< I Ti-mô-thê 5 >
1 Con đừng nặng lời quở trách người lớn tuổi nhưng lễ phép khuyên giải họ như cha. Phải khuyên bảo thanh niên như anh chị em,
၁အသက်ကြီးသောသူကို ကျပ်တည်းစွာ မဆုံးမနှင့်။ အဘကဲ့သို့ မှတ်၍ တောင်းပန်လော့။ လူပျိုတို့ကို ညီအစ်ကိုကဲ့သို့၎င်း၊
2 phụ nữ lớn tuổi như mẹ, thiếu nữ như chị em, với lòng trong sạch hoàn toàn.
၂အသက်ကြီးသောမိန်းမတို့ကို အမိကဲ့သို့၎င်း၊ မိန်းမပျိုတို့ကို အလွန်စင်ကြယ်သော အခြင်းအရာနှင့် တကွ၊ နှမကဲ့သို့၎င်း မှတ်၍ကျင့်လော့။
3 Hội Thánh nên săn sóc những quả phụ không còn nơi nương tựa.
၃မုတ်ဆိုးမအမှန်ဖြစ်သော မိန်းမတို့ကို မစလုပ်ကျွေးလော့။
4 Quả phụ nào còn con cháu, trước hết con cháu phải lo phụng dưỡng mẹ già và người thân thuộc, vì điều đó vui lòng Đức Chúa Trời.
၄သားမြေးရှိသော မုတ်ဆိုးမဖြစ်လျှင်၊ ထိုသားမြေးတို့သည် ရှေးဦးစွာ ဘုရားဝတ်ကို ရည်မှတ်လျက်၊ မိမိအိမ်ကို ပြုစု၍ မိဘဘိုးဘွား၌ ကျေးဇူးဆပ်ခြင်းငှါ သင်ကြစေ။ ထိုအမှုသည် ဘုရားသခင်နှစ်သက်တော်မူ သောအမှုဖြစ်၏။
5 Quả phụ không nơi nương tựa đã đặt hy vọng mình nơi Đức Chúa Trời, ngày đêm cầu nguyện nài xin.
၅မုတ်ဆိုးမအမှန်ဖြစ်၍ တယောက်တည်းကျန်ရစ်သောမိန်းမသည်၊ ဘုရားသခင်ကို ကိုးစား၍ ဆုတောင်း ပဌာနပြုခြင်း၌ နေ့ညဉ့်မပြတ် တည်နေတတ်၏။
6 Nhưng các quả phụ mãi mê vui chơi dù sống cũng như chết.
၆ကာမဂုဏ်စည်းစိမ်၌ပျော်မွေ့သော မုတ်ဆိုးမမူကား၊ အသက်ရှိလျက်ပင် အသေဖြစ်၏။
7 Con hãy dạy rõ để họ khỏi bị khiển trách.
၇ထိုသူတို့ကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှါ ဤသို့ ပညတ်ထားလော့။
8 Ai không săn sóc bà con thân thuộc, nhất là gia đình mình, là người chối bỏ đức tin, còn xấu hơn người không tin Chúa.
၈မိမိလူတို့ကိုမပြုစု၊ ထိုမျှမက၊ မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား၊ ယုံကြည်ခြင်း တရားကို ငြင်းပယ်၏။ မယုံကြည်ဘူးသော သူထက်သာ၍ ယုတ်မာ၏။
9 Quả phụ muốn được ghi tên vào danh sách, phải trên sáu mươi tuổi, chỉ có một đời chồng,
၉မုတ်ဆိုးမသည် အသက်ခြောက်ဆယ်မပြည့်လျှင်၊ စာရင်းအင်း မဝင်စေနှင့်။ လင်တယောက်တည်း ရှိဘူးသောသူ၊
10 nổi tiếng nhân đức, biết nuôi dạy con cái, tiếp đãi tân khách, phục vụ thánh đồ, cứu giúp người hoạn nạn và siêng năng làm việc lành.
