< Матта 8 >
1 У тағдин чүшкәндә, топ-топ кишиләр униңға әгишип маңди.
၁ကိုယ်တော်သည် တောင်ပေါ်မှဆင်းကြွတော်မူလျှင်၊ များစွာသောလူအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြ၏။
2 Вә мана, мохо кесили бар болған бир киши униң алдиға келип, бешини йәргә уруп тизлинип: — Тәхсир, әгәр халисиңиз, мени кесилимдин пак қилалайсиз! — деди.
၂ထိုအခါ နူနာစွဲသောသူတယောက်သည် ညွတ်ပြပ်လျက်၊ သခင်အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု လျှောက်လေ၏။
3 Әйса униңға қолини тәккүзүп туруп: — Халаймән, пак болғин! — девиди, бу адәмниң мохо кесили шуан пак болуп сақайди.
၃ယေရှုကလည်း ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေဟု မိန့်တော်မူလျက် လက်တော်ကိုဆန့်၍ ထိုသူကို တို့တော်မူ၏။ ထိုခဏခြင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ရောက်လေ၏။
4 Әйса униңға: — Һазир бу ишни һеч кимгә ейтма, бәлки удул берип каһинға өзүңни көрситип, уларда бир гувалиқ болуш үчүн, Муса бу ишта әмир қилған һәдийә-қурбанлиқни сунғин, — деди.
၄ယေရှုကလည်း သင်သတိပြု။ ဤအကြောင်းကို အဘယ်သူအားမျှမပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကိုယ်ကိုပြလော့။ သူတပါး၌ သက်သေဖြစ်စေခြင်းငှါ မောရှေစီရင်မှာထားသော ပူဇော်သက္ကာကို ဆက်လော့ဟု မိန့်တော်မူ၏။
5 У Кәпәрнаһум шәһиригә барғанда, [римлиқ] бир йүз беши униң алдиға келип, униңдин йелинип:
၅ထိုနောက်မှ ကပေရနောင်မြို့သို့ ကြွဝင်တော်မူလျှင်၊ တပ်မှူးတယောက်သည် အထံတော်သို့လာ၍၊
6 — Тәхсир, чакирим паләч болуп қелип, бәк азаплинип өйдә ятиду, — деди.
၆သခင်၊ ကျွန်တော်၏ ငယ်သားတယောက်သည် လက်ခြေသေသည်အနာနှင့် ပြင်းစွာခံရ၍ အိမ်တွင် တုံးလုံးနေပါသည်ဟု တောင်းပန်လေ၏။
7 Мән берип уни сақайтип қояй, — деди Әйса.
၇ယေရှုကလည်း ငါလာ၍ ချမ်းသာပေးမည်ဟု မိန့်တော်မူလျှင်၊
8 Йүз беши җававән: — Тәхсир, торусумниң астиға киришиңизгә лайиқ әмәсмән. Пәқәт бир еғизла сөз қилип қойсиңиз, чакирим сақийип кетиду.
၈တပ်မှူးက၊ သခင်၊ ကျွန်တော်၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို ကျွန်တော်မခံ ထိုက်ပါ။ အမိန့်တော် တခွန်းရှိလျှင် ကျွန်တော်၏ငယ်သားသည် ချမ်းသာရပါလိမ့်မည်။
9 Чүнки мәнму башқа бирисиниң һоқуқи астидики адәммән, мениң қол астимда ләшкәрлирим бар. Биригә бар десәм бариду, биригә кәл десәм, келиду. Қулумға бу ишни қил десәм, у шу ишни қилиду, — деди.
၉ဥပမာကား၊ ကျွန်တော်သည် မင်းအောက်၌ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး၍ တဦးကိုသွားချေဟုဆိုလျှင် သွားပါ၏။ တဦးကို လာခဲ့ဟုဆိုလျှင်လာပါ၏။ ကျွန်ကိုလည်း ဤအမှုကို လုပ်တော့ ဟုဆိုလျှင် လုပ်ပါ၏ဟု တပ်မှူးလျှောက်လေ၏။
10 Әйса бу гәпләрни аңлап, һәйран болди. Өзи биллә кәлгәнләргә: — Мән силәргә шуни бәрһәқ ейтип қояйки, бундақ ишәшни һәтта Исраиллар арисидиму тапалмиған едим.
