< ज़बूर 85 >

1 ऐ ख़ुदावन्द तू अपने मुल्क पर मेहरबान रहा है। तू या'क़ूब को ग़ुलामी से वापस लाया है।
အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​ပြည်​တော်​ကို သ​နား​တော်​မူ​ပါ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​တစ်​ဖန် ပြန်​လည်​ချမ်း​သာ​ကြွယ်​ဝ​စေ​တော်​မူ​ပါ​ပြီ။
2 तूने अपने लोगों की बदकारी मु'आफ़ कर दी है; तूने उनके सब गुनाह ढाँक दिए हैं।
ကိုယ်​တော်​သည်​မိ​မိ​လူ​စု​တော်​၏​အ​ပြစ် များ​ကို ဖြေ​လွှတ်​တော်​မူ​၍​သူ​တို့​၏​အ​မှား​များ​ကို ခွင့်​လွှတ်​တော်​မူ​ပါ​ပြီ။
3 तूने अपना ग़ज़ब बिल्कुल उठा लिया; तू अपने क़हर — ए — शदीद से बाज़ आया है।
သူ​တို့​အား​အ​မျက်​ထွက်​တော်​မ​မူ​တော့​ဘဲ ကိုယ်​တော်​၏​ပြင်း​ထန်​သော​အ​မျက်​ပြေ​တော် မူ​ပါ​ပြီ။
4 ऐ हमारे नजात देने वाले ख़ुदा! हम को बहाल कर, अपना ग़ज़ब हम से दूर कर!
ကျွန်​တော်​မျိုး​တို့​၏​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​တို့​အား​ပြန်​လာ​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အား​မ​နှစ်​သက်​မှု​ရှိ​တော် မ​မူ​ပါ​နှင့်။
5 क्या तू हमेशा हम से नाराज़ रहेगा? क्या तू अपने क़हर को नसल दर नसल जारी रख्खेगा?
ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ​အ​မျက်​ထွက်​၍ နေ​တော်​မူ​ပါ​မည်​လော။ အ​မျက်​တော်​သည်​အ​ဘယ်​အ​ခါ​၌​မျှ ပြေ​တော်​မ​မူ​တော့​ပြီ​လော။
6 क्या तू हम को फिर ज़िन्दा न करेगा, ताकि तेरे लोग तुझ में ख़ुश हों?
ကျွန်​တော်​မျိုး​တို့​ကို​အား​သစ်​လောင်း​တော် မူ​ပါ။ သို့​ပြု​တော်​မူ​ပါ​လျှင်​ကိုယ်​တော်​ရှင်​၏ လူ​စု​တော်​ဖြစ်​သော​ကျွန်​တော်​မျိုး​တို့​သည် ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ကြ​ပါ​မည်။
7 ऐ ख़ुदावन्द! तू अपनी शफ़क़त हमको दिखा, और अपनी नजात हम को बख़्श।
အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို ပြ​တော်​မူ​၍​ကျွန်​တော်​မျိုး​တို့​အား ကယ်​တင်​တော်​မူ​ပါ။
8 मैं सुनूँगा कि ख़ुदावन्द ख़ुदा क्या फ़रमाता है। क्यूँकि वह अपने लोगों और अपने पाक लोगों से सलामती की बातें करेगा; लेकिन वह फिर हिमाक़त की तरफ़ रुजू न करें।
ငါ​သည်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် မိန့်​တော်​မူ​သည်​ကို​နား​ထောင်​လျက်​နေ​၏။ ငါ​တို့​သည်​မိုက်​မဲ​သော​လမ်း​စဉ်​ကို​စွန့်​ပစ်​ပါ​လျှင် ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​တည်း​ဟူ​သော ငါ​တို့​အား​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ပေး​တော် မူ​မည်​ဟု က​တိ​ပြု​တော်​မူ​ပါ​၏။
9 यक़ीनन उसकी नजात उससे डरने वालों के क़रीब है, ताकि जलाल हमारे मुल्क में बसे।
ကိုယ်​တော်​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​သော သူ​တို့​ကို​ကယ်​တော်​မူ​ရန်​အ​မှန်​ပင် အ​သင့်​ရှိ​တော်​မူ​၏။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​သည်​လည်း ငါ​တို့​ပြည်​တွင်​ကျိန်း​ဝပ်​လျက်​နေ​လိမ့်​မည်။
10 शफ़क़त और रास्ती एक साथ मिल गई हैं, सदाक़त और सलामती ने एक दूसरे का बोसा लिया है।
၁၀မေတ္တာ​နှင့်​သစ္စာ​သည်​ဆုံ​မိ​ကြ​လိမ့်​မည်။ တ​ရား​မျှ​တ​မှု​နှင့်​ငြိမ်း​ချမ်း​သာ​ယာ​မှု​သည် ဖက်​ယမ်း​ကြ​လိမ့်​မည်။
11 रास्ती ज़मीन से निकलती है, और सदाक़त आसमान पर से झाँकती हैं।
၁၁လူ​တို့​သစ္စာ​စောင့်​မှု​သည်​ကမ္ဘာ​လော​က​မှ ပေါ်​ထွက်​လာ​၍ ဘု​ရား​သ​ခင်​၏​တ​ရား​မျှ​တ​မှု​သည် ကောင်း​ကင်​ဘုံ​မှ​ငုံ့​ကြည့်​လိမ့်​မည်။
12 जो कुछ अच्छा है वही ख़ुदावन्द अता फ़रमाएगा और हमारी ज़मीन अपनी पैदावार देगी।
၁၂ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​အား ကြွယ်​ဝ​ချမ်း​သာ​စေ​တော်​မူ​လိမ့်​မည်။ ငါ​တို့​၏​ပြည်​သည်​လည်း​ကောက်​ပဲ​သီး​နှံ များ​စွာ​ထွက်​လိမ့်​မည်။
13 सदाक़त उसके आगे — आगे चलेगी, उसके नक़्श — ए — क़दम को हमारी राह बनाएगी।
၁၃တ​ရား​မျှ​တ​မှု​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​ပြေး​ဖြစ်​၍​ကြွ​လာ​တော်​မူ​ရာ​လမ်း ခ​ရီး​ကို ကြို​တင်​ပြင်​ဆင်​ပေး​လိမ့်​မည်။

< ज़बूर 85 >