi chết.
၁၀သင်တို့သည် လက်ဝါးကပ်တိုင်မှာကွပ်မျက်၍၊ ဘုရားသခင်သည် သေခြင်းမှထမြောက်စေတော်မူသော နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ဤသူသည် သင်တို့မျက်မှောက်၌ ကျန်းမာလျက် ရှိသည်ကို သင်တို့မှစ၍ ဣသရေလလူအပေါင်းတို့ သိမှတ်ကြလော့။
11 Nhờ Chúa Giê-xu, người khuyết tật này được lành mạnh và đứng trước mặt quý vị. ‘Chúa là Tảng Đá bị thợ xây nhà loại bỏ, nhưng đã trở thành Tảng Đá móng.’
၁၁ထိုသခင်ကား၊ သင်တို့သည်တိုက်ကို တည်လုပ်သောအခါ ပယ်ထား၍၊ နောက်တဖန် တိုက်ထောင့် အထွဋ်ဖျားသို့ရောက်ပြန်သော ကျောက်ဖြစ်တော်မူ၏။ ထိုသခင်မှတပါးအဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။
12 Chẳng có sự cứu rỗi trong đấng nào khác! Vì dưới bầu trời này, chúng ta không thể kêu cầu danh nào khác để được cứu rỗi.”
၁၂ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား မြွက်ဆို၏။
13 Mọi người đều ngạc nhiên khi thấy Phi-e-rơ và Giăng rất can đảm, dù họ ít học. Họ cũng nhận ra hai ông đã từng sống với Chúa Giê-xu.
၁၃ထိုသူတို့သည် ပေတရုနှင့် ယောဟန်တို့၏ ရဲရင့် ခြင်းသတ္တိကို မြင်၍၊ လူတတ်မဟုတ်၊ လူသာမညသာ ဖြစ်သည်ကို သိမှတ်သဖြင့် အံ့ဩ၍နေကြ၏။ ထိုသူနှစ် ယောက်တို့သည် အထက်ကယေရှုနှင့်အတူ ရှိသည်ကို သတိရ၍၎င်း၊
14 Nhưng thấy người liệt chân đã được chữa lành đứng cạnh hai ông, họ không biết ăn nói làm sao.
၁၄အနာကင်းလွတ်သော သူသည် ထိုသူတို့နှင့် အတူ ရှိနေသည်ကို မြင်၍၎င်း၊ ငြင်းခုံဆိုဘွယ်ရာ မရှိမတွေ့ကြ။
15 Vậy, họ ra lệnh đem hai ông ra khỏi hội đồng và bắt đầu thảo luận.
၁၅တမန်တော်တို့ကိုလွှတ်တော်မှ ထွက်သွား စေပြီး လျှင်၊ ဤသူတို့ ကို အဘယ်သို့ပြုရမည်နည်း။
16 Họi hỏi nhau: “Chúng ta phải xử hai người này thế nào? Thật, họ đã làm một phép lạ hiển nhiên, cả dân thành Giê-ru-sa-lem đều biết rõ, chúng ta không thể chối cãi.
၁၆သူတို့သည် ထင်ရှားစွာသော နိမိတ်လက္ခဏာကို ပြပြီးသည်ကို၊ ယေရုရှလင်မြို့၌နေသော သူအပေါင်း တို့သည် သိမြင်ကြ၏။ ငါတို့သည်လည်း ငြင်းခုံခြင်းငှါ မတတ်နိုင်ပြီ။
17 Nhưng để việc này không đồn ra trong dân chúng, chúng ta phải cảnh cáo, không cho họ truyền bá Danh Chúa Giê-xu nữa!”
၁၇သို့သော်လည်း လူများအထဲ၌သာ၍ မနှံ့မပြား စေခြင်းငှါ၊ နောက်တဖန် ထိုနာမကို အမှီပြုလျက် အဘယ်သူကိုမျှ မဟောမပြောနှင့် ဟူ၍ သူတို့ကို ကျပ်တည်းစွာ ခြိမ်းချောက်ကြကုန်အံ့ဟု အချင်းချင်းတိုင် ပင်ပြီးမှ၊
18 Họ đòi các sứ đồ vào và ra lệnh cấm giảng dạy trong Danh Chúa Giê-xu.
၁၈တမန်တော်တို့ကိုခေါ်၍၊ ယေရှု၏ နာမကို အမှီပြုလျက် ဟောပြောသွန်သင်ခြင်းကို အလျှင်းမပြုနှင့် ဟု အမိန့်ရှိကြ၏။
