< I Sử Ký 7 >
1 Y-sa-ca có bốn người con là Thô-la, Phu-va, Gia-súp, và Sim-rôn.
၁ဣသခါသားကား တောလ၊ ဖုဝါ၊ ယာရှုပ်၊ ရှိမရုန်၊ ပေါင်းလေးယောက်တည်း။
2 Các con Thô-la là U-xi, Rê-pha-gia, Giê-ri-ên, Giác-mai, Díp-sam, và Sa-mu-ên. Thế hệ này gồm những tay anh dũng, và đều trở thành trưởng họ của dòng tộc. Dưới thời Vua Đa-vít, tổng số chiến sĩ thuộc dòng này lên đến 22.600.
၂တောလသားကား တောလအဆွေအမျိုးသူကြီး ဩဇိ၊ ရေဖာယ၊ ယေရေလ၊ ယာမဲ၊ ယိဗသံ၊ ရှမွေလတည်း။ ထိုအဆွေအမျိုးအစဉ်အဆက်တို့သည် ခွန်အားကြီးသော သူရဲဖြစ်၍၊ ဒါဝိဒ်မင်းလက်ထက်နှစ်သောင်း နှစ်ထောင် ခြောက်ရာရှိသတည်း။
3 Con U-xi là Dích-ra-hia. Các con Dích-ra-hia là Mi-ca-ên, Ô-ba-đia, Giô-ên, và Di-si-gia. Cả năm người đều trở thành trưởng họ.
၃ဩဇိသားကား ဣဇရဟိ၊ ဣဇရဟိသား မက္ခေလ၊ ဩဗဒိ၊ ယောလ၊ ဣရှယ၊ ပေါင်းငါးယောက် တည်း။ ဤသူတို့သည် အကြီးအကဲ ဖြစ်ကြ၏။
4 Các gia đình này có nhiều vợ, đông con, nên số con cháu họ gia nhập binh ngũ lên tới 36.000 người.
၄သူတို့၌ သားမယားများသောကြောင့်၊ အဆွေ အမျိုး အသီးအသီးအလိုက်၊ စစ်သူရဲတပ်သား သုံးသောင်း ခြောက်ထောင် ရှိကြ၏။
5 Tổng số chiến sĩ trong tất cả dòng họ của đại tộc Y-sa-ca, là 87.000. Tất cả người này đều được ghi vào sách gia phả của họ.
၅သူတို့ညီအစ်ကို ဣသခါအဆွေအမျိုးအပေါင်း တို့သည် ခွန်အားကြီးသောသူရဲဖြစ်၍၊ သားစဉ်မြေးဆက် စာရင်းဝင်သည်အတိုင်း၊ ရှစ်သောင်းခုနစ်ထောင် ရှိကြ၏။
6 Bên-gia-min có ba người con là Bê-la, Bê-ka, và Giê-đi-a-ên.
၆ဗင်္ယာမိန်သားကား ဗေလ၊ ဗေခါ၊ ယေဒယေလ၊ ပေါင်းသုံးယောက်တည်း။
7 Các con Bê-la là Ét-bôn, U-xi, U-xi-ên, Giê-ri-mốt, và Y-ri. Cả năm người này đều là trưởng họ. Tất cả chiến sĩ trong các họ này là 22.034 người, tính theo gia phả của họ.
၇ဗေလသားကား အဆွေအမျိုးသူကြီးဧဇဗုန်၊ ဩဇိ၊ ဩဇေလ၊ ယေရိမုတ်၊ ဣရိ၊ ပေါင်းငါးယောက်တည်း။ ဤသူတို့သည် ခွန်အားကြီးသော သူရဲဖြစ်၍၊ သားစဉ် မြေးဆက် စာရင်းဝင်သည်အတိုင်း၊ နှစ်သောင်း နှစ်ထောင်သုံးဆယ် လေးယောက်ရှိကြ၏။
