< नोहा 1 >

1 वह बस्ती जो लोगों से भरी थी, कैसी ख़ाली पड़ी है! वह क़ौमों की 'ख़ातून बेवा की तरह हो गई! वह कुछ गुज़ारे के लिए मुल्क की मलिका बन गई!
အ​ခါ​တစ်​ပါး​က​လူ​စည်​ကား​ခဲ့​သည့် ယေ​ရု​ရှ​လင်​မြို့​သည်​အ​ထီး​ကျန်​ဖြစ်​လျက် နေ​၏။ အ​ခါ​တစ်​ပါး​က​ကမ္ဘာ​၏​ဂုဏ်​ပြု​ချီး​မြှင့်​ခြင်း​ကို ခံ​ခဲ့​ရ​ဖူး​သော်​လည်း ယ​ခု​အ​ခါ​သူ​သည်​မု​ဆိုး​မ​နှင့်​တူ​တော့​၏။ မြို့​တ​ကာ​တွင်​ဂုဏ်​ကြက်​သ​ရေ​အ​ရှိ​ဆုံး​မြို့​သည် ကျွန်​ဘ​ဝ​သို့​သက်​ဆင်း​ရ​လေ​ပြီ။
2 वह रात को ज़ार — ज़ार रोती है, उसके आँसू चेहरे पर बहते हैं; उसके चाहने वालों में कोई नहीं जो उसे तसल्ली दे; उसके सब दोस्तों ने उसे धोका दिया, वह उसके दुश्मन हो गए।
သူ​သည်​တစ်​ညဥ့်​လုံး​ငို​ကြွေး​လျက်​နေ​၏။ မျက်​ရည်​များ​သည်​သူ​၏​ပါး​ပြင်​ပေါ်​သို့ စီး​ဆင်း​လာ​၏။ သူ​၏​ယ​ခင်​က​မိတ်​ဆွေ​အ​ပေါင်း​တို့​တွင်​သူ့​အား နှစ်​သိမ့်​မှု​ပေး​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​တော့​ပေ။ သူ​၏​မ​ဟာ​မိတ်​တို့​သည်​သူ့​အား​သစ္စာ​ဖောက် ကြ​လေ​ပြီ။ ယ​ခု​အ​ခါ​သူ​တို့​က​ပင်​သူ့​ကို​ရန်​ဘက်​ပြု​၍ နေ​ကြ​၏။
3 यहूदाह ज़ुल्म और सख़्त मेहनत की वजह से जिलावतन हुआ, वह क़ौमों के बीच रहते और बे — आराम है, उसके सब सताने वालों ने उसे घाटियों में जा लिए।
ယု​ဒ​ပြည်​သား​တို့​သည်​ပြည်​နှင်​ဒဏ်​သင့်​လျက် ခို​ကိုး​ရာ​မဲ့​ဖြစ်​ကာ​ကျွန်​ခံ​နေ​ရ​ကြ​၏။ သူ​တို့​သည်​အိမ်​ပိုင်​ယာ​ပိုင်​မ​ရှိ​ဘဲ​တိုင်း​တစ် ပါး​တွင် နေ​ထိုင်​ရ​ကြ​လေ​သည်။ ရန်​သူ​များ​ဝိုင်း​လျက်​လွတ်​မြောက်​ရန်​လမ်း​မ​ရှိ​ကြ။
4 सिय्यून के रास्ते मातम करते हैं, क्यूँकि ख़ुशी के लिए कोई नहीं आता; उसके सब दरवाज़े सुनसान हैं, उसके काहिन आहें भरते हैं; उसकी कुँवारियाँ मुसीबत ज़दा हैं और वह ख़ुद ग़मगीन है।
နေ့​ကြီး​ရက်​ကြီး​များ​တွင်​ကိုး​ကွယ်​ဝတ်​ပြု​ရန် ဗိ​မာန်​တော်​သို့​လာ​မည့်​သူ​မ​ရှိ။ ဗိ​မာန်​တော်​တွင်​သီ​ချင်း​ဆို​သူ အ​မျိုး​သ​မီး​ပျို​တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက် ရှိ​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း​ညည်း​တွား​မှု​မှ တစ်​ပါး အ​ဘယ်​သို့​မျှ​မ​ပြု​နိုင်။ မြို့​တံ​ခါး​များ​သည်​လူ​ဆိတ်​ညံ​လျက်​နေ​၏။ ဇိ​အုန်​မြို့​သည်​ဝေ​ဒ​နာ​ခံ​စား​နေ​ရ​သည်။
