< Rosullarning paaliyetliri 11 >

1 Rosullar we pütkül Yehudiyediki bashqa qérindashlar [yat] elliklerningmu Xudaning söz-kalamini qobul qilghanliqini anglidi.
တပါးအမျိုးသားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြသည်ဟု ယုဒပြည်၌ ရှိသော တမန်တော်တို့နှင့် ညီအစ် ကိုများတို့သည် ကြားသိကြ၏။
2 Shunga, Pétrus Yérusalémgha qaytqanda, xetnilik bolghan [ishen’güchiler] uni eyibke buyrup:
ပေတရုသည် ယေရုရှလင်မြို့သို့ တက်ရောက် လာသောအခါ အရေဖျားလှီးခြင်းကို ခံသောသူတို့က၊
3 — Sen xetne qilinmighan ademlerning öyide méhman bolup, ular bilen hemdastixan boldung?! — dédi.
သင်သည် အရေဖျားလှီးခြင်းကို မခံသော လူတို့နှင့် ပေါင်းဘော် ၍ စားသောက်ပါသည်တကားဟု ဆန့်ကျင်ဘက်ပြု၍ဆိုကြ၏။
4 Biraq Pétrus pütün ishni bashtin-axirighiche ulargha bir-birlep chüshendürüp
ပေတရုသည်လည်း၊ ထိုအကြောင်းအရာကို အစမှအဆုံးတိုင် အောင် ဘော်ပြသည်ကား၊
5 mundaq dédi: — Yoppa shehiride dua qiliwatqinimda, ghayibane körünüsh méni oriwélip, bir alametni kördüm. Keng dastixandek bir nerse töt burjikidin baghlan’ghan halda asmandin chüshüp, méning yénimda toxtidi.
ငါသည်ယုပွေမြို့၌ဆုတောင်းစဉ် ဘဝင်ဖြစ်၍၊ ကောင်းကင်မှ လေးထောင့်ဖြင့် ချလွှတ်သော ခြုံထည် ကဲ့သို့သော တန်ဆာသည် ဆင်းသက်၍၊ ငါ့ထံသို့ ရောက်လာသည်ကို ဗျာဒိတ်ရူပါရုံအားဖြင့် မြင်၏။
6 Uninggha köz tikip qarisam, ichide herxil töt putluq haywanlar, yawayi haywanatlar, yer béghirlighuchilar, asmandiki uchar-qanatlarmu bar iken.
ထိုတန်ဆာကို စေ့စေ့ကြည့်ရှုဆင်ခြင်လျှင်၊ သားရဲမှစ၍ မြေ၌ ကျင်လည်သောသားမျိုး၊ တွားတတ် သော တိရစ္ဆာန်မျိုး၊ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်မျိုးတို့ကိုမြင်၏။
7 Andin: «Ornungdin tur Pétrus, ulardin soyup ye!» dégen bir awazni anglidim.
ထိုအခါ၊ ပေတရု၊ ထ၍ သတ်စားလော့ဟု ငါ့အားပြောသော စကားသံကိုလည်း ငါကြား၏။
8 Men: «Yaq Reb, hergiz bolmaydu! Men héchqachan herqandaq napak yaki haram nersini aghzimgha alghan emesmen!» dédim.
ငါကလည်းမဖြစ်နိုင်ပါသခင်။ ညစ်ညူးသော အရာနှင့် မစင်ကြယ်သောအရာသည် အကျွန်ုပ်ခံတွင်းထဲ သို့တရံတခါမျှမဝင်ဘူးပါ ဟုပြောဆို၏။
9 Biraq manga yene: «Xuda halal dep paklighan nersini sen haram déme!» dégen awaz anglandi.
နောက်တဖန် စကားသံကား၊ ဘုရားသခင်စင် ကြယ်စေတော် မူသောအရာကို ညစ်ညူးသည်မထင်နှင့်ဟု ကောင်းကင်ထဲကလာပြန်၏။
