< Korintliⱪlarƣa 2 10 >

1 Əmma ɵzüm, silǝr bilǝn billǝ bolƣanda muamilisi yumxaⱪ, lekin silǝrdin ayrilƣanda silǝrgǝ ⱪarita ⱪattiⱪ ⱪolluⱪ dǝp ⱪaralƣan mǝnki Pawlus Mǝsiⱨning yuwax-mɵminliki wǝ mulayimliⱪi bilǝn silǝrdin ɵtünümǝn,
သင်တို့၏မျက်မှောက်၌နှိမ့်ချခြင်း၊ မျက်ကွယ်၌ သင်တို့ အမှုကိုစီရင်၍ ရဲရင့်ခြင်းရှိသော ငါပေါလုသည်၊ ခရစ်တော်၏နူးညံ့သိမ်မွေ့ဖြည်းညှင်းတော်မူခြင်းကို အကြောင်းပြ၍ သင်တို့ကိုတောင်းပန်ပါ၏။
2 — xuni tǝlǝp ⱪilimǝnki, yeninglarƣa barƣinimda, bizni «ǝtlǝr boyiqǝ mangƣanlar!» dǝp guman bilǝn ⱪaraydiƣan bǝzilǝrgǝ ⱪarita oyliƣinimdǝk ⱪattiⱪ ⱪolluⱪ ⱪilixⱪa meni mǝjbur ⱪilmanglar;
ငါတို့သည်ဇာတိပကတိအလိုသို့လိုက်၍ ကျင့်သောသူဖြစ်ကြသည်ဟု ထင်မှတ်သောသူတို့အား၊ ငါကြံစည်သောရဲရင့်ခြင်းအတိုင်း သင်တို့ဆီသို့ရောက်လာသောအခါ၊ ထိုမျှလောက်ရဲရင့်ခြင်းမရှိမည်အကြောင်း ငါတောင်းပန်ပါ၏။
3 gǝrqǝ biz insaniy ǝtlǝrdǝ yürsǝkmu, biz ǝtlǝr boyiqǝ jǝng ⱪilmaymiz.
အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် လူဇာတိ၌ ကျင်လည်သော်လည်း၊ ဇာတိပကတိအလိုသို့ လိုက်၍ စစ်တိုက်ကြသည်မဟုတ်။
4 Qünki jǝng ⱪorallirimiz ǝtkǝ tǝwǝ ⱪorallar ǝmǝs, bǝlki Huda tǝripidin ⱪorƣan-istiⱨkamlarni gumran ⱪilix küqigǝ igǝ ⱪilinƣan ⱪorallardur;
ငါတို့စစ်တိုက်၍သုံးစွဲသော လက်နက်သည် ဇာတိပကတိလက်နက်မဟုတ်။ ဘုရားသခင်၏ တန်ခိုး တော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင်သော လက်နက်ဖြစ်၏။
5 biz ular bilǝn bǝs-munazirilǝrni wǝ Hudani tonuxⱪa ⱪarxilixixⱪa turƣan ⱨǝrⱪandaⱪ ⱨakawur tosalƣuni gumran ⱪilimiz, xundaⱪla ⱨǝrbir oy-hiyallarni Mǝsiⱨkǝ beⱪindurup itaǝt ⱪilixⱪa kǝltürimiz;
ထိုလက်နက်အားဖြင့် လူတို့၏အကြံအစည်တို့ကို၎င်း၊ ဘုရားသခင်ကိုသိသောပညာကို တားဆီးသော မာန်မာနရှိသမျှတို့ကို၎င်း၊ နှိမ့်ချမှောက်လှန်၍၊ ခပ်သိမ်းသောစိတ်တို့ကို ဘမ်းသွားချုပ်ထားလျက်၊ ခရစ်တော်၏ စကားကို နားထောင်စေကြ၏။
6 silǝr toluⱪ itaǝt ⱪilƣandin keyin, [aranglarda] ⱪandaⱪ itaǝtsizlik ⱪalƣan bolsa bularni jazalaxⱪa tǝyyarmiz.
သင်တို့၏နားထောင်ခြင်းအမှုသည် ပြည့်စုံပြီးမှ၊ နားမထောင်ဘဲနေသော သူအပေါင်းတို့ကို ဒဏ်ပေးခြင်းငှါ ငါတို့သည် အသင့်ရှိကြ၏။
7 Silǝr pǝⱪǝt kɵz aldinglardiki ixlarƣila ⱪaraydikǝnsilǝr. Əgǝr birsi ɵzini Mǝsiⱨkǝ tǝwǝmǝn dǝp ⱪarisa, u yǝnǝ xuning üstigǝ oylansunki, u Mǝsiⱨkǝ tǝwǝ bolƣiniƣa ohxax, bizmu Uningƣa tǝwǝdurmiz.
