< Samu'il 1 24 >
1 Saul Filistiylǝrni ⱪoƣlap qiⱪirip yanƣanda uningƣa: — Mana, Dawut Ən-Gǝdidiki qɵldǝ turuwetiptu, degǝn hǝwǝr berildi.
၁ရှောလုသည်လည်း ဖိလိတ္တိလူတို့ကို လိုက်ရာမှ ပြန်လာသောအခါ၊ ဒါဝိဒ်သည် အင်္ဂေဒိတော၌ ရှိပါ၏ဟု ကြားလျှောက်ကြလျှင်၊
2 Saul ǝmdi pütkül Israildin hillanƣan üq ming adǝmni elip Dawut bilǝn adǝmlirini izdigili «Yawa tekilǝr» ⱪoram taxliⱪiƣa qiⱪti.
၂ဣသရေလအမျိုးသားအပေါင်းတို့တွင် ရွေးကောက်သော လူသုံးထောင်တို့ကို ခေါ်၍၊ တောဆိတ်နေရာ ကျောက်တောင်တို့အပေါ်မှာ ဒါဝိဒ်နှင့် သူ၏လူတို့ကို ရှာအံ့သောငှါ သွားလေ၏။
3 U yolning yenidiki ⱪoy ⱪotanliriƣa kǝlgǝndǝ, xu yǝrdǝ bir ƣar bar idi. U tǝrǝt ⱪilix üqün ƣarƣa kirdi; Dawut bilǝn adǝmliri ƣarning iqkirisidǝ olturatti.
၃လမ်းနားမှာ သိုးခြံရှိရာသို့ရောက်၍ ဥမင်ကို တွေ့သဖြင့်၊ ရှောလုသည် အိပ်မည်ဟု ဝင်လေ၏။ ဒါဝိဒ်နှင့်သူ၏လူတို့သည် ထိုဥမင်နံဖေး တဘက်တချက်၌ နေကြ၏။
4 Dawutning adǝmliri uningƣa: — Mana Pǝrwǝrdigarning sanga: — Ɵz düxminingni sening ⱪolungƣa berimǝn, nemǝ sanga layiⱪ kɵrünsǝ xuni ⱪilƣin, degǝn küni dǝl muxu kün ikǝn, dedi. Dawut ⱪopup Saulning tonining pexini tuydurmay kesiwaldi.
၄ဒါဝိဒ်၏လူတို့ကလည်း၊ ထာဝရဘုရားက၊ သင်၏ရန်သူကို သင့်လက်၌ ငါအပ်မည်။ သူ၌ သင်ပြုချင်တိုင်းပြုရသော အခွင့်ရှိလိမ့်မည်ဟု ကိုယ်တော်အား အမိန့်ပေးတော်မူသော နေ့ရက် ရောက်ပါပြီဟု ဆိုကြလျှင်၊ ဒါဝိဒ်သည် ထ၍ ရှောလု ဝတ်လျက်ရှိသော အင်္ကျီအောက်ပိုင်းကို တိတ်ဆိတ်စွာ လှီးဖြတ်လေ၏။
5 Lekin Saulning tonining pexini kǝskini üqün Dawut kɵnglidǝ ⱪattiⱪ ǝpsuslandi.
၅ထိုသို့ ရှောလု၏ အင်္ကျီကို လှီးဖြတ် မိသောကြောင့်၊ ဒါဝိဒ်သည် နောက်တဖန် နောင်တရ၍၊
6 U ɵz adǝmlirigǝ: — Pǝrwǝrdigar meni Pǝrwǝrdigar Ɵzi mǝsiⱨ ⱪilƣan ƣojamƣa bundaⱪ ⱪolumni uzartixtin saⱪlisun, qünki u Pǝrwǝrdigarning mǝsiⱨliginidur, dedi.