5 उसके मुख़ालिफ़ ग़ालिब आए और दुश्मन खु़शहाल हुए; क्यूँकि ख़ुदावन्द ने उसके गुनाहों की ज़्यादती के ज़रिए' उसे ग़म में डाला; उसकी औलाद को दुश्मन ग़ुलामी में पकड़ ले गए।
သူ​၏​ရန်​သူ​များ​သည်​သူ့​ကို​အ​နိုင်​ရ​ကာ​မိ​မိ​တို့ အာ​ဏာ​စက်​အောက်​တွင်​ထား​ရှိ​ကြ​၏။ သူ​သည်​မြောက်​များ​စွာ​သော​အ​ပြစ်​တို့​ကို ကူး​ခဲ့​သည်​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​ဆင်း​ရဲ​ဒုက္ခ ရောက်​စေ​တော်​မူ​၏။ သူ​၏​သား​သ​မီး​များ​သည်​သုံ့​ပန်း​များ ဖြစ်​ရ​ကြ​လေ​ပြီ။
6 सिय्यून की बेटियों की सब शान — ओ — शौकत जाती रही; उसके हाकिम उन हिरनों की तरह हो गए हैं, जिनको चरागाह नहीं मिलती, और शिकारियों के सामने बे बस हो जाते हैं।
ယေ​ရု​ရှ​လင်​မြို့​၏​ကြီး​ကျယ်​ခမ်း​နား​မှု​သည် ရှေး​အ​တိတ်​ကာ​လ​၏​ဖြစ်​ရပ်​တစ်​ခု​သာ​လျှင် ဖြစ်​လေ​တော့​၏။ သူ​၏​ခေါင်း​ဆောင်​များ​သည်​မု​ဆိုး​တို့​၏​ဘေး​မှ ထွက်​ပြေး​ကြ​သည့်​သ​မင်​များ​နှင့်​တူ​၏။ သူ​တို့​သည်​အား​အင်​ကုန်​ခန်း​လု​မ​တတ်​ဖြစ်​ကာ နား​နေ​စား​သောက်​မှု​ပြု​ရန်​စား​ကျက်​ကို​မ​ရှာ​နိုင်။
7 येरूशलेम को अपने ग़म — ओ — मुसीबत के दिनों में, जब उसके रहने वाले दुश्मन का शिकार हुए, और किसी ने मदद न की, अपने गुज़रे ज़माने की सब ने'मतें याद आईं, दुश्मनों ने उसे देखकर उसकी बर्बादी पर हँसी उड़ाई।
အ​ထီး​ကျန်​ယို​ယွင်း​ပျက်​စီး​လျက်​ရှိ​သော ယေ​ရု​ရှ​လင်​မြို့​သည်​ရှေး​ခေတ်​ဟောင်း​က​မိ​မိ ကြီး​ကျယ်​ခမ်း​နား​မှု​ကို​ပြန်​လည်​သ​တိ​ရ​မိ​၏။ ရန်​သူ့​လက်​သို့​ရောက်​ချိန်​၌​သူ့​အား​ကယ်​မည့်​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။ သူ့​အား​နှိမ်​နင်း​အောင်​မြင်​သူ​တို့​သည် သူ​၏​ပြို​လဲ​မှု​ကို​ပြက်​ရယ်​ပြု​ကြ​၏။
8 येरूशलेम सख़्त गुनाह करके नापाक हो गया; जो उसकी 'इज़्ज़त करते थे, सब उसे हक़ीर जानते हैं, हाँ, वह ख़ुद आहें भरता, और मुँह फेर लेता है।
သူ​၏​ဂုဏ်​အ​သ​ရေ​ကင်း​မဲ့​ရ​လေ​ပြီ။ အ​ဝတ်​အ​ချည်း​စည်း​နှင့်​စက်​ဆုတ်​ရွံ​ရှာ​ဖွယ် ဖြစ်​၍​နေ​၏။ သူ​သည်​ညည်း​တွား​ကာ​ရှက်​သ​ဖြင့်​မျက်​နှာ​ကို အုပ်​၍​ထား​၏။ ယေ​ရု​ရှ​လင်​မြို့​သည်​ဆိုး​ရွား​သည့်​အ​ပြစ် ဒု​စ​ရိုက်​အား​ဖြင့်​မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း စေ​ခဲ့​၏။