10 Bu ish üch qétim shundaq tekrarlinip, axir bularning hemmisi asman’gha qaytidin tartip kétildi.
၁၀ထိုသို့သုံးကြိမ်မြောက်အောင် ဖြစ်ပြီးလျှင်၊ ထိုအရာရှိသမျှတို့ကို ကောင်းကင်ထဲသို့ဆွဲယူပြန်လေ၏။
11 Mana del shu chaghda, Qeyseriyedin méni chaqirishqa ewetilgen üch kishi men turghan öyning aldigha keldi.
၁၁ထိုခဏခြင်းတွင် ကဲသရိမြို့မှ ငါ့ထံသို့စေလွှတ် သော လူသုံးယောက်တို့သည် ငါရှိသောအိမ်အနားမှာ ရပ်နေကြ၏။
12 Muqeddes Roh méni héch ikkilenmey ular bilen bille bérishqa buyrudi. Mushu alte qérindashmu men bilen bille bardi. [Qeyseriyege yétip kélip], héliqi ademning öyige kirduq.
၁၂ငါသည်တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ သွားရမည် အကြောင်းဝိညာဉ်တော်သည် မိန့်တော်မူ၏။ ဤညီအစ်ကို ခြောက်ယောက်တို့သည်လည်း ငါနှင့် အတူသွား၍ ထိုသူ၏အိမ်သို့ ဝင်ကြ၏။
13 Bu kishi bizge özining öyide payda bolup turghan bir perishtini qandaq körgenlikini éytti. Perishte uninggha: «sen Yoppagha adem ewetip, Pétrus depmu atilidighan Simon isimlik bir ademni chaqirtip kel,
၁၃ကောင်းကင်တမန်သည် သူ၏အိမ်၌ ထင်ရှား စွာရပ်လျက်၊ သင်သည်ယုပွေမြို့သို့ လူတို့ကိုစေလွှတ်၍ ပေတရု အမည်သစ်ကိုရသော ရှိမုန်ကို ခေါ်ပင့်လော့။
14 u sanga séni we pütkül ailengge nijatliq yetküzidighan bir xewerni éytip béridu» dégeniken.
၁၄ထိုပေတရုသည် သင်မှစ၍ သင်၏ အိမ်၌ ရှိသမျှသော သူတို့ကို ကယ်တင်တော်မူခြင်း တရားစကား ကို သင့်အားဟောပြောလိမ့်မည်ဟု မြွက်ဆိုခဲ့သော အကြောင်းအရာကို ထိုသူသည် ငါတို့အားပြန်ကြား လေ၏။
15 Men gepni bashlighinimda, Muqeddes Roh xuddi bashta bizning üstimizge chüshkinidek, ularghimu chüshti.
၁၅ငါသည်ဟောပြောစပြုစဉ်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ရှေ့ဦးစွာ ငါတို့အပေါ်သို့ သက် ရောက်တော်မူသည်နည်းတူ၊ ထိုသူတို့ အပေါ်သို့လည်း သက်ရောက်တော်မူ၏။
16 Shu chaghda, Rebning söz-kalamini, yeni: «Yehya kishilerni sugha chömüldürgen, lékin siler bolsanglar Muqeddes Rohqa chömüldürülisiler» déginini ésimge aldim.
၁၆ယောဟန်သည် ရေ၌ဗတ္တိဇံကိုပေး၏။ သင်တို့ သည် သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံကို ခံရကြလိမ့် မည်ဟု သခင်ဘုရား မိန့်တော်မူသော စကားကို ထိုအခါ ငါအောက်မေ့၏။
17 Shunga, eger Xuda emdi mushulargha biz Reb Eysa Mesihke étiqad qilghinimizdin kéyin bizge bergen iltipatqa oxshash iltipat ata qilghan bolsa, Xudani tosalghudek men zadi kim idim?