၁၀ထိုစကားကို ယေရှုသည်ကြားလျှင် အံ့ဩခြင်းရှိ၍၊ ငါအမှန်ဆိုသည်ကား၊ ဤမျှလောက်သော ယုံကြည် ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဘူးသေး။
11 Силәргә шуни ейтайки, нурғун кишиләр күнчиқиш вә күнпетиштин келип, әрш падишалиғида Ибраһим, Исһақ вә Яқуплар билән бир дәстиханда олтириду.
၁၁ငါဆိုပြန်သည်ကား၊ လူများတို့သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင်နိုင်ငံတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်တကွ လျောင်းရကြလတံ့၊
12 Лекин бу падишалиқниң өз пәрзәнтлири болса, сиртта қараңғулуққа ташлинип, у йәрдә жиға-зерәлар көтириду, чишлирини ғучурлитиду, — деди.
၁၂နိုင်ငံတော်သားတို့သည်လည်း ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ချ ခြင်းကို ခံရကြလတံ့ဟု နောက်တော်သို့ လိုက်သောသူတို့အား မိန့်တော်မူပြီးမှ၊
13 Андин, Әйса йүз бешиға: — Өйүңгә қайт, ишәнгиниңдәк сән үчүн шундақ қилиниду, деди. Һелиқи чакарниң кесили шу пәйттә сақайтилди.
၁၃တပ်မှူးအားသင်သွားလော့။ ယုံကြည်သည်နှင့်အညီ သင်၌ဖြစ်စေဟု မိန့်တော်မူ၏။ ထိုခဏခြင်းတွင် သူ၏ငယ်သားသည် အနာရောဂါကင်း၍ သက်သာခြင်းသို့ ရောက်လေ၏။
14 Әйса Петрусниң өйигә барғанда, Петрусниң қейинанисиниң қизип орун тутуп йетип қалғинини көрди.
၁၄ထိုနောက်မှ ယေရှုသည် ပေတရုအိမ်သို့ကြွ၍ ပေတရု၏ ယောက္ခမသည် ဖျားနာစွဲလျက် တုံးလုံးနေ သည်ကို တွေ့မြင်တော်မူ၏။
15 У униң қолини тутивиди, униң қизитмиси янди. [Аял] дәрһал орнидин туруп, Әйсани күтүшкә башлиди.
၁၅ထိုမိန်းမ၏လက်ကို တို့တော်မူလျှင်၊ သူသည် အဖျားပျောက်သဖြင့် ထ၍ ဧည့်သည်ဝတ်ကို ပြုလေ၏။
16 Кәч киргәндә, кишиләр җин чаплашқан нурғун адәмләрни униң алдиға елип келишти. У бир еғиз сөз биләнла җинларни һайдивәтти вә барлиқ кесәлләрни сақайтти.
၁၆ညဦးယံ၌ နတ်ဆိုးစွဲသောသူအများတို့ကို အထံတော်သို့ ဆောင်ခဲ့၍ နှုတ်တော်မြွက်ကာမျှနှင့် ထိုနတ် တို့ကို နှင်ထုတ်တော်မူ၏။ နာသောသူရှိသမျှတို့ကို သက်သာစေတော်မူ၏။
17 Буниң билән, Йәшая пәйғәмбәр арқилиқ йәткүзүлгән: «У өзи ағриқ-силақлиримизни көтәрди, кесәллиримизни үстигә алди» дегән сөз әмәлгә ашурулди.
၁၇ထိုအကြောင်းအရာမူကား၊ သူသည် အကျွန်ုပ်တို့ အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေ သည်ဟု ပရောဖက်ဟေရှာယ ဟောဘူးသောစကား ပြည့်စုံမည်အကြောင်း ဖြစ်သတည်း။
18 Әйса өзини оривалған топ-топ кишиләрни көрүп, [мухлислириға] деңизниң у қетиға өтүп кетишни әмир қилди.
