< Padishahlar 1 13 >
1 We mana, Perwerdigarning buyruqi bilen Xudaning bir adimi Yehudadin chiqip Beyt-Elge keldi; shu peytte Yeroboam xushbuy yéqishqa qurban’gahning yénida turatti;
၁ယုဒပြည်မှပရောဖက်တစ်ပါးသည် ထာဝရ ဘုရား၏အမိန့်တော်အရဗေသလမြို့သို့ သွားရာယဇ်ပူဇော်ရန် ယဇ်ပလ္လင်တွင်ယေရော ဗောင်ရပ်လျက်နေချိန်၌ရောက်ရှိလာလေသည်။-
2 shu adem qurban’gahgha qarap Perwerdigarning emri bilen chaqirip: — I qurban’gah, i qurban’gah! Perwerdigar mundaq deydu: — Mana Dawutning jemetide Yosiya isimlik bir oghul tughulidu. U bolsa séning üstüngde xushbuy yaqqan «yuqiri jaylar»diki kahinlarni soyup qurbanliq qilidu; shundaqla séning üstüngde adem söngekliri köydürülidu! — dédi.
၂ထာဝရဘုရား၏အမိန့်တော်အတိုင်းပရော ဖက်က``အို ယဇ်ပလ္လင်၊ ယဇ်ပလ္လင်၊ ထာဝရဘုရား က`ယောရှိနာမည်တွင်မည့်သူငယ်သည်ဒါဝိဒ် ၏သားချင်းစုတွင်ဖွားမြင်လိမ့်မည်။ ပူဇော် သကာများကိုသင်၏အပေါ်တွင်တင်လှူကာ မိစ္ဆာယဇ်ပလ္လင်များတွင်အမှုထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အား သူသည်သင့်အပေါ် မှာတင်၍ယဇ်ပူဇော်လိမ့်မည်။ လူရိုးတို့ကို လည်းတင်၍မီးရှို့လိမ့်မည်' ဟုမိန့်တော် မူ၏'' ဟုဆင့်ဆို၏။-
3 U küni u bir bésharetlik alametni jakarlap: Perwerdigarning mushu sözini ispatlaydighan alamet shu boliduki: — Mana, qurban’gah yérilip, üstidiki küller tökülüp kétidu, — dédi.
၃ထို့နောက်ပရောဖက်ကဆက်လက်၍``ဤယဇ်ပလ္လင် သည်ပြိုကွဲ၍ ပလ္လင်ပေါ်ရှိပြာတို့သည်လည်းပျံ့ လွင့်လိမ့်မည်။ ထိုအခါငါ့အားဖြင့်ဤစကား ကိုထာဝရဘုရားမိန့်တော်မူကြောင်းသင် သိလိမ့်မည်'' ဟုဟောလေ၏။
4 We shundaq boldiki, Yeroboam padishah Xudaning adimining Beyt-Eldiki qurban’gahqa qarap jakarlighan sözini anglighanda, u qurban’gahta turup qolini sozup: — Uni tutunglar, dédi. Lékin uninggha qaritip sozghan qoli shuning bilen shu péti qurup ketti, uni özige yene yighalmidi.
၄ထိုစကားကိုကြားလျှင်ယေရောဗောင်မင်းသည် ပရောဖက်အားလက်ညှိုးထိုး၍``ထိုသူကိုဖမ်း ဆီးကြလော့'' ဟုအမိန့်ပေးတော်မူ၏။ ထိုခဏ ၌သူသည်လေဖြတ်သဖြင့်မိမိ၏လက်ကို ပြန်လည်ရုပ်သိမ်း၍မရတော့ချေ။-
5 Andin Xudaning adimi Perwerdigarning sözi bilen éytqan möjizilik alamet yüz bérip, qurban’gah hem yérilip üstidiki küller tökülüp ketti.
၅ပရောဖက်သည်ထာဝရဘုရား၏နှုတ်ကပတ် တော်ကိုကြိုတင်ဖော်ပြခဲ့သည့်အတိုင်း ယဇ်ပလ္လင် သည်လည်းရုတ်တရက်ပြိုကွဲကာပြာတို့သည် မြေပေါ်သို့ဖိတ်စင်၍ကျလေသည်။-
6 Padishah Xudaning adimidin: — Perwerdigar Xudayingdin méning heqqimde ötün’geysenki, qolumni eslige keltürgey, dep yalwurdi. Xudaning adimi perwrerdigarning iltipatini ötün’ginide, padishahning qoli yene özige yighilip eslige keltürüldi.
