< मीका 4 >

1 लेकिन आख़िरी दिनों में यूँ होगा कि ख़ुदावन्द के घर का पहाड़ पहाड़ों की चोटियों पर क़ाईम किया जाएगा, और सब टीलों से बलंद होगा और उम्मतें वहाँ पहुँचेंगी।
နောင်​ကာ​လ​တွင် ဗိ​မာန်​တော်​တည်​ရာ​တောင်​သည် အ​မြင့်​ဆုံး​တောင်​ဖြစ်​လိမ့်​မည်။ ရှိ​သ​မျှ​သော​တောင်​တို့​ထက်​ပို​မို​၍​မြင့်​မား လိမ့်​မည်။ လူ​မျိုး​များ​စွာ​တို့​သည်​ထို​တောင်​သို့​စု​ရုံး ရောက်​ရှိ​လာ​၍၊
2 और बहुत सी क़ौमें आएँगी, और कहेंगी, 'आओ, ख़ुदावन्द के पहाड़ पर चढ़ें, और या'क़ूब के ख़ुदा के घर में दाख़िल हों, और वह अपनी राहें हम को बताएगा और हम उसके रास्तों पर चलेंगे। क्यूँकि शरी'अत सिय्यून से, और ख़ुदावन्द का कलाम येरूशलेम से सादिर होगा।
``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​တည်​ရှိ​ရာ​ထာ​ဝ​ရ​ဘု​ရား​၏ တောင်​ပေါ်​သို့ တက်​ကြ​ကုန်​အံ့။ ကိုယ်​တော်​သည်​ငါ​တို့​အား​အ​လို​တော်​နှင့် အ​ညီ ကျင့်​ကြံ​ပြု​မူ​ရန်​သွန်​သင်​တော်​မူ​မည်။ ကိုယ်​တော်​ညွှန်​ပြ​သော​လမ်း​အ​တိုင်း လျှောက်​သွား​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​သည် ဇိ​အုန်​တောင်​မှ​လည်း​ကောင်း​ထာ​ဝ​ရ​ဘု​ရား​၏ နှုတ်​က​ပတ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​မှ လည်း​ကောင်း ထွက်​ပေါ်​လာ​သ​တည်း'' ဟု​ဆို​ကြ​၏။
3 और वह बहुत सी उम्मतों के बीच 'अदालत करेगा, और दूर की ताक़तवर क़ौमों को डाँटेगा; और वह अपनी तलवारों को तोड़ कर फालें, और अपने भालों को हँसुवे बना डालेंगे; और क़ौम — क़ौम पर तलवार न चलाएगी, और वह फिर कभी जंग करना न सीखेंगे।
ရပ်​ဝေး​ရပ်​နီး​မှ​အင်​အား​ကြီး​သော​နိုင်​ငံ များ​၏ အ​ငြင်း​ပွား​မှု​များ​ကို​အ​ဆုံး​အ​ဖြတ်​ပေး တော်​မူ​မည်။ သူ​တို့​သည်​မိ​မိ​တို့​၏​ဋ္ဌား​သွား​များ​ကို​ထွန်​သွား အ​ဖြစ်​သို့​လည်း​ကောင်း၊ လှံ​များ​ကို​တံ​စဉ်​များ​အ​ဖြစ်​သို့​ထု​လုပ် ကြ​လိမ့်​မည်။ နိုင်​ငံ​အ​ချင်း​ချင်း​နောက်​တစ်​ဖန်​စစ်​တိုက် ကြ​တော့​မည်​မ​ဟုတ်။ စစ်​တိုက်​ရန်​ပြင်​ဆင်​မှု​ကို​လည်း​နောက်​တစ်​ဖန် ပြု​လုပ်​ကြ​တော့​မည်​မ​ဟုတ်။
4 तब हर एक आदमी अपनी ताक और अपने अंजीर के दरख़्त के नीचे बैठेगा, और उनको कोई न डराएगा, क्यूँकि रब्ब — उल — अफ़वाज ने अपने मुँह से ये फ़रमाया है।