8 Các con Bê-ka là Xê-mi-ra, Giô-ách, Ê-li-ê-se, Ê-li-ô-ê-nai, Ôm-ri, Giê-rê-mốt, A-bi-gia, A-na-tốt, và A-lê-mết.
၈ဗေခါသားကား ဇေမိရ၊ ယောရှ၊ ဧလျေဇာ၊ ဧလိဩနဲ၊ ဩမရိ၊ ယေရိမုတ်၊ အဘိယ၊ အာနသုတ်၊ အာလမက်တည်း။
9 Họ đều là trưởng họ, số con cháu họ làm chiến sĩ lên đến 20.200 người theo gia phả.
၉သားစဉ်မြေးဆက် စာရင်းဝင်၍၊ အဆွေအမျိုး သူကြီးအသီး အသီးအလိုက်၊ ခွန်အားကြီးသော သူရဲ နှစ်သောင်းနှစ်ထောင်နှစ်ရာရှိကြ၏။
10 Con Giê-đi-a-ên là Binh-han. Các con Binh-han là Giê-úc, Bên-gia-min, Ê-hút, Kê-na-na, Xê-than, Ta-rê-si, và A-hi-sa-ha.
၁၀ယေဒယေလသားကား ဗိလဟန်၊ ဗိလဟန်သား ယုရှ၊ ဗင်္ယာမိန်၊ ဧဟုဒ်၊ ခေနာန၊ ဇေသန်၊ သာရှိရှ၊ အဟိရှဟာတည်း။
11 Họ đều là trưởng họ. Số con cháu họ làm chiến sĩ lên tới 17.200 người.
၁၁အဆွေအမျိုးသူကြီး အသီးအသီးအလိုက်၊ ခွန်အားကြီး၍ စစ်တိုက်ခြင်းငှါ၊ တတ်စွမ်းနိုင်သော သူရဲ တသောင်း ခုနစ်ထောင်နှစ်ရာ ရှိကြ၏။
12 Các con Y-rơ là Súp-bim và Hốp-bim. Hu-sim là con A-he.
၁၂ထိုမှတပါး၊ ရှုပိမိ၊ ဟုပိမ်နှင့်တကွ ဣရဟုရှိမ်သား၊ အာဟေရသား ရှိသတည်း။
13 Nép-ta-li có bốn con là Gia-si-ên, Gu-ni, Giê-xe, và Sa-lum. Họ là cháu nội của bà Bi-la, vợ lẽ của Gia-cốp.
၁၃နဿလိသည် ဗိလဟာတွင် မြင်သောသားကား၊ ဟာဇေလ၊ ဂုနိ၊ ယေဇ၊ ရှလ္လုံတည်း။
14 Ma-na-se có với bà vợ lẽ người A-ram hai con: Ách-ri-ên và Ma-ki. Ma-ki là cha Ga-la-át.
၁၄မနာရှေသားဦးကား အာသရေလ၊ ထိုနောက်၊ ရှုရိအမျိုးဖြစ်သော မယားငယ်တွင် မြင်သောသား၊ ဂိလဒ်၏အဘမာခိရတည်း။
15 Ma-ki cưới vợ là Ma-a-ca, em gái của Hốp-bim và Súp-bim. Vợ thứ của ông là Xê-lô-phát chỉ sinh được con gái.
၁၅မာခိရသည်မာခါ အမည်ရှိသောဟုပိမ်နှင့် ရှုမ်ပိ၏နှမနှင့်စုံဘက်၍၊ နှစ်ဆက်မြောက်သောသားကား ဇလောဖတ်အမည်ရှိ၏။ ဇလောဖတ်၌ သမီးသက်သက် ရှိ၏။
16 Ma-a-ca, vợ Ma-ki sinh được một người con, đặt tên là Phê-rết. Em Phê-rết là Sê-rết. Con Phê-rết là U-lam và Rê-kim.
၁၆မာခိရမယားမာခါသည် သားကို ဘွားမြင်၍၊ ပေရက်အမည်ဖြင့် မှည့်၏။ သူ၏ညီကား ရှေရက်အမည် ရှိ၏။ သူ၏သားကား ဥလံနှင့် ရေကင်တည်း။