၆ယေရောဗောင်မင်းက``အကျွန်ုပ်၏လက်ပျောက်ကင်း စေရန် သင်၏ဘုရားသခင်ထာဝရဘုရားထံ အသနားခံပါလော့'' ဟုတောင်းပန်၏။ ပရောဖက်သည်ထာဝရဘုရားထံတော်သို့ဆု တောင်းသဖြင့် မင်းကြီး၏လက်သည်ရောဂါ ပျောက်လေ၏။-
7 Padishah Xudaning adimige: — Méning bilen öyümge bérip özüngni qutlandurghin, men sanga in’am bérey, dédi.
၇ထိုအခါမင်းကြီးကပရောဖက်အား``အကျွန်ုပ် နှင့်အတူ နန်းတော်သို့လိုက်၍အစားအစာ သုံးဆောင်ပါလော့။ သင့်အားလက်ဆောင်ပေး ပါမည်'' ဟုဆို၏။
8 Lékin Xudaning adimi padishahqa jawab bérip: — Sen manga ordangning yérimini bersengmu, séning bilen barmaymen yaki bu yerde nan yep su ichmeymen.
၈ပရောဖက်ကလည်း``ဘုရင်မင်း၏စည်းစိမ်ဥစ္စာ တစ်ဝက်ကိုပင်ပေးသော်လည်းငါမလိုက်လိုပါ။ အဘယ်အစားအစာကိုမျှမစားလိုပါ။-
9 Chünki Perwerdigar Öz sözini yetküzüp manga buyrup: «Sen ne nan yéme ne su ichme, barghan yolung bilen qaytip kelme» dégen, dédi.
၉ထာဝရဘုရားကငါ့အားအဘယ်အစာ ရေစာကိုမျှမစားမသောက်ရန်နှင့် လာလမ်း အတိုင်းမပြန်ရန်ပညတ်တော်မူပြီ'' ဟု လျှောက်၏။-
10 Shuning bilen u Beyt-Elge kelgen yol bilen emes, belki bashqa bir yol bilen qaytip ketti.
၁၀ထို့နောက်သူသည်လာလမ်းဖြင့်မပြန်ဘဲ အခြားလမ်းဖြင့်ပြန်လေ၏။
11 Lékin Beyt-Elde yashan’ghan bir peyghember turatti. Uning oghulliri kélip Xudaning adimining u küni Beyt-Elde qilghan barliq emellirini uninggha dep berdi, shundaqla uning padishahqa qilghan sözlirinimu atisigha éytip berdi.
၁၁ထိုအချိန်အခါ၌ဗေသလမြို့တွင်နေထိုင် သူပရောဖက်အိုကြီးတစ်ပါးရှိ၏။ သူ၏သား များသည်ထိုနေ့၌ဗေသလမြို့တွင်ယုဒ ပရောဖက်ပြုမူသွားပုံနှင့် မင်းကြီးအား ပြောကြားသောစကားများကိုဖခင်အား ပြန်ပြောကြ၏။-
12 Atisi ulardin, u qaysi yol bilen ketti, dep soridi; chünki oghulliri Yehudadin kelgen Xudaning adimining qaysi yol bilen ketkinini körgenidi.
၁၂ပရောဖက်အိုကြီးက``ထိုသူသည်အဘယ် လမ်းဖြင့်ပြန်သနည်း'' ဟုသားတို့အားမေး လျှင်သားတို့သည်ယုဒပရောဖက်ပြန်သည့် လမ်းကိုညွှန်ပြကြ၏။-
13 U oghullirigha: — Manga éshekni toqup béringlar, dep tapilidi. Ular uninggha éshekni toqup bergende u uninggha minip
၁၃ပရောဖက်အိုကြီးက``ငါ၏မြည်းကိုကုန်းနှီး တင်ကြလော့'' ဟုဆိုသည့်အတိုင်းသားတို့ သည်ကုန်းနှီးတင်၍ပေးကြ၏။-
14 Xudaning adimining keynidin qoghlap ketti. U uni bir dub derixining astida olturghan yéridin tépip uningdin: — Yehudadin kelgen Xudaning adimi senmu? — dep soridi. U: — Men shu, dep jawab berdi.
