< Samuil 2 6 >
1 Dawut Israilning arisidin barliq serxil ademlerni yighiwidi, bular ottuz ming chiqti.
၁တဖန် ဒါဝိဒ် သည် ရွေးချယ် သောဣသရေလ လူသုံး သောင်းတို့ကို စုဝေး စေပြီးလျှင်၊
2 Andin Dawut we uninggha egeshkenlerning hemmisi Xudaning ehde sanduqini yötkep kélish üchün Yehudadiki Baalahgha chiqti; sanduq [muqeddes] nam bilen, yeni kérublarning otturisida olturghuchi samawiy qoshunlarning Serdari bolghan Perwerdigarning nami bilen atalghanidi.
၂ခေရုဗိမ် ကြားမှာကျိန်းဝပ် တော်မူသောကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နာမ တော်နှင့် ဆိုင်သော ဘုရား သခင်၏သေတ္တာ တော်ကို ယုဒ ပြည် ဗာလာမြို့မှ ဆောင် ခဲ့ခြင်းငှါ ၊ မိမိ ၌ ပါသော သူ အပေါင်း တို့နှင့်တကွ ထ သွား လေ၏။
3 Ular Xudaning ehde sanduqini döngde olturushluq Abinadabning öyide yéngi bir harwigha sélip, uni shu yerdin élip chiqti. Abinadabning oghulliri Uzzah bilen Ahiyo u yéngi harwini heydidi.
၃ဘုရား သခင်၏ သေတ္တာ တော်ကို လှည်း သစ် ပေါ် မှာတင် ၍ တောင် ပေါ် အဘိနဒပ် အိမ် ထဲက ထုတ် ကြ၏။ အဘိနဒပ် ၏သား ဩဇ နှင့် အဟိဩ တို့သည် လှည်း သစ် ကိုနှင် ရကြ၏။
4 Ular harwini Xudaning ehde sanduqi bilen döngde olturushluq Abinadabning öyidin élip chiqti; Ahiyo ehde sanduqining aldida mangdi.
၄ဩဇသည်ဘုရား သခင်၏ သေတ္တာ တော်အနား ၌၎င်း၊ အဟိဩ သည် သေတ္တာ တော်ရှေ့ ၌၎င်း သွား ကြ၏။
5 Dawut bilen pütkül Israil jemetidikiler Perwerdigarning aldida tentene qilip küy oqup chiltar, tembur, dap, daqa-dumbaq we changlar chélip ussul oynidi.
၅ဒါဝိဒ် နှင့် ဣသရေလ အမျိုးသား အပေါင်း တို့သည် စောင်း ၊ တယော ၊ ပတ်သာ ၊ နှဲခရာ ၊ ခွက်ကွင်း တို့ကို ကိုင်လျက်၊ ထာဝရဘုရား ရှေ့ တော်၌ အားထုတ်၍ တီးမှုတ် ကြ၏။
6 Lékin ular Nakonning xaminigha kelgende, kalilar aldigha müdürep ketkenliki üchün, Uzzah qolini sozup Xudaning ehde sanduqini tutiwaldi.
၆နာခုန်ကောက်နယ်သလင်းသို့ ရောက် သောအခါ ၊ နွား တို့သည် ဘုရားသခင်၏ သေတ္တာတော်ကို လှုပ်ရှား သောကြောင့် ၊ ဩဇ သည် လက်ကိုဆန့် ၍ သေတ္တာ တော်ကို ကိုင် ၏။
7 Perwerdigarning ghezipi Uzzahqa qozghaldi; u xata qilghini üchün, uni Xuda shu yerde urdi. Shuning bilen Uzzah Xudaning ehde sanduqining yénigha yiqilip öldi.
၇ထာဝရဘုရား သည် ဩဇ ကို အမျက် ထွက် ၍ သူ၏အပြစ် ကြောင့် ဘုရား သခင်ဒဏ်ခတ် တော်မူသဖြင့် ၊ သူသည်သေတ္တာ တော်နား မှာ သေ လေ၏။
8 Lékin Dawut bolsa Perwerdigarning Uzzahning ténini böskenlikige achchiqlandi we u yerni «Perez-Uzzah» dep atidi; u yer bügünki kün’giche shundaq atilidu.
၈ဩဇ ကို ထာဝရဘုရား ဒဏ်ခတ် တော်မူသောကြောင့် ၊ ဒါဝိဒ် သည် ညှိုးငယ် သောစိတ်ရှိ၏။ ထို အရပ် သည် ယနေ့ တိုင်အောင် ပေရဇာဇ အမည် ဖြင့်တွင်သတည်း။
9 U küni Dawut Perwerdigardin qorqup: Perwerdigarning ehde sanduqini özümningkige qaysi yol bilen ekélermen? — dédi.
၉ထို နေ့၌ ဒါဝိဒ် သည် ထာဝရဘုရား ကိုကြောက် ၍ ၊ ထာဝရဘုရား ၏ သေတ္တာ တော်သည် အဘယ်သို့ ငါ့ ထံသို့ ရောက် ရမည်နည်းဟု ဆို လျက်၊
10 Shuning üchün Dawut Perwerdigarning ehde sanduqini «Dawut shehiri»ge, öziningkige yötkeshni xalimidi; Dawut uni élip bérip, Gatliq Obed-Édomning öyide qaldurdi.
