< زەبۇر 71 >
سەندىن، پەرۋەردىگاردىن پاناھ تاپىمەن؛ مېنى ھەرگىز يەرگە قاراتمىغايسەن. | 1 |
၁အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။ အရှက်ကွဲခြင်းနှင့် အစဉ်ကင်းလွတ်ပါစေသော။
ئۆز ھەققانىيلىقىڭدا مېنى قۇتۇلدۇرغايسەن؛ ماڭا قۇلاق سالغايسەن، مېنى قۇتقۇزغايسەن! | 2 |
၂တရားတော်နှင့်အညီ အကျွန်ုပ်ကို နှုတ်ယူ၍ လွှတ်တော်မူပါ။ နားတော်ကို အကျွန်ုပ်ဘက်သို့ လှည့်၍ ကယ်တင်တော်မူပါ။
ماڭا ئۆزۈم دائىم پاناھلىنىدىغان تۇرالغۇ قورام تاش بولغايسەن؛ سەن مېنى قۇتقۇزۇشقا بۇيرۇق چۈشۈرگەيسەن؛ چۈنكى سەن ئېگىز تېشىم، قورغىنىمدۇرسەن. | 3 |
၃အကျွန်ုပ်အစဉ်ရောက်၍ နေရာကျသော ကျောက်ဖြစ်တော်မူပါ။ အကျွန်ုပ်ကို ကယ်တင်မည် အကြောင်း အမိန့်တော်ရှိ၍၊ အကျွန်ုပ်၏ ကျောက်၊ အကျွန်ုပ်၏ ရဲတိုက်ဖြစ်တော်မူ၏။
خۇدايىم، مېنى رەزىللەرنىڭ قولىدىن، ھەققانىيەتسىز، رەھىمسىز ئادەمدىن ئازاد قىلغايسەن؛ | 4 |
၄အကျွန်ုပ်၏ဘုရားသခင်၊ ဆိုးသော သူ၏လက်မှ၎င်း၊ မတရားသောသူနှင့် ကြမ်းတမ်းသော သူ၏လက် မှ၎င်း အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။
چۈنكى سەن مېنىڭ ئۈمىدىمدۇرسەن، ئى رەب پەرۋەردىگار، ياشلىقىمدىن تارتىپلا مېنىڭ تايانچىمدۇرسەن؛ | 5 |
၅အရှင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်မြော်လင့်ရာဖြစ်တော်မူ၏။ အကျွန်ုပ်ငယ်သောအရွယ် မှစ၍ အကျွန်ုပ် ကိုးစားရာ ဖြစ်တော်မူ၏။
بالىياتقۇدىكى ۋاقىتتىن باشلاپ مەن ساڭا تايىنىپ كەلدىم، ئۆزۈڭ مېنى ئانامنىڭ قارنىدىن چىقارغۇچىسەن؛ مەدھىيەمنىڭ تېمىسى بولسا ھەردائىم سەن توغرۇلۇقتۇر. | 6 |
၆အကျွန်ုပ်သည် ဘွားကတည်းကပင် ကိုယ်တော်ကို မှီဝဲပါပြီ။ အမိဝမ်းတွင်းမှစ၍ ကျေးဇူးတော်ကို ခံရပါပြီ။ ကိုယ်တော်ကို အစဉ်ချီးမွမ်းပါမည်။
مەن نۇرغۇنلارغا غەيرىي ياكى كارامەت سانالدىم؛ چۈنكى سەن مېنىڭ مۇستەھكەم پاناھگاھىمدۇرسەن. | 7 |
၇အကျွန်ုပ်သည် များစွာသော သူတို့၌ အံ့ဘွယ်သော အရာကဲ့သို့ ဖြစ်သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သော ခိုလှုံရာဖြစ်တော်မူ၏။
ئاغزىم كۈن بويى مەدھىيىلىرىڭ ھەم شان-شەرىپىڭگە تولىدۇ؛ | 8 |
၈ဂုဏ်အသရေတော်နှင့် ယှဉ်သော ထောမနာစကားကို အကျွန်ုပ်သည် နေ့တိုင်း အစဉ်မြွက်ဆို ပါစေသော။
ئەمدى قېرىغىنىمدا مېنى تاشلىمىغايسەن؛ ماغدۇرۇم كەتكىنىدە، مەندىن ۋاز كەچمىگەيسەن. | 9 |
၉အကျွန်ုပ်ကို အိုသောအခါ ပယ်တော်မမူပါနှင့်။ အားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့်။
