< I Sa-mu-ên 5 >
1 Sau khi cướp được Hòm Giao Ước của Đức Chúa Trời, người Phi-li-tin đem Hòm từ Ê-bên-ê-xe về Ách-đốt.
၁ဖိလိတ္တိလူတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို ယူ၍ ဧဗနေဇာမြို့မှ အာဇုတ်မြို့သို့ ဆောင်သွား ကြ၏။
2 Họ đặt Hòm Giao Ước của Đức Chúa Trời trong miếu thờ thần Đa-gôn, bên cạnh tượng thần này.
၂ဘုရားသခင်၏ သေတ္တာတော်ကို ဒါဂုန်ကျောင်းထဲသို့ သွင်း၍ ဒါဂုန်အနားမှာ ထားကြ၏။
3 Sáng sớm hôm sau, khi dân thành Ách-đốt thức dậy, thấy tượng Đa-gôn nằm sấp dưới đất trước Hòm Giao Ước của Chúa Hằng Hữu! Họ dựng tượng lại vào chỗ cũ.
၃အာဇုတ်မြို့သားတို့သည် နံနက်စောစော ထကြသောအခါ၊ ဒါဂုန်သည် ထာဝရဘုရား၏ သေတ္တာ တော်ရှေ့၌ မြေပေါ်မှာလဲ၍ ပြပ်ဝပ်လျက်ရှိသည်ကို တွေသဖြင့်၊ သူ့ကိုယူ၍ သူ၏နေရာ၌ တင်ထား ပြန်ကြ၏။
4 Nhưng sáng hôm sau, họ lại thấy Đa-gôn nằm mọp dưới đất trước Hòm Giao Ước của Chúa Hằng Hữu. Lần này, đầu và hai tay đứt lìa, văng ra tận ngưỡng cửa, chỉ còn cái thân nằm đó.
၄တဖန် နက်ဖြန်နံနက် စောစောထကြသောအခါ၊ ဒါဂုန်သည် ထာဝရဘုရား၏ သေတ္တာတော်ရှေ့၌ မြေပေါ်မှာ လဲ၍ ပြပ်ဝပ်လျက်၊ ခေါင်းနှင့် လက်ဝါးနှစ်ဘက် ပြတ်၍ တံခါးခုံပေါ်မှာတင်လျက်၊ ဒါဂုန်၌ ကိုယ်တိတိရှိသည်ကို တွေ့ကြ၏။
5 Vì thế, cho đến ngày nay, các tế sư của Đa-gôn và tất cả những người vào miếu thần này đều tránh không giẫm lên ngưỡng cửa của miếu Đa-gôn tại Ách-đốt.
၅ထိုကြောင့် ဒါဂုန်၏ ယဇ်ပုရောဟိတ်များ၊ ဒါဂုန်ကျောင်းသို့ ဝင်သောသူများတို့သည်၊ အာဇုတ်မြို့၌ ရှိသော ဒါဂုန်ကျောင်းတံခါးခုံကို ယနေ့တိုင်အောင် ကျော်နင်းလေ့မရှိကြ။
6 Chúa Hằng Hữu ra tay trừng trị dân thành Ách-đốt và dân các miền phụ cận, khiến họ đau đớn vì mắc bệnh trĩ.
၆အာဇုတ်မြို့နှင့်မြို့နယ်၌နေသော သူတို့အပေါ်မှာ၊ ထာဝရဘုရားသည် လေးသောလက်တော်နှင့် ဖျက်တော်မူ၏။ မြင်းသရိုက် အနာနှင့်လည်း ဒဏ်ခတ်တော်မူ၏။
7 Thấy thế, người Ách-đốt nói: “Hòm Giao Ước của Đức Chúa Trời của Ít-ra-ên không thể ở lại đây được nữa, vì Ngài đang trừng phạt chúng ta và thần Đa-gôn chúng ta.”