၁၇သခင်ယေရှုခရစ်ကို ယုံကြည်သောငါတို့အား ဘုရားသခင်သည် ဆုကျေးဇူးကို ပေးတော်မူသည် နည်းတူ၊ ထိုသူတို့အားလည်း ပေးတော်မူသည်ဖြစ်သောကြောင့်၊ ငါသည်အဘယ်သို့သောသူဖြစ်၍ ဘုရားသခင်ကို ဆီးတားနိုင်သနည်းဟု ပေတရုဆို၏။
18 Ular bu sözlerni anglighanda, eyibleshtin toxtap, Xudagha medhiye oqup: — Berheq, Xuda ellergimu hayatliqqa élip baridighan towa qilishni nésip qiliptu! — déyishti.
၁၈ဤအကြောင်းအရာတို့ကို ထိုသူတို့သည် ကြားရလျှင် မငြင်းဘဲ နေ၍၊ အကယ်စင်စစ် ဘုရား သခင်သည် အသက်ရှင်စေခြင်းအလိုငှါ၊ နောင်တ တရားကို တပါးအမျိုးသားတို့အားလည်းပေးတော်မူပြီဟု ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။
19 U chaghda, Istipanning ishi bilen ziyankeshlikke uchrap herqaysi jaylargha tarqilip ketkenler Fenikiye rayoni, Siprus arili we Antakya shehiri qatarliq jaylarghiche yétip bérip, bu jaylarda söz-kalamni peqet Yehudiylarghila yetküzetti.
၁၉ထိုမှတပါး၊ သတေဖန်၏အမှုကြောင့် ညှဉ်းဆဲခြင်းကိုခံရ၍ အရပ်ရပ်သို့ ကွဲပြားသောသူတို့သည် ဖိနိတ်၊ ကုပရု၊ အန္တိအုတ်မြို့များသို့ တိုင်အောင်သွား၍၊ ယုဒ လူတို့အားသာ နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။
20 Lékin ulardin Siprus arili we Kurini shehiridin kelgen beziler Antakya shehirige barghanda, Reb Eysaning xush xewirini Gréklergimu yetküzdi.
၂၀နောက်မှထိုသူအချို့တို့သည် ကုပရုပြည်သား၊ ကုရေနေပြည်သားဖြစ်၍ အန္တိအုတ်သို့သွားပြီးလျှင်၊ သခင်ယေရှု၏ အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟေလေနစ်လူတို့အား ဟောပြောကြ၏။
21 Rebning qoli ular bilen bille bolup, tolimu nurghun kishiler ishinip towa qilip Rebge baghlandi.
၂၁သခင်ဘုရား၏လက်ထောက်တော်သည် လူတို့နှင့်တကွ ရှိတော်မူသဖြင့်၊ လူအပေါင်းတို့သည် ယုံကြည်၍ သခင်ဘုရားထံသို့ ပြောင်းလဲကြ၏။
22 Bu xewer Yérusalémdiki jamaetning quliqigha yétip keldi. Shuning bilen ular Barnabasni Antakyaghiche arilap ötüshke ewetti.
၂၂ထိုအကြောင်းအရာကို ယေရုရှလင်မြို့၌ရှိသော အသင်းတော် သည်ကြားလျှင်၊ အန္တိအုတ်မြို့တိုင် အောင် သွားစေမည်အကြောင်း ဗာနဗ ကိုစေလွှတ်လေ၏။
23 Barnabas yétip bérip, Xudaning méhir-shepqitini körüp, xushal boldi. U ularning hemmisini jan-dilidin qet’iylik bilen Rebge ching baghlinishqa righbetlendürdi.
