< Zebur 116 >
1 Men Perwerdigarni söyimen, Chünki U méning awazimni, yélinishlirimni anglighan.
၁ထာဝရဘုရားသည် ငါတောင်းပန်ခြင်း အသံကို ကြား၍၊
2 Chünki U quliqini manga saldi, Shunga men barliq künlirimde Uninggha iltija qilip chaqirimen.
၂ငါ့ဘက်သို့ နားတော်ကိုလှည့်တော်မူသော ကြောင့်၊ ငါနှစ်သက်၏။ ငါအသက်ရှည်သမျှ ကာလပတ် လုံး၊ ထာဝရဘုရားကို ပဌနာပြုမည်။
3 Ölüm asaretliri méni chirmiwaldi; Tehtisaraning derdliri méni tutuwaldi; Men péshkellikke yoluqtum, elem tarttim; (Sheol )
၃သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်း၍ မရဏနိုင်ငံ ဘေးတို့သည် ငါ့ကို ဘမ်းမိသဖြင့်၊ ဆင်းရဲဒုက္ခဝေဒနာနှင့် ငါတွေ့ကြုံရ၏။ (Sheol )
4 Shuning bilen men Perwerdigarning namigha toxtimay nida qildim: — «Sendin ötünimen, i Perwerdigar, Jénimni qutuldurghaysen!
၄ထိုအခါ အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို ကယ်နှုတ်တော်မူပါမည်အကြောင်း တောင်းပန်ပါ၏ဟု ထာဝရဘုရား၏နာမတော်ကို ပဌနာပြု၏။
5 Shepqetliktur Perwerdigar, heqqaniydur; Xudayimiz rehimdildur.
၅ထာဝရဘုရားသည် ကျေးဇူးပြုတတ်သော သဘော၊ ဖြောင့်မတ်သော သဘောရှိတော်မူ၏။ ငါတို့ ဘုရားသခင်သည် ကရုဏာစိတ်ရှိတော်မူ ၏။
6 Perwerdigar nadanni saqlaydu; Men xarab ehwalgha chüshürüldum, U méni qutquzdi.
၆ထာဝရဘုရားသည် မလိမ္မာသော သူတို့ကို စောင့်မတော်မူ၏။ ငါသည် နှိမ့်ချလျက်ရှိသောအခါ ကယ်တင်တော်မူ၏။
7 Hey jénim, qaytidin xatirjem bol; Chünki Perwerdigar séxiylik, méhribanliq körsetti;
၇အိုငါ့ဝိညာဉ်၊ သင်၏ငြိမ်ဝပ်ရာသို့ ပြန်လော့။ ထာဝရ ဘုရားသည် သင်၌ကျေးဇူးပြုတော်မူပြီ။
8 Chünki Sen jénimni ölümdin, közlirimni yashlardin, Ayaghlirimni putlishishtin qutquzghansen.
၈ကိုယ်တော်သည် အကျွန်ုပ်အသက်ကို သေခြင်း မှ၎င်း၊ အကျွန်ုပ်မျက်စိကို မျက်ရည်ကျခြင်းမှ၎င်း၊ အကျွန်ုပ်ခြေကိုလည်း ထိမိ၍လဲခြင်းမှ၎င်း ကယ်လွှတ်တော်မူပြီ။
9 Men Perwerdigar aldida tiriklerning zéminida mangimen;
၉သို့ဖြစ်၍၊ အသက်ရှင်သောသူတို့၏ နေရာတွင်၊ ထာဝရဘုရားရှေ့တော်၌ ငါကျင့်၍ နေရ၏။
10 Ishen’ginim üchün mundaq söz qilghanmen: — «Men qattiq xar qilin’ghanmen».
၁၀ငါသည် အလွန်ညှိုးငယ်ခြင်းကို ခံရ၏ဟု မြွက်ဆိုသော်လည်း၊ ယုံကြည်သော စိတ်ရှိသေး၏။
11 Jiddiyleshkinimdin: — «ademlerning hemmisi yalghanchi!» — Dégenmen.
၁၁လူအပေါင်းတို့သည် မုသာကို သုံးတတ်ကြ၏ဟု သတိလစ်လျက် ပြောမိ၏။
12 Manga körsetken barliq yaxshiliqlirini men néme bilen Perwerdigargha qayturimen?
၁၂ငါ၌ ထာဝရဘုရားပြုတော်မူသော ကျေးဇူး အလုံးစုံတို့ကို အဘယ်သို့ ဆပ်ရမည်နည်း။
13 — Nijatliq qedehini qolumgha alimen, We Perwerdigarning namini chaqirip iltija qilimen;
၁၃ကယ်တင်ခြင်းခွက်ဖလားကို ကိုင်ယူ၍၊ ထာဝရ ဘုရား၏ နာမတော်ကို ပဌနာပြုမည်။
14 Men qilghan qesemlirimni Perwerdigar aldida ada qilimen; Berheq, Uning barliq xelqi aldida ularni ada qilimen.
၁၄ထာဝရဘုရားအား သစ္စာဂတိထားသည် အတိုင်း၊ ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေမည်။
15 Perwerdigarning neziride, Öz mömin bendilirining ölümi qimmetlik ishtur!
၁၅ထာဝရဘုရားရှေ့တော်၌ မိမိသန့်ရှင်းသူတို့၏ သေခြင်းအရာသည် အဘိုးကြီးလှ၏။
16 Ah Perwerdigar, men berheq Séning qulungdurmen; Men Séning qulungdurmen, dédikingning oghli ikenmen; Sen méning asaretlirimni yeshkensen;
၁၆အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်မှန်ပါ၏။ ကိုယ်တော်၏ ကျွန်မတွင် မြင်သောသား လည်း မှန်ပါ၏။ အကျွန်ုပ်၌ အချည်အနှောင်ကို လွှတ်တော်မူပြီ။
17 Men Sanga teshekkür qurbanliqlirini sunimen, Perwerdigarning namini chaqirip iltija qilimen;
၁၇ကျေးဇူးတော်ချီးမွမ်းရာ ယဇ်ကို ရှေ့တော်၌ ပူဇော်၍၊ ထာဝရဘုရား၏ နာမတော်ကို ပဌနာပြုမည်။
18 Men qilghan qesemlirimni Perwerdigar aldida ada qilimen; Berheq, Uning barliq xelqi aldida ularni ada qilimen;
၁၈ထာဝရဘုရားအား သစ္စာဂတိထားသည် အတိုင်း၊
19 Perwerdigarning öyining hoylilirida, Séning otturungda turup, i Yérusalém, [Qesemlirimni ada qilimen]! Hemdusana!
၁၉အိုယေရုရှလင်မြို့၊ သင်၏အလယ်မှာ ထာဝရ ဘုရား၏ အိမ်တော်တန်တိုင်းအတွင်းတွင်၊ ထာဝရဘုရား ၏ လူများရှေ့၌သစ္စာဝတ်ကို ဖြေပါမည်။ ဟာလေလုယ။