< Йәшая 35 >
1 — Дала һәм қағҗирап кәткән җайлар улар үчүн хошал болиду; Чөл-баяван шатлинип зәпирандәк чечәкләйду;
၁တောနှင့် လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်။ ဆိတ်ညံသော အရပ်သည်လည်း ရွှင်လန်း၍၊ နှင်းပွင့်ကဲ့ သို့အပွင့် ပွင့်လိမ့်မည်။
2 У бәрқ уруп чечәкләйду, Шатлиққа шатлиқ қошулуп тәнтәнә қилиду; Ливанниң шан-шәриви, Кармәл вә Шарондики гөзәллик вә сүр униңға берилиду; Улар Пәрвәрдигарниң шан-шәривини, Худайимизниң гөзәллиги вә һәйвитини көриду.
၂အလွန်ပွင့်လန်း၍ဝမ်းမြောက်ခြင်း၊ သီချင်းဆို ခြင်းနှင့် တကွ မြူးထူးလိမ့်မည်။ လေဗနုန်တောင်၏ ဘုန်း နှင့်၎င်း၊ ကရမေလတောင်၊ ရှာရုန်အရပ်တို့၏ တင့်တယ် ခြင်း အသရေနှင့်၎င်း ပြည့်စုံလိမ့်မည်။ ထာဝရဘုရား၏ ဘုန်းတော်ကို၎င်း၊ ငါတို့ဘုရားသခင်၏ တန်ခိုးအာနု ဘော်တော်ကို၎င်း မြင်ရကြလိမ့်မည်။
3 Аҗиз қолларни күчләндүрүңлар, Егилип маңидиған тизларни чиңитиңлар,
၃အားမရှိသောလက်တို့ကို ခိုင်ခံ့စေကြလော့။ လှုပ်တတ်သော ဒူးတို့ကို မြဲမြံစေကြလော့။
4 Жүриги аққанларға: — «Чиң туруңлар! Қорқмаңлар! Мана, Худайиңларға қарап беқиңлар; Қисас келиду — Худаниң һесап елиш күни келиду! У Өзи келиду, силәрни қутқузиду!» — дәң!
၄အားယူကြလော့၊ မစိုးရိမ်ကြနှင့်ဟု ကြောက် တတ်သော သူတို့အား ဆိုကြလော့။ အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်သည် အပြစ်ပေးလျက်၊ ဒဏ်စီ ရင်လျက်ကြွလာတော်မူလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် ကြွလာ၍၊ သင်တို့ကို ကယ်တင်တော်မူ လိမ့်မည်။
5 Андин қариғуниң көзи ечилиду, Гасниң қулақлири очуқ қилиниду,
၅ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့် လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်း နှင့် လွတ်ကြလိမ့်မည်။
6 Андин ақсақ-токурлар кейиктәк ойнақлап сәкрәйду; Гачиниң тили нахша ейтиду; Чүнки далада сулар, Чөл-баяванларда дәрия-еқинлар урғуп ташиду;
၆ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့် မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။ အကြောင်းမူကား၊ တော၌စမ်းရေထွက်၍၊ လွင်ပြင်၌မြစ် ရေစီးလိမ့်မည်။
7 Пижғирин чөл-җәзирә көлчәккә, Чаңқиған йәрләр булақларға айлиниду; Чилбөриләрниң макани — улар ятқан җай, Қомуш вә йекәнләр өсүп, чимәнликкә айлиниду.
၇တံလျှပ်သည် ရေကန်ဖြစ်လိမ့်မည်။ သွေ့ ခြောက်သောမြေသည် စမ်းရေတွင်းဖြစ်လိမ့်မည်။ မြေခွေး အိပ်ရာနေရာ၌ ကျူပင်နှင့် ဂမာပင်အစား၊ မြက်ပင် ပေါက်လိမ့်မည်။
8 Шу йәрдә егиз көтирилгән бир йол, Түптүз бир йол болиду; У «пак-муқәддәсликниң йоли» дәп атилиду; Напаклар униңдин өтүшкә болмайду, Шу йол мәхсус шулар үчүн бекитилип ясалғанки, — Һәтта наданларму униңда езип кәтмәйду;
၈ထိုအရပ်၌ လမ်းမကြီး ရှိလိမ့်မည်။ ထိုလမ်းကို သန့်ရှင်းရာလမ်းဟု သမုတ်ကြလိမ့်မည်။ မစင်ကြယ် သောသူသည် ထိုလမ်းကို မရှောက်မသွားရ။ သွားသော သူတို့နှင့်အတူ ကိုယ်တော်တိုင်ခရီးသွားလျက် ရှိတော်မူ သည်ဖြစ်၍၊ မိုက်သောသူသော်လည်း လမ်းမလွဲရ။
9 Шу йәрдә шир болмайду, Униң үстигә һеч житқуч һайван чиқмайду; (Улар шу йәрдә һеч тепилмайду) — Ниҗат арқилиқ һөрлүккә чиққанлар шу йәрдә маңиду!
၉ထိုလမ်း၌ ခြင်္သေ့မရှိရ။ သားရဲတကောင်မျှ မ တက်မလာရ။ ရှာ၍ မတွေ့ရ။ ရွေးနှုတ်သောသူတို့သာ လျှင် ခရီးသွားကြလိမ့်မည်။
10 Пәрвәрдигарниң бәдәл төләп қутқузғанлири қайтип келиду, Күйләрни ейтип Зионға йетип келиду; Уларниң башлириға мәңгүлүк шат-хурамлиқ қониду; Улар хошаллиқ вә шатлиққа чөмгән болиду; Қайғу-һәсрәт һәм уһ-надамәтләр бәдәр қачиду.
၁၀ထာဝရဘုရား ကယ်လွှတ်တော်မူသောသူတို့ သည် ပြန်လာ၍၊ သီချင်းဆိုလျက်၊ ထာဝရဝမ်းမြောက် ခြင်း သရဖူကို ဆောင်းလျက်၊ဇိအုန်မြို့သို့ ရောက်ကြလိမ့် မည်။ ဝမ်းမြောက်ရွှင်လန်းခြင်း အခွင့်ကို ရကြ၍၊ဝမ်း မြောက်ခြင်းနှင့် ညည်းတွားခြင်းသည် ပြေးသွားရလိမ့် မည်။