၆ထာဝရဘုရားပေးတော်မူသော ဘိသိက်ကိုခံရသော ငါအရှင်သည်၊ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသူဖြစ်သောကြောင့်၊ ထိုအရှင်ကို ထိခိုက်ခြင်းငှါ ငါလက်ဆန့်သော အမှုကို ထာဝရဘုရား ဆီးတားတော်မူပါစေသောဟု မိမိလူတို့အားဆိုသဖြင့်၊
7 Xu sɵz bilǝn Dawut ɵz adǝmlirini tosup Saulƣa qeⱪilƣili ⱪoymidi. Saul bolsa ⱪopup ƣardin qiⱪip ɵz yoliƣa kǝtti.
၇ရှောလုကို ထိခိုက်စေခြင်းငှါ အခွင့်မပေး မြစ်တားလေ၏။ ရှောလုသည်လည်း ထ၍ ဥမင်ထဲက ထွက်သွားလေ၏။
8 Andin Dawutmu turup ƣardin qiⱪip Saulning kǝynidin: — I ƣojam padixaⱨ! — dǝp qaⱪirdi. Saul kǝynigǝ ⱪarawidi, Dawut egilip yüzini yǝrgǝ yaⱪⱪan ⱨalda tǝzim ⱪildi.
၈ထိုနောက် ဒါဝိဒ်သည် ထ၍ ဥမင်ထဲက ထွက်လျက်၊ ကျွန်တော်၏ သခင်အရှင်းမင်းကြီးဟု ရှောလု နောက်၌ ဟစ်သဖြင့်၊ ရှောလုသည် နောက်သို့ကြည့်သောအခါ၊ ဒါဝိဒ်သည် မြေပေါ်၌ ဦးချ၍ ပြပ်ဝပ်လျက်၊
9 Dawut Saulƣa mundaⱪ dedi: — «Mana, Dawut seni ⱪǝstlǝxkǝ pursǝt izdǝwatidu, dǝydiƣan kixilǝrning sɵzigǝ nemixⱪa ⱪulaⱪ salila?
၉ဒါဝိဒ်သည် ကိုယ်တော်၏အကျိုးကို ဖျက်ခြင်းငှါ ရှာကြံသည်ဟု လူအချို့ပြောသောစကားကို အဘယ်ကြောင့် နားထောင်တော်မူသနည်း။
10 Mana bügün ɵz kɵzliri bilǝn kɵrdiliki, Pǝrwǝrdigar bügün ƣarda silini ɵz ⱪolumƣa bǝrgǝnidi. Bǝzilǝr manga uni ɵltürüwǝtkin, dedi; lekin mǝn silini ayap: — Ƣojamƣa ⱪolumni uzartmaymǝn, qünki u Pǝrwǝrdigarning mǝsiⱨliginidur, dedim.
၁၀ယနေ့ ထာဝရဘုရားသည် ဥမင်ထဲမှာ ကိုယ်တော်ကို ကျွန်တော်လက်၌ အပ်တော်မူကြောင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကို သတ်စေခြင်းငှါ အချို့တို့သည် တိုက်တွန်းသော်လည်း၊ ကျွန်တော်သည် နှမြောသော စိတ်ရှိ၍၊ ငါ့အရှင်သည် ထာဝရဘုရား၏ ဘိသိက်ခံသူ ဖြစ်တော်မူ သောကြောင့်၊ ထိုအရှင်ကို ထိခိုက်ခြင်းငှါ ငါသည် လက်ကို မဆန့်ဟု အကြံရှိပါ၏။
11 Ⱪarisila, i ata, ⱪolumdiki tonlirining pexigǝ. Silini ɵltürmǝy tonlirining pexini kǝskǝnlikimdin xuni bilsilǝki, kɵnglümdǝ siligǝ ya yamanliⱪ ya asiyliⱪ yoⱪ, siligǝ gunaⱨ ⱪilƣinim yoⱪ, lekin sili jenimni alƣili paylimaⱪtila.