မျက်နှာကိုသာ ကြည့်မှတ်ကြသလော့။ အကြင်သူက၊ ငါသည်ခရစ်တော်၏လူဖြစ်သည်ဟု မိမိ၌ စွဲလမ်း ခြင်းရှိ၏၊ ထိုသူသည် ခရစ်တော်၏လူဖြစ်သကဲ့သို့၊ ငါတို့ သည်လည်း ခရစ်တော်၏ လူဖြစ်ကြောင်းကို တဖန် အလိုအလျောက် ဆင်ခြင်သိမှတ်စေ။
8 Qünki, Rǝb tǝripidin silǝrni nabut ⱪilix üqün ǝmǝs, bǝlki etiⱪadinglarni ⱪurux üqün bizgǝ amanǝt ⱪilinƣan ⱨoⱪuⱪimiz toƣruluⱪ tehimu kɵp ziyadirǝk mahtansammu, buningda ⱨeq yǝrgǝ ⱪarap ⱪalmaymǝn;
သင်တို့ကို ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှါမဟုတ်။ တည်ဆောက်ခြင်း အလိုငှါ သခင်ဘုရားသည် ငါတို့၌ အပ်ပေးတော်မူသော တန်ခိုးကို ငါသည်သာ၍ ဝါကြွားသော်လည်း၊ ရှက်ကြောက်စရာအကြောင်းမရှိ၊
9 ǝmdi mǝn pǝⱪǝt hǝtlǝrdila silǝrni ⱪorⱪatmaⱪqi ǝmǝsmǝn;
ငါရေး၍ပေးလိုက်သောစာအားဖြင့်သာ သင်တို့ကို ခြိမ်းချောက်သကဲ့သို့ ငါမပြုလို။
10 qünki bǝzilǝr: «Uning hǝtliri dǝrwǝⱪǝ wǝzinlik ⱨǝm küqlük; lekin u yetip kǝlgǝndǝ salapǝtsiz, gepining tutami yoⱪ bolidu» deyixidu.
၁၀အကြောင်းမူကား၊ ထိုသူ၏ စာသည် လေးလံသောစာ၊ တန်ခိုးနှင့် ပြည့်စုံသောစာဖြစ်၏။ ကိုယ်တိုင် ရှိလျှင်မူကား၊ သတ္တိမရှိသောသူ၊ အချည်းနှီးသော စကားကို ပြောသောသူဖြစ်သည်ဟုဆိုတတ်သောသူရှိ၏။
11 Əmdi bundaⱪ hiyal ⱪilƣuqilar xuni bilip ⱪoysunki, biz yiraⱪta bolƣinimizda hǝtlǝrdiki sɵzimiz ⱪandaⱪ bolƣan bolsa biz yetip barƣinimizda ǝmǝliyitimizmu xundaⱪ bolidu.
၁၁ငါတို့သည်ကိုယ်တိုင်မရှိ၍ စာ၌ပါသော စကားအားဖြင့်ဖြစ်သကဲ့သို့၊ ကိုယ်တိုင်မျက်မှောက် ရှိသောအခါ အမှုအားဖြင့် ဖြစ်လိမ့်မည်ဟု ထိုသူသည် ဆင်ခြင်သိမှတ်စေ။
12 Qünki biz ɵzimizni ɵzini ⱪaltis qaƣlaydiƣanlar bilǝn bir ⱪatarƣa ⱪoyuxⱪa yaki ular bilǝn selixturuxⱪa petinmaymiz; xundaⱪ kixilǝr ɵzlirini ɵzlirining ɵlqimi bilǝn ɵlqǝp, ɵzlirini ɵzliri bilǝn selixturidiƣan bolup, ⱨǝⱪiⱪǝtǝn ǝⱪilsizlardindur.
၁၂ကိုယ်ကိုကိုယ်ချီးမွမ်းသော သူတို့နှင့် ရေတွက်ဝင်ခြင်းကို၎င်း၊ ပြိုင်နှိုင်းခြင်းကို၎င်း၊ ငါတို့မပြုဝံ့။ ထိုသူတို့သည် အချင်းချင်းတယောက်နှင့် တယောက်ခိုင်နှိုင်းခြင်း၊ ပြိုင်နှိုင်းခြင်းတို့ကိုပြု၍ ပညာမဲ့ဖြစ်ကြ၏။
13 Biz ǝmdi ɵzimizgǝ bekitilgǝn ɵlqǝmdin ⱨalⱪip mahtinip yürginimiz yoⱪ. Biz bǝlki ⱨǝmmini ɵlqigüqi Huda bizgǝ bekitkǝn hizmǝt dairisidiki ɵlqǝm, yǝni silǝrning [hizmitinglarƣimu] yetidiƣan ɵlqǝm bilǝn pǝhirlinimiz.