၁၀မိမိနေရာဒါဝိဒ် မြို့ ထဲသို့ သေတ္တာ တော်ကို မ ဆောင် ဘဲ ဂိတ္တိ လူဩဗဒေဒုံ အိမ် သို့ လမ်းလွဲ၍ ဆောင် သွားလေ၏။
11 Perwerdigarning ehde sanduqi Gatliq Obed-Édomning öyide üch ay turdi; Perwerdigar Obed-Édom we uning pütkül öyidikilerni beriketlidi.
၁၁ထာဝရဘုရား ၏သေတ္တာ တော်သည် သုံး လ ပတ်လုံးဂိတ္တိ လူဩဗဒေဒုံ အိမ် ၌ရှိ ၏။ ထာဝရဘုရား သည်လည်း ၊ ဩဗဒေဒုံ နှင့် အိမ်သူ အိမ်သားအပေါင်း တို့ကို ကောင်းကြီး ပေးတော်မူ၏။
12 Dawut padishahqa: — «Perwerdigar Öz ehde sanduqi wejidin Obed-Édom we uning barini beriketlidi» dep éytildi. Shunga Dawut Xudaning ehde sanduqini Obed-Édomning öyidin élip chiqip, xushluq bilen Dawutning shehirige élip keldi.
၁၂ထာဝရဘုရား သည် သေတ္တာ တော်ကြောင့် ဩဗဒေဒုံ နှင့် သူ ၌ ရှိသမျှ ကို ကောင်းကြီး ပေးတော်မူကြောင်းကို ဒါဝိဒ် မင်းကြီး ကြား သောအခါ ၊ တဖန် သွား ၍ ဘုရား သခင်၏ သေတ္တာ တော်ကိုဩဗဒေဒုံ အိမ် မှ ဒါဝိဒ် မြို့ သို့ ဝမ်းမြောက် သောစိတ်နှင့် ဆောင် ခဲ့လေ၏။
13 Perwerdigarning sanduqini kötürgenler alte qedem méngip, shundaq boldiki, u bir buqa bilen bir bordaq mozayni qurbanliq qildi.
၁၃ထာဝရဘုရား ၏ သေတ္တာ တော်ကို ထမ်း သောသူတို့သည်ခြောက် လှမ်း သွား ပြီးမှ ၊ နွား နှင့် ဆူဖြိုး သော အကောင်တို့ကို ယဇ် ပူဇော်လေ၏။
14 Dawut bolsa kanap efodni kiyip Perwerdigarning aldida küchining bariche ussul oynaytti;
၁၄ဒါဝိဒ် သည်လည်း ပိတ် သင်တိုင်း ကိုဝတ် လျက်၊ ထာဝရဘုရား ရှေ့ တော်၌ အား ထုတ်၍က လေ၏။
15 Dawut bilen Israilning pütkül jemeti tentene qilip warqiriship, kanay chéliship Perwerdigarning ehde sanduqini élip chiqiwatatti.
၁၅ထိုသို့ ဒါဝိဒ် နှင့် ဣသရေလ အမျိုးသား အပေါင်း တို့သည် ကြွေးကြော် လျက် ၊ တံပိုး မှုတ်လျက်၊ ထာဝရဘုရား ၏သေတ္တာ တော်ကို ဆောင် ခဲ့ကြ၏။
16 Perwerdigarning ehde sanduqi Dawutning shehirige élip kirilginide, Saulning qizi Miqal dérizidin qarap, Dawut padishahning sekrep Perwerdigarning aldida ussul oynawatqanliqini körüp, uni öz könglide mensitmidi.
၁၆ထာဝရဘုရား ၏သေတ္တာ တော်သည် ဒါဝိဒ် မြို့ ထဲသို့ဝင် သောအခါ ၊ ရှောလု ၏သမီး မိခါလ သည် ပြတင်းပေါက် ဖြင့် ကြည့် ၍၊ ဒါဝိဒ် မင်းကြီး သည် ထာဝရဘုရား ရှေ့ တော်၌ က လျက် ခုန် လျက်လာသည်ကိုမြင် ၍ စိတ် နှလုံးထဲ၌ မထီမဲ့မြင် ပြု၏။
17 Ular Perwerdigarning ehde sanduqini élip kirip, Dawut uning üchün tiktürgen chédirning ottursida qoydi. Andin Dawut Perwerdigarning aldida köydürme qurbanliq bilen inaqliq qurbanliqlirini sundi.
