< Zǝbur 121 >
1 «Yuⱪiriƣa qiⱪix nahxisi» Kɵzlirimni taƣlar tǝrǝpkǝ kɵtürüp ⱪaraymǝn; Mening yardimim ⱪǝyǝrdin kelur?
၁ငါ့ကိုမစခြင်း အကြောင်းသည် ပေါ်ထွက်ရ သော တောင်ရိုးသို့ ငါမျှော်ကြည့်၏။
2 Mening yardimim Pǝrwǝrdigardindur; Asman-zeminni Yaratⱪuqidindur.
၂ကော်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရား ထံတော်မှ၊ ငါ့ကို မစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏။
3 U putungni ⱨeq teyildurmaydu; Seni saⱪliƣuqi ⱨeq mügdimǝydu!
၃သင်၏ ခြေကို ချော်စေခြင်းငှါ အခွင့်ပေးတော် မမူ။ သင့်ကို စောင့်သောသူသည် အိပ်တော်မမူ။
4 Mana, ⱪara, Israilni saⱪliƣuqi ⱨǝm mügdimǝydu, ⱨǝm uhlimaydu!
၄အကယ်စင်စစ် ဣသရေလအမျိုးကို စောင့် သောသူသည် ငိုက်မျဉ်းအိပ်ပျော်ခြင်း ရှိတော်မမူ။
5 Pǝrwǝrdigar sening saⱪliƣuqingdur; Pǝrwǝrdigar ong yeningdiki sayiwǝndur.
၅ထာဝရဘုရားသည် သင့်ကို စောင့်တော်မူ၏။ ထာဝရဘုရားသည် သင်၏လက်ျာဘက်၌ရှိသော သင်ခိုလှုံရာ အရိပ်ဖြစ်တော်မူ၏။
6 Ⱪuyax kündüzdǝ, ay keqidǝ sanga zǝrǝr yǝtküzmǝydu;
၆နေ့အချိန်၌ နေအားဖြင့်၎င်း၊ ညဉ့်အချိန်၌ လအားဖြင့်၎င်း အထိအခိုက်မရှိရာ။
7 Pǝrwǝrdigar barliⱪ yamanliⱪtin seni saⱪlaydu; U jeningni saⱪlaydu;
၇ထာဝရဘုရားသည် မကောင်းသောအမှုအရာ အလုံးစုံတို့ကို ကွယ်ကာ၍၊ သင်၏အသက်ကို စောင့်တော် မူလိမ့်မည်။
8 Pǝrwǝrdigar qiⱪixingni, kirixingni, Buningdin keyin ǝbǝdil’ǝbǝdgiqǝ saⱪlaydu.
၈ထာဝရဘုရားသည် သင်၏ ထွက်ခြင်းနှင့် ဝင်ခြင်းတို့ကို ယခုမှစ၍ အစဉ်အပြတ် စောင့်တော်မူ လိမ့်မည်။