လူ​တိုင်း​ပင်​မိ​မိ​တို့​၏​စ​ပျစ်​ဥ​ယျာဉ်၊မိ​မိ​တို့​၏ သ​ဖန်း​ခြံ​ထဲ​၌​မ​ကြောက်​လန့်​ရ​ဘဲ၊ အေး​ချမ်း​သာ​ယာ​စွာ​နေ​ထိုင်​ရ​လိမ့်​မည်။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​မြွက်​တော်​မူ​သော​က​တိ​တော်​ဖြစ်​သ​တည်း။
5 क्यूँकि सब उम्मतें अपने — अपने मा'बूद के नाम से चलेंगी, लेकिन हम हमेशा से हमेशा तक ख़ुदावन्द अपने ख़ुदा के नाम से चलेंगे।
လူ​မျိုး​အ​သီး​သီး​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား များ​ကို​ကိုး​ကွယ်​နာ​ခံ​ကြ​မည်​ဖြစ်​သော်​လည်း ငါ​တို့​မူ​ကား​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို ကာ​လ​အ​စဉ်​အ​ဆက်​ကိုး​ကွယ် နာ​ခံ​မည်။
6 ख़ुदावन्द फ़रमाता है, कि मैं उस रोज़ लंगड़ों को जमा' करूँगा और जो हाँक दिए गए और जिनको मैंने दुख दिया, इकठ्ठा करूँगा;
ထာ​ဝ​ရ​ဘု​ရား​က``ငါ​ဒဏ်​ခတ်​သူ၊ ပြည်​နှင် ဒဏ်​ခံ​ရ​သူ​တို့​ကို ငါ​ပြန်​လည်​စု​ရုံး​စေ သော​အ​ချိန်​ကား​ကျ​ရောက်​ခါ​နီး​ပြီ။-
7 और लंगड़ों को बक़िया, और जिलावतनों को ताक़तवर क़ौम बनाऊँगा; और ख़ुदावन्द कोह — ए — सिय्यून पर अब से हमेशा हमेश तक उन पर सल्तनत करेगा।
သူ​တို့​သည်​ခြေ​ဆွံ့​လျက်​နေ​အိမ်​မှ​ရပ်​ဝေး သို့​ရောက်​ရှိ​နေ​ကြ​၏။ သို့​ရာ​တွင်​ငါ​သည် မ​သေ​ဘဲ​ကျန်​ကြွင်း​နေ​သေး​သူ​တို့​အား အင်​အား​ကြီး​သော​လူ​မျိုး​ဖြစ်​လာ​စေ​မည်။ ငါ​သည်​ဇိ​အုန်​တောင်​ပေါ်​မှာ​သူ​တို့​အား ယ​ခု​မှ​စ​၍​ကာ​လ​အ​စဉ်​အ​ဆက်​အုပ် စိုး​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။
8 ऐ गल्ले की दीदगाह, ऐ बिन्त — ए — सिय्यून की पहाड़ी, ये तेरे ही लिए है; क़दीम सल्तनत, या'नी दुख्तर — ए — येरूशलेम की बादशाही तुझे मिलेगी।
ဘု​ရား​သ​ခင်​သည်​လင့်​စင်​မှ​မိ​မိ​၏​လူ​မျိုး တော်​ကို သိုး​ထိန်း​သ​ဖွယ်​စောင့်​ရှောက်​တော်​မူ ရာ​ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​နိုင်​ငံ​တော် ၏​မြို့​တော်​ဖြစ်​ခဲ့​ဖူး​သ​ကဲ့​သို့ ယ​ခု​တစ်​ဖန် မြို့​တော်​ဖြစ်​ရ​လိမ့်​မည်။-
9 अब तू क्यूँ चिल्लाती है, जैसे दर्द — ए — ज़िह में मुब्तिला है? क्या तुझ में कोई बादशाह नहीं? क्या तेरा सलाहकार हलाक हो गया?