چۈنكى دۈشمەنلىرىم ماڭا قارشى سۆزلىشىدۇ؛ جېنىمنى ئېلىشقا كۆزلەۋاتقانلار قەستلىشىپ: ــ | 10 |
၁၀ရန်သူတို့သည် အကျွန်ုပ်တဘက်၌ ပြောဆိုကြပါ၏။ အကျွန်ုပ်အသက်ကို ချောင်းကြည့်သော သူတို့က၊
«خۇدا ئۇنىڭدىن ۋاز كەچتى؛ ئۇنى قوغلاپ تۇتۇۋېلىڭلار، چۈنكى قۇتۇلدۇرۇدىغانلار يوقتۇر» ــ دېيىشىدۇ. | 11 |
၁၁ဘုရားသခင်သည် သူ့ကို စွန့်ပစ်တော်မူ၏။ လိုက်၍ ဘမ်းကြကုန်အံ့။ ကယ်လွှတ်သော သူမရှိဟု တိုင်ပင်ပြောဆိုကြပါ၏။
ئى خۇدا، مەندىن يىراقلاشمىغايسەن؛ ئى خۇدايىم، ماڭا ياردەمگە تېز كەلگەيسەن! | 12 |
၁၂အိုဘုရားသခင်၊ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်။ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်ကို မစခြင်းငှါ အလျင်အမြန် ပြုတော်မူပါ။
جېنىمغا كۈشەندە بولغانلار شەرمەندە بولۇپ يوقىتىلىسۇن؛ زىيىنىمغا ئىنتىلگەنلەر رەسۋالىق ھەم شەرمەندىچىلىك بىلەن قاپلانسۇن؛ | 13 |
၁၃အကျွန်ုပ်အသက်ကို ရန်ဘက်ပြုသော သူတို့သည် အရှက်ကွဲ၍ ဆုံးရှုံးခြင်းသို့ ရောက်ကြပါစေသော။ အကျွန်ုပ်၌ အပြစ်ပြုခြင်းအခွင့်ကို ရှာသောသူတို့သည် ကဲ့ရဲ့ခြင်း၊ အသရေပျက်ခြင်းနှင့် မွန်းကြ ပါစေသော။
بىراق مەن بولسام، ئىزچىل ئۈمىدتە بولىمەن، سېنى تېخىمۇ مەدھىيىلەيمەن. | 14 |
၁၄အကျွန်ုပ်မူကား၊ အစဉ်မြော်လင့်၍ ကိုယ်တော်ကို ချီးမွမ်းသမျှထက် သာ၍ ချီးမွမ်းပါမည်။
ھەققانىيلىقىڭ، نىجاتلىقىڭ ئاغزىمدا كۈن بويى بايان قىلىنىدۇ؛ بۇلار سان-ساناقسىزدۇر، بىلگىنىمدىن كۆپ ئارتۇقتۇر. | 15 |
၁၅ဖြောင့်မတ်တော်မူခြင်းနှင့် ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်သည် နေ့တိုင်းအစဉ် ညွှန်ကြား ပါမည်။ ကျေးဇူးတော်တို့ကို ရေတွက်၍ မကုန်နိုင်ပါ။
مەن رەب پەرۋەردىگارنىڭ بۈيۈك ئىشلىرىنى جاكارلىغان ھالدا كېلىمەن؛ سېنىڭ ھەققانىيلىقىڭنى ياد ئېتىپ جاكارلايمەن ــ پەقەت سېنىڭكىنىلا! | 16 |
၁၆အရှင်ထာဝရဘုရား၏ ဘုန်းတန်ခိုးတော်များကို အမှီပြု၍ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားကိုသာ ပြသပါမည်။
ئى خۇدا، سەن ياشلىقىمدىن تارتىپ ماڭا ئۆگىتىپ كەلگەنسەن؛ بۈگۈنگە قەدەر سېنىڭ قىلغان كارامەت ئىشلىرىڭنى جاكارلاپ كېلىۋاتىمەن. | 17 |
၁၇အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကို ငယ်သောအရွယ်မှစ၍ သွန်သင်တော်မူပါပြီ။ ယခုတိုင် အောင် အံ့ဘွယ်သော အမှုတော်တို့ကို အကျွန်ုပ်ပြပါပြီ။
