< यर्म 36 >

1 शाह — ए — यहूदाह यहूयक़ीम — बिन — यूसियाह के चौथे बरस में यह कलाम ख़ुदावन्द की तरफ़ से यरमियाह पर नाज़िल हुआ:
ယော​ရှိ​၏​သား​ယု​ဒ​ဘု​ရင်​ယော​ယ​ကိမ်​နန်း​စံ စ​တုတ္ထ​နှစ်​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား၊-
2 कि “किताब का एक तूमार ले और वह सब कलाम जो मैंने इस्राईल और यहूदाह और तमाम क़ौमों के ख़िलाफ़ तुझ से किया, उस दिन से लेकर जब से मैं तुझ से कलाम करने लगा, या'नी यूसियाह के दिन से आज के दिन तक उसमें लिख।
``သင်​သည်​စာ​လိပ်​တစ်​ခု​ကို​ယူ​၍​ဣသ​ရေ​လ ပြည်၊ ယု​ဒ​ပြည်​နှင့်​နိုင်​ငံ​တ​ကာ​တို့​ကို​ရည်​မှတ် ၍ ငါ​မိန့်​မှာ​တော်​မူ​ခဲ့​သ​မျှ​သော​စ​ကား​တို့ ကို​ရေး​မှတ်​လော့။ ယော​ရှိ​မင်း​လက်​ထက်​၌​ငါ ၏​ဗျာ​ဒိတ်​တော်​ကို​စ​တင်​ခံ​ယူ​ရ​ချိန်​မှ အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင်​သင့်​အား​ငါ​မိန့် ကြား​ခဲ့​သ​မျှ​သော​စ​ကား​တို့​ကို​ရေး​မှတ် လော့။-
3 शायद यहूदाह का घराना उस तमाम मुसीबत का हाल जो मैं उन पर लाने का इरादा रखता हूँ सुने, ताकि वह सब अपनी बुरे चाल चलन से बाज़ आएँ; और मैं उनकी बदकिरदारी और गुनाह को मु'आफ़ करूँ।”
ယု​ဒ​ပြည်​သား​များ​သည်​မိ​မိ​တို့​အ​တွက် ငါ ရည်​မှန်း​ထား​သည့်​ဘေး​အန္တ​ရာယ်​ဆိုး​၏​အ ကြောင်း​ကို​ကြား​သိ​ရ​ပါ​မူ မိ​မိ​တို့​၏​အ​ကျင့် ဆိုး​များ​ကို​စွန့်​ပစ်​ကောင်း​စွန့်​ပစ်​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​သူ​တို့​ပြု​ကျင့်​သည့်​မ ကောင်း​မှု​ဒု​စ​ရိုက်​များ​အ​တွက်​အ​ပြစ် ဖြေ​လွှတ်​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။
4 तब यरमियाह ने बारूक — बिन — नेयिरियाह को बुलाया, और बारूक ने ख़ुदावन्द का वह सब कलाम जो उसने यरमियाह से किया था, उसकी ज़बानी किताब के उस तूमार में लिखा।
သို့​ဖြစ်​၍​ငါ​သည်​နေ​ရိ​၏​သား​ဗာ​ရုတ်​ကို ခေါ်​ပြီး​လျှင် မိ​မိ​အား​ထာ​ဝ​ရ​ဘု​ရား​မိန့် ကြား​ခဲ့​သ​မျှ​သော​စကား​တို့​ကို​ရေး​မှတ် ရန်​နှုတ်​တိုက်​ချ​ပေး​လေ​သည်။ ဗာ​ရုတ်​သည် လည်း​စာ​လိပ်​တစ်​ခု​တွင်​ရေး​မှတ်​၍​ထား​၏။-
5 और यरमियाह ने बारूक को हुक्म दिया और कहा, मैं तो मजबूर हूँ, मैं ख़ुदावन्द के घर में नहीं जा सकता;
ထို​နောက်​ငါ​သည်​ဗာ​ရုတ်​အား``ငါ​သည်​ဗိ​မာန် တော်​သို့​ဝင်​ခွင့်​မ​ရ​ပါ။-
6 लेकिन तू जा और ख़ुदावन्द का वह कलाम जो तूने मेरे मुँह से इस तूमार में लिखा है, ख़ुदावन्द के घर में रोज़े के दिन लोगों को पढ़ कर सुना; और तमाम यहूदाह के लोगों को भी जो अपने शहरों से आए हों, तू वही कलाम पढ़ कर सुना।
