< I Các Vua 17 >
1 Bấy giờ, Ê-li người Tích-bê, thuộc Ga-la-át nói với A-háp: “Tôi đứng trước mặt Chúa Hằng Hữu, Đức Chúa Trời Hằng Sống của Ít-ra-ên, quả quyết rằng trong những năm sắp tới sẽ không có sương cũng không có mưa, cho đến khi tôi tuyên bố lại!”
၁ဂိလဒ်ပြည်တိရှဘိမြို့သားဧလိယဆိုသူ ပရောဖက်က အာဟပ်မင်းအား``မိုးရွာမည်ဟု ငါမပြောမချင်းလာမည့်နှစ်နှစ်သုံးနှစ်တွင် မိုးခေါင်လိမ့်မည်။ ဆီးနှင်းလည်းကျလိမ့်မည် မဟုတ်ကြောင်း ငါကိုးကွယ်၍အသက်ရှင်တော် မူသောဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍သင့် အားငါဆို၏'' ဟုဆင့်ဆိုလေသည်။
2 Chúa Hằng Hữu phán cùng Ê-li:
၂ထိုနောက်ထာဝရဘုရားသည်ဧလိယအား၊-
3 “Hãy đi về hướng đông, ẩn mình tại Suối Cơ-rít, phía đông Sông Giô-đan.
၃``ဤမြို့မှထွက်ခွာကာအရှေ့အရပ်သို့သွား ပြီးလျှင် ယော်ဒန်မြစ်အရှေ့ဘက်ရှိခေရိတ် ချောင်းအနီးတွင်ပုန်းအောင်းလော့။-
4 Tại đó, con sẽ uống nước suối, còn thức ăn, Ta sẽ sai quạ đem đến.”
၄သင်သည်ထိုချောင်းမှသောက်ရေကိုရလိမ့်မည်။ သင်ရှိရာသို့အစားအစာယူဆောင်လာရန် ကျီးအတို့ကိုလည်းငါမှာထားပြီးဖြစ်သည်'' ဟုမိန့်တော်မူ၏။
5 Ê-li vâng lời Chúa Hằng Hữu, đi trú bên Suối Cơ-rít, về phía đông Sông Giô-đan.
၅ဧလိယသည် ထာဝရဘုရား၏အမိန့်တော် ကိုနာခံလျက်ခေရိတ်ချောင်းသို့သွားရောက် နေထိုင်လေသည်။-
6 Quạ mang bánh và thịt cho ông mỗi buổi sáng và buổi chiều. Khi khát, ông uống nước suối.
၆သူသည်ချောင်းရေကိုသောက်၏။ ကျီးအတို့ သည်သူစားရန်မုန့်နှင့်အမဲသားကို နေ့စဉ် နေ့တိုင်းနံနက်၌တစ်ကြိမ်ညနေ၌တစ်ကြိမ် ယူဆောင်လာ၏။-
7 Một thời gian sau, dòng suối cạn khô, vì trong xứ không có mưa.
၇ကာလအတန်ကြာသောအခါမိုးခေါင်သဖြင့် ချောင်းရေသည်ခန်းခြောက်လေ၏။
8 Chúa Hằng Hữu lại bảo Ê-li:
၈ထိုအခါထာဝရဘုရားကဧလိယအား၊-
9 “Đi đến Sa-rép-ta, thuộc Si-đôn, và cư ngụ tại đó. Ta sẽ sai một phụ nữ cung cấp thực phẩm cho con.”
၉``ယခုသင်သည်ဇိဒုန်မြို့အနီးရှိဇရတ္တမြို့ သို့သွား၍နေထိုင်လော့။ ထိုမြို့သူမုဆိုးမ တစ်ယောက်အား သင့်ကိုကျွေးမွေးရန်ငါမှာ ကြားထားပြီ'' ဟုမိန့်တော်မူ၏။-
10 Vậy, Ê-li đi Sa-rép-ta. Khi tới cổng thành này, ông thấy một góa phụ đang nhặt củi, liền nói: “Chị vui lòng đem một ít nước cho tôi uống với.”
၁၀သို့ဖြစ်၍ဧလိယသည်ဇရတ္တမြို့သို့သွား လေသည်။ သူသည်မြို့တံခါးဝသို့ရောက်သော အခါ ထင်းခွေနေသောမုဆိုးမတစ်ယောက်ကို တွေ့သဖြင့်``ငါ့အားသောက်ရေတစ်ပေါက် လောက်ပေးပါ'' ဟုပြော၏။-
11 Khi người sắp đem nước tới, ông lại nói: “Cho tôi xin một miếng bánh nữa.”
၁၁မုဆိုးမသည်ရေခပ်ရန်ထွက်သွားသောအခါ ဧလိယက``ငါ့အတွက်မုန့်အနည်းငယ်ကို လည်းယူလာခဲ့ပါ'' ဟုဟစ်အော်၍ပြော၏။
12 Người ấy đáp: “Tôi thề trước Chúa Hằng Hữu, Đức Chúa Trời của ông, rằng tôi không có bánh, chỉ còn lại vỏn vẹn một nắm bột trong bình và một chút dầu trong chai. Bây giờ, tôi đi nhặt mấy que củi đem về nấu nướng cho hai mẹ con tôi ăn, và sau đó chỉ còn chờ chết.”
