< Tarih-tǝzkirǝ 2 12 >
1 Rǝⱨoboamning padixaⱨliⱪi mustǝⱨkǝm bolƣanda, xundaⱪla küqǝygǝndǝ, xundaⱪ boldiki, u Pǝrwǝrdigarning ⱪanun-ǝⱨkamlirini tǝrk ⱪildi wǝ pütkül Israillarmu uningƣa ǝgixip kǝtti.
၁ရောဗောင်သည်မိမိ၏ရာဇအာဏာတည်မြဲ အောင်ဆောင်ရွက်ပြီးသောအခါ သူနှင့်သူ ၏ပြည်သူအပေါင်းတို့သည်ထာဝရ ဘုရား၏တရားတော်ကိုစွန့်ပယ်၍၊-
2 Wǝ ularning Pǝrwǝrdigarƣa wapasizliⱪ ⱪilƣini tüpǝylidin, Rǝⱨoboam sǝltǝnitining bǝxinqi yilida xundaⱪ boldiki, Misirning padixaⱨi Xixak Yerusalemƣa ⱨujum ⱪozƣidi.
၂သစ္စာတော်ကိုဖောက်သောကြောင့်ရောဗောင်နန်းစံ ပထမနှစ်၌ အီဂျစ်ဘုရင်ရှိရှက်သည် ယေရုရှလင်မြို့ကိုတိုက်ခိုက်လေသည်။-
3 Xixak bir ming ikki yüz jǝng ⱨarwisi, atmix ming atliⱪ ǝskǝrni baxlap kǝldi; u ɵzi bilǝn billǝ Misirdin elip qiⱪⱪan lǝxkǝrlǝr, jümlidin Liwiyǝliklǝr, Sukkiylǝr wǝ Efiopiylǝr san-sanaⱪsiz idi.
၃သူသည်စစ်ရထားတစ်ထောင့်နှစ်ရာ၊ မြင်းစီး သူရဲခြောက်သောင်းနှင့်လိဗုပြည်သား၊ သုကိ ပြည်သား၊ ဆူဒန်ပြည်သားတို့အပါအဝင် မရေမတွက်နိုင်သောစစ်သည်တော်များပါ ရှိသည့်တပ်မတော်ကြီးကိုခေါင်းဆောင်၍ လာ၏။-
4 U Yǝⱨudaƣa tǝwǝ bolƣan ⱪorƣanliⱪ xǝⱨǝrlǝrni ixƣal ⱪildi, andin Yerusalemƣa ⱨujum ⱪilixⱪa kǝldi.
၄သူသည်ယုဒပြည်ရှိခံတပ်မြို့တို့ကိုတိုက်ခိုက် သိမ်းယူကာ ယေရုရှလင်မြို့အရောက်ချီတက် လာလေသည်။
5 Bu qaƣda Xixak sǝwǝbidin Yǝⱨuda ǝmǝldarliri Yerusalemƣa yiƣilixⱪanidi; Ximaya pǝyƣǝmbǝr Rǝⱨoboam wǝ ǝmǝldarlarning yeniƣa kelip ularƣa: — Pǝrwǝrdigar mundaⱪ dǝydu: — «Silǝr meningdin waz kǝqkininglar üqün, Mǝnmu silǝrdin waz keqip Xixakning ⱪoliƣa tapxurdum» dǝydu, dedi.
၅ရှိရှက်၏ဘေးမှလွတ်မြောက်ရန်ယေရုရှလင်မြို့ တွင်စုရုံးလျက်ရှိသော ရောဗောင်မင်းနှင့်ယုဒ ခေါင်းဆောင်များထံပရောဖက်ရှေမာယသွား ၍``ထာဝရဘုရားက`သင်တို့သည်ငါ့ကိုစွန့် ပယ်ကြသဖြင့် ငါသည်သင်တို့ကိုရှိရှက်လက် သို့ပေးအပ်လိုက်ပြီ' ဟုမိန့်တော်မူ၏'' ဟု ဆင့်ဆို၏။