သင်​သည်​အ​ဘယ်​ကြောင့်​ကျယ်​လောင်​စွာ အော်​ဟစ်​ရ​ပါ​သ​နည်း။ မီး​ဖွား​သော​မိန်း​မ ကဲ့​သို့​အ​ဘယ်​ကြောင့်​ဝေ​ဒ​နာ​ခံ​နေ​ရ ပါ​သ​နည်း။ သင်​၌​အုပ်​စိုး​မည့်​ရှင်​ဘု​ရင် မ​ရှိ​သော​ကြောင့်​လော၊ သင်​၏​အ​တိုင်​ပင် ခံ​များ​အ​နိစ္စ​ရောက်​ကုန်​ကြ​သော​ကြောင့် လော။-
10 ऐ बिन्त — ए — सिय्यून, ज़च्चा की तरह तकलीफ़ उठा और पैदाइश के दर्द में मुब्तिला हो; क्यूँकि अब तू शहर से निकल कर मैदान में रहेगी और बाबुल तक जाएगी वहाँ तू रिहाई पायेगी। और वहीं ख़ुदावन्द तुझ को तेरे दुश्मनों के हाथ से छुड़ाएगा।
၁၀ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ယ​ခု​တွင်​သင်​တို့ သည်​မြို့​ကို​စွန့်​၍ ကွင်း​ပြင်​ထဲ​၌​နေ​ထိုင်​ကြ ရ​မည်​ဖြစ်​သော​ကြောင့် မီး​ဖွား​သော​မိန်း​မ ကဲ့​သို့​ကိုယ်​ကို​တွန့်​လိမ်​ညည်း​တွား​လျက်​နေ ကြ​လော့၊ သင်​တို့​သည်​ဗာ​ဗု​လုန်​မြို့​သို့​သွား ရ​ကြ​မည်။ သို့​ရာ​တွင်​ထို​အ​ရပ်​၌​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​ကို​ရန်​သူ​များ​၏​လက် မှ​ကယ်​တင်​တော်​မူ​လိမ့်​မည်။-
11 अब बहुत सी क़ौमें तेरे ख़िलाफ़ जमा' हुई हैं और कहती हैं “सिय्यून नापाक हो और हमारी आँखें उसकी रुस्वाई देखें।”
၁၁လူ​မျိုး​များ​စွာ​တို့​သည်​သင်​တို့​ကို​တိုက်​ခိုက် ရန် စု​ရုံး​ရောက်​ရှိ​လာ​ကြ​ပြီ။ သူ​တို့​က``ယေ​ရု ရှ​လင်​မြို့​ကို​ဖြို​ဖျက်​ကြ​ကုန်​အံ့၊ ငါ​တို့​သည် မြို့​ပျက်​ကို​မြင်​ရ​သ​ဖြင့်​ဝမ်း​သာ​အား​ရ ကြ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။-
12 लेकिन वह ख़ुदावन्द की तदबीर से आगाह नहीं, और उसकी मसलहत को नहीं समझतीं; क्यूँकि वह उनको खलीहान के पूलों की तरह जमा' करेगा।
၁၂သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ကြံ​တော် မည်​သို့​ရှိ​ကြောင်း​ကို ထို​နိုင်​ငံ​များ​မ​သိ ကြ။ စ​ပါး​ကို​နယ်​ရန်​တ​လင်း​ထဲ​သို့​စု သိမ်း​သ​ကဲ့​သို့ ကိုယ်​တော်​သည်​သူ​တို့​ကို ဒဏ်​ခတ်​ရန်​စု​ဝေး​စေ​ကြောင်း​သူ​တို့ မ​သိ​ကြ။
13 ऐ बिन्त — ए — सिय्यून, उठ और पायमाल कर, क्यूँकि मैं तेरे सींग को लोहा और तेरे खुरों को पीतल बनाऊँगा, और तू बहुत सी उम्मतों को टुकड़े — टुकड़े करेगी; उनके ज़ख़ीरे ख़ुदावन्द को नज़्र करेगी और उनका माल रब्ब — उल — 'आलमीन के सामने लाएगी।
၁၃ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ရန်​သူ​များ​ကို​ချေ​မှုန်း​ရန်​ချီ​တက်​ကြ​လော့၊ ငါ​သည်​သင်​တို့​အား​သံ​ဦး​ချို​နှင့်​ကြေး​ဝါ ခွာ​များ​ရှိ​သော နွား​သိုး​ကဲ့​သို့​ခွန်​အား​ပြည့် စေ​မည်။ သင်​တို့​သည်​နိုင်​ငံ​များ​စွာ​ကို​ချေ​မှုန်း နိုင်​သ​ဖြင့်​အ​ဋ္ဌမ္မ​နည်း​ဖြင့် သူ​တို့​ရ​ရှိ​ထား သော​ဥစ္စာ​ဘဏ္ဍာ​များ​ကို​သိမ်း​ယူ​၍ ကမ္ဘာ​ကို အ​စိုး​ရ​သော​ငါ​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​သ​လော့'' ဟု​မိန့်​တော်​မူ​၏။

< मीका 4 >