၂၃ထိုသူသည် ရောက်၍ ဘုရားသခင်၏ ကျေးဇူး တော်ကို မြင်လျှင် ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍ ထိုသူအပေါင်းတို့သည် ယုံကြည်သောစိတ်နှင့် သခင်ဘုရားကို မှီဝဲဆည်းကပ်မည်အကြောင်း တိုက်တွန်း နှိုးဆော်လေ၏။
24 Chünki u Muqeddes Rohqa we iman-ishenchke toldurulghan bolup, yaxshi bir adem idi. Shuning bilen zor bir top ademler Rebge qoshuldi.
၂၄ထိုသူသည် သူတော်ကောင်းဖြစ်၍၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း၊ ယုံကြည်ခြင်းနှင့်၎င်း၊ ပြည့်စုံသောအားဖြင့်၊ လူများအပေါင်းတို့သည် သခင်ဘုရားထံသို့ ဝင်စားကြ၏။
25 Shuning bilen Barnabas Tarsus shehirige Saulni izdep bardi.
၂၅ဗာနဗသည်လည်း ရှောလုကို ရှာလျက် တာရှုမြို့သို့သွား၏။ တွေ့လျှင်အန္တိအုတ်မြို့သို့ခေါ်ခဲ့၏။
26 Uni tépip Antakyagha élip keldi; shundaq boldiki, ikkiylen jamaet bilen bille saq bir yil yighilip, nurghun ademge telim berdi. Muxlislarning «Xristianlar» dep tunji atilishi Antakyadin bashlandi.
၂၆ထိုသူတို့သည် တနှစ်ပတ်လုံး ထိုအသင်းတော်နှင့်အတူ စည်းဝေး၍၊ လူများအပေါင်းတို့အား ဆုံးမဩဝါဒ ပေးကြ၏။ တပည့်တော်တို့သည်လည်း ခရစ်ယာန်ဟူသော ခေါ်ဝေါ်သမုတ်ခြင်းကို အန္တိအုတ်မြို့၌ အဦးခံရကြ၏။
27 U künlerde bezi peyghemberler Yérusalémdin Antakyagha chüshüp keldi.
၂၇ထိုအခါ၌ ပရောဖက်တို့သည် ယေရုရှလင်မြို့မှ အန္တိအုတ်မြို့ သို့လာကြ၏။
28 Bulardin Agabus isimlik bireylen otturigha chiqip, Rohning wehiyini yetküzüp, qattiq bir acharchiliqning pütkül dunyani basidighanliqini aldin éytti (bu acharchiliq derweqe «Klawdiyus Qeyser» höküm sürgen waqitta yüz berdi).
၂၈ထိုသူတို့အဝင်၊ အာဂဗုအမည်ရှိသော သူ တယောက်သည်ထ၍၊ မြေတပြင်လုံး၌ အစာ အာဟာရ အလွန်ခေါင်းပါးခြင်းဖြစ်လတံ့ဟု ဝိညာဉ်တော်အားဖြင့် ဘော်ပြ၏။ ထိုခေါင်းပါးခြင်းသည် ကဲသာဘုရင် ကလောဒိ လက်ထက်၌ဖြစ်သတည်း။
29 Buning bilen [Antakyadiki] muxlislarning herbiri öz qurbigha qarap pul yighip, Yehudiyede turuwatqan qérindashlargha yardem bérishni qarar qildi.
၂၉ထိုအခါ တပည့်တော်တို့သည် အသီးအသီး တတ်နိုင်ကြသည်အတိုင်း၊ ယုဒပြည်၌နေသော ညီအစ်ကို တို့အား အကူအမပေးလိုက် မည်ဟု၊
30 Ular bu qararni ada qilip, ianini Barnabas we Saulning qoli arqiliq [Yehudiyediki jamaet] aqsaqallirigha yetküzüp berdi.
၃၀စီရင်ကြသည်နှင့်အညီ ဗာနဗနှင့်ရှောလုတို့တွင် သင်းအုပ်တို့ ထံသို့ပေးလိုက်ကြ၏။

< Rosullarning paaliyetliri 11 >