9 उसकी नापाकी उसके दामन में है, उसने अपने अंजाम का ख़्याल न किया; इसलिए वह बहुत बेहाल हुआ; और उसे तसल्ली देने वाला कोई न रहा; ऐ ख़ुदावन्द, मेरी मुसीबत पर नज़र कर; क्यूँकि दुश्मन ने ग़ुरूर किया है।
သူ​၏​ညစ်​ညမ်း​မှု​ကို​အ​လွယ်​တ​ကူ တွေ့​မြင်​နိုင်​သော်​လည်း သူ​သည်​မိ​မိ​ကြုံ​တွေ့​ရ​မည့်​ကံ​ကြမ္မာ​ကို အ​မှု​ထား​ပုံ​မ​ပေါ်။ သူ​၏​ပြို​လဲ​မှု​မှာ​ကြောက်​မက်​ဖွယ်​ကောင်း လှ​၏။ သူ့​အား​အ​ဘယ်​သူ​မျှ​လည်း​နှစ်​သိမ့်​မှု မ​ပေး​နိုင်​ကြ။ ရန်​သူ​များ​အ​နိုင်​ရ​၍​သွား​သ​ဖြင့်​သူ​သည် မိ​မိ​အား က​ရု​ဏာ​ထား​တော်​မူ​ပါ​ရန်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ဆု​တောင်း​ပတ္ထနာ​ပြု​လေ​သည်။
10 दुश्मन ने उसकी तमाम 'उम्दा चीज़ों पर हाथ बढ़ाया है; उसने अपने मक़्दिस में क़ौमों को दाख़िल होते देखा है। जिनके बारे में तू ने फ़रमाया था, कि वह तेरी जमा'अत में दाख़िल न हों।
၁၀ရန်​သူ​များ​သည်​သူ​၏​ဥစ္စာ​ဘဏ္ဍာ​ရှိ​သ​မျှ​ကို တိုက်​ခိုက်​လု​ယူ​ကြ​၏။ သူ​သည်​လူ​မျိုး​ခြား​တို့​အား​ထာ​ဝ​ရ​ဘု​ရား ပိတ်​ပင်​တား​မြစ်​ထား​ရာ​ဖြစ်​သည့် ဗိ​မာန်​တော်​သို့​ပင်​လျှင် ထို​သူ​တို့​ဝင်​ရောက်​ကြ​သည်​ကို​တွေ့​မြင်​ရ​၏။
11 उसके सब रहने वाले कराहते और रोटी ढूंडते हैं, उन्होंने अपनी 'उम्दा चीज़े दे डालीं, ताकि रोटी से ताज़ा दम हों; ऐ ख़ुदावन्द, मुझ पर नज़र कर; क्यूँकि मैं ज़लील हो गया
၁၁သူ​၏​မြို့​သူ​မြို့​သား​တို့​သည်​အ​စား​အ​စာ ရှာ​ဖွေ​လျက် နေ​စဉ်​ညည်း​တွား​ကြ​၏။ သူ​တို့​သည်​အ​သက်​ဆက်​လက်​ရှင်​နိုင်​ရေး​အ​တွက် မိ​မိ​တို့​ဥစ္စာ​ဘဏ္ဍာ​များ​ကို​အ​စား​အ​စာ​နှင့် လဲ​လှယ်​ရ​ကြ​၏။ ထို​မြို့​က``အို ထာ​ဝ​ရ​ဘု​ရား​ကျွန်​တော်​မျိုး​ကို ကြည့်​ရှု​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​စိတ်​ဆင်း​ရဲ​ခြင်း​ခံ​နေ​ရ​သည်​ကို ကြည့်​ရှု​တော်​မူ​ပါ'' ဟု​အော်​ဟစ်​တောင်း​ပန်​၏။
12 ऐ सब आने जाने वालों, क्या तुम्हारे नज़दीक ये कुछ नहीं? नज़र करो और देखो; क्या कोई ग़म मेरे ग़म की तरह है, जो मुझ पर आया है जिसे ख़ुदावन्द ने अपने बड़े ग़ज़ब के वक़्त नाज़िल किया।
