< Công Vụ Các Sứ đồ 28 >
1 Thoát nạn xong, chúng tôi được biết đây là đảo Man-ta.
၁ကုန်းပေါ်သို့ ရောက်သောအခါ၊ ထိုကျွန်းကား မေလိတေကျွန်းဖြစ်သည်ကို သိကြ၏။
2 Thổ dân tiếp đãi chúng tôi rất niềm nở. Trời đang mưa gió lạnh lẽo, họ đốt lửa bên bờ biển và tiếp đón chúng tôi.
၂မိုဃ်းရွာ၍ ချမ်းသောကြောင့်လူရိုင်းတို့သည် မီးမွေးပြီးလျှင်၊ ငါတို့အပေါင်းကို လက်ခံ၍ အထူးသဖြင့် ကျေးဇူးပြုကြ၏။
3 Phao-lô gom một bó củi bỏ vào lửa, một con rắn độc bị nóng bò ra, cắn tay ông.
၃ပေါလုသည် ထင်းကိုစုသိမ်း၍ မီးပေါ်မှာ ထည့်စဉ်တွင်၊ မြွေဆိုးသည်မီးငွေ့ထဲကထွက်၍ ပေါလု၏ လက်ကို တွယ်လျက်နေ၏။
4 Nhìn thấy rắn đeo nơi cánh tay Phao-lô, thổ dân bảo nhau: “Anh này đúng là kẻ sát nhân, dù khỏi chết chìm ngoài biển, lưới trời cũng không thoát được!”
၄ထိုလူရိုင်းတို့သည်မြင်လျှင်၊ ဤလူကား၊ လူ အသက်ကို သတ်သောသူ အမှန်ဖြစ်၏။ ပင်လယ်ဘေးမှ လွတ်သော်လည်း၊ အသက်ရှင်စေခြင်းငှါ တရားသည် အခွင့်မပေးဟု အချင်းချင်းဆိုကြ၏။
5 Nhưng Phao-lô rảy con rắn vào lửa, và không hề hấn gì.
၅ပေါလုသည်မြွေကို မီးထဲသို့ခါချ၍ အဘယ် ဘေးမျှမသင့်။
6 Thổ dân tưởng ông sẽ bị sưng phù hoặc ngã chết tức khắc, nhưng đợi lâu chẳng thấy gì, họ đổi ý cho rằng ông là thần thánh.
၆သူသည်တကိုယ်လုံးရောင်မည်၊ တခဏခြင်း တွင်လဲ၍သေမည်ဟု ထိုသူတို့သည်ကြာမြင့်စွာ ငံ့လင့် သော်လည်း၊ သူ၌မကောင်းသော အပြစ်တစုံတခုကိုမျှ မမြင်လျှင် သဘောပြောင်းလဲ၍ ဤသူကားနတ် ဘုရား ဖြစ်သည်ဟု ဆိုကြ၏။
7 Cạnh bãi biển là khu đất của chúa đảo Búp-liêu. Ông tiếp đãi chúng tôi thật nồng hậu trong ba ngày.
၇ထိုအရပ်နှင့်မနီးမဝေးပုဗလိ အမည်ရှိသော ကျွန်းသူကြီး၏ နေရာရှိ၏။ ထိုသူကြီးသည် ငါတို့ကိုလက်ခံ ၍၊ သုံးရက်ပတ်လုံး ကောင်းမွန်စွာ လုပ်ကျွေးပြုစုလေ၏။
8 Cha của Búp-liêu bị sốt và bệnh lỵ, đang nằm trên giường bệnh. Phao-lô vào thăm, cầu nguyện và đặt tay chữa lành cho ông.
၈ပုဗလိမင်း၏အဘသည်ဖျားနာနှင့် ဝမ်းကျသွေးသွန်နာစွဲ၍၊ တုံးလုံးနေသည်ကို ပေါလုဝင်၍ ဆုတောင်း ပြီးမှ၊ သူ့အပေါ်၌ လက်တင်၍ အနာကို ငြိမ်းစေ၏။