၁၀ကောင်းသောအကျင့်ကိုကျင့်၍ အသရေရှိသောသူ၊ သူငယ်တို့ကို ကျွေးမွေးခြင်း၊ ဧည့်သည်ဝတ်ပြုခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲသောသူတို့ကို လုပ်ကျွေးခြင်း၊ ကောင်းသောအမှုရှိသမျှတို့၌ ကြိုးစား အားထုတ်ခြင်းကို ပြုဘူးသောသူဖြစ်လျှင်၊ စာရင်းအင်း ဝင်စေ။
11 Nhưng đừng cho những quả phụ còn trẻ gia nhập đoàn thể ấy, vì khi dục tình thắng hơn lòng kính mến Chúa Cứu Thế, họ đổi ý đòi lấy chồng,
၁၁အသက်အရွယ်နုပျိုသော မုတ်ဆိုးမတို့ကို ပယ်လော့။ အကြောင်းမူကား၊ ထိုသူတို့သည် ခရစ်တော်၏ ဆုံးမခြင်းကို သည်းမခံ။ အိမ်သင့်ခြင်း ငါအလိုရှိလျှင်၊
12 nên mắc tội bội lời hứa nguyện ban đầu.
၁၂အရင်သစ္စာကို ဖျက်သောကြောင့် အပြစ်သင့်ခြင်းသို့ ရောက်ကြလိမ့်မည်။
13 Hơn nữa, họ quen thói ở không, đi hết nhà này sang nhà khác, lại còn ngồi lê đôi mách, xen vào việc người khác, nói những lời không đáng nói.
၁၃ထိုမှတပါး၊ တအိမ်မှတအိမ်သို့လည်၍ ပျင်းရိတတ်ကြ၏။ ပျင်းရိသည်သာမက၊ စကားများ၍ မပြော အပ်သောအရာကို ပြောသဖြင့်၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူဖြစ်တတ်ကြ၏။
14 Vì thế, ta khuyên những quả phụ còn trẻ nên lấy chồng, sinh con cái, lo tề gia nội trợ, để người thù nghịch không thể nào chê trách được.
၁၄ထိုကြောင့်၊ အသက်အရွယ်နုပျိုသော မုတ်ဆိုးမတို့သည် အိမ်သင့်ခြင်း၊ သားဘွားခြင်း၊ အိမ်မှုကို ကြည့်ရှုပြုစုခြင်း၊ ကဲ့ရဲ့စရာအခွင့်ကို ရန်သူအား မပေးဘဲနေခြင်း အမှုများကို ပြုစေခြင်းငှါ ငါအလိုရှိ၏။
15 Đã có mấy quả phụ lìa bỏ Hội Thánh, theo quỷ Sa-tan.
၁၅အကြောင်းမူကား၊ ယခုပင်အချို့တို့သည် လမ်းလွဲ၍ စာတန်နောက်သို့ လိုက်သွားကြပြီ။
16 Nếu tín hữu nào có quả phụ trong nhà thì phải lo cấp dưỡng, đừng phiền đến Hội Thánh, để Hội Thánh có thể cấp dưỡng những quả phụ không nơi nương tựa.
၁၆ယုံကြည်သော ယောက်ျားမိန်းမ၌ မုတ်ဆိုးမရှိလျှင်၊ ကိုယ်တိုင်လုပ်ကျွေးစေ။ သို့ပြုလျှင်၊ အမှန်ဖြစ် သော မုတ်ဆိုးမတို့ကို အသင်းတော်သည် အနှောင့်အရှက်မရှိစေဘဲ လုပ်ကျွေးနိုင်လိမ့်မည်။
17 Con hãy hết lòng tôn kính các trưởng lão khéo lãnh đạo Hội Thánh, đặc biệt là những người đã dày công truyền giáo và giáo huấn.