၁၈များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်းရံလျက် နေကြသည်ကို မြင်တော်မူလျှင်၊ ကမ်း တဘက်သို့ ကူးမည့်အကြောင်း အမိန့်တော်ရှိ၏။
19 Шу чағда, Тәврат устазлиридин бири келип, униңға: — Устаз, сән қәйәргә барсаң, мәнму саңа әгишип шу йәргә баримән, — деди.
၁၉ထိုအခါ ကျမ်းပြုဆရာတယောက်သည်လာ၍ အရှင်ဘုရား၊ ကိုယ်တော်ကြွတော်မူရာအရပ်ရပ်သို့ အကျွန်ုပ်လိုက်ပါမည်ဟု လျှောက်လေ၏။
20 Әйса униңға: — Түлкиләрниң өңкүрлири, асмандики қушларниң угилири бар; бирақ Инсаноғлиниң бешини қойғидәк йериму йоқ, — деди.
၂၀ယေရှုကလည်း မြေခွေးသည် မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သောငှက်သည် နားနေရာ အရပ်ရှိ၏။ လူသားမူကား၊ ခေါင်းချရာမျှ မရှိဟု မိန့်တော်မူ၏။
21 Мухлислиридин йәнә бири униңға: — Рәб, мениң авал берип атамни йәрликкә қоюшумға иҗазәт бәргәйсән, — деди.
၂၁အခြားသော တပည့်တော်ကလည်း၊ သခင်၊ အကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍ သင်္ဂြိုဟ်ရသော အခွင့်ကို ပေးတော်မူပါဟု လျှောက်လေ၏။
22 Бирақ Әйса униңға: — Маңа әгәшкин, вә өлүкләр өз өлүклирини йәрликкә қойсун, — деди.
၂၂ယေရှုကလည်း၊ ငါ့နောက်သို့လိုက်လော့။ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေဟု မိန့်တော်မူ၏။
23 У кемигә чүшти, мухлислириму чүшүп биллә маңди.
၂၃ထိုအခါ လှေထဲသို့ ဝင်တော်မူ၍ တပည့်တော်တို့သည် လိုက်ကြ၏။ အိုင်၌ လှိုင်းတံပိုးပြင်းစွာထ၍ လှေကို လွှမ်းလေ၏။
24 Вә мана, деңиз үстидә қаттиқ боран чиқип кәтти; шуниң билән долқунлар кемидин һалқип кемини ғәриқ қиливетәй дәп қалди. Лекин у ухлавататти.
၂၄ကိုယ်တော်သည် ကျိန်းစက်၍ နေတော်မူ၏။
25 Мухлислар келип уни ойғитип: — И устаз, бизни қутулдурғайсән! Биз һалакәт алдида туримиз — деди.
၂၅တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်ကို နှိုးပြီးလျှင်၊ သခင်၊ အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်ပါ၏။ ကယ်မတော်မူပါဟု လျှောက်ကြသော်၊
26 — Немишкә қорқисиләр, и ишәши аҗизлар! — деди у вә орнидин туруп, боран-чапқунға вә деңизға тәнбиһ беривиди, һәммиси бирдинла тиничланди.
၂၆ကိုယ်တော်က၊ ယုံကြည်အားနည်းသော သူတို့၊ အဘယ်ကြောင့် ကြောက်တတ်သနည်းဟု မေးတော်မူ ပြီးလျှင်၊ ထ၍ လေနှင့်ပင်လယ်ကို ဆုံးမတော်မူသဖြင့် အလွန်သာယာလေ၏။
27 Мухлислар интайин һәйран болуп, бир-биригә: — Бу зади қандақ адәмду? Һәтта боран-чапқунлар вә деңизму униңға бойсунидикән-һә! — дәп кетишти.