9 Những người đau ốm trong đảo thấy thế liền kéo nhau đến và đều được chữa lành.
၉ဤသို့ပြုသောကြောင့်၊ ထိုကျွန်း၌ အနာရောဂါစွဲသော အခြားသူရှိသမျှတို့သည် လာ၍ ချမ်းသာခြင်းကို ရကြ၏။
10 Do đó họ càng hậu đãi chúng tôi. Khi chúng tôi từ biệt ra đi, họ mang cho chúng tôi đủ mọi thức cần dùng.
၁၀ထိုသူတို့သည် များစွာသော လက်ဆောင်တို့ကို ပေး၍ ၊ ငါတို့သည် လွှင့်ပြန်သောအခါ၊ ရိက္ခာများကို လည်း သင်္ဘောပေါ်သို့ တင်ကြ၏။
11 Ba tháng sau khi đắm tàu, chúng tôi xuống một chiếc tàu khác trú tại đảo suốt mùa Đông. Tàu từ đảo A-léc-xan-ri-a đến, mũi tàu có chạm hai vị thần song sinh Cát-tơ và Pôn-lút.
၁၁သုံးလလွန်လျှင်၊ နတ်သားအမြွှာတို့၏ ရုပ်တု ပါသော ထိုကျွန်း၌ ဆောင်းကာလပတ်လုံးနေခဲ့ဘူးသော အာလေဇန္ဒြိသင်္ဘောကို ငါတို့သည် စီးပြန်၍၊
12 Chúng tôi ghé lại Sy-ra-quy ba ngày.
၁၂သုရကုတ်မြို့သို့ဆိုက်လျှင် သုံးရက်နေကြ၏။
13 Từ đó đi vòng lên Rê-ghi-um. Ngày sau, gió nam bắt đầu thổi, nên chạy thêm một ngày nữa chúng tôi đến Bu-tô-li.
၁၃ထိုမြို့မှလွှင့်ပြန်၍ ဝိုက်သွားသဖြင့်၊ ရေဂျုန်မြို့ သို့ရောက်၍ တရက်နေပြီးမှ တောင်လေလာသော ကြောင့်၊ နှစ်ရက်တွင်ပေါတယောလိ မြို့သို့ရောက်ကြ၏။
14 Các anh chị em tín hữu tại đây mời chúng tôi ở lại một tuần lễ. Sau đó chúng tôi đến La Mã.
၁၄ထိုမြို့၌ ညီအစ်ကိုအချို့တို့ကိုတွေ့၍ ခုနစ်ရက် နေကြပါဟု သူတို့သည်တောင်းပန်သည် အတိုင်းနေပြီးမှ၊ ရောမမြို့သို့ ခရီးသွားကြ၏။
15 Anh chị em tín hữu thủ đô La Mã nghe tin, liền ra công trường Áp-bi-u và Ba Quán đón tiếp. Nhìn thấy anh chị em, Phao-lô cảm tạ Đức Chúa Trời và tinh thần được phấn khởi.
၁၅ရောမမြို့သားညီအစ်ကိုတို့သည် ငါတို့လာကြောင်းကို ကြားသိလျှင်၊ ခရီးဦးကြိုပြုအံ့သောငှါ အချို့တို့ သည် အပ္ပိဈေးတိုင်အောင်၎င်း၊ အချို့တို့သည် သုံးစရပ်တိုင်အောင်၎င်းလာကြ၏။ ပေါလုသည် ထိုသူတို့ကို မြင်လျှင်၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း၍ စိတ်သက်သာခြင်းသို့ ရောက်လေ၏။
16 Đến La Mã, Phao-lô được phép ở đâu tùy ý, chỉ có một người lính canh giữ.
၁၆ရောမမြို့သို့ရောက်ကြသောအခါ တပ်မှူးသည် အကျဉ်းခံသောသူတို့ကို ကိုယ်ရံတော်မှူး၌ အပ်လေသော်၊ ပေါလုသည်မိမိကို စောင့်သောစစ်သူရဲတယောက်နှင့် အတူမိမိအလိုအလျောက်နေရသော အခွင့်ကိုရ၏။
17 Ba ngày sau, Phao-lô mời các lãnh tụ Do Thái đến họp. Ông giải thích: “Thưa các ông, tôi chẳng làm điều gì phản dân hại nước, hay trái với tục lệ tổ tiên, nhưng tôi bị bắt tại Giê-ru-sa-lem và giao nộp cho người La Mã.
