< Padixaⱨlar 2 2 >

1 Pǝrwǝrdigar Iliyasni ⱪara ⱪuyunda asmanƣa kɵtürmǝkqi bolƣan waⱪitta Iliyas bilǝn Elixa Gilgaldin qiⱪip ketiwatatti.
ဧ​လိ​ယ​အား​လေ​ပွေ​ဖြင့် ကောင်း​ကင်​ဘုံ​သို့ ထာ​ဝ​ရ​ဘု​ရား​ဆောင်​ယူ​တော်​မူ​ရန်​အ​ချိန် ကျ​ရောက်​လာ​၏။ ဧ​လိ​ယ​နှင့်​ဧ​လိ​ရှဲ​သည် ဂိ​လ​ဂါ​လ​မြို့​မှ​ထွက်​ခွာ​လာ​ကြ​ရာ၊-
2 Iliyas Elixaƣa: — Sǝndin ɵtünimǝn, bu yǝrdǝ ⱪalƣin; qünki Pǝrwǝrdigar meni Bǝyt-Əlgǝ mangƣuzdi. Elixa: Pǝrwǝrdigarning ⱨayati bilǝn, wǝ sening ⱨayating bilǝn ⱪǝsǝm ⱪilimǝnki, seningdin ⱨǝrgiz ayrilmaymǝn! dedi. Xuning bilǝn ular Bǝyt-Əlgǝ qüxüp kǝldi.
လမ်း​တွင်​ဧ​လိ​ယ​က``ဤ​တွင်​နေ​ရစ်​ပါ​လော့။ ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​သည် ဗေ​သ​လ​မြို့ သို့​စေ​လွှတ်​တော်​မူ​သည်'' ဟု​ဧ​လိ​ရှဲ​အား ပြော​၏။ သို့​ရာ​တွင်​ဧ​လိ​ရှဲ​က``အ​ကျွန်ုပ်​သည်​အ​ရှင်​နှင့် ခွဲ​ခွာ​လိမ့်​မည်​မ​ဟုတ်​ကြောင်း အ​သက်​ရှင်​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​နှင့်​အ​ရှင့်​အ​ပေါ်​၌ အ​ကျွန်ုပ်​ထား​ရှိ​သည့်​ကျေး​ဇူး​သစ္စာ​ကို​တိုင် တည်​၍​ကျိန်​ဆို​ပါ​၏'' ဟု​ပြန်​ပြော​လေ​သည်။ သို့​ဖြစ်​၍​သူ​တို့​နှစ်​ဦး​သည်​ဗေ​သ​လ​မြို့ သို့​ဆက်​၍​သွား​ကြ​၏။
3 U waⱪitta Bǝyt-Əldiki pǝyƣǝmbǝr xagirtliri Elixaning ⱪexiƣa kelip uningƣa: Bilǝmsǝn, Pǝrwǝrdigar bügün ƣojangni sǝndin elip ketidu? — dedi. U: Bilimǝn; xük turunglar, dedi.
ထို​မြို့​တွင်​နေ​ထိုင်​ကြ​သည့်​ပ​ရော​ဖက်​တစ်​စု သည် ဧ​လိ​ရှဲ​ထံ​သို့​လာ​၍``ကိုယ်​တော်​၏​သ​ခင် ကို​ကိုယ်​တော့်​ထံ​မှ ယ​နေ့​ထာ​ဝရ​ဘု​ရား​ရုပ် သိမ်း​တော်​မူ​မည်​ကို​သိ​ပါ​၏​လော'' ဟု​မေး ကြ​၏။ ဧ​လိ​ရှဲ​က``ငါ​သိ​၏။ ဆိတ်​ဆိတ်​နေ​ကြ​လော'' ဟု​ပြန်​၍​ဖြေ​ကြား​၏။
4 Iliyas Elixaƣa: — Sǝndin ɵtünimǝnki, bu yǝrdǝ ⱪalƣin; qünki Pǝrwǝrdigar meni Yerihoƣa mangƣuzdi. Elixa: Pǝrwǝrdigarning ⱨayati bilǝn, wǝ sening ⱨayating bilǝn ⱪǝsǝm ⱪilimǝnki, seningdin ⱨǝrgiz ayrilmaymǝn, dedi. Xuning bilǝn ular ikkisi Yerihoƣa bardi.