၁၄ထိုအခါသူသည်မြည်းကိုစီး၍ယုဒပရော ဖက်၏နောက်သို့လိုက်လေ၏။ ဝက်သစ်ချပင် တစ်ပင်အောက်တွင်ထိုပရောဖက်ထိုင်လျက် နေသည်ကိုတွေ့သောအခါ ပရောဖက်အို ကြီးက``သင်သည်ယုဒပြည်မှလာသော ပရောဖက်လော'' ဟုမေး၏။ ထိုသူကလည်း``ဟုတ်ပါသည်'' ဟုဖြေ၏။
15 U uninggha: — Méning bilen öyümge bérip nan yégin, dédi.
၁၅``ငါနှင့်အတူအိမ်သို့လိုက်၍အစားအစာကို စားသောက်ပါလော့'' ဟုပရောဖက်အိုကြီးက ခေါ်ဖိတ်၏။
16 U jawaben: — Men ne séning bilen qaytalmaymen, ne séningkige kirelmeymen; men ne bu yerde séning bilen nan yep su ichelmeymen;
၁၆သို့ရာတွင်ယုဒပရောဖက်က``ငါသည်သင်နှင့် အတူမလိုက်နိုင်။ သင်ဧည့်ဝတ်ပြုသည်ကိုလည်း လက်မခံနိုင်။ သင်နှင့်အတူဤအရပ်တွင် အဘယ်အစာရေစာကိုမျှမစားမသောက် နိုင်။-
17 chünki Perwerdigar öz sözi bilen manga tapilap: «U yerde nan yéme, su ichmigin; barghan yolung bilen qaytip kelmigin» dégen, dédi.
၁၇အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားက ငါ့အား`အဘယ်အစာရေစာကိုမျှမစား မသောက်နှင့်။ လာလမ်းအတိုင်းလည်းမပြန် နှင့်' ဟုပညတ်တော်မူသောကြောင့်ဖြစ်ပါ သည်'' ဟုပြန်ပြောလေ၏။
18 [Qéri peyghember] uninggha: — Men hem sendek bir peyghemberdurmen; we bir perishte Perwerdigarning sözini manga yetküzüp: — «Uninggha nan yégürüp, su ichküzgili özüng bilen öyüngge yandurup kel» dédi, dep éytti. Lékin u shuni dep uninggha yalghan éytiwatatti.
၁၈ထိုအခါဗေသလမြို့သားပရောဖက်အိုကြီး က``ငါသည်လည်းသင်ကဲ့သို့ပင်ပရောဖက်ဖြစ် ပါ၏။ ထာဝရဘုရား၏အမိန့်တော်အရ ကောင်းကင်တမန်တစ်ပါးကသင့်ကိုအိမ်သို့ ဖိတ်ခေါ်၍ဧည့်ဝတ်ပြုရန် ငါ့အားမှာကြား ထားပါသည်'' ဟုဆို၏။ ယင်းသို့ထိုပရောဖက် ကြီးကမုသားသုံး၍ပြောဆိုသဖြင့်၊
19 Shuning bilen [Xudaning adimi] uning bilen yénip öyde nan yep su ichti.
၁၉ယုဒပရောဖက်သည်သူနှင့်အတူ အိမ်သို့ လိုက်၍အစားအစာကိုသုံးဆောင်လေသည်။-
20 Lékin ular dastixanda olturghinida, Perwerdigarning sözi uni yandurup ekelgen qéri peyghemberge keldi.
၂၀သူတို့သည်စားပွဲတွင်ထိုင်လျက်နေစဉ်ပရော ဖက်အိုကြီးသည် ထာဝရဘုရား၏ဗျာဒိတ် တော်ရောက်၍၊-
21 U Yehudadin kelgen Xudaning adimini chaqirip: — Perwerdigar mundaq deydu: — «Sen Perwerdigarning sözige itaetsizlik qilip, Perwerdigar Xudayingning buyrughan emrini tutmay,
၂၁ယုဒပရောဖက်အား``ထာဝရဘုရားကသင်သည် ငါ၏စကားတော်ကိုမနာခံ။ ငါ၏အမိန့်တော် အတိုင်းမဆောင်ရွက်။ အစားအစာမစားရန်ငါ မှာကြားသော်လည်း ဤအရပ်သို့ပြန်လာကာစား သောက်သည်ဖြစ်သောကြောင့်အသတ်ခံရလိမ့်မည်။ သင်၏အလောင်းကိုဘိုးဘေးတို့သင်္ချိုင်းတွင် သင်္ဂြိုဟ်ရလိမ့်မည်ဟုမိန့်တော်မူ၏'' ဟုဆင့်ဆို၏။
22 belki yénip, U sanga: — Nan yéme, su ichme, dep men’i qilghan yerde nan yep su ichkining tüpeylidin, jesiting ata-bowiliringning qebriside kömülmeydu», dep towlidi.