17 Con U-lam là Bê-đan. Đó là con cháu Ga-la-át, con Ma-ki, cháu Ma-na-se.
၁၇ဥလံသားကားဗေဒန်တည်း။ ဤရွေ့ကား မနာရှေသား မာခိရ၏ သားဂိလဒ်အမျိုးအနွယ်တည်း။
18 Ha-mô-lê-kết, em gái Ga-la-át sinh Y-sốt, A-bi-ê-xe, và Mách-la.
၁၈သူ၏နှမ ဟမ္မောလေကက်သည် ဣရှောဒ၊ အဗျေဇာ၊ မဟာလကို ဘွားမြင်၏။
19 Các con Sê-mi-đa là A-hi-an, Si-chem, Li-khi, và A-ni-am.
၁၉ရှမိဒသးကား အဟိအန်၊ ရှေခင်၊ လိကဟိ၊ အနိအံတည်း။
20 Con trai Ép-ra-im là Su-tê-la, Bê-re, Ta-hát, Ê-lê-a-đa, Ta-hát,
၂၀ဧဖရိမ်သားကား ရှုသေလ၊ ရှုသေလသား ဗေရက်၊ ဗေရက်သား တာဟတ်၊ တာဟတ်သား ဧလာဒ၊ ဧလာဒသား တာဟတ်၊
21 Xa-bát, Su-tê-la, Ê-xe, và Ê-lê-át. Hai người trong số này bị người địa phương đánh chết khi xuống đất Gát cướp súc vật.
၂၁တာဟတ်သား ဇာဗဒ်၊ ဇာဗဒ်သား ရှုသေလ တည်း။ ထိုမှတပါး၊ ဧဖရိမ်သားဇောနှင့်ဧလဒ်တို့သည် ထိုပြည်၌မွေးဘွားသော၊ ဂါသမြို့သားတို့ တိရစ္ဆာန်များကို လုယူသောကြောင့် အသက်ဆုံးကြ၏။
22 Cha của họ, Ép-ra-im thương khóc con nhiều ngày, cho đến khi các anh em ông đến an ủi, ông mới nguôi.
၂၂အဘဧဖရိမ်သည် အင်တန်ကာလပတ်လုံး စိတ် မသာညည်းတွားလျက် နေ၏။ ညီအစ်ကိုတို့သည် နှစ်သိမ့် စေခြင်းငှါ လာကြ၏။
23 Sau đó, vợ Ép-ra-im thụ thai, sinh một trai. Ép-ra-im đặt tên là Bê-ri-a, để đánh dấu gia biến vừa xảy ra.
၂၃နောက်တဖန်မယားဆီသို့ဝင်သဖြင့် သူသည် ပဋိသန္ဓေယူ၍ သားကိုဘွားမြင်၏။ ထိုသားကို ဗေရိယ အမည်ဖြင့်မှည့်၏။ အကြောင်းမူကား၊ ကိုယ်အိမ်ထောင်၌ အမင်္ဂလာရောက်သတည်း။
24 Ép-ra-im có một con gái tên Sê-ê-ra, là người xây Bết-hô-rôn Thượng, Bết Hô-rôn Hạ, và U-xên Sê-ê-ra.
၂၄သမီးရှေရကား အထက် ဗေသောရုန်မြို့၊ အောက်ဗေသောရုန်မြို့၊ ဩဇင်ရှေရမြို့တို့ကို ပြုစုသော သူဖြစ်၏။
25 Con cháu của Ép-ra-im còn có Rê-pha, Rê-sép, Tê-la, Tha-han,
၂၅သူ၏သားကားရေဖ၊ သူ၏သားရေရှပ်၊ သူ၏သားတေလ၊ သူ၏သားတာဟန်၊
26 La-ê-đan, A-mi-hút, Ê-li-sa-ma,
၂၆သူ၏သား လာဒန်၊ သူ၏သား အမိဟုဒ်၊ သူ၏ သား ဧလိရှမာ၊
၂၇သူ၏သားနုန်၊ သူ၏သားယောရှုတည်း။
28 Vùng đất con cháu Ép-ra-im chiếm cứ để sinh sống được giới hạn một mặt bởi Bê-tên và các thôn ấp phụ cận, Na-a-ran ở phía đông, Ghê-xe và các thôn ấp phụ cận ở phía tây, mặt khác bởi Si-chem và các thôn ấp phụ cận, chạy dài cho đến A-đa và các thôn ấp phụ cận.
၂၈သူတို့ပိုင်ထိုက်သော နေရာဟူမူကား၊ ဗေသလ မြို့နှင့် ကျေးလက်၊ အရှေ့ဘက်၌ နာရန်မြို့၊ အနောက် ဘက်၌ ဂေဇာမြို့နှင့်ကျေးလက်၊ ရှေခင်မြို့နှင့်ကျေးလက်၊ ဂါဇမြို့နှင့် ကျေးလက်၊
29 Con cháu Ma-na-se ở trong các thành Bết-sê-an, Tha-a-nác, Mê-ghi-đô, và Đô-rơ, kể cả các thôn ấp phụ cận các thành ấy. Đó là nơi con cháu Giô-sép, con của Ít-ra-ên, sống.