6 Xuni anglap, Israil ǝmǝldarliri bilǝn padixaⱨ ɵzlirini tɵwǝn ⱪilip: — Pǝrwǝrdigar adildur, deyixti.
၆မင်းကြီးနှင့်ခေါင်းဆောင်များသည်မိမိ တို့အပြစ်ကူးခဲ့သည်ကိုဝန်ခံကြပြီး လျှင်``ထာဝရဘုရားသည်တရားမျှတ တော်မူပါ၏'' ဟုဆိုကြ၏။
7 Pǝrwǝrdigar ularning ɵzlirini tɵwǝn ⱪilƣanliⱪini kɵrüp Pǝrwǝrdigarning sɵzi Ximayaƣa yetip kelip: —«Ular ɵzlirini tɵwǝn ⱪilƣanikǝn, Mǝn ularni ⱨalak ⱪilmay, bǝlki ularƣa azƣinǝ nijat kɵrsitimǝn wǝ Mening ⱪaynap turƣan ƣǝzipim Xixakning ⱪoli bilǝn Yerusalemƣa tɵkülmǝydu.
၇ဤအချင်းအရာကိုထာဝရဘုရားမြင် တော်မူသောအခါ``သူတို့သည်မိမိတို့အပြစ် ကိုဝန်ခံကြသည်ဖြစ်၍ငါသည်သူတို့အား ဖျက်ဆီးမည်မဟုတ်။ ရှိရှက်တိုက်ခိုက်မှုကြောင့် သူတို့သည်ပျက်စီးခြင်းဘေးမှလွတ်ရုံမျှ သာရှိလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း ငါ၏အမျက်တော်အရှိန်ကိုအပြည့်အဝ ခံရမည်မဟုတ်။-
8 Ⱨalbuki, ularning Manga beⱪinix bilǝn dunyadiki padixaⱨliⱪlarƣa beⱪinixning ⱪandaⱪ pǝrⱪi barliⱪini bilip yetixi üqün, ular Xixakⱪa beⱪindi bolidu» — deyildi.
၈သို့ရာတွင်ရှိရှက်သည်သူတို့ကိုအနိုင်ရလိမ့် မည်။ သူတို့သည်ငါ၏အမှုတော်ကိုဆောင်ရွက် ခြင်းနှင့်လောကီဘုရင်တို့၏အမှုကိုဆောင် ရွက်ခြင်းကွာခြားပုံကိုသိရှိကြလိမ့်မည်'' ဟုရှေမာယထံဗျာဒိတ်တော်ရောက်လာ၏။
9 Xuning bilǝn Misir padixaⱨi Xixak Yerusalemƣa ⱨujum ⱪilip, Pǝrwǝrdigarning ɵyidiki hǝzinǝ-bayliⱪlar bilǝn padixaⱨning ordisidiki hǝzinǝ-bayliⱪlarni elip kǝtti. U ⱨǝmmisini, jümlidin Sulayman yasatⱪan altun sipar-ⱪalⱪanlarni ⱪoymay elip kǝtti.
၉ရှိရှက်မင်းသည်ယေရုရှလင်မြို့သို့ချီတက် ၍ ရှောလမုန်မင်းပြုလုပ်ထားခဲ့သောရွှေဒိုင်း လွှားများအပါအဝင် ဗိမာန်တော်နှင့်နန်း တော်ဘဏ္ဍာရှိသမျှကိုသိမ်းယူသွားလေ သည်။-
10 Ularning ornida Rǝⱨoboam padixaⱨ mistin birmunqǝ sipar-ⱪalⱪanlar yasitip, ularni padixaⱨ ordisining kirix yolini saⱪlaydiƣan pasiban bǝglirining ⱪoliƣa tapxurdi.
၁၀ရောဗောင်မင်းသည်ထိုဒိုင်းလွှားများကိုအစား ထိုးရန်ကြေးဝါဒိုင်းလွှားများပြုလုပ်၍ နန်းတော် အဝင်တံခါးများတွင်တာဝန်ကျသည့်တပ်မှူး တို့ကိုပေးအပ်တော်မူ၏။-
11 Padixaⱨ ⱨǝr ⱪetim Pǝrwǝrdigarning ɵyigǝ kiridiƣan qaƣda, pasibanlar u ⱪalⱪanlarni elip tutup turatti, andin ularni yǝnǝ pasibanhaniƣa ǝkelip ⱪoyuxatti.
၁၁ဗိမာန်တော်သို့မင်းကြီးသွားရောက်သည့်အခါ တိုင်းကိုယ်ရံတော်တပ်သားတို့သည် ထိုဒိုင်းလွှား များကိုကိုင်ဆောင်ရကြပြီးနောက်ကင်းစောင့် ခန်းတွင်ပြန်၍ထားရကြ၏။-
12 Xuning bilǝn padixaⱨ ɵzini tɵwǝn ⱪilƣandin keyin, Pǝrwǝrdigarning ƣǝzipi uningdin yenip, uni tamamǝn yoⱪitiwǝtmidi; Yǝⱨudadikilǝr iqidimu az-tola yahxi ixlar tepildi.