သို့​ရာ​တွင်​နောက်​တစ်​ကြိမ်​လူ​တို့​အ​စာ​ရှောင် ကြ​သော​အ​ခါ​၌ ငါ​သည်​သင့်​အား​ဗိ​မာန် တော်​သို့​သွား​စေ​လို​သည်။ ငါ့​အား​ထာ​ဝ​ရ ဘု​ရား​မိန့်​ကြား​သ​ဖြင့်​သင့်​အား​ငါ​နှုတ် တိုက်​ချ​ပေး​ခဲ့​သ​မျှ​သော​စ​ကား​များ​ကို လူ​တို့​ကြား​သိ​ကြ​စေ​ရန်​သင်​သည်​ထို​စာ လိပ်​ကို​ကျယ်​စွာ​ဖတ်​ပြ​ရ​မည်။ မိ​မိ​တို့​မြို့ ရွာ​များ​မှ​ရောက်​ရှိ​လာ​ကြ​သော​ယု​ဒ​ပြည် သား​အ​ပါ​အ​ဝင်​ရှိ​ရှိ​သ​မျှ​သော​လူ​တို့ ကြား​သိ​ကြ​စေ​ရန်​သင်​သည်​ဤ​စာ​လိပ် ကို​ဖတ်​ပြ​လော့။-
7 शायद वह ख़ुदा के सामने मिन्नत करें और सब के सब अपनी बुरे चाल चलन से बाज़ आएँ, क्यूँकि ख़ुदावन्द का क़हर — ओ — ग़ज़ब जिसका उसने इन लोगों के ख़िलाफ़ 'ऐलान किया है, शदीद है।
ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​လူ​တို့​အား​ထိတ် လန့်​တုန်​လှုပ်​ဖွယ်​ကောင်း​သည့်​အ​မျက်​တော် ဖြင့်​ခြိမ်း​ခြောက်​တော်​မူ​ပြီ​ဖြစ်​၍ လူ​တို့​သည် မိ​မိ​တို့​အ​ကျင့်​ဆိုး​များ​ကို​စွန့်​ပစ်​ကာ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဆု​တောင်း ပတ္ထနာ​ပြု​ကောင်း​ပြု​ကြ​ပေ​လိမ့်​မည်'' ဟု ညွှန်​ကြား​ပြော​ဆို​၏။-
8 और बारूक — बिन — नेयिरियाह ने सब कुछ जैसा यरमियाह नबी ने उसको फ़रमाया था वैसा ही किया, और ख़ुदावन्द के घर में ख़ुदावन्द का कलाम उस किताब से पढ़ कर सुनाया।
ထို့​ကြောင့်​ဗာ​ရုတ်​သည်​မိ​မိ​အား​ငါ​မှာ​ကြား ထား​သည့်​အ​တိုင်း တိ​ကျ​စွာ​ထာ​ဝ​ရ​ဘု​ရား ၏​ဗျာ​ဒိတ်​စ​ကား​တော်​တို့​ကို​ဗိ​မာန်​တော် ထဲ​၌​ဖတ်​ပြ​လေ​၏။
9 और शाह — ए — यहूदाह यहूयक़ीम — बिन — यूसियाह के पाँचवें बरस के नौवें महीने में यूँ हुआ कि येरूशलेम के सब लोगों ने और उन सब ने जो यहूदाह के शहरों से येरूशलेम में आए थे, ख़ुदावन्द के सामने रोज़े का 'ऐलान किया।
ယော​ရှိ​၏​သား​ယု​ဒ​ဘု​ရင်​ယော​ယ​ကိမ်​နန်း စံ​ပဉ္စ​မ​နှစ်၊ န​ဝ​မ​လ​၌​ဣသ​ရေ​လ​ပြည်​သား တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင် မျက်​နှာ ပွင့်​လန်း​အံ့​သော​ငှာ​အ​စာ​ရှောင်​ချိန်​ကို​ကြေ ညာ​ကြ​သ​ဖြင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား အ​ပေါင်း​တို့​သည်​လည်း​ကောင်း၊ ယု​ဒ​မြို့ အ​သီး​သီး​မှ​လာ​ရောက်​ကြ​သူ​လူ​အ​ပေါင်း တို့​သည်​လည်း​ကောင်း​အ​စာ​ရှောင်​ကြ​ကုန်​၏။-
10 तब बारूक ने किताब से यरमियाह की बातें, ख़ुदावन्द के घर में जमरियाह — बिन — साफ़न मुन्शी की कोठरी में ऊपर के सहन के बीच, ख़ुदावन्द के घर के नये फाटक के मदख़ल पर सब लोगों के सामने पढ़ सुनाईं।
