< I Sử Ký 28 >
1 Đa-vít hội họp tất cả các lãnh đạo Ít-ra-ên tại Giê-ru-sa-lem—các trưởng tộc, các tướng chỉ huy quân đoàn, các quan chỉ huy quân đội, các thủ lãnh, những người cai quản tài sản và gia súc hoàng gia, những người có quyền, và những dũng sĩ trong nước.
၁တဖန်ဒါဝိဒ်မင်းသည် ဣသရေလမင်းများတည်း ဟူသော အမျိုးအသီးအသီးကို အုပ်သောမင်း၊ အလှည့် လှည့်အမှုတော်ကို စောင့်သော တပ်မှူးဗိုလ်မင်း၊ လူ တထောင်အုပ်၊ တရာအုပ်၊ ရှင်ဘုရင်၏ဘဏ္ဍာစိုး၊ သား တော်၏ဘဏ္ဍာစိုး၊ ခွန်အားရှိသောသူရဲ အကြီးအကဲ အရာရှိ အပေါင်းတို့ကို ယေရုရှလင်မြို့မှာ စုဝေးစေတော် မူ၏။
2 Vua đứng dậy và nói: “Hỡi anh em và toàn dân của ta! Ta ước muốn xây cất đền thờ làm nơi an nghỉ cho Hòm Giao Ước của Chúa Hằng Hữu, nơi Đức Chúa Trời ngự trị. Ta đã chuẩn bị đầy đủ vật liệu,
၂ထိုအခါဒါဝိဒ်မင်းကြီးသည်ရပ်၍၊ ငါ့ညီအစ်ကို၊ ငါ့လူတို့ နားထောင်ကြလော့။ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ငြိမ်ဝပ်ရာ အိမ်တည်းဟူသော ဘုရားသခင် ၏ ခြေတော်တင်ရာခုံကို တည်လုပ်မည်ဟု ငါအကြံရှိ၍ တည်လုပ်ခြင်းငှါ ပြင်ဆင်နှင့်ပြီ။
3 nhưng Đức Chúa Trời bảo ta: ‘Con không được xây đền thờ cho Ta, vì con là chiến sĩ, từng làm đổ máu người.’
၃သို့ရာတွင် ဘုရားသခင်က သင်သည် စစ်တိုက် သောသူ၊ လူအသက်ကို သတ်သောသူဖြစ်၍၊ ငါ့နာမ အဘို့အိမ်တော်ကို မတည်မဆောက်ရဟု မိန့်တော်မူ၏။
4 Tuy nhiên, Chúa Hằng Hữu, Đức Chúa Trời của Ít-ra-ên đã chọn ta trong gia đình cha ta, cho ta làm vua Ít-ra-ên, triều đại ta sẽ trị vì mãi mãi. Vì Ngài đã chọn đại tộc Giu-đa để cai trị, trong đại tộc ấy lại chọn gia đình cha ta. Trong các con trai cha ta, Chúa Hằng Hữu vui chọn ta làm vua Ít-ra-ên.
၄ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား သည် ငါ့အဆွေအမျိုးများထဲက ငါ့ကိုရွေးကောက်၍ ဣသရေလရှင်ဘုရင်အရာ၌ အမြဲချီးမြှောက်တော်မူ၏။ ယုဒအမျိုးကို ရွေးကောက်၍ အခြားသော အမျိုး တို့ကို အုပ်စိုးရသောအခွင့်ကို ပေးတော်မူ၏။ ယုဒအမျိုးတွင် ငါ့အဘ၏ အိမ်ထောင်ကို၎င်း၊ ငါ့အဘ၏သားတို့တွင် ငါ့ကို၎င်း၊ နှစ်သက်၍ဣသရေ လနိုင်ငံလုံးကို စိုးစံရသော အခွင့်ကို ပေးတော်မူ၏။
5 Trong các con trai ta—Chúa Hằng Hữu cho ta rất đông con—Ngài chọn Sa-lô-môn kế vị ta trên ngôi Ít-ra-ên và cai trị nước của Chúa Hằng Hữu.