ထို​နောက်​ဧ​လိ​ယ​သည်​ဧ​လိ​ရှဲ​အား``ဤ​အ​ရပ် တွင်​နေ​ရစ်​ပါ​လော့။ ထာ​ဝရ​ဘု​ရား​သည်​ငါ့​အား ယေ​ရိ​ခေါ​မြို့​သို့​စေ​လွှတ်​တော်​မူ​သည်'' ဟု​ဆို​၏။ သို့​ရာ​တွင်​ဧ​လိ​ရှဲ​က``အ​ကျွန်ုပ်​သည်​အ​ရှင်​နှင့် ခွဲ​ခွာ​လိမ့်​မည်​မ​ဟုတ်​ကြောင်း အ​သက်​ရှင်​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​နှင့်​အ​ရှင့်​အ​ပေါ်​၌ အ​ကျွန်ုပ်​ထား​ရှိ​သည့်​ကျေး​ဇူး​သစ္စာ​ကို​တိုင် တည်​၍​ကျိန်​ဆို​ပါ​၏'' ဟု​ပြန်​ပြော​လေ​၏။ သို့ ဖြစ်​၍​သူ​တို့​သည်​ယေ​ရိ​ခေါ​မြို့​သို့​သွား ကြ​၏။
5 U waⱪitta Yerihodiki pǝyƣǝmbǝr xagirtliri Elixaning ⱪexiƣa kelip uningƣa: Bilǝmsǝn, Pǝrwǝrdigar bügün ƣojangni sǝndin elip ketidu? — dedi. U: Bilimǝn; xük turunglar, dedi.
ထို​မြို့​တွင်​နေ​ထိုင်​ကြ​သည့်​ပ​ရော​ဖက်​တစ်​စု သည် ဧ​လိ​ရှဲ​ထံ​သို့​လာ​၍``ထာ​ဝရ​ဘု​ရား​သည် ကိုယ်​တော်​၏​သ​ခင်​ကို​ကိုယ်​တော်​ထံ​မှ ယ​နေ့ ရုပ်​သိမ်း​တော်​မူ​မည်​ကို​သိ​ပါ​၏​လော'' ဟု မေး​ကြ​၏။ ဧ​လိ​ရှဲ​က``ငါ​သိ​၏။ ဆိတ်​ဆိတ်​နေ​ကြ​လော့'' ဟု​ပြန်​၍​ဖြေ​ကြား​၏။
6 Iliyas Elixaƣa: — Sǝndin ɵtünimǝnki, bu yǝrdǝ ⱪalƣin; qünki Pǝrwǝrdigar meni Iordan dǝryasiƣa mangƣuzdi, dedi. Elixa: Pǝrwǝrdigarning ⱨayati bilǝn, wǝ sening ⱨayating bilǝn ⱪǝsǝm ⱪilimǝnki, seningdin ⱨǝrgiz ayrilmaymǝn, dedi, xuning bilǝn ular ikkisi mengiwǝrdi.
ထို​နောက်​ဧ​လိ​ယ​သည်​ဧ​လိ​ရှဲ​အား``ဤ​တွင် နေ​ရစ်​ပါ​လော့။ ထာ​ဝရ​ဘု​ရား​သည်​ငါ့​အား ယော်​ဒန်​မြစ်​သို့​စေ​လွှတ်​တော်​မူ​သည်'' ဟု ဆို​၏။ သို့​ရာ​တွင်​ဧ​လိ​ရှဲ​က``အ​ကျွန်ုပ်​သည်​အ​ရှင် နှင့်​ခွဲ​ခွာ​မည်​မ​ဟုတ်​ကြောင်း အ​သက်​ရှင်​တော်​မူ သော​ထာ​ဝရ​ဘု​ရား​နှင့်​အ​ရှင့်​အ​ပေါ်​၌ အ​ကျွန်ုပ် ထား​ရှိ​သည့်​ကျေး​ဇူး​သစ္စာ​ကို​တိုင်​တည်​၍​ကျိန် ဆို​ပါ​၏'' ဟု​ပြန်​ပြော​လေ​သည်။ သို့​ဖြစ်​၍ သူ​တို့​သည်​ဆက်​လက်​ထွက်​ခွာ​သွား​ကြ​၏။-
7 Əmdi pǝyƣǝmbǝr xagirtliridin ǝllik kixi berip, ularning udulida yiraⱪtin ⱪarap turatti. Əmma u ikkiylǝn Iordan dǝryasining boyida tohtap turdi.