၁၀ထို​အ​ခါ​ဗာ​ရုတ်​သည်​စာ​လိပ်​ပါ​ငါ​နှုတ် တိုက်​ချ​ပေး​သ​မျှ​သော​စ​ကား​တို့​ကို ဗိ​မာန် တော်​တွင်း​ရှိ​လူ​တို့​ကြား​နိုင်​လောက်​သော​အ​ရပ် မှ​ဖတ်​ပြ​လေ​သည်။ သူ​သည်​ဂေ​မ​ရိ​၏​သား ဘု​ရင်​၏​အ​တိုင်​ပင်​ခံ​အ​မတ်​ရှာဖန်​၏​အ​ခန်း မှ​နေ​၍​ထို​စာ​လိပ်​ကို​ဖတ်​သ​တည်း။ ထို​အ​ခန်း သည်​ဗိ​မာန်​တော်​အ​ဝင်​ဝ​တံ​ခါး​သစ်​အ​နီး အ​ထက်​တံ​တိုင်း​အ​တွင်း​၌​တည်​ရှိ​လေ​သည်။
11 जब मीकायाह — बिन — जमरियाह — बिनसाफ़न ने ख़ुदावन्द का वह सब कलाम जो उस किताब में था सुना,
၁၁ဂေ​မ​ရိ​၏​သား​ရှာ​ဖန်​၏​မြေး၊ မိက္ခာ​ယ​သည် ထို​စာ​လိပ်​တွင်​ပါ​ရှိ​သည့်​ထာ​ဝ​ရ​ဘု​ရား ၏​စ​ကား​တော်​တို့​ကို​ကြား​လျှင်၊-
12 तो वह उतर कर बादशाह के घर मुन्शी की कोठरी में गया, और सब हाकिम या'नी इलीसमा' मुन्शी, और दिलायाह बिन समयाह और इलनातन बिन अकबूर और जमरियाह बिन साफ़न और सिदक़ियाह — बिन — हननियाह, और सब हाकिम वहाँ बैठे थे।
၁၂နန်း​တော်​အ​တွင်း​မှူး​မတ်​များ​စည်း​ဝေး​လျက် ရှိ​ရာ​ဘု​ရင့်​အ​တိုင်​ပင်​ခံ​အ​မတ်​၏​အ​ခန်း​သို့ သွား​လေ​သည်။ ထို​အ​ရပ်​တွင်​ဘု​ရင့်​အတိုင်​ပင်​ခံ အ​မတ်​ဧ​လိ​ရှ​မာ၊ ရှေ​မာ​ယ​၏​သား​ဒေ​လာ​သ၊ အာ​ခ​ဗော်​၏​သား​ဧ​လ​နာ​သန်၊ ရှာ​ဖန်​၏​သား ဂေ​မ​ရိ၊ ဟာ​န​နိ​၏​သား​ဇေ​ဒ​ကိ​နှင့်​အ​ခြား မှူး​မတ်​အ​ပေါင်း​တို့​ရှိ​ကြ​၏။-
13 तब मीकायाह ने वह सब बातें जो उसने सुनी थीं, जब बारूक किताब से पढ़ कर लोगों को सुनाता था, उनसे बयान कीं।
၁၃မိက္ခာ​ယ​သည်​လူ​တို့​အား​ဗာရုတ်​ဖတ်​ပြ​သည့် စ​ကား​များ​အ​နက်​မိ​မိ​ကြား​သိ​ခဲ့​ရ​သ​မျှ ကို​ထို​သူ​တို့​အား​ပြော​ပြ​လေ​သည်။-
14 और सब हाकिम ने यहूदी — बिन — नतनियाह — बिन — सलमियाह — बिन — कूशी को बारूक के पास यह कहकर भेजा, कि “वह तूमार जो तूने लोगों को पढ़कर सुनाया है, अपने हाथ में ले और चला आ।” तब बारूक — बिन — नेयिरियाह वह तूमार लेकर उनके पास आया।
၁၄ထို​အ​ခါ​မှူး​မတ်​တို့​သည်​ကု​ရှိ​၏​မြစ်၊ ရှေ​လ​မိ ၏​မြေး၊ နာ​သ​နိ​၏​သား​ယေ​ဟု​ဒိ​ကို​ဗာ​ရုတ် ထံ​သို့​စေ​လွှတ်​၍ ဗာ​ရုတ်​အား​မိ​မိ​လူ​တို့​ဖတ်​ပြ သည့်​စာ​လိပ်​နှင့်​အ​တူ​လာ​ရောက်​ရန်​မှာ​ကြား လိုက်​ကြ​၏။ ဗာ​ရုတ်​သည်​လည်း​ထို​သူ​တို့​ထံ သို့​လာ​လေ​သည်။-
15 और उन्होंने उसे कहा, कि “अब बैठ जा और हमको यह पढ़ कर सुना।” और बारूक ने उनको पढ़कर सुनाया।
၁၅ထို​သူ​တို့​သည်​ဗာ​ရုတ်​ကို​ထိုင်​ရန်​ပြော​ကြား ပြီး​လျှင်``ဤ​စာ​လိပ်​ကို​ငါ့​တို့​အား​ဖတ်​ပြ ပါ​လော့'' ဟု​ဆို​သ​ဖြင့်​ဗာ​ရုတ်​သည်​ဖတ်​၍ ပြ​၏။-
16 जब उन्होंने वह सब बातें सुनीं, तो डरकर एक दूसरे का मुँह ताकने लगे और बारूक से कहा कि “हम यक़ीनन यह सब बातें बादशाह से बयान करेंगे।”
၁၆ဖတ်​၍​ပြီး​ဆုံး​သွား​သော​အ​ခါ​မှူး​မတ်​တို့​သည် ထိတ်