၂၂
23 We shundaq boldiki, Xudaning adimi nan yep su ichip bolghanda, uninggha, yeni özi yandurup ekelgen peyghemberge éshekni toqup berdi.
၂၃သူတို့စားသောက်၍ပြီးသောအခါ ပရောဖက်အို ကြီးသည်မြည်းကိုကုန်းနှီးတင်၍ပေးသဖြင့်၊-
24 U yolgha chiqti. Kétiwatqinida, yolda uninggha bir shir uchrap, uni öltürüwetti. Shuning bilen uning ölüki yolda tashlinip qaldi, éshiki bolsa uning yénida turatti; shirmu jesetning yénida turatti.
၂၄ယုဒပရောဖက်သည်မြည်းကိုစီး၍ထွက်လာ ရာလမ်းတွင် ခြင်္သေ့ကိုက်၍သေလေ၏။-
25 Mana birnechche adem ötüp kétiwétip, yolda tashlinip qalghan jeset bilen jesetning yénida turghan shirni kördi; ular qéri peyghember turghan sheherge kélip u yerde shu xewerni yetküzdi.
၂၅သူ၏အလောင်းသည်လမ်းပေါ်တွင်လဲလျက် မြည်းနှင့်ခြင်္သေ့သည်လည်း ထိုအလောင်းအနီး ၌ပင်ရပ်လျက်နေကြ၏။ ယင်းသို့လမ်းပေါ် တွင်လဲနေသောအလောင်းကိုလည်းကောင်း၊ အနီးတွင်ရပ်လျက်နေသောမြည်းနှင့်ခြင်္သေ့ ကိုလည်းကောင်းခရီးသွားသူအချို့တို့ မြင်ကြ၏။ သူတို့သည်ဗေသလမြို့သို့ သွားပြီးလျှင်မိမိတို့တွေ့မြင်ခဲ့ရသည့် အဖြစ်အပျက်ကိုပြောကြားကြ၏။
26 Uni yoldin yandurghan peyghember buni anglap: — U del Perwerdigarning sözige itaetsizlik qilghan Xudaning adimidur. Shunga Perwerdigar uni shirgha tapshurdi; Perwerdigar uninggha qilghan sözi boyiche shir uni titma-titma qilip öltürdi, dédi.
၂၆ပရောဖက်အိုကြီးသည် ထိုသတင်းကိုကြား သောအခါ``ဤသူကားထာဝရဘုရား၏အမိန့် တော်ကိုလွန်ဆန်သည့်ပရောဖက်ပင်ဖြစ်ပါသည် တကား။ ထာဝရဘုရားသည်မိမိအမိန့်တော်ရှိ ခဲ့သည့်အတိုင်း ခြင်္သေ့ကိုစေလွှတ်၍ကိုက်သတ်စေ တော်မူလေပြီ'' ဟုဆို၏။-
27 U oghullirigha: — Manga éshekni toqup béringlar, dédi; ular uni toqup berdi.
၂၇ထိုနောက်သူသည်မိမိ၏သားတို့အား``ငါ၏မြည်း ကိုကုန်းနှီးတင်ကြလော့'' ဟုဆိုသည်အတိုင်း သူတို့သည်ကုန်းနှီးတင်၍ပေးကြ၏။-
28 U yolda tashlaqliq jeset bilen jesetning yénida turghan éshek we shirni tapti. Shir bolsa ne jesetni yémigenidi ne ésheknimu talimighanidi.