19 Nhưng Phi-e-rơ và Giăng trả lời: “Các ông nghĩ Đức Chúa Trời muốn chúng tôi vâng lời các ông hay vâng lời Ngài?
၁၉ပေတရုနှင့် ယောဟန်တို့ကလည်း၊ ဘုရားသခင်၏ စကားတော် ကိုနားထောင်သည်ထက် သင်တို့၏ စကားကိုသာ၍နားထောင်သော်၊ ဘုရားသခင့်ရှေ့မှာ ကောင်းမည်မကောင်းမည်ကို ဆင်ခြင်၍ စီရင်ကြ လော့။
20 Chúng tôi không thể ngưng nói những điều chúng tôi đã thấy và nghe.”
၂၀ငါတို့သည်ကြားလျက်၊ မြင်လျက်ရှိသောအရာ တို့ကိုမဟော မပြောဘဲမနေနိုင်ဟု ထိုသူတို့အား ဆိုကြ၏။
21 Sau khi hăm dọa lần nữa, họ thả hai ông ra vì sợ dân chúng, họ không biết phải trừng phạt thế nào. Vì dân chúng đều ngợi tôn Đức Chúa Trời
၂၁ထိုအခါတမန်တော်တို့၌ အပြစ်ဒဏ်ပေးသင့် သော အကြောင်းကို မတွေ့သဖြင့် တဖန် ခြိမ်းချောက် ပြီးလျှင်လွှတ်ကြ၏။
22 về phép lạ này—chữa lành người liệt chân trên bốn mươi năm.
၂၂အကြောင်းမူကား၊ အနာကင်းခြင်း နိမိတ် လက္ခဏာကို ခံရသော သူသည် အသက်လေးဆယ်ကျော် ရှိသည်ဖြစ်၍ လူအပေါင်းတို့သည် ထိုအမှုကို ထောက်လျက် ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။
23 Vừa được tự do, Phi-e-rơ và Giăng liền trở về với anh chị em tín hữu, kể lại những lời hăm dọa của các trưởng tế và các trưởng lão.
၂၃တမန်တော်တို့သည် လွတ်သောအခါ၊ မိမိတို့ အပေါင်းအသင်း ရှိရာသို့သွား၍၊ မိမိတို့အား ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူအကြီးအကဲတို့ ပြောဆိုသမျှကို ပြန်ကြားကြ၏။
24 Nghe xong, mọi người đồng lòng cầu xin Đức Chúa Trời: “Lạy Chúa Chí Cao, Đấng Sáng Tạo trời và đất, biển, và vạn vật trong đó.
၂၄ထိုသူများတို့သည်ကြားရလျှင်၊ တညီတညွတ် တည်း ဘုရားသခင့် ထံသို့အသံကိုလွှင့်လျက်၊ အစိုးရတော် မူသေအရှင်၊ ကိုယ်တော်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ ထိုအရပ်တို့၌ ရှိသမျှတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။
25 Chúa Thánh Linh của Ngài đã phán qua môi miệng Đa-vít, tổ tiên chúng con và là đầy tớ Ngài: ‘Tại sao các quốc gia cuồng giận? Tại sao các dân tộc âm mưu vô ích?
၂၅ကိုယ်တော်ကလည်း၊ လူမျိုးတို့သည် အဘယ် ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း။ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီး ကြံစည်ကြသနည်း။
26 Các vua trên thế giới nổi dậy; các cai trị liên minh chống lại Chúa Hằng Hữu và Đấng Mết-si-a của Ngài?’
၂၆လောကီရှင်ဘုရင်တို့သည် ထကြ၍၊ မှူးမတ် အရာရှိတို့လည်း ထာဝရဘုရားနှင့် ခရစ်တော်ကို ရန်ဘက်ပြုလျက် စည်းဝေးကြ၏ဟု ကိုယ်တော် ကျွန်ဒါ ဝိဒ်၏ နှုတ်ဖြင့်ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊
27 Thật vậy, việc này đã xảy ra trong thành phố này! Hê-rốt, Bôn-xơ Phi-lát, dân ngoại, và người Ít-ra-ên đã cấu kết nhau chống lại Chúa Giê-xu, Đầy Tớ Thánh của Ngài, Đấng mà Ngài xức dầu.