၁၃ထိုမှတပါး၊ ကိုယ်ငန်းကိုယ်တာကို လွန်ကျူး၍ ပြုသောအမှုအရာကို ငါတို့ကြွားဝါခြင်းမရှိဝံ့၊ ဘုရားသခင် ဝေငှတော်မူသောအငန်းအတာ၏ အတိုင်းအရှည် အတွင်းတွင်ပြုသော အရာကိုသာ ဝါကြွားခြင်းရှိဝံ့၏။ ထိုအတိုင်းအရှည်သည် သင်သို့တိုင်အောင်ပင်မှီ သတည်း။
14 Qünki ɵlqimi silǝrning hizmitinglarƣa yǝtmǝydiƣan kixilǝrdǝk, [hizmitinglarda bolƣinimizda] dairimizdin ⱨalⱪip kǝtmǝymiz, qünki biz Mǝsiⱨning hux hǝwirini yǝtküzüxtǝ [birinqi bolup] yeninglarƣimu kǝlduⱪ.
၁၄သင်တို့တိုင်အောင်မမှီလျှင်၊ ငါတို့သည် လွန်ကျူး၍ ပြုကြသည်မဟုတ်။ အကြောင်းမူကား၊ ခရစ်တော်၏ ဧဝံဂေလိတရားကိုဟောပြော၍၊ သင်တို့ရှိရာသို့ တိုင်အောင် ရောက်ကြပြီ။
15 Biz hizmǝt dairimizdin ⱨalⱪip, baxⱪilarning singdürgǝn japa-ǝjirliri bilǝn mahtanƣinimiz yoⱪ; lekin biz silǝrning iman-etiⱪadinglar ɵskǝnseri aranglardiki hizmitimiz bizgǝ bekitilgǝn dairimiz iqidǝ tehimu ziyadǝ kengǝytilsun dǝp ümid ⱪilimiz;
၁၅ငါတို့သည် ကိုယ်ငန်းကိုယ်တာကိုလွန်ကျူး၍၊ သူတပါးအလုပ်ထဲသို့ဝင်ခြင်းကြောင့် ဝါကြွား လေ့ရှိကြသည် မဟုတ်။ ထိုသို့သူ့ငန်းသူ့တာအတွင်းတွင် ပြင်ဆင်ပြီးသော အမှုအရာကို ဝါကြွားခြင်းမရှိဘဲ၊ သင် တို့ ပြည်တဘက်သို့ကူး၍ ဧဝံဂေလိတရားကို ဟောပြောရသောအခွင့်ရှိစေခြင်းငှါ၊ သင်တို့ယုံကြည်ခြင်း ပါရမီ ရင့်ပြီမှ၊ ငါတို့၏အငန်းအတာသည် အလွန်ကျယ်ဝန်းမည်ဟု မြော်လင့်ခြင်းရှိ၏။
16 xundaⱪ bolƣanda, biz silǝrdin tehimu yiraⱪ yǝrlǝrgǝ hux hǝwǝrni yǝtküzüp jakarlaydiƣan bolimiz; tǝyyarƣa ⱨǝyyar bolup, baxⱪilarning dairisidiki hizmǝt ǝjri bilǝn mahtinix bizgǝ yat.
၁၆
17 Əmma «Pǝhirlinip mahtiƣuqi bolsa Rǝbdin pǝhirlinip mahtixi kerǝk!».
၁၇သို့ဖြစ်၍ဝါကြွားသောသူမည်သည်ကား၊ သခင်ဘုရား၌သာ ဝါကြွားစေ။
18 Qünki ɵzini tǝripligüqi ǝmǝs, bǝlki Rǝb tǝripligǝn kixi ⱨǝⱪiⱪǝtǝn layaⱪǝtliktur.
၁၈အကြောင်းမူကား၊ ကိုယ်ကို ကိုယ်ချီးမွမ်းသောသူသည် ဝန်ခံတော်မူသော သူဖြစ်သည်မဟုတ်။ သခင် ဘုရားချီးမွမ်းတော်မူခြင်းကို ခံရသော သူသာလျှင် ဝန်ခံတော်မူသောသူဖြစ်သတည်း။

< Korintliⱪlarƣa 2 10 >