၁၂သူ​သည်​အ​နီး​အ​နား​မှ​ဖြတ်​သန်း​သွား​လာ​သူ အ​ပေါင်း​တို့​အား​အော်​ပြော​သည်​မှာ ``ငါ့​ကို​ကြည့်​ကြ​ပါ။ ငါ​ခံ​ရ​သော​ဝေ​ဒ​နာ မျိုး​ကို အ​ဘယ်​သူ​မျှ​မ​ခံ​ရ​ဘူး​ပါ။ ဤ​ကဲ့​သို့​သော​ဝေ​ဒ​နာ​မျိုး​ရှိ​ဖူး​ပါ​သ​လော။ ထို​ဝေ​ဒ​နာ​သည်​ထာ​ဝ​ရ​ဘု​ရား အ​မျက်​တော်​ထွက်​၍​ငါ့​အား​ခံ​စား​စေ​သည့် ဝေ​ဒ​နာ​ဖြစ်​ပါ​၏။''
13 उसने 'आलम — ए — बाला से मेरी हड्डियों में आग भेजी, और वह उन पर ग़ालिब आई; उसने मेरे पैरों के लिए जाल बिछाया, उस ने मुझे पीछे लौटाया: उसने मुझे दिन भर वीरान — ओ — बेताब किया।
၁၃``ကိုယ်​တော်​သည်​အ​ထက်​မှ​မီး​ကို စေ​လွှတ်​တော်​မူ​သ​ဖြင့်​ထို​မီး​သည်​ငါ​၏​ကိုယ်​ခန္ဓာ အ​တွင်း​၌​တောက်​လောင်​လျက်​ရှိ​ပါ​၏။ ကိုယ်​တော်​သည်​ငါ့​အား​ထောင်​ချောက်​ထောင်​၍ ဖမ်း​ပြီး​လျှင်​မြေ​ပေါ်​သို့​လှဲ​ချ​တော်​မူ​ပါ​၏။ ထို​နောက်​စွန့်​ပစ်​တော်​မူ​ကာ​တစ်​နေ့​လုံး ဝေ​ဒ​နာ​ခံ​၍​နေ​စေ​တော်​မူ​ပါ​၏။''
14 मेरी ख़ताओं का बोझ उसी के हाथ से बाँधा गया है; वह बाहम पेचीदा मेरी गर्दन पर हैं उसने मुझे कमज़ोर कर दिया है; ख़ुदावन्द ने मुझे उनके हवाले किया है, जिनके मुक़ाबिले की मुझ में हिम्मत नहीं।
၁၄``ကိုယ်​တော်​သည်​ငါ​၏​အ​ပြစ်​မှန်​သ​မျှ​ကို မှတ်​သား​ထား​တော်​မူ​ပါ​၏။ ယင်း​တို့​ကို​စု​စည်း​ပြီး​လျှင်​ငါ​၏​လည်​တွင် ဆွဲ​ထား​တော်​မူ​သည်​ဖြစ်​၍ ငါ​သည်​အ​ပြစ်​ဝန်​ထုပ်​လေး​လံ​မှု​ဖြင့် အား​အင်​ချည့်​နဲ့​ရ​လေ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ရန်​သူ​များ လက်​သို့​အပ်​တော်​မူ​ပါ​၏။ ငါ့​မှာ​လည်း​သူ​တို့​အား​ခု​ခံ​နိုင်​စွမ်း​မ​ရှိ​ပါ။''
15 ख़ुदावन्द ने मेरे अन्दर ही मेरे बहादुरों को नाचीज़ ठहराया; उसने मेंरे ख़िलाफ़ एक ख़ास जमा'अत को बुलाया, कि मेरे बहादुरों को कुचले; ख़ुदावन्द ने यहूदाह की कुँवारी बेटी को गोया कोल्हू में कुचल डाला।
၁၅``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ဘက်​မှ စွမ်း​ရည်​အကြီး​ဆုံး​စစ်​သည်​တော်​တို့​ကို ပျက်​ရယ်​ပြု​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​ငါ​၏​လူ​ငယ်​လူ​ရွယ်​များ​ကို သုတ်​သင်​ချေ​မှုန်း​ရန်​တပ်​မ​တော်​ကို​စေ​လွှတ် တော်​မူ​ပါ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​လူ​တို့​အား စ​ပျစ်​သီး​နယ်​ရာ​ကျင်း​မှ​စ​ပျစ်​သီး​များ ကဲ့​သို့ ကြေ​မွ​စေ​တော်​မူ​ပါ​၏။''