ပ​ရော​ဖက်​ငါး​ကျိပ်​တို့​သည်​ယော်​ဒန်​မြစ်​အ​ထိ လိုက်​သွား​ကြ​၏။ ဧ​လိ​ယ​နှင့်​ဧ​လိ​ရှဲ​တို့​သည် မြစ်​အ​နီး​တွင်​ရပ်​တန့်​ကြ​သော​အ​ခါ ပ​ရော ဖက်​ငါး​ကျိပ်​တို့​သည်​မ​လှမ်း​မ​ကမ်း​တွင်​ရပ် လျက်​နေ​ကြ​၏။-
8 Iliyas yepinqisini ⱪatlap, uning bilǝn suni uriwidi, su ikkigǝ bɵlünüp turdi; ular ikkisi ⱪuruⱪ yoldin ɵtti.
ထို​နောက်​ဧ​လိ​ယ​သည်​မိ​မိ​၏​ဝတ်​လုံ​ကို​ချွတ် ၍​လိပ်​ပြီး​လျှင် ရေ​ကို​ရိုက်​လေ​၏။ ထို​အ​ခါ​ရေ သည်​နှစ်​ခြမ်း​ကွဲ​၍​သွား​သ​ဖြင့် သူ​တို့​နှစ်​ဦး သည်​ခြောက်​သွေ့​သော​မြေ​ပေါ်​တွင်​လျှောက်​၍ မြစ်​တစ်​ဘက်​သို့​ကူး​ကြ​၏။-
9 Ɵtüp bolƣandin keyin Iliyas Elixaƣa: Mǝn sǝndin ayrilmasta, sening ɵzüng üqün mǝndin nemǝ tiliking bolsa, dǝwǝrgin, dedi. Elixa: Sening üstüngdǝ turƣan Roⱨning ikki ⱨǝssisi üstümgǝ ⱪonsun, — dedi.
ထို​အ​ရပ်​သို့​ရောက်​သော​အ​ခါ​ဧ​လိ​ယ​သည် ဧ​လိ​ရှဲ​အား``သင်​နှင့်​မ​ခွဲ​မ​ခွာ​ရ​မီ​ငါ့​ထံ ဆု​တစ်​ခု​ကို​တောင်း​လော့'' ဟု​ပြော​၏။ ဧ​လိ​ရှဲ​က``အ​ရှင်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ နိုင်​ရန် သား​ဦး​ရ​သင့်​ရ​ထိုက်​သော​အ​ရှင်​၏ တန်​ခိုး​ဝေ​စု ကို အ​ကျွန်ုပ်​အား​ပေး​တော်​မူ​ပါ'' ဟု​တောင်း လေ​၏။
10 U: Bu tilikinggǝ erixmǝk ⱪiyindur; mǝn sǝndin elip ketilgǝn waⱪtimda, meni kɵrüp tursang, sanga xundaⱪ berilidu; bolmisa, berilmǝydu, — dedi.
၁၀ဧ​လိ​ယ​က``သင်​တောင်း​သော​ဆု​ကို​ပေး​ရန် မလွယ်​ကူ​ပါ။ သို့​ရာ​တွင်​သင်​သည်​ငါ့​အား​ဆောင် ယူ​သွား​သည်​ကို​တွေ့​မြင်​ရ​ပါ​လျှင် သင်​တောင်း သော​ဆု​ကို​ရ​လိမ့်​မည်။ အ​ကယ်​၍​သင်​မ​တွေ့ မ​မြင်​ရ​ပါ​မူ​ထို​ဆု​ကို​ရ​မည်​မ​ဟုတ်'' ဟု ဆို​၏။
11 Wǝ xundaⱪ boldiki, ular sɵzlixip mangƣanda, mana, otluⱪ bir jǝng ⱨarwisi bilǝn otluⱪ atlar namayan boldi; ular ikkisini ayriwǝtti wǝ Iliyas ⱪara ⱪuyunda asmanƣa kɵtürülüp kǝtti.
၁၁သူ​တို့​သည်​စ​ကား​ပြော​လျက်​ဆက်​လက်​လျှောက် သွား​ကြ​စဉ် ရုတ်​တ​ရက်​သူ​တို့​နှစ်​ယောက်​၏​စပ် ကြား​၌ မီး​မြင်း​များ​က​လျက်​မီး​လျှံ​ထ​နေ သော​ရ​ထား​တစ်​စီး​ပေါ်​လာ​ပြီး​လျှင် ဧ​လိ​ယ အား​လေ​ပွေ​ဖြင့်​ကောင်း​ကင်​ဘုံ​သို့​ဆောင်​ယူ သွား​လေ​၏။-
12 Elixa buni kɵrüp: I atam, i atam, Israilning jǝng ⱨarwisi wǝ atliⱪ ǝskǝrliri! — dǝp warⱪiridi. Andin u uni yǝnǝ kɵrǝlmidi. U ɵz kiyimini tutup, ularni yirtip ikki parqǝ ⱪiliwǝtti.