၁၇သုံးရက်လွန်သောအခါ၊ ပေါလုသည် ယုဒလူ အကြီးအကဲတို့ကို ခေါ်၍စုဝေးစေပြီးလျှင်၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ယုဒလူမျိုးကို မပြစ်မှား၊ မိစဉ်ဘဆက် ကျင့်သောထုံးတမ်းကို မပယ်သောသူဖြစ်လျက်ပင်၊ ယေရှုရှလင်မြို့သားတို့သည် အကျွန်ုပ်ကို အကျဉ်းထား၍ ရောမလူတို့ လက်သို့ အပ်လိုက်ကြ၏။
18 Người La Mã xét thấy tôi không phạm tội gì đáng bị tử hình, muốn trả tự do cho tôi.
၁၈ရောမလူတို့သည် အကျွန်ုပ်ကိုစစ်ကြောပြီးမှ၊ သေထိုက်သော အပြစ်တစုံတခုကိုမျှ မတွေ့သဖြင့် လွှတ်ခြင်းငှါအလိုရှိကြ၏။
19 Nhưng một số lãnh đạo Do Thái phản đối, nên tôi buộc lòng phải khiếu nại lên Sê-sa, chứ không phải tôi đến đây tố cáo dân tộc tôi.
၁၉ထိုအလိုကိုယုဒလူတို့သည် ဆီးတားသောအခါ၊ ကဲသာဘုရင်၏ အယူတော်ခံပါမည်ဟုအကျွန်ုပ် ဆိုရ၏။ ထိုသို့ဆိုသော် အမျိုးသားချင်းတို့ကို အပြစ်တင်စရာ တစုံတခုရှိသောကြောင့်ဆိုသည်မဟုတ်။ ထိုကြောင့် သင်တို့ကိုမြင်၍ နှုတ်ဆက်ခြင်းငှါ အကျွန်ုပ်ခေါ်ပါပြီ။
20 Vì thế tôi mời các ông đến giáp mặt chuyện trò. Chính vì niềm hy vọng của dân tộc Ít-ra-ên mà tôi mang xiềng xích này.”
၂၀ဣသရေလအမျိုး၏မြောက်လင့်ရာ အတွက်ကြောင့်၊ အကျွန်ုပ်သည် ဤသံကြိုးနှင့်ချည်နှောင်ခြင်းကို ခံရပါ၏ဟု ပြောဆိုလျှင်၊
21 Họ đáp: “Chúng tôi chẳng nhận được thư từ gì từ xứ Giu-đê nói về anh, cũng chẳng có ai từ Giê-ru-sa-lem đến đây tố cáo anh cả.
၂၁ထိုသူတို့က၊ သင်၏အကြောင်းကို ကြားလိုက်သောစာကို ယုဒပြည်မှအကျွန်ုပ်တို့မရကြ။ ထိုပြည်မှ လာသော ညီအစ်ကိုတို့တွင် အဘယ်သူမျှ သင်၌ အပြစ် ရှိကြောင်းကို မကြားမပြောပါ။
22 Tuy nhiên chúng tôi mong được nghe anh trình bày những gì anh tin, vì chúng tôi biết Đạo này bị phản đối khắp nơi.”
၂၂သို့သော်လည်း ဤဘာသာသည် အရပ်ရပ်တို့၌ ကဲ့ရဲ့အပြစ်တင်ခြင်းကို ခံရသော ဘာသာဖြစ်သည်ကို အကျွန်ုပ်တို့သိကြသည်ဖြစ်၍ သင်၏အယူဝါဒကို သင်သည် ကိုယ်တိုင်တော်ပြသောစကားကို အကျွန်ုပ် တို့သည် နားထောင်သင့်သည်ထင်ပါ၏ဟု ဆိုကြလျှင်၊
23 Đúng kỳ hẹn, họ kéo đến đông hơn trước, họp tại nhà trọ của Phao-lô. Suốt ngày, Phao-lô giảng luận về Nước của Đức Chúa Trời, dùng năm sách Môi-se và các sách tiên tri trình bày về Chúa Giê-xu.