၅ထာဝရဘုရားသည် ငါ့အားများစွာသော သား တို့ကို ပေးတော်မူသည်ဖြစ်၍၊ ငါ့သားအပေါင်းတို့တွင် သားရှောလမုန်ကို ရွေးကောက်၍ ဣသရေလအမျိုးကို အုပ်စိုးလျက်၊ ထာဝရဘုရား၏ နိုင်ငံတော်ရာဇပလ္လင် ပေါ်မှာထိုင်စေခြင်းငှါ ခန့်ထားတော်မူပြီ။
6 Ngài bảo ta: ‘Sa-lô-môn, con trai con sẽ xây Đền Thờ Ta, vì Ta đã chọn nó làm con Ta, và Ta làm Cha nó.
၆ငါ့အားလည်း သင့်သားရှောလမုန်သည် ငါ့အိမ် နှင့်ငါ့တန်တိုင်းတို့ကို တည်ရမည်။ ငါသည်ထိုသူကို သား အရာ၌ခန့်ထားခြင်းငှါ ရွေးကောက်ပြီ။ ငါသည် သူ၏ အဘဖြစ်မည်။
7 Nếu nó cứ tiếp tục vâng giữ điều răn và luật lệ như ngày nay, Ta sẽ cho nước nó vững bền mãi mãi.’
၇သူသည် ငါစီရင်ချက်ပညတ် တရားတို့ကို ယနေ့ ကဲ့သို့ အမြဲကျင့်လျှင် သူ၏နိုင်ငံကို ငါတည်စေမည်ဟု မိန့်တော်မူ၏။
8 Bây giờ, trước các nhà lãnh đạo Ít-ra-ên, là dân của Đức Chúa Trời, và trước mặt Chúa Hằng Hữu, ta giao con trách nhiệm này. Hãy cẩn thận vâng giữ mọi điều răn của Chúa Hằng Hữu, Đức Chúa Trời con, nhờ đó con tiếp tục trị vì đất nước này và truyền ngôi lại cho con cháu mãi mãi.
၈သို့ဖြစ်၍ သင်တို့သည် ဤကောင်းသော ပြည်ကို ပိုင်၍ သင်တို့၏ သားမြေးအစဉ်အဆက် အမွေခံရာဘို့ ချဉ်ထားလိုသောငှါ၊ ထာဝရဘုရား၏ပရိသတ်တည်း ဟူသော ဣသရေလအမျိုးသားအပေါင်းတို့ရှေ့၌၎င်း၊ ငါတို့ဘုရားသခင့်အထံတော်၌၎င်း၊ သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်ရှိသမျှတို့ကိုရှာ၍ စောင့် ရှောက်ကြလော့။
9 Sa-lô-môn, con trai ta, con hãy học biết Đức Chúa Trời của tổ phụ cách thâm sâu. Hết lòng, hết ý thờ phượng, và phục vụ Ngài. Vì Chúa Hằng Hữu thấy rõ mỗi tấm lòng và biết hết mọi ý tưởng. Nếu tìm kiếm Chúa, con sẽ gặp Ngài. Nhưng nếu con từ bỏ Chúa, Ngài sẽ xa lìa con mãi mãi.
၉ငါ့သားရှောလမုန်၊ သင့်အဘ၏ဘုရားသခင်ကို သိလော့။ စုံလင်သောနှလုံး၊ ကြည်ညိုသော စိတ်သဘော နှင့် ဝတ်ပြုလော့။ ထာဝရဘုရားသည် ခပ်သိမ်းသော စိတ်နှလုံးတို့ကို စစ်၍အကြံအစည်ရှိလေသမျှတို့ကို သိတော်မူ၏။ ကိုယ်တော်ကို ရှာလျှင်အတွေ့ခံတော်မူမည်။ ကိုယ်တော်ကိုစွန့်လျှင် သင့်ကို အစဉ်အမြဲ စွန့်တော်မူမည်။
10 Vậy, con hãy cẩn thận. Vì Chúa Hằng Hữu đã chọn con để xây Đền Thánh của Ngài. Hãy mạnh dạn tuân hành mệnh lệnh Ngài.”