16 इसीलिए मैं रोती हूँ, मेरी आँखें आँसू से भरी हैं, जो मेरी रूह को ताज़ा करे, मुझ से दूर है; मेरे बाल — बच्चे बे सहारा हैं, क्यूँकि दुश्मन ग़ालिब आ गया।
၁၆``ထို့​ကြောင့်​ငါ​၏​မျက်​စိ​များ​မှ​မျက်​ရည်​တို့​သည် ယို​စီး​၍​နေ​ပေ​သည်။ ငါ့​အား​အ​ဘယ်​သူ​မျှ​နှစ်​သိမ့်​မှု​ကို​မ​ပေး​နိုင်။ အ​ဘယ်​သူ​မျှ​စိတ်​အား​တက်​ကြွ​လာ​အောင် မ​ပြု​နိုင်။ ရန်​သူ​များ​သည်​ငါ​တို့​ကို​အ​နိုင်​ရ​ကြ​လေ​ပြီ။ ငါ​၏​လူ​တို့​တွင်​လည်း​အ​ဘယ်​ဥစ္စာ​ပစ္စည်း​မျှ မ​ကျန်​မ​ရှိ​တော့​ပါ။''
17 सिय्यून ने हाथ फैलाए; उसे तसल्ली देने वाला कोई नहीं; या'क़ूब के बारे में ख़ुदावन्द ने हुक्म दिया है, कि उसके इर्दगिर्द वाले उसके दुश्मन हों, येरूशलेम उनके बीच नजासत की तरह है।
၁၇``ငါ​သည်​မိ​မိ​လက်​များ​ကို​ကမ်း​လှမ်း​ပါ သော်​လည်း ငါ့​အား​ကူ​ညီ​မည့်​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ရှိ။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တိုက်​ခိုက်​ရန် အ​ရပ်​တ​ကာ​မှ​ရန်​သူ​များ​ကို ဆင့်​ခေါ်​တော်​မူ​လေ​ပြီ။ သူ​တို့​သည်​ငါ့​ကို​ရွံ​ရှာ​ဖွယ်​ကောင်း​သည့် အ​ရာ​ဟု မှတ်​ယူ​ကြ​ပါ​၏။''
18 ख़ुदावन्द सच्चा है, क्यूँकि मैंने उसके हुक्म से नाफ़रमानी की है; ऐ सब लोगों, मैं मिन्नत करता हूँ, सुनो, और मेरे दुख़ पर नज़र करो, मेरी कुँवारिया और जवान ग़ुलाम होकर चले गए।
၁၈``သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​မျှ​တ​တော်​မူ​ပါ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ကိုယ်​တော်​၏ အ​မိန့်​တော်​ကို​လွန်​ဆန်​ခဲ့​သော​ကြောင့်​တည်း။ အ​ရပ်​တ​ကာ​ရှိ​လူ​တို့​ငါ​ပြော​ဆို​သည်​ကို နား​ထောင်​ကြ​လော့။ ငါ​၏​ဝေ​ဒ​နာ​ကို​ကြည့်​ရှု​ကြ​လော့။ ငါ​၏​သား​ပျို​သ​မီး​ပျို​တို့​သည်​သုံ့​ပန်း အ​ဖြစ် ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။''
19 मैंने अपने दोस्तों को पुकारा, उन्होंने मुझे धोका दिया; मेरे काहिन और बुज़ुर्ग अपनी रूह को ताज़ा करने के लिए, शहर में खाना ढूंडते — ढूंडते हलाक हो गए।
၁၉``ငါ​သည်​မိ​မိ​မ​ဟာ​မိတ်​များ​ထံ​တွင်​အ​ကူ​အ​ညီ တောင်း​ခံ​ပါ​သော်​လည်း​သူ​တို့​က​ငြင်း​ဆန်​ခဲ့​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ခေါင်း​ဆောင်​များ​သည် အ​သက်​ဆက်​လက်​ရှင်​သန်​နိုင်​ရေး​အ​တွက် အ​စား​အ​စာ​ရှာ​ဖွေ​လျက်​နေ​စဉ်​လမ်း​များ​ပေါ်​၌ သေ​ဆုံး​ရ​ကြ​ပါ​၏။''