၂၃နေ့ရက်ကိုချိန်းချက်၍ လူများတို့သည်ပေါလု တည်းခိုရာ အရပ်သို့ လာကြသည်ရှိသော်၊ ပေါလုသည် ဘုရားသခင်၏ နိုင်ငံတော် အကြောင်းကိုသက်သေခံ သဖြင့်၎င်း၊ ထိုသူတို့သည် ယေရှု၏အကြောင်းများကို ယုံကြည်စေခြင်းငှါ၊ မောရှေ၏ပညတ္တိကျမ်းနှင့် အနာဂတ္တိ ကျမ်းတို့ကို အမှီပြု၍ ဖြားယောင်းသွေးဆောင် သဖြင့်၎င်း၊ နံနက်အချိန်မှစ၍ ညအချိန်တိုင်အောင်ထုတ်သော် ဟောပြောလေ၏။
24 Một số thính giả được thuyết phục tin Chúa, nhưng số còn lại vẫn không tin.
၂၄အချို့တို့သည် ပေါလု၏စကားကို ယုံကြ၏။ အချို့တို့သည် မယုံဘဲနေကြ၏။
25 Thấy họ bất đồng ý kiến với nhau và sửa soạn ra về, Phao-lô kết luận: “Quả đúng như lời Chúa Thánh Linh đã dùng tiên tri Y-sai phán dạy:
၂၅ထိုသို့အချင်းချင်းသဘောကွဲပြား၍ သွားကြ၏။ သွားကြစဉ်တွင် ပေါလုသည် စကားတခွန်းကို ပြောလိုက် သည်မှာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ပရောဖက် ဟေရှာယအားဖြင့် မိန့်တော်မူချက်ဟူမူကား၊
26 ‘Hãy đến nói với dân này: Các ngươi nghe điều Ta nói mà các ngươi không hiểu. Các ngươi thấy điều Ta làm mà các ngươi không nhận biết.
၂၆သင်တို့သည် ကြားလျက်ပင်အနက်ကို နား မလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲ မြင်ကြလိမ့် မည်ဟု ထိုလူမျိုးရှိရာသို့ သွား၍ပြောလော့။
27 Vì lòng dân này chai lì, đôi tai nghễnh ngãng, và đôi mắt khép kín— nên chúng không thể thấy, tai không thể nghe, lòng không thể hiểu, và chúng không thể quay về với Ta để được Ta chữa lành cho.’
၂၇အကြောင်းမူကား၊ သူတို့မျက်စိမမြင်၊ နား မကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ သူတို့အနာ ရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင် သူတို့၏ စိတ်နှလုံးသည် မိုက်လျက်၊ နားသည်ထိုင်းလျက်၊ ကိုယ်မျက်စိကိုပိတ်လျက် ရှိကြ၏ဟုငါတို့ဘိုးဘေးများအား လျောက်ပတ်စွာ မိန့်တော်မူ၏။
28 Tôi xin loan báo cho các anh biết: Đạo cứu rỗi của Đức Chúa Trời đã được truyền giảng cho dân ngoại và họ sẽ tin nhận.”
၂၈ထိုကြောင့် ဘုရားသခင်၏ ကယ်တင်တော်မူ ခြင်း ကျေးဇူးတော်ကို တပါးအမျိုးသားတို့အား ပေးလိုက် သည်ဖြစ်၍၊ သူတို့သည်နားထောင်မည်အရာကို သင်တို့ သိမှတ်ကြလော့ဟု၊
၂၉ပေါလုပြောဆိုပြီးမှ၊ ယုဒလူတို့သည် သွား၍ အချင်းချင်းများစွာသော ဆွေးနွေးနှီးနှောခြင်းရှိကြ၏။
30 Suốt hai năm, Phao-lô sống tại La Mã trong một căn nhà thuê. Ông tiếp đón những người đến thăm ông,
၃၀ထိုနောက်မှပေါလုသည် နှစ်နှစ်ပတ်လုံး မိမိငှါးသော အိမ်၌နေသဖြင့်၊ မိမိထံသို့လာသော သူအပေါင်း တို့ကို ဧည့်ခံ၍၊
31 công bố Nước của Đức Chúa Trời, và giảng dạy về Chúa Cứu Thế Giê-xu cách bạo dạn. Không bị ai ngăn cấm.
၃၁အဘယ်သူမျှမမြစ်တားဘဲ၊ ဘုရားသခင်၏ နိုင်ငံတော် အကြောင်းကိုအတည့်အလင်းဟောပြော၍၊ သခင်ယေရှုခရစ်၏ အကြောင်းများကို သွန်သင်ပြသလျက်နေ၏။