၁၇ကောင်းမွန်စွာ အုပ်သောသင်းအုပ်တို့သည် အလှူနှစ်ဆကို ခံထိုက်သောသူဖြစ်သည်ဟူ၍၎င်း၊ တရားဟောခြင်း၊ ဆုံးမဩဝါဒပေးခြင်းအမှုကို ကြိုးစားအားထုတ်သောသူတို့သည်။ အလှူနှစ်ဆကို အထူးသဖြင့် ခံထိုက်သောသူဖြစ်သည်ဟူ၍၎င်း မှတ်ရမည်။
18 Vì Thánh Kinh đã dạy: “Con đừng khớp miệng con bò đang đạp lúa,” và “Người làm việc thì xứng đáng lãnh thù lao.”
၁၈အကြောင်းမူကား၊ စပါးနင်းနယ်သောနွား၏ နှုတ်ကိုမချုပ်တည်းရဟုကျမ်းစာလာ၏။ တချက်ကား၊ လုပ်ဆောင်သောသူသည် အခကို ခံထိုက်ပေးသည်ဟု လာပြန်၏။
19 Đừng nhận đơn tố cáo trưởng lão khi chưa có hai hoặc ba người làm chứng.
၁၉သက်သေခံနှစ်ဦးသုံးဦးမရှိလျှင်၊ သင်းအုပ်၌ အပြစ်တင်သော စကားကို နားမထောင်နှင့်။
20 Hãy khiển trách người có lỗi trước mặt mọi người để làm gương cho người khác.
၂၀ကြွင်းသောသူတို့သည် ကြောက်စေခြင်းငှါ အပြစ်ရှိသော သူတို့ကို လူအပေါင်းတို့ရှေ့မှာ အပြစ်တင် ၍ ဆုံးမလော့။
21 Trước mặt Đức Chúa Trời, Chúa Cứu Thế Giê-xu, và các thiên sứ được chọn, ta long trọng khuyên bảo con hãy giữ đúng huấn thị này, gác bỏ mọi thành kiến, không thiên vị người nào.
၂၁ရှေ့မဆွကမစီရင်၊ ငဲ့ကွက်သောစိတ်နှင့်အလျှင်းမပြုဘဲ၊ ဤပညတ်များကို စောင့်ရှောက်မည် အကြောင်း၊ ဘုရားသခင်နှင့် သခင်ယေရှုခရစ်မှာ၎င်း၊ ရွေးကောက်တော်မူသော ကောင်းကင်တမန်တို့ ရှေ့မှာ၎င်း၊ ငါသည် သင့်ကို သစ္စာပေး၏။
22 Đừng vội vã đặt tay trên ai, cũng đừng tòng phạm với tội người khác, nhưng phải giữ mình cho trong sạch.
၂၂အဘယ်သူ၏အပေါ်၌ လက်ကို အလျင်တဆောမတင်နှင့်။ သူတပါးအပြစ်၌ မဆက်ဆံနှင့်။ ကိုယ်ကိုကိုယ် စင်ကြယ်စေလော့။
23 Vì dạ dày con yếu và con hay đau ốm, con nên uống tí rượu nho, chứ đừng uống nước lạnh mãi.
၂၃သင်၏ရင်ထဲ၌ အကျိုးဖြစ်စေခြင်းငှါ၎င်း၊ မကြာမကြာခံရသော ရောဂါကြောင့်၎င်း၊ ယခုမှစ၍ ရေကိုသာ မသောက်ဘဲ၊ စပျစ်ရည်အနည်း ငယ်ကိုသုံးလော့။
24 Tội lỗi của một số người sớm bị phát lộ và đem ra xét xử, nhưng có những người phạm tội mà lâu ngày về sau mới bị phơi bày ra.
၂၄အချို့သော သူတို့၏ဒုစရိုက်သည် ရှေ့မဆွကထင်ရှား၍၊ အပြစ်စီရင်ခြင်းသို့ အရင်အဦးသွားတတ်၏။ အချို့သောသူတို့၏ ဒုစရိုက်သည် နောက်သို့လိုက်တတ်၏။
25 Việc lành cũng thế, có việc được biết ngay, có việc người ta không biết, nhưng không thể giấu kín mãi.
၂၅ထိုနည်းတူ၊ အချို့သောသူတို့၏ သုစရိုက်သည် ထင်ရှားနှင့်တတ်၏။ မထင်ရှားသေးသော သုစရိုက်ကို လည်း ဝှက်၍မထားနိုင်။