၁၀သတိပြုလော့။ သန့်ရှင်းရာဌာနအဘို့ အိမ် တော်ကို တည်ဆောက်စေခြင်းငှါ သင့်ကို ထာဝရဘုရား ရွေးကောက်တော်မူသောကြောင့်၊ အားယူ၍ တည် ဆောက်လော့ဟုမှာထားတော်မူ၏။
11 Đa-vít trao cho Sa-lô-môn sơ đồ Đền Thờ và các vùng phụ cận, gồm ngân khố, các phòng tầng trên, phòng bên trong và nơi chí thánh để nắp chuộc tội.
၁၁ထိုအခါအိမ်တော်ဦး၊ အဆောင်ကြီး၊ ဘဏ္ဍာ တိုက်၊ အထက်ခန်း၊ အတွင်းခန်း၊ သေတ္တာတော်အဖုံး ထားရာ အခန်း၏ ပုံကို၎င်း၊
12 Đa-vít cũng trao Sa-lô-môn sơ đồ về hành lang Đền Thờ Chúa Hằng Hữu, các phòng bên ngoài, kho đền thờ, và kho chứa các vật dâng hiến, đó là các sơ đồ được bày tỏ cho Đa-vít.
၁၂ထာဝရဘုရား၏အိမ်တော်တန်တိုင်းများ၊ ပတ် လည်၌ ကာသောအခန်းများ၊ ဘုရားသခင်၏ အိမ်တော် ဘဏ္ဍာတိုက်များ၊ ပူဇော်သောအရာသိုထားရာ တိုက်များ တို့၏ပုံကို၎င်း၊ မိမိကြံစည်သမျှအတိုင်း၊ ဒါဝိဒ်သည် သားတောရှောလမုန်အား အပ်တော်မူ၏။
13 Vua cũng ban huấn thị về việc phân công cho các thầy tế lễ và người Lê-vi, về việc phục dịch Đền Thờ Chúa Hằng Hữu, và về tất cả vật dụng trong Đền Thờ dùng trong việc thờ phượng.
၁၃ယဇ်ပုရောဟိတ်၊ လေဝိသားသင်းဖွဲ့ခြင်း၊ ထာဝရဘုရား၏အိမ်တော်၌ အမှုတော်ကို ဆောင်ရွက် ခြင်း၊ ဆောင်ရွက်စရာ တန်ဆာရှိသမျှတို့ကိုလည်း စီရင် တော်မူ၏။
14 Đa-vít cho cân đủ số lượng vàng và bạc để chế các vật dụng đó.
၁၄အမှုတော်အမျိုးမျိုးကို ဆောင်ရွက်စရာ ရွှေ တန်ဆာရှိသမျှတို့အဘို့ ရွှေကို၎င်း၊ ငွေတန်ဆာရှိသမျှတို့ အဘို့ ငွေကို၎င်းချိန်၍ အပ်တော်မူ၏။
15 Ông dặn Sa-lô-môn dùng vàng để làm chân đèn và đèn, bạc để làm chân đèn và đèn, tùy theo cách sử dụng mỗi chân đèn.
၁၅ရွှေမီးခုံနှင့်ရွှေမီးခွက်အသီးအသီးအဘို့၊ ငွေမီးခုံ နှင့် ငွေမီးခွက်အသီးအသီး သုံးစရာရှိသည်အတိုင်း ရွှေငွေကို ချိန်၍ အပ်တော်မူ၏။
16 Vua cho cân vàng để chế các bàn để Bánh Hiện Diện, cân bạc để chế các bàn bằng bạc.
၁၆ရှေ့တော်မုန့်တင်စရာရွှေစားပွဲနှင့် ငွေစားပွဲ အသီးအသီးအဘို့ ရွှေငွေကိုချိန်၍ အပ်တော်မူ၏။
17 Đa-vít cân vàng ròng để làm nĩa, chậu và ly; cân vàng để làm chén vàng; và cân bạc làm chén bạc.