၁၂ဧ​လိ​ရှဲ​သည်​ထို​အ​ခြင်း​အ​ရာ​ကို​မြင်​သ​ဖြင့် ဧ​လိ​ယ​အား``အို အ​ကျွန်ုပ်​၏​အ​ဖ၊ အို အ​ကျွန်ုပ် ၏​အ​ဖ၊ တန်​ခိုး​ကြီး​မား​၍​ဣသ​ရေ​လ​အ​မျိုး သား​တို့​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​သော​အ​ရှင်၊ ကိုယ် တော်​သည်​ထွက်​ခွာ​သွား​တော်​မူ​ပါ​ပြီ​တ​ကား'' ဟု​ဟစ်​အော်​၍​ပြော​၏။ ထို​နောက်​သူ​သည်​ဧ​လိ​ယ ကို​တစ်​ဖန်​ပြန်​၍​မ​တွေ့​မ​မြင်​ရ​တော့​ချေ။ ဧ​လိ​ရှဲ​သည်​ကြေ​ကွဲ​ဝမ်း​နည်း​သ​ဖြင့် မိ​မိ​၏ ဝတ်​လုံ​ကို​နှစ်​ခြမ်း​ဆုတ်​ဖြဲ​လိုက်​၏။-
13 Andin u Iliyasning uqisidin qüxüp ⱪalƣan yepinqisini yǝrdin elip, Iordan dǝryasining ⱪirƣiⱪiƣa ⱪaytip kǝldi.
၁၃ထို​နောက်​သူ​သည်​ဧ​လိ​ယ​ထံ​မှ​ကျ​ခဲ့​သည့် ဝတ်​လုံ​ကို​ကောက်​ယူ​ပြီး​လျှင် ယော်​ဒန်​မြစ် သို့​ပြန်​လာ​၏။-
14 U Iliyasning üstidin qüxüp ⱪalƣan yepinqisi bilǝn suni urup: «Iliyasning Hudasi Pǝrwǝrdigar nǝdidur?», dedi. Elixa suni xundaⱪ urƣanda su ikkigǝ bɵlündi; Elixa sudin ɵtüp kǝtti.
၁၄သူ​သည်​မြစ်​ကမ်း​ပေါ်​တွင်​ရပ်​လျက်​ရေ​ကို ဧ​လိ​ယ​၏​ဝတ်​လုံ​ဖြင့်​ရိုက်​၏။ သို့​ရာ​တွင်​ရေ သည်​ကွဲ​၍​မ​သွား​ချေ။ ဧ​လိ​ရှဲ​သည်``ဧ​လိ​ယ ၏​ဘု​ရား​တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​ကား​အ​ဘယ်​မှာ​နည်း'' ဟု​ဟစ်​အော်​ပြီး လျှင် ရေ​ကို​တစ်​ဖန်​ရိုက်​ပြန်​၏။ ထို​အ​ခါ​ရေ သည်​နှစ်​ခြမ်း​ကွဲ​သ​ဖြင့် သူ​သည်​မြစ်​တစ်​ဘက် ကမ်း​သို့​လျှောက်​၍​သွား​လေ​သည်။-
15 Yerihodiki pǝyƣǝmbǝr Xagirtliri ⱪarxi ⱪirƣaⱪta turup uni kɵrdi wǝ: «Iliyasning roⱨi Elixaning üstididur» dǝp uning aldiƣa berip, bax urup tǝzim ⱪildi.
၁၅ယေ​ရိ​ခေါ​မြို့​မှ​ပ​ရော​ဖက်​ငါး​ကျိပ်​တို့​သည် ဧ​လိ​ရှဲ​ကို​မြင်​သ​ဖြင့်``ဧ​လိ​ယ​၏​တန်​ခိုး​ကို ဧ​လိ​ရှဲ​ခံ​ယူ​ရ​ရှိ​လေ​ပြီ'' ဟု​ဆို​ကြ​၏။ သူ တို့​သည်​ဧ​လိ​ရှဲ​အား​လာ​ရောက်​ကြို​ဆို​ကာ သူ​၏​ရှေ့​တွင်​ဦး​ညွှတ်​ကြ​ပြီး​နောက်၊-
16 Ular uningƣa: Mana sening kǝminiliring arisida ǝllik ǝzimǝt bar; ɵtünimiz, bular ƣojangni izdigili barsun. Pǝrwǝrdigarning Roⱨi bǝlkim uni kɵtürüp taƣlarning bir yeridǝ yaki jilƣilarning bir tǝripidǝ taxlap ⱪoydimiki, dedi. Lekin u: Silǝr ⱨeq adǝmni ǝwǝtmǝnglar, dedi.