၁၁ထိုမှတပါး ကျွန်တော်အဘကြည့်ရှုတော်မူပါ။ ကျွန်တော်လက်၌ အင်္ကျီတော်အောက်ပိုင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကို မသတ်၊ အင်္ကျီတော်အောက်ပိုင်းကို လှီးဖြတ်ရုံမျှသာပြုသောကြောင့်၊ ကျွန်တော်၌ ဒုစရိုက်အပြစ်မရှိ၊ လွန်ကျူးခြင်းအပြစ်မရှိကြောင်းကို သိမြင်တော်မူပါ။ ကိုယ်တော်ကို မပြစ်မှားပါ။ သို့သော်လည်း ကျွန်တော်အသက်ကို သတ်အံ့သောငှါ လိုက်၍ ရှာတော်မူပါသည်တကား။
12 Pǝrwǝrdigar mǝn bilǝn silining otturimizda ⱨɵküm ⱪilsun, mening ⱨesabimni silidin Pǝrwǝrdigar alsun; lekin mening ⱪolum siligǝ kɵtürülmǝydu.
၁၂ထာဝရဘုရားသည် ကျွန်တော်နှင့် ကိုယ်တော်စပ်ကြားမှာ စီရင်တော်မူပါစေသော။ ကျွန်တော်အား ပြစ်မှားသောအပြစ်ကို ထာဝရဘုရား ဆပ်ပေးတော်မူပါစေသော။ သို့ရာတွင် ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့်။
13 Konilar: — «Rǝzillik rǝzillǝrdin qiⱪidu» dǝp eytⱪanikǝn, lekin ɵz ⱪolum siligǝ kɵtürülmǝydu.
၁၃ရှေးပုံစကားလာသည်အတိုင်း၊ ဆိုးသောသူလက်မှ ဆိုးသောအမှုထွက်တတ်၏။ သို့ရာတွင် ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့်။
14 Israilning padixaⱨi kimni tutⱪili qiⱪti? Kimni ⱪoƣlap yüridu? Bir ɵlük itni, halas! Yalƣuz bir bürgini, halas!
၁၄ဣသရေလရှင်ဘုရင်သည် အဘယ်သူ၏အတွက်ကြောင့် ကြွလာတော်မူသနည်း။ ကိုယ်တော်သည် အဘယ်သူကို လိုက်၍ ရှာတော်မူသနည်း။ ခွေးသေကောင်ကို လိုက်၍ ရှာတော်မူသလော။ ခွေးလှေးကို လိုက်၍ရှာတော်မူသလော။
15 Pǝrwǝrdigar soraⱪqi bolup mǝn bilǝn silining otturimizda ⱨɵküm qiⱪarsun! U ⱨǝⱪ-naⱨǝⱪni ayrip, dǝwayimni sorap meni silining ⱪolliridin halas ⱪilip, adalǝt yürgürgǝy!» — dedi.
၁၅သို့ဖြစ်၍ ထာဝရဘုရားသည် တရားသူကြီးလုပ်တော်မူပါစေသော။ ကျွန်တော်နှင့် ကိုယ်တော် စပ်ကြားမှာ စီရင်တော်မူပါစေသော။ ကြည့်ရှု၍ ကျွန်တော်အမှုကို စောင့်သဖြင့်၊ ကျွန်တော်ကို ကိုယ်တော်လက်မှ ကယ်လွှတ်တော်မူပါစေသောဟု ရှောလုအား လျှောက်ဆို၏။
16 Dawut Saulƣa bu sɵzlǝrni eytⱪanda Saul: — Bu sening awazingmu, i oƣlum Dawut? — dedi. Andin Saul yuⱪiri awaz bilǝn yiƣlap kǝtti.