၇အာဇုတ်မြို့သားတို့သည် ထိုအမှုကို မြင်လျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင်သည် ငါတို့နှင့် ငါတို့ဘုရား ဒါဂုန်အပေါ်မှာ လေးသောလက်တော်ကို တင်တော်မူသည်ဖြစ်၍၊ ထိုဘုရားသခင်၏ သေတ္တာတော်ကို ငါတို့တွင် မရှိစေရဟု ဆိုလျက်၊
8 Vậy, họ mời các lãnh đạo Phi-li-tin đến và hỏi: “Chúng ta phải làm gì với Hòm Giao Ước của Đức Chúa Trời của Ít-ra-ên?” Các nhà lãnh đạo đáp: “Đem Hòm Giao Ước đến Gát.” Và họ đem Hòm Giao Ước của Đức Chúa Trời Ít-ra-ên đến Gát.
၈လူကိုစေလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်ကို အဘယ်သို့ ပြုရပါမည်နည်းဟု မေးကြ၏။ မင်းများကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင့်သေတ္တာတော်ကို ဂါသမြို့သို့ ဆောင်သွားစေဟု စီရင်သည်အတိုင်း ဆောင်သွားကြ၏။
9 Nhưng khi Hòm Giao Ước đến Gát, Chúa Hằng Hữu lại ra tay trừng trị dân thành này, cả già lẫn trẻ đều bị bênh trĩ, dân trong thành vô cùng hoảng sợ.
၉ထိုမြို့သို့ ဆောင်သွားသောနောက်၊ ထာဝရဘုရား၏ လက်တော်သည် ထိုမြို့၌ ကြီးစွာသော ဖျက်ဆီးခြင်းကို ပြု၍၊ မြို့သူမြို့သား အကြီးအငယ်တို့ကို ဒဏ်ခတ်တော်မူသဖြင့်၊ ကိုယ်အတွင်း၌ မြင်းသရိုက်အနာကို ခံရကြ၏။
10 Vậy họ đem Hòm Giao Ước đến Éc-rôn, nhưng khi Hòm Giao Ước vừa đến, dân thành Éc-rôn la hoảng lên: “Người ta đem Hòm Giao Ước của Đức Chúa Trời của Ít-ra-ên đến đây để giết dân ta!”
၁၀တဖန် ဘုရားသခင်၏ သေတ္တာတော်ကို ဧကြုန်မြို့သို့ ပို့လိုက်သဖြင့်၊ ထိုမြို့သို့ ရောက်သောအခါ၊ မြို့သူမြို့သားတို့က၊ ငါတို့နှင့် ငါတို့လူများကို သတ်စေခြင်းငှါ၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်ကို ဆောင်ခဲ့ပါသည်တကားဟု ဟစ်ကြော်လျက်၊
11 Dân chúng vội mời các lãnh đạo Phi-li-tin họp lại và nài nỉ: “Xin đem trả Hòm Giao Ước về cho Ít-ra-ên, nếu không, dân thành chúng tôi bị diệt mất.” Vì Đức Chúa Trời đã bắt đầu ra tay trừng phạt người Éc-rôn nặng nề, làm họ vô cùng khiếp đảm.
၁၁လူကိုစေလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်သည် ငါတို့နှင့်ငါတို့လူများကို မသတ်စေခြင်းငှါ လွှတ်လိုက်ကြကုန်အံ့၊ မိမိနေရင်း အရပ်သို့ သွားပါလေစေဟု ဆိုကြ၏။ အကြောင်းမူကား၊ ဘုရားသခင်သည် အလွန်လေးသော လက်တော်ကို တင်တော်မူသဖြင့်၊ တမြို့လုံးသေစေတတ်သော အနာရောဂါ နှံ့ပြားလေ၏။
12 Những ai chưa chết đều bị bệnh trĩ nặng; tiếng kêu la thấu trời.
၁၂သေဘေးနှင့်လွတ်သော်လည်း မြင်းသရိုက်နာဖြင့် ဒဏ်ခတ်ခြင်းကိုခံရ၍၊ ထိုမြို့အော်ဟစ်သော အသံ သည် မိုဃ်းကောင်းကင်သို့ တက်လေ၏။