၂၈ထိုအခါပရောဖက်အိုကြီးသည်မြည်းကိုစီး ၍ထွက်သွားရာ လမ်းပေါ်တွင်သေနေသောပရော ဖက်နှင့်အနီးတွင်ရပ်နေလျက်ရှိနေသေးသည့် မြည်းနှင့်ခြင်္သေ့ကိုတွေ့လေ၏။ ခြင်္သေ့သည်လူ သေကောင်ကိုလည်းမစား၊ မြည်းကိုလည်း မကိုက်။-
29 Peyghember Xudaning adimining jesitini élip éshekke artip yandi. Qéri peyghember uning üchün matem tutup uni depne qilghili sheherge kirdi.
၂၉ပရောဖက်အိုကြီးသည်ထိုအလောင်းကိုယူ၍ မြည်းပေါ်သို့တင်ပြီးလျှင် ဝမ်းနည်းပူဆွေး သည့်အထိမ်းအမှတ်ကိုပြရန်နှင့်သင်္ဂြိုဟ်ရန် ဗေသလမြို့သို့ယူဆောင်လာ၏။-
30 U jesetni öz qebristanliqida qoydi. Ular uning üchün matem tutup: — Ah buradirim! — dep peryad kötürdi.
၃၀သူသည်ထိုအလောင်းကိုမိမိ၏အိမ်ထောင်စု သင်္ချိုင်းတွင်သင်္ဂြိုဟ်ပြီးနောက် မိမိ၏သားများ နှင့်အတူ``အို ငါ့ညီ၊ ငါ့ညီ'' ဟုဆို၍ငိုကြွေး မြည်းတမ်းလေသည်။-
31 Uni depne qilghandin kéyin u öz oghullirigha: — Men ölgende méni Xudaning adimi depne qilin’ghan görge depne qilinglar; méning söngeklirimni uning söngeklirining yénida qoyunglar;
၃၁ထိုနောက်ပရောဖက်အိုကြီးသည်မိမိ၏သား များအား``ငါသေသောအခါထိုသူ၏အနီး တွင်ကပ်၍ဤသင်္ချိုင်းတွင်သင်္ဂြိုဟ်ကြလော့။-
32 chünki u Perwerdigarning buyruqi bilen Beyt-Eldiki qurban’gahqa qarighan we Samariyediki sheherlerning «yuqiri jay»liridiki [ibadet] öylirige qarighan, uning jar qilghan sözi emelge ashurulmay qalmaydu, — dédi.
၃၂ဗေသလမြို့ရှိယဇ်ပလ္လင်နှင့် ပတ်သက်၍လည်း ကောင်း၊ ရှမာရိမြို့များရှိဝတ်ပြုကိုးကွယ်ရာ ဌာနများနှင့်ပတ်သက်၍လည်းကောင်း၊ ထာဝရ ဘုရားအမိန့်တော်အရထိုသူပြန်ကြားသည့် စကား မှန်သမျှသည်မုချအကောင်အထည် ပေါ်လာလိမ့်မည်'' ဟုဆို၏။
33 Lékin Yeroboam bu weqedin kéyinmu öz rezil yolidin yanmay, belki «yuqiri jaylar»gha herxil xelqtin kahinlarni teyinlidi; kim xalisa, u shuni «muqeddes qilip» [kahinliq mensipige] béghishlaytti; shuning bilen ular «yuqiri jaylar»da [qurbanliq qilishqa] kahin bolatti.
၃၃ဣသရေလဘုရင်ယေရောဗောင်သည်ယခုတိုင် အောင်ပင် မိမိ၏ဒုစရိုက်လမ်းစဉ်ကိုမစွန့်သေး ဘဲ မိမိတည်ဆောက်ထားသည့်ယဇ်ပလ္လင်များတွင် အမှုထမ်းရန် ယဇ်ပုရောဟိတ်များအဖြစ်သာမန် အိမ်ထောင်စုများမှရွေးချယ်ခန့်ထားလေ့ရှိ၏။ သူ သည်ယဇ်ပုရောဟိတ်လုပ်လိုသူမှန်သမျှကို ခန့်ထားလေသည်။-
34 Shu ish tüpeylidin Yeroboam jemetining hésabigha gunah bolup, ularning yer yüzidin üzüp élinip halak bolushigha seweb boldi.
၃၄ဤသို့သူကူးလွန်သည့်အပြစ်ကြောင့်သူ၏ မင်းဆက်သည်လုံးဝပျက်သုဉ်း၍သွားလေ၏။