၁၂မင်းကြီးသည်ထာဝရဘုရားရှေ့တော်တွင် မိမိကိုယ်ကိုနှိမ့်ချတော်မူသဖြင့် ထာဝရ ဘုရား၏အမျက်တော်သည်သူ့အားလုံးလုံး လျားလျားဖျက်ဆီးတော်မမူ။ ယုဒပြည်၌ လည်းပြည်မှုပြည်ရေးသာယာလေသည်။
13 Padixaⱨ Rǝⱨoboam Yerusalemda asta-asta ⱪudrǝt tepip, ɵz sǝltǝnitini sürǝtti. Rǝⱨoboam tǝhtkǝ qiⱪⱪan qeƣida ⱪiriⱪ bir yaxta idi; u Yerusalemda, yǝni Pǝrwǝrdigar Ɵz namini tiklǝx üqün pütkül Israil ⱪǝbililiri iqidin talliƣan xǝⱨǝrdǝ on yǝttǝ yil sǝltǝnǝt ⱪildi; Rǝⱨoboamning anisining ismi Naamaⱨ bolup, u Ammoniy idi.
၁၃ရောဗောင်သည်ယေရုရှလင်မြို့တွင် နန်းစံကာ ရာဇတန်ခိုးတိုးတက်လာလေသည်။ နန်းတက် စဉ်အခါကသူသည်သက်တော်လေးဆယ့်တစ် နှစ်ရှိ၍ ယေရုရှလင်မြို့တွင်တစ်ဆယ့်ခုနစ်နှစ် နန်းစံတော်မူ၏။ ဣသရေလနွယ်အပေါင်းတို့ နေထိုင်ရာမြို့ရွာများအနက် ထိုမြို့ကိုထာဝရ ဘုရားသည်မိမိအားဝတ်ပြုကိုးကွယ်ရာဌာန တော်အဖြစ်ရွေးချယ်ထားတော်မူသတည်း။ ရောဗောင်၏မယ်တော်မှာအမ္မုန်ပြည်သူ၊ နေမ ဖြစ်၏။-
14 Rǝⱨoboam kɵnglidǝ Pǝrwǝrdigarni izdǝxni niyǝt ⱪilmiƣanliⱪi tüpǝylidin rǝzillik ⱪildi.
၁၄မင်းကြီးသည်ထာဝရဘုရား၏အလိုတော် ကိုရှာလိုစိတ်မရှိသဖြင့်ဒုစရိုက်ကိုပြု တော်မူ၏။
15 Rǝⱨoboamning barliⱪ ⱪilƣan ixliri baxtin-ahiriƣiqǝ nǝsǝb hatiriliridiki «Ximaya pǝyƣǝmbǝrning sɵzliri» wǝ «Aldin kɵrgüqi Iddoning sɵzliri»dǝ pütülgǝn ǝmǝsmidi? Rǝⱨoboam bilǝn Yǝroboam otturisida uruxlar tohtimay bolup turatti.
၁၅ရောဗောင်ဆောင်ရွက်ခဲ့သည့်အမှုအရာများ အကြောင်းအစမှအဆုံးနှင့်သူ၏အိမ်ထောင် စုမှတ်တမ်းများကိုပရောဖက်ရှေမာယ၏ အတ္ထုပ္ပတ္တိနှင့်ပရောဖက်ဣဒေါ၏အတ္ထုပ္ပတ္တိ တွင်တွေ့ရှိရလေသည်။ ရောဗောင်နှင့်ယေရော ဗောင်တို့သည်အစဉ်မပြတ်စစ်ဖြစ်ကြ၏။-
16 Rǝⱨoboam ata-bowiliri arisida uhlidi, «Dawutning xǝⱨiri»gǝ dǝpnǝ ⱪilindi. Oƣli Abiya uning orniƣa padixaⱨ boldi.
၁၆ရောဗောင်ကွယ်လွန်သောအခါသူ့ကိုဒါဝိဒ် မြို့တော်ရှိဘုရင်များ၏သင်္ချိုင်းတော်တွင် သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အဘိယသည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။