ئەمدى ھازىر مەن قېرىپ، ئاق چاچلىق بولغىنىمدا، ئى خۇدا، مەن بۇ دەۋرگە [كۈچلۈك] بىلىكىڭنى [جاكارلىغۇچە]، كېلەر ئەۋلادنىڭ ھەممىسىگە قۇدرىتىڭنى ئايان قىلغۇچە، [مېنى تاشلىۋەتمىگەيسەن]! | 18 |
၁၈တဖန်တုံ အိုဘုရားသခင်၊ အကျွန်ုပ်အသက်ကြီး၍ ဆံပင်ဖြူသည်ကာလတိုင်အောင်၊ ယခုလူများတို့အား ကိုယ်တော်၏ အစွမ်းသတ္တိကို၎င်း၊ နောက်ဖြစ်လတံ့သော သူအပေါင်းတို့အား တန်ခိုးတော်ကို၎င်း၊ အကျွန်ုပ်မပြမှီတွင်၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။
ئى ئۇلۇغ كارامەت ئىشلارنى قىلغان خۇدا، ھەققانىيلىقىڭ پەلەككە تاقاشتى؛ ساڭا كىممۇ ئوخشاش بولالىسۇن! | 19 |
၁၉အိုဘုရားသခင်၊ ဖြောင့်မတ်တော်မူခြင်းတရားသည် အလွန်မြင့်ရာသို့ မှီသည်ဖြစ်၍၊ ကိုယ်တော်သည် ကြီးစွာသော အမှုတို့ကို ပြုတော်မူ၏။ အိုဘုရားသခင်၊ ကိုယ်တော်နှင့်အဘယ်သူတူပါသနည်း။
سەن ماڭا كۆپ ھەم ئېغىر كۈلپەتلەرنى كۆرسەتكەنىكەنسەن، مېنى قايتىدىن يېڭىلايسەن، يەر تەگلىرىدىن قايتۇرۇپ ئېلىپ چىقىسەن؛ | 20 |
၂၀ကြီးမားကြမ်းတမ်းသော ဘေးများကို အကျွန်ုပ်အားပြတော်မူပြီ။ တဖန် အသက်ကို ချမ်းသာပေး၍၊ မြေကြီးနက်နဲရာထဲက တဖန်ထမြောက်စေတော်မူမည်။
سەن مېنىڭ ئىززەت-ھۆرمىتىمنى تېخىمۇ يۇقىرى قىلىپ، ھەر تەرەپتىن ماڭا تەسەللى بېرىسەن. | 21 |
၂၁အကျွန်ုပ်ကို စည်းစိမ်တိုးပွားစေ၍၊ တဖန် သက်သာစေတော်မူမည်။
مەن سېنى راۋاب چېلىپ مەدھىيىلەيمەن، سېنىڭ ھەقىقىتىڭنى مەدھىيىلەيمەن، ئى خۇدايىم؛ چىلتار چېلىپ سېنى كۈيلەيمەن، ئى سەن، ئىسرائىلنىڭ مۇقەددىسى! | 22 |
၂၂သို့ဖြစ်၍၊ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်နှင့် သစ္စာတော်ကို တယောထိုး၍ ချီးမွမ်းပါမည်။ ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသော ဘုရား၊ ရှေ့တော်၌ စောင်းတီး၍ သီချင်းဆိုပါမည်။
ساڭا كۈيلەر ئېيتقىنىمدا، لەۋلىرىم تەنتەنە قىلىدۇ، ئۆزۈڭ ھۆرلۈككە چىقارغان جېنىممۇ شۇنداق روھلىنىپ ئېيتىدۇ؛ | 23 |
၂၃ရှေ့တော်၌ သီချင်းဆိုသောအခါ၊ ရွှင်လန်းသော နှုတ်ရှိပါလိမ့်မည်။ ရွေးတော်မူသော အကျွန်ုပ်၏ ဝိညာဉ်လည်း ရွှင်လန်းပါလိမ့်မည်။
تىلىم كۈن بويى ھەققانىيلىقىڭ توغرىسىدا سۆزلەيدۇ؛ چۈنكى ماڭا يامانلىق قىلماقچى بولغانلار يەرگە قارىتىلىپ رەسۋا قىلىنىدۇ. | 24 |
၂၄အကျွန်ုပ်၏လျှာသည်လည်း ဖြောင့်မတ်တော်မူခြင်းတရားကို အစဉ်မြွက်ဆိုပါလိမ့်မည်။ အကြောင်း မူကား၊ အကျွန်ုပ်၌ အပြစ်ပြုခြင်း အခွင့်ကို ရှာသောသူတို့သည် မျက်နှာပျက်၍ အရှက်ကွဲခြင်းသို့ ရောက်ကြပါ၏။