၁၆ထိုသို့ဒါဝိဒ်သည် ရှောလုအား အကုန်အစင် လျှောက်ဆိုပြီးမှ၊ ရှောလုက ငါ့သားဒါဝိဒ်၊ ငါကြားသော စကားသံသည် သင့်စကားသံလောဟုမေးလျှင် အသံကို လွှင့်၍ ငိုကြွေးလေ၏။
17 U Dawutⱪa: — «Sǝn mǝndin adilsǝn, qünki sǝn manga yahxiliⱪ ⱪayturdung, lekin mǝn sanga yamanliⱪ ⱪayturdum.
၁၇တဖန်လည်း၊ သင်သည် ငါ့ထက်သာ၍ တရားစောင့်၏။ သင့်အကျိုးကို ငါဖျက်သော်လည်း၊ သင်သည် ငါ၌ အကျိုးကျေးဇူးပြုပြီ။
18 Sǝn bügün manga yahxiliⱪ ⱪilƣanliⱪingni obdan kɵrsitip bǝrding; Pǝrwǝrdigar meni ⱪolungƣa tapxurƣan bolsimu, sǝn meni ɵltürmiding.
၁၈ငါ၌ အဘယ်သို့ကျေးဇူးပြုသည်ကို သင်သည် ယနေ့ပြပြီ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ငါ့ကို သင့်လက်၌ အပ်တော်မူသော်လည်း၊ သင်သည် မသတ်ဘဲနေပါသည်တကား။
19 Birsi ɵz düxminini tapsa, uni aman-esǝn kǝtkili ⱪoyamdu? Pǝrwǝrdigar sening manga bügün ⱪilƣan yahxiliⱪing üqün sanga yahxiliⱪ yandurƣay.
၁၉လူသည် ရန်သူကို တွေ့လျှင် ချမ်းသာစွာ လွှတ်လိမ့်မည်လော။ သို့ဖြစ်၍ သင်သည် ငါ၌ယနေ့ပြုသော ကျေးဇူးကို ထာဝရဘုရား ဆပ်တော်မူပါစေသော။
20 Əmdi mana, xuni bildimki, sǝn jǝzmǝn padixaⱨ bolisǝn, Israilning padixaⱨliⱪi sening ⱪolungda tiklinidu.
၂၀ယခုမှာ သင်သည် စင်စစ်ရှင်ဘုရင်ဖြစ်လိမ့်မည်ဟူ၍၎င်း၊ ဣသရေလ နိုင်ငံသည် သင့်လက်၌ တည်လိမ့်မည်ဟူ၍၎င်း၊ ငါအမှန်သိ၏။
21 Lekin ⱨazir Pǝrwǝrdigar bilǝn manga ⱪǝsǝm ⱪilƣinki, mǝndin keyin mening nǝslimni yoⱪatmay, namimni atamning jǝmǝtidin ɵqürmigǝysǝn», dedi.
၂၁သို့ဖြစ်၍ သင်သည် ငါ၏သားစဉ်မြေးဆက်တို့ကို မသုတ်သင်၊ ငါ့အဆွေအမျိုးထဲက ငါ၏နာမကို မပယ်ရှင်းမည်အကြောင်း ထာဝရဘုရားကို တိုင်တည်၍ ငါ့အားကျိန်ဆိုခြင်းကို ပြုလော့ဟု ဒါဝိဒ်အားဆိုပြီးမှ၊
22 Xuning bilǝn Dawut Saulƣa ⱪǝsǝm ⱪildi. Saul ɵz ɵyigǝ yenip kǝtti; Dawut adǝmliri bilǝn ⱪorƣan-ⱪiyaƣa qiⱪip xu yǝrdǝ turdi.
၂၂ဒါဝိဒ်သည် ရှောလုအား ကျိန်ဆိုခြင်းကိုပြု၍ ရှောလုသည် မိမိနေရာသို့ သွား၏။ ဒါဝိဒ်နှင့် သူ၏လူတို့သည်လည်း ခိုင်ခံ့သောအရပ်သို့ သွားကြ၏။