၁၇ထာဝရဘုရား ၏ သေတ္တာ တော်ကိုသွင်း ၍ ဒါဝိဒ် ဆောက်နှင့်သောတဲ အလယ် တွင် သူ့ နေရာ ၌ ထား ကြပြီးမှ ၊ ဒါဝိဒ် သည်မီး ရှို့ရာယဇ်နှင့် မိဿဟာယ ယဇ်တို့ကို ထာဝရဘုရား ရှေ့ တော်၌ ပူဇော် လေ၏။
18 Dawut köydürme qurbanliq bilen inaqliq qurbanliqlirini keltürüp bolup, xalayiqqa samawiy qoshunlarning Serdari bolghan Perwerdigarning namida bext-beriket tilidi.
၁၈မီး ရှို့ရာယဇ်နှင့် မိဿဟာယ ယဇ်ပူဇော် ခြင်း အမှုကို ပြီးစီး စေသောအခါ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နာမ တော်ကိုမြွက်၍ ပရိသတ် တို့ကို ကောင်းကြီး ပေးလေ၏။
19 U pütkül Israil jamaitige, er bilen ayallarning herbirige birdin qoturmach, birdin xorma poshkili we birdin üzüm poshkilini teqsim qilip berdi. Andin xelqning herbiri öz öyige yénip ketti.
၁၉ဣသရေလ ပရိသတ် ယောက်ျား မိန်းမ အပေါင်း တို့အား မုန့် တပြား ၊ အမဲသား တတစ်၊ စပျစ်သီးပျဉ် တပြား စီ ဝေငှ ပြီးမှ ၊ လူ အပေါင်း တို့သည် မိမိ တို့နေရာ သို့ ပြန် သွားကြ၏။
20 Dawut öz ailisidikilerni mubareklesh üchün yénip kelgende, Saulning qizi Miqal uning aldigha chiqip: Bügün Israilning padishahi özini shunche shereplik körsettimu, qandaq? U xuddi pes bir ademning nomussizlache özini yalingachlighinigha oxshash, xizmetkarlirining dédeklirining köz aldida özini yalingachlidi!
၂၀ထိုနောက် ဒါဝိဒ် သည် နန်းတော်သား တို့ကို ကောင်းကြီး ပေးခြင်းငှါ သွား ၍ရောက်သောအခါ ၊ ရှောလု ၏သမီး မိခါလ သည် ဆီး ၍ကြိုလျက်၊ လျှပ်ပေါ် သောသူသည် အရှက်မရှိဘဲ ကိုယ်အဝတ်ကိုချွတ် သကဲ့သို့ ၊ ယနေ့ ကျွန် ယောက်ျား ကျွန် မိန်းမများရှေ့ တွင် အဝတ်တော်ကိုချွတ် သော ဣသရေလ ရှင် ဘုရင်သည်၊ ယနေ့ အဘယ်မျှ လောက်ဘုန်းကြီး တော်မူပါသည်တကားဟုဆို ၏။
21 Dawut Miqalgha: Undaq [shadlan’ghinim] Perwerdigar aldida idi. U atang we uning pütkül jemetini örüp, méni Perwerdigarning xelqi bolghan Israil üstige bashlamchi qilip tiklidi. Shunga men Perwerdigarning aldida ussul oynaymen!
၂၁ဒါဝိဒ် ကလည်း ၊ သင့် အဘ နှင့် သူ ၏ အဆွေအမျိုး အပေါင်း တို့၏ကိုယ်စား၊ ငါ့ ကိုရွေးကောက် ၍ ထာဝရဘုရား ၏လူ ၊ ဣသရေလ အမျိုးကို အုပ်စိုးသော မင်း အရာ၌ ခန့်ထား တော်မူသော ထာဝရဘုရား ရှေ့ တော်တွင် ပြုသည်မဟုတ်လော။ ထာဝရဘုရား ရှေ့ တော်တွင် ငါ ကခုန် မည်။
22 Emeliyette men özümni téximu erzimes qilip, öz nezirimde özüm töwen bolushqa razimen. Lékin sen éytqan u dédeklerning neziride bolsa, hörmetke sazawer bolimen — dédi.
၂၂ထိုမျှမက ၊ ငါသာ၍ ယုတ်မာ မည်။ ကိုယ် အထင်အတိုင်း ကိုယ်ကိုသာ၍နှိမ့်ချ မည်၊ သင်ပြော သော ကျွန် မများမူကား ၊ ငါ့ကိုချီးမွမ်း ကြလိမ့်မည်ဟု မိခါလ ကို ပြန်ပြော ၏။
23 Saulning qizi Miqal bolsa, ölidighan künigiche bala tughmidi.
၂၃ရှောလု ၏သမီး မိခါလ သည် တသက်လုံးသား ကို မ ဘွား မမြင်ရ။