၂၉မနာရှေအမျိုးသားနေရာအနားမှာ ဗက်ရှန်မြို့ နှင့်ကျေးလက်၊ တာနက်မြို့နှင့်ကျေးလက်၊ မေဂိဒ္ဒေါမြို့ နှင့်ကျေးလက်၊ ဒေါရမြို့နှင့် ကျေးလက်တည်း။ ဤမြို့ရွာ တို့၌ ဣသရေလ၏သားဖြစ်သော ယောသပ်၏ သားတို့ သည် နေရာကျကြ၏။
30 Các con A-se là: Im-na, Dích-va, Ích-vi, và Bê-ri-a. Em gái của họ là Sê-ra.
၃၀အာရှာသားကား ယိမန၊ ဣရွာ၊ ဣရွှိ၊ ဗေရိယ၊ နှမ စေရတည်း။
31 Các con Bê-ri-a là: Hê-be và Manh-ki-ên (tổ phụ của Biếc-xa-vít).
၃၁ဗေရိယသားကား ဟေဗာနှင့် မာလကျေလ တည်း။ မာလကျေလသားကား ဗိရဇာဝိတ်၊
32 Con Hê-be gồm có Giáp-phơ-lết, Sô-me, và Hô-tham. Họ có em gái tên Su-a.
၃၂ဟေဗာသားကား ယာဖလက်၊ ရှောမာ၊ ဟောသံ၊ နှမ ရှုအာတည်း။
33 Con Giáp-phơ-lết gồm có Pha-sác, Binh-hanh, và A-vát.
၃၃ယာဖလက်သားကား ပါသက်၊ ဗိမဟာလ၊ အာရှဝတ်တည်း။
34 Con Sô-me gồm có A-hi, Rô-hê-ga, Hu-ba, và A-ram.
၃၄ရှောမေရသားကား အာဟိ၊ ရောဂ၊ ယေဟုဗ္ဗ၊ အာရံတည်း။
35 Con Hê-lem gồm có Xô-pha, Dim-na, Sê-lết, và A-manh.
၃၅သူ၏ညီဟေလင်သားကား ဇောဖ၊ ဣမန၊ ရှေလက်၊ အာမလတည်း။
36 Con Xô-pha gồm có Su-a, Hạt-nê-phe, Su-anh, Bê-ri, Dim-ra,
၃၆ဇောဖသားကား သုအာ၊ ဟာနေဖာ၊ ရွှလ၊ ဗေရိ၊ ဣမရ၊
37 Ba-san, Hốt, Sa-ma, Sinh-sa, Dít-ran, và Bê-ê-ra.
၃၇ဗေဇာ၊ ဟောဒ၊ ရှမ္မ၊ ရှိလရှ၊ ဣသရန်၊ ဗေရ တည်း။
38 Con Giê-the gồm có Giê-phu-nê, Phít-ba, và A-ra.
၃၈ယေသာသားကား ယေဖုန္န ပိသပ၊ အာရတည်း။
39 Con U-la gồm có A-ra, Ha-ni-ên, và Ri-xi-a.
၃၉ဥလ္လသားကား အာရ၊ ဟံယေလ၊ ရေဇိယတည်း။
40 Các con cháu A-se đều làm trưởng họ. Họ là những chiến sĩ anh dũng, lãnh đạo các quan tướng. Theo gia phả của họ, con cháu A-se có đến 26.000 người phục vụ trong quân đội.
၄၀ဤသူအပေါင်းတို့သည် အာရှာအမျိုး၌ အဆွေ အမျိုးသူကြီး၊ ရွေးသောသူ၊ ခွန်အားကြီးသော သူရဲမင်း ဖြစ်ကြ၏။ သားစဉ်မြေးဆက်စာရင်းဝင်၍ စစ်တိုက်ခြင်း ငှါ တတ်စွမ်းနိုင်သောသူ နှစ်သောင်းခြောက်ထောင်ရှိကြ ၏။