၂၇ထိုလူတို့ကလည်း၊ ဤသူကားအဘယ်သို့သောသူနည်း။ လေနှင့်ပင်လယ်သည် သူ၏စကားကို နား ထောင်ပါသည်တကားဟု အံ့ဩကြ၏။
28 Әйса деңизниң у қетидики Гадаралиқларниң жутиға барғинида, җин чаплашқан икки киши гөрлиридин чиқип униңға алдиға кәлди. Улар шунчә вәһший едики, һеч ким бу йәрдин өтүшкә җүръәт қилалмайтти.
၂၈ကမ်းတဘက် ဂါဒရပြည်သို့ ရောက်တော်မူသောအခါ နတ်ဆိုးစွဲသောလူနှစ်ယောက်တို့သည် ထိုလမ်းကို အဘယ်သူမျှ မသွားနိုင်အောင် အလွန်ကြမ်းကြုတ်စွာပြုလျက်၊ သင်္ချိုင်းတစပြင်မှ ထွက်လာ၍ ကိုယ်တော်ကို ခရီးဦးကြိုပြုပြီးလျှင်၊
29 Уни көргәндә улар: — И Худаниң Оғли, сениң биз билән немә кариң! Сән вақит-саити кәлмәйла бизни қийниғили кәлдиңму? — дәп товлиди.
၂၉ဘုရားသခင်၏ သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ အချိန် မရောက်မှီ အကျွန်ုပ်တို့ကို ညှဉ်းဆဲခြင်းငှါ ကြွလာတော်မူသလောဟု အော်ဟစ်၍လျှောက်ကြ၏။
30 Шу йәрдин хелә жирақта чоң бир топ тоңғуз падиси отлап жүрәтти.
၃၀ထိုသူတို့နှင့် မနီးမဝေးသောအရပ်၌ များစွာသော ဝက်အစုသည် ကျက်စားလျက်ရှိ၏။
31 Җинлар әнди униңға: — Әгәр сән бизни қоғливәтмәкчи болсаң, бизни тоңғуз падиси ичигә киргүзүвәткәйсән, — дәп ялвурушти.
၃၁နတ်ဆိုးတို့လည်း ကိုယ်တော်သည် အကျွန်ုပ်တို့ကိုနှင်ထုတ်လျှင်၊ ထိုဝက်အစုထဲသို့ ဝင်ရပါမည် အကြောင်း အခွင့်ပေးတော်မူပါဟု တောင်းပန်ကြသော်၊
32 У уларға: — Чиқиңлар! — девиди, җинлар чиқип, тоңғузларниң тенигә киривалди. Мана, пүткүл тоңғуз падиси тик ярдин етилип чүшүп, суларда ғәриқ болди.
၃၂သွားကြဟု မိန့်တော်မူ၏။ နတ်ဆိုးတို့သည် ထွက်၍ ဝက်ထဲသို့ဝင်သဖြင့် ဝက်အစုရှိသမျှသည် အိုင်ကမ်းစောက်ကို တဟုန်တည်းပြေးဆင်း၍ ရေ၌သေကြ၏။
33 Лекин тоңғуз баққучилар бәдәр қечип, шәһәргә кирип, бу ишниң баш-ахирини, җүмлидин җин чаплашқан кишиләрниң кәчүрмишлирини халайиққа ейтип беришти.
၃၃ဝက်ကျောင်းသောသူတို့သည်လည်း ပြေး၍ မြို့ထဲသို့ဝင်ပြီးလျှင်၊ နတ်ဆိုးစွဲသော သူတို့၏အကြောင်း မှစ၍ ဖြစ်လေသမျှတို့ကို ကြားပြောကြသော်၊
34 Вә мана, пүтүн шәһәрдикиләр Әйса билән көрүшкили чиқти. Улар уни көргәндә, униң өзлириниң шу районидин айрилип кетишини өтүнди.
၃၄တမြို့လုံးလည်း ယေရှုကိုတွေ့အံ့သောငှါ ထွက်လာကြ၏။ ကိုယ်တော်ကိုတွေ့မြင်လျှင် မိမိတို့ ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြ၏။