၁၇အမဲသားချိတ်၊ အင်တုံ၊ ဖလားများအဘို့ ရွှေစင် ကို၎င်း၊ ရွှေလင်ပန်းနှင့် ငွေလင်ပန်းအသီးအသီးအဘို့ ရွှေငွေကို၎င်း၊ ချိန်၍အပ်တော်မူ၏။
18 Vua cũng cân vàng tinh chế để làm bàn thờ xông hương. Cuối cùng, vua đưa cho Sa-lô-môn sơ đồ làm xe với các chê-ru-bim có cánh xòe ra trên Hòm Giao Ước của Chúa Hằng Hữu.
၁၈နံ့သာပေါင်းမီးရှို့ရာ ယဇ်ပလ္လင်အဘို့ ရွှေစင်ကို ၎င်း၊ အတောင်တို့ကို ဖြန့်၍ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို လွှမ်းမိုးသော ခေရုဗိမ်ရထားတော်ပုံ အဘို့ရွှေကို၎င်း၊ ချိန်၍အပ်တော်မူ၏။
19 Đa-vít bảo Sa-lô-môn: “Tất cả các sơ đồ này, chính tay Chúa Hằng Hữu đã ghi lại cho ta.”
၁၉ထိုပုံများရှိသမျှတို့ကို ရေးထားသည်အတိုင်း၊ နားလည်နိုင်သော ဥာဏ်ပညာကို ထာဝရဘုရားသည် ပေးတော်မူ၏။
20 Rồi Đa-vít tiếp: “Hãy mạnh dạn và can đảm thực hiện chương trình. Đừng sợ hãi hay sờn lòng, vì Chúa Hằng Hữu, Đức Chúa Trời của cha ở với con. Ngài chẳng lìa con, chẳng bỏ con cho đến khi hoàn tất việc xây cất Đền Thờ.
၂၀သားတော်ရှောလမုန်အားလည်း၊ သင်သည် အားယူ၍ ရဲရင့်သော စိတ်နှင့်လုပ်ဆောင်လော့။ မစိုးရိမ် နှင့်။ စိတ်မပျက်နှင့်။ ငါ၏ဘုရားသခင် ထာဝရအရှင် ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူလိမ့်မည်။ ထာဝရဘုရား၏အိမ်တော်မှုကို ဆောင်ရွက်ရာဘို့ လုပ် ဆောင်၍ လက်စမသတ်မှီတိုင်အောင် သင့်ကို စွန့်တော် မမူ။ ပစ်ထားတော်မမူ။
21 Các nhóm thầy tế lễ và người Lê-vi sẽ thực hiện mọi việc cho Đền Thờ Đức Chúa Trời. Những thợ lành nghề sẽ vui lòng giúp con kiến thiết, các vị lãnh đạo và toàn dân sẽ tuân hành mệnh lệnh con.”
၂၁သင်းဖွဲ့သောယဇ်ပုရောဟိတ်၊ လေဝိသားတို့ သည်လည်း ဘုရားသခင်၏အိမ်တော်မှုကို ဆောင်ရွက် ရာဘို့ရှိကြ၏။ လိမ္မာသော ဆရာသမားအမျိုးမျိုးတို့ သည်လည်း အရာရာတို့ကို လုပ်ဆောင်စေဘို့ရှိကြ၏။ မင်းများနှင့် ပြည်သူပြည်သားများအပေါင်းတို့သည်လည်း သင့်လက်၌ရှိကြသည်ဟု မိန့်တော်မူ၏။