< Zebur 32 >
1 Dawut yazghan «Masqil»: — Itaetsizlikliri kechürüm qilin’ghan, Gunahliri yépilghan kishi bextliktur!
၁အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ် ခြင်းသို့ ရောက်သောသူသည် မင်္ဂလာရှိ၏။
2 Perwerdigar rezillikliri bilen hésablashmaydighan, Rohida héchqandaq hiylilik yoq kishi bextliktur!
၂ထားဝရဘုရား အပြစ်တင်တော်မူခြင်းနှင့် လွတ် ၍၊ လှည့်စားတတ်သော စိတ်သဘောနှင့် ကင်းစင်သော သူသည် မင်္ဂလာရှိ၏။
3 Men [gunahimni iqrar qilmay], sükütte turuwalghanidim, Kün boyi ahu-pighan ichide, Söngeklirim chirip ketti;
၃ငါသည် အပြစ်ကိုမဘော်မပြဘဲ နေစဉ်အခါ၊ တနေ့လုံးညည်း တွားသောအားဖြင့်၊ ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်ကြ၏။
4 Chünki méni basqan qolung manga kéche-kündüz éghir boldi; Yazdiki qurghaqchiliqtek yilikim qaghjirap ketti. (Sélah)
၄နေ့ညဉ့်မပြတ် ကိုယ်တော်၏လက်သည် အကျွန်ုပ်အပေါ်မှာ လေး၍၊ အကျွန်ုပ်၏ ချွေးရည်သည် နွေကာလ၌ သွေ့ခြောက်ခြင်းကဲ့သို့ ဖြစ်ပါ၏။
5 Emdi gunahimni Séning aldingda étirap qildim, Qebihlikimni Sendin yoshuriwermeydighan boldum; Men: «Perwerdigargha asiyliqlirimni étirap qilimen» — dédim, Shuning bilen Sen méning rezil gunahimni kechürüm qilding. (Sélah)
၅တဖန်အကျွန်ုပ်သည် ကိုယ်အပြစ်ကိုရှေ့တော်၌ ဝန်ချပါ၏။ ပြု မိသောဒုစရိုက်ကို ဝှက်၍မထားပါ။ ငါလွန်ကျူးသောအရာကို ထာဝရဘုရားအား ဘော်ပြ တောင်းပန်မည်ဟုပြောဆိုသောအခါ၊ ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ၏။
6 Shunga Séni tapalaydighan peytte, Herbir ixlasmen Sanga dua bilen iltija qilsun! Chong topanlar örlep, téship ketkende, [Sular] shu kishige hergiz yéqinlashmaydu.
၆ထိုကြောင့် ကိုယ်တော်ကို တွေ့သင့်သော အချိန် ကာလ၌၊ သန့်ရှင်းသူအပေါင်းတို့သည် ရှေ့တော်၌ တောင်းလျှောက်ကြပါလိမ့်မည်။ အကယ်စင်စစ် လွှမ်မိုး တတ်သောရေကြီးသည် သူတို့ထံသို့ မချဉ်းရပါ။
7 Sen méning dalda jayimdursen; Sen méni zulumdin saqlaysen; Etrapimni nijatliq naxshiliri bilen qaplaysen! (Sélah)
၇ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော် မူ၏။ အကျွန်ုပ်ကို ဘေးလွှတ်စေခြင်းငှါ ကွယ်ကာ စောင့်မတော်မူ၏။ ကယ်လွှတ်ကြောင်းကို ဆိုသောသီချင်း နှင့် အကျွန်ုပ်ကို ခြံရံစေတော်မူ၏။
8 — «Men sen méngishqa tégishlik yolda séni yétekleymen hem terbiyleymen; Méning közüm üstüngde bolushi bilen sanga nesihet qilimen.
၈သင့်ကိုငါသွန်သင်မည်။ သင်သွားရမည့်လမ်းကို ပြညွှန်မည်။ သင့်ကိုကြည့်ရှုပြုစုမည်။ ဥာဏ်ပညာမဲ့သော မြင်လားကဲ့သို့ မဖြစ်နှင့်။
9 Eqli yoq bolghan at yaki éshektek bolma; Ularni chekleshke tizginleydighan yügen bolmisa, Ular hergiz sanga yéqin kelmeydu».
၉သူသည်သင့်ထံသို့ မချဉ်းကပ်သောကြောင့်၊ ပစပ်ကို ဇက်ခွံ့၍၊ ဇက်ကြိုးနှင့်ဆွဲရမည်။
10 Rezillerge chüshüdighan qayghu-hesretler köptur, Biraq méhir-shepqetler Perwerdigargha tayan’ghan kishini chörideydu;
၁၀မတရားသောသူသည် များစွာသောဒုက္ခကို ခံရ၏။ ထာဝရဘုရား၌ ကိုးစားသောသူကိုကား၊ ကရုဏာ တော်သည် ဝန်းရံတတ်၏။
11 I heqqaniylar, Perwerdigar bilen shadlinip xursen bolunglar; Köngli duruslar, xushalliqtin tentene qilinglar!
၁၁ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရား၌ ဝမ်း မြောက်ရွှင်လန်းကြလော့။ သဘောဖြောင့်သောသူတို့၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။