20 ऐ ख़ुदावन्द देख: मैं तबाह हाल हूँ, मेरे अन्दर पेच — ओ — ताब है; मेरा दिल मेरे अन्दर मुज़तरिब है; क्यूँकि मैंने सख़्त बग़ावत की है; बाहर तलवार बे — औलाद करती है और घर में मौत का सामना है।
၂၀``အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​ပူ​ပင်​သော​က​ဖြစ်​လျက် ရှိ​သည်​ကို​လည်းကောင်း၊ ကျွန်​တော်​မျိုး​၏​စိတ်​ဝိ​ညာဉ်​သည်​ပြင်း​စွာ ဒုက္ခ​ရောက်​လျက်​နေ​သည်​ကို​လည်း​ကောင်း ကြည့်​ရှု​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​မိ​မိ​အ​ပြစ်​များ​ကြောင့် စိတ်​နှ​လုံး​ကြေ​ကွဲ​လျက်​နေ​ပါ​၏။ လမ်း​ပေါ်​တွင်​လူ​သတ်​မှု​ကို​တွေ့​ရ​ပါ​၏။ အိမ်​တွင်း​၌​ပင်​သေ​မင်း​ကို​တွေ့​ရှိ​ရ​ပါ​၏။''
21 उन्होंने मेरी आहें सुनी हैं; मुझे तसल्ली देनेवाला कोई नहीं; मेरे सब दुश्मनों ने मेरी मुसीबत सुनी; वह ख़ुश हैं कि तू ने ऐसा किया; तू वह दिन लाएगा, जिसका तू ने 'ऐलान किया है, और वह मेरी तरह हो जाएँगे।
၂၁``ကျွန်​တော်​မျိုး​၏​ညည်း​တွား​သံ​များ​ကို နား​ထောင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​နှစ်​သိမ့်​မှု​ပေး​မည့်​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​ကြုံ​တွေ့​စေ​တော်​မူ​သ​ဖြင့် ရန်​သူ​တို့​ဝမ်း​မြောက်​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​က​တိ​ထား​တော်​မူ​သည့်​နေ့​ရက် ကာ​လ​ကို​ကျ​ရောက်​စေ​တော်​မူ​ပါ။ ရန်​သူ​များ​အား​ကျွန်​တော်​မျိုး​နည်း​တူ ဒုက္ခ​တွေ့​စေ​တော်​မူ​ပါ။''
22 उनकी तमाम शरारत तेरे सामने आयें; उनसे वही कर जो तू ने मेरी तमाम ख़ताओं के ज़रिए' मुझसे किया है; क्यूँकि मेरी आहें बेशुमार हैं और मेरा दिल बेबस है।
၂၂``သူ​တို့​အား​မိ​မိ​တို့​ယုတ်​မာ​မှု​အ​ပေါင်း​အ​တွက် အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​မိ​မိ​၏​အ​ပြစ်​များ​အ​တွက် ဆုံး​မ​တော်​မူ​သ​ကဲ့​သို့​သူ​တို့​ကို​လည်း ဆုံး​မ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​စိတ်​ဆင်း​ရဲ​၍​ညည်း​တွား​ပါ​၏။ ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​သည်​လည်း ညှိုး​ငယ်​လျက်​ရှိ​ပါ​၏'' ဟူ​၍​တည်း။

< नोहा 1 >