၁၆``ဤ​အ​ရပ်​တွင်​အကျွန်ုပ်​တို့​လူ​ငါး​ကျိပ်​ရှိ ပါ​၏။ အ​ကျွန်ုပ်​တို့​အား​လုံး​ပင်​သန်​မာ​သူ များ​ဖြစ်​ပါ​သည်။ အ​ကျွန်ုပ်​တို့​အား အ​ရှင် ၏​သ​ခင်​ကို​သွား​ရောက်​ရှာ​ဖွေ​ခွင့်​ပြု​တော်​မူ ပါ။ ထာ​ဝရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​သူ့​ကို ဆောင်​ယူ​ပြီး​လျှင် တောင်​ပေါ်​ဖြစ်​စေ၊ ချိုင့်​ထဲ သို့​ဖြစ်​စေ​တစ်​နေ​ရာ​ရာ​တွင်​ချ​ထား​ကောင်း ချ​ထား​ခဲ့​ပါ​လိမ့်​မည်'' ဟု​ပြော​ကြ​၏။ ဧ​လိ​ရှဲ​က``သင်​တို့​မ​သွား​ကြ​ပါ​နှင့်'' ဟု တား​မြစ်​၏။
17 Əmma ularning uni ⱪistawerixi bilǝn u hijalǝt bolup: Adǝm ǝwǝtinglar, dedi. Xunga ular ǝllik kixini ǝwǝtti; bular üq kün uni izdidi, lekin ⱨeq tapalmidi.
၁၇သို့​ရာ​တွင်​သူ​တို့​သည်​အ​ကြိမ်​ကြိမ်​တောင်း​ပန် ကြ​သ​ဖြင့် ဧ​လိ​ရှဲ​သည်​သူ​တို့​အား​ခွင့်​ပြု​လိုက် လေ​သည်။ ထို​သူ​ငါး​ကျိပ်​တို့​သည်​သုံး​ရက်​တိုင် တိုင် တစ်​တောင်​တက်​ဆင်း​ရှာ​ဖွေ​ကြ​သော်​လည်း ဧ​လိ​ယ​ကို​မ​တွေ့​ကြ။-
18 Ular Elixaning yeniƣa ⱪaytip kǝlgǝndǝ (u Yerihoda turuwatatti) u ularƣa: Mǝn dǝrwǝⱪǝ silǝrgǝ «Izdǝp barmanglar!» demidimmu? — dedi.
၁၈ထို​အ​ခါ​သူ​တို့​သည်​ယေ​ရိ​ခေါ​မြို့​တွင် စောင့်​လျက် နေ​သည့်​ဧ​လိ​ရှဲ​၏​ထံ​သို့​ပြန်​လာ​ကြ​၏။ ထို​အ​ခါ ဧ​လိ​ရှဲ​က``သင်​တို့​အား​မ​သွား​ကြ​ရန်​ငါ​ပြော သည်​မ​ဟုတ်​လော'' ဟု​ဆို​လေ​၏။
19 Xǝⱨǝrdiki adǝmlǝr Elixaƣa: Ƣojam kɵrgǝndǝk, xǝⱨǝr ɵzi obdan jaydidur, lekin su naqar wǝ tupraⱪ tuƣmastur, dedi.
၁၉ယေ​ရိ​ခေါ​မြို့​သား​အ​ချို့​တို့​သည် ဧ​လိ​ရှဲ​ထံ သွား​၍``အ​ရှင်၊ အ​ရှင်​သိ​တော်​မူ​သည့်​အ​တိုင်း ဤ​မြို့​သည်​သာ​ယာ​သော​မြို့​ပင်​ဖြစ်​သော်​လည်း ရေ​မ​ကောင်း​သ​ဖြင့်​နေ​ထိုင်​သူ​တို့​သား​ပျက် တတ်​ပါ​သည်'' ဟု​လျှောက်​ကြ​၏။