၁၂မုဆိုးမက``ကျွန်မမှာမုန့်တစ်ချပ်မျှမရှိ ကြောင်း အသက်ရှင်တော်မူသောသင်၏ဘုရားသခင်ကိုတိုင်တည်၍ကျိန်ဆိုပါ၏။ မုန့်ခွက် ထဲတွင်မုန့်ညက်လက်တစ်ဆုပ်စာနှင့်ဆီဘူး တွင် သံလွင်ဆီအနည်းငယ်မျှသာကျွန်မမှာ ရှိပါ၏။ ဤရှိစုမဲ့စုကလေးဖြင့်ကျွန်မ နှင့်သားငယ်အတွက်မုန့်လုပ်၍မီးဖုတ်စား နိုင်ရန် ဤနေရာသို့လာ၍ထင်းအနည်းငယ် ခွေနေခြင်းဖြစ်ပါသည်။ ထိုမုန့်သည်ကျွန်မ တို့နောက်ဆုံးစားကြရမည့်အစားအစာပင် ဖြစ်ပါသည်။ ထို့နောက်ကျွန်မတို့သည်အစာ ငတ်၍သေကြရန်ပင်ဖြစ်ပါသည်'' ဟုပြန် ပြောလေ၏။
13 Ê-li bảo bà: “Đừng sợ! Hãy về nấu nướng, nhưng trước hết, hãy làm một cái bánh nhỏ đem ra đây cho ta. Sau đó, hãy làm bánh cho chị và con trai chị.
၁၃ဧလိယကလည်း``မစိုးရိမ်နှင့်။ သင်တို့စားရန် အစားအစာကိုသာသွား၍ပြင်ဆင်ပါလော့။ သို့ရာတွင်ဦးစွာပထမငါ၏အတွက်မုန့် ပြားတစ်ချပ်ကိုလုပ်၍ယူခဲ့လော့။ နောက်မှ ကျန်ရှိသောမုန့်ညက်ဖြင့်သင်တို့သားအမိ အတွက်မုန့်ကိုလုပ်ပါလော့။-
14 Vì Chúa Hằng Hữu, Đức Chúa Trời của Ít-ra-ên, phán: ‘Bột sẽ không hết, dầu sẽ không cạn cho đến ngày Chúa Hằng Hữu cho mưa rơi xuống đất.’”
၁၄အဘယ်ကြောင့်ဆိုသော်ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရားက`ငါ ထာဝရဘုရားသည်မိုးကိုမရွာစေမီကာလ အတွင်း မုန့်ခွက်တွင်မုန့်ပြတ်ရလိမ့်မည်မဟုတ်။ ဆီဘူးတွင်လည်းဆီပြတ်ရလိမ့်မည်မဟုတ်' ဟုမိန့်တော်မူသောကြောင့်ဖြစ်သည်'' ဟု မုဆိုးမအားပြောလေ၏။
15 Người ấy làm theo lời Ê-li dạy. Như thế qua nhiều ngày, Ê-li cùng hai mẹ con đó vẫn có lương thực.
၁၅မုဆိုးမသည်ဧလိယပြောသည့်အတိုင်းပြု သဖြင့် သူတို့အားလုံးပင်ရက်ပေါင်းများစွာ စားရန်အတွက် အစားအစာကိုအလုံ အလောက်ရရှိကြလေသည်။-
16 Bình bột không hết, chai dầu không cạn, đúng như lời Chúa Hằng Hữu dùng Ê-li báo trước.
၁၆ဧလိယအားဖြင့်ထာဝရဘုရားကတိ ပေးတော်မူခဲ့သည့်အတိုင်း မုန့်ခွက်တွင်မုန့် ညက်မပြတ်။ ဆီဘူးတွင်လည်းဆီမပြတ်။