၂၇ဟေရုဒ်မင်း၊ ပုန္တိပိလတ်မင်းမှစ၍ ဣသရေလ အမျိုးသား၊ တပါး အမျိုးသားတို့သည်၊
28 Nhưng vô tình họ đã thực hiện chương trình của Ngài.
၂၈ကိုယ်တော်၏ အလိုရှိသည်အတိုင်း၊ ရှေးမဆွ ကလက်တော်ဖြင့် ခွဲခန့်မှတ်သားတော်မူနှင့်သမျှတို့ကို ပြုခြင်းငှါ ဘိသိတ်ပေးတော်မူသော သားတော်မြတ် ယေရှုကို ဤမြို့၌ရန်ဘက်ပြု၍ စည်းဝေးကြပြီ၊ အမှန် ဖြစ်ပါ၏။
29 Lạy Chúa, xin ghi nhớ lời người đe dọa và xin cho các đầy tớ Chúa đủ can đảm công bố lời Chúa.
၂၉အိုထာဝရဘုရား၊ ယခုအခါ ထိုသူတို့၏ ခြိမ်း ချောက်ခြင်းကို မှတ်တော်မူပါ။
30 Xin Chúa đưa tay chữa bệnh; thực hiện phép lạ và việc quyền năng nhân danh Chúa Giê-xu, Đầy Tớ Thánh của Ngài!”
၃၀အနာရောဂါငြိမ်းစေခြင်းငှါ လက်တော်ကို ဆန့်တော်မူ၍၊ သန့်ရှင်းသော သားတော်ယေရှု၏ နာမ တော်အားဖြင့် နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ဖြစ်စေတော်မူစဉ်တွင်၊ ကိုယ်တော်၏ ကျွန်တို့ သည် နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာ ဟောပြောပါမည် အကြောင်း ကယ်မတော် သနားတော်မူပါဟု ဆုတောင်း ကြ၏။
31 Khi cầu nguyện xong, phòng họp rúng chuyển, mọi người đều đầy tràn Chúa Thánh Linh. Và họ công bố đạo Đức Chúa Trời cách dạn dĩ.
၃၁ထိုသို့ဆုတောင်းပဌနာပြုပြီးမှ၊ စုဝေးသော အရပ်သည် တုန်လှုပ်၍၊ ထိုသူအပေါင်းတို့သည် သန့်ရှင်း သော ဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ရဲ့ရင့်စွာဟော ပြောကြ၏။
32 Số tín hữu đông đảo ấy đều đồng tâm hiệp ý. Không ai coi tài sản mình là của riêng, nhưng kể mọi vật là của chung.
၃၂ယုံကြည်သောသူအပေါင်းတို့သည် စိတ်နှလုံး တညီတညွတ် တည်းရှိကြ၍၊ အဘယ်သူမျှ မိမိဥစ္စာတစုံ တခုကို ငါ့ဥစ္စာဟူ၍မဆိုဘဲလျက်၊ ရှိသမျှသောဥစ္စာတို့ကို ဆက်ဆံသဖြင့် သုံးဆောင်ကြ၏။
33 Các sứ đồ đầy dẫy quyền năng, truyền giảng sự sống lại của Chúa Giê-xu, và ơn phước của Đức Chúa Trời ngập tràn trên họ.
၃၃သခင်ယေရှု ထမြောက်တော်မူခြင်း အကြောင်း ကို တမန်တော် တို့သည် ကြီးသော တန်ခိုးနှင့် သက်သေခံ ၍၊ ထိုသူအပေါင်းတို့သည် ကြီးသော ကျေးဇူးတော်နှင့် ပြည့်စုံကြ၏။
34 Không một tín hữu nào túng thiếu vì nhiều người bán nhà cửa, ruộng đất
၃၄ထိုသူတို့တွင် ဆင်းရဲသောသူတယောက်မျှမရှိ။ အကြောင်း မူကား၊ အိမ်၊ မြေကွက်ကို ပိုင်သော သူရှိသမျှ တို့သည် ရောင်းပြီးလျှင်၊ ရသောအဘိုးကိုယူဆောင်ခဲ့၍၊
35 và trao tiền cho các sứ đồ phân phối cho tín hữu tùy theo nhu cầu mỗi người.
၃၅တမန်တော်တို့၏ ခြေရင်း၌ထားကြသဖြင့်၊ လူများဆင်းရဲသည်အတိုင်း အသီးအသီးတို့အား ဝေငှပေး ကမ်းကြ၏။
36 Chẳng hạn có Giô-sép—thuộc đại tộc Lê-vi, sinh quán ở đảo Síp, được các sứ đồ gọi là Ba-na-ba (nghĩa là “Con Trai của Sự An Ủi”).
၃၆ယောသေအမည်ရှိ၍ သက်သာစေခြင်း၏ သားဟုဆိုလိုသော ဗာနဗအမည်သစ်ကို တမန်တော်တို့ သမုတ်ခြင်းအားဖြင့်ရသော ကုပရုပြည်သား လေဝိ လူတယောက်သည်၊
37 Ông cũng bán đám đất của mình rồi trao tiền cho các sứ đồ.
၃၇မိမိပိုင်သော မြေကိုရောင်းပြီးလျှင်၊ ရသော ငွေကိုယူဆောင်ခဲ့၍ တမန်တော်တို့၏ ခြေရင်း၌ ထားလေ၏။