20 U: Yengi bir koza elip kelip, iqigǝ tuz ⱪoyup, manga beringlar, dedi. Ular uni elip kelip uningƣa bǝrdi.
၂၀ဧ​လိ​ရှဲ​က``အိုး​သစ်​တွင်​ဆား​အ​နည်း​ငယ်​ထည့် ၍​ယူ​ခဲ့​ကြ​လော့'' ဟု​ဆို​သည့်​အ​တိုင်း​ယူ​ခဲ့​ကြ သော​အ​ခါ၊-
21 U bulaⱪning bexiƣa berip uningƣa tuzni tɵkti wǝ: Pǝrwǝrdigar mundaⱪ dǝydu: — «Mǝn bu sularni saⱪayttim; ǝmdi ulardin ⱪayta ɵlüm bolmaydu wǝ yǝrning tuƣmasliⱪi bolmaydu» — dedi.
၂၁သူ​သည်​စမ်း​ရေ​တွင်း​သို့​သွား​၍​ဆား​ကို​ရေ​တွင် ခတ်​ပြီး​လျှင်``ထာ​ဝရ​ဘု​ရား​က`ငါ​သည်​ဤ​ရေ ကို​သန့်​စင်​စေ​ပြီ။ နောက်​တစ်​ဖန်​သေ​ဘေး၊ သား ပျက်​ဘေး​မ​ဖြစ်​ပွား​စေ​ရ' ဟု​မိန့်​တော်​မူ​ပြီ'' ဟူ​၍​ပြော​၏။
22 Huddi Elixaning eytⱪan bu sɵzidǝk, u su taki bügüngǝ ⱪǝdǝr pak bolup kǝldi.
၂၂ဧ​လိ​ရှဲ​ပြော​သည့်​အ​တိုင်း​ပင်​ထို​အ​ချိန်​မှ​အ​စ ပြု​၍ ယ​နေ့​တိုင်​အောင်​ထို​ရေ​သည်​သန့်​စင်​လျက်​ရှိ သ​တည်း။
23 Elixa Yerihodin qiⱪip Bǝyt-Əlgǝ bardi. U yolda ketip barƣanda, bǝzi balilar xǝⱨǝrdin qiⱪip uni zangliⱪ ⱪilip: Qiⱪip kǝt, i taⱪir bax! Qiⱪip kǝt, i taⱪir bax! — dǝp warⱪiraxti.
၂၃ဧ​လိ​ရှဲ​သည်​ဗေ​သ​လ​မြို့​သို့​သွား​ရန် ယေ​ရိ​ခေါ မြို့​မှ​ထွက်​ခွာ​ခဲ့​၏။ လမ်း​တွင်​မြို့​တစ်​မြို့​မှ​သူ ငယ်​အ​ချို့​တို့​သည်​ထွက်​လာ​ပြီး​လျှင် သူ့​အား ပြောင်​လှောင်​ကြ​၏။ သူ​တို့​က``ဦး​ပြည်း၊ ခေါင်း​တုံး ကြီး၊ ဤ​အ​ရပ်​မှ​ထွက်​သွား​လော့'' ဟု​အော်​ဟစ် ကြ​၏။
24 U burulup ularƣa ⱪarap Pǝrwǝrdigarning nami bilǝn ularƣa lǝnǝt oⱪudi; xuning bilǝn ormanliⱪtin ikki qixi eyiⱪ qiⱪip, balilardin ⱪiriⱪ ikkini yirtiwǝtti.
၂၄ဧ​လိ​ရှဲ​သည်​လှည့်​၍​သူ​တို့​အား​စိမ်း​စိမ်း​ကြည့် ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍​ကျိန်​ဆဲ​လေ​သည်။ ထို​အ​ခါ​တော​အုပ်​ထဲ မှ​ဝက်​ဝံ​မ​နှစ်​ကောင်​ထွက်​လာ​ကာ ထို​သူ​ငယ် လေး​ဆယ့်​နှစ်​ယောက်​တို့​အား​အ​ပိုင်း​ပိုင်း​ကိုက် ဖြတ်​ကြ​၏။
25 U u yǝrdin ketip, Karmǝl teƣiƣa berip, u yǝrdin Samariyǝgǝ yenip bardi.
၂၅ဧ​လိ​ရှဲ​သည်​က​ရ​မေ​လ​တောင်​သို့​သွား​ပြီး နောက် ရှ​မာ​ရိ​မြို့​သို့​ပြန်​လာ​လေ​သည်။

< Padixaⱨlar 2 2 >