17 Một hôm, con trai của góa phụ lâm bệnh. Bệnh ngày càng nặng, và cuối cùng qua đời.
၁၇ကာလအနည်းငယ်ကြာသောအခါ မုဆိုးမ ၏သားသည်ဖျားနာ၍ သူ၏ရောဂါအခြေ အနေမှာဆိုးသည်ထက်ဆိုး၍လာပြီးလျှင် နောက်ဆုံး၌သူငယ်သည်သေဆုံးသွားတော့ ၏။-
18 Góa phụ hỏi Ê-li: “Người của Đức Chúa Trời ơi! Sao ông hại tôi? Ông đến để bới tội tôi rồi giết con tôi phải không?”
၁၈မုဆိုးမသည်ဧလိယအား``အို ထာဝရဘုရား ၏အစေခံ၊ အရှင်သည်အဘယ်ကြောင့်ကျွန်မ အားဤသို့ဒုက္ခရောက်စေပါသနည်း။ အရှင် သည်ကျွန်မ၏သားသေရအောင်ဘုရားသခင်အား ကျွန်မ၏အပြစ်များကိုပြန် လည်သတိပေးရန်အတွက် ဤအရပ်သို့ ကြွလာတော်မူပါသလော'' ဟုဆို၏။
19 Nhưng Ê-li bảo: “Hãy trao nó cho tôi.” Ông bế đứa con từ tay mẹ nó, đem nó lên gác chỗ ông ở, và đặt nó lên giường.
၁၉ဧလိယက``သင်၏သားကိုငါ့အားပေးလော့'' ဟုဆိုကာမုဆိုးမ၏လက်မှသူငယ်ကိုယူ၍ မိမိတည်းခိုရာအထက်ခန်းသို့ပွေ့ချီသွား ပြီးလျှင် အိပ်ရာပေါ်တွင်ချထားလိုက်၏။-
20 Ông kêu cầu Chúa Hằng Hữu: “Chúa Hằng Hữu, Đức Chúa Trời của con! Sao Chúa giáng họa trên bà góa này, người đã mở cửa tiếp con, gây ra cái chết cho con bà?”
၂၀ထို့နောက်သူသည်``အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ဤမုဆိုးမအားအဘယ် ကြောင့်ကိုယ်တော်သည် ဤသို့ထိတ်လန့်ဖွယ် ကောင်းသောအမှုကိုပြုတော်မူပါသနည်း။ ထိုအမျိုးသမီးသည်ကျွန်ုပ်အားကောင်းစွာ ကျွေးမွေးပြုစုပါ၏။ သို့ရာတွင်ယခုကိုယ် တော်သည်သူ၏သားငယ်ကိုသေစေတော် မူပါပြီ'' ဟုကျယ်လောင်စွာဆုတောင်းပတ္ထ နာပြုလေ၏။-
21 Ông nằm dài trên mình đứa bé ba lần, và kêu xin Chúa Hằng Hữu: “Lạy Chúa Hằng Hữu, Đức Chúa Trời của con! Xin cho hồn đứa bé trở lại với nó.”
၂၁ထို့နောက်ဧလိယသည်သူငယ်၏အပေါ်တွင် သုံးကြိမ်တိုင်တိုင်ဝမ်းလျားမှောက်ပြီးလျှင်``အို အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ဤကလေးကိုအသက်ပြန်၍ရှင်စေတော် မူပါ'' ဟုဆုတောင်း၏။-
22 Chúa Hằng Hữu nghe lời Ê-li cầu xin và cho đứa bé sống lại.
၂၂ထာဝရဘုရားသည်ဧလိယ၏ပန်ကြား ချက်ကိုနားညောင်းတော်မူသဖြင့် ကလေး သည်ထွက်သက်ဝင်သက်ကိုပြန်လည်ရရှိ ကာအသက်ပြန်၍ရှင်လာလေသည်။
23 Ê-li bế nó xuống nhà, giao cho mẹ nó, và nói: “Hãy xem! Con chị vẫn sống!”
၂၃ဧလိယသည်သူငယ်ကိုအိမ်အောက်ထပ်သို့ ချီဆောင်သွားပြီးလျှင် မိခင်ဖြစ်သူအား``ကြည့် လော့။ သင်၏သားသည်အသက်ရှင်လျက်ရှိ ပါ၏'' ဟုဆို၏။
24 Rồi góa phụ nói với Ê-li: “Bây giờ tôi nhận ra rằng ông thật là người của Đức Chúa Trời, và lời của Chúa Hằng Hữu phán qua miệng ông là chân thật.”
၂၄ထိုအမျိုးသမီးကလည်း``အရှင်သည်ဘုရားသခင်၏အစေခံဖြစ်ကြောင်းကိုလည်းကောင်း၊ ထာဝရဘုရားသည်အရှင်အားဖြင့်ဗျာဒိတ် ပေးတော်မူကြောင်းကိုလည်းကောင်း ယခု ကျွန်မသိပါပြီ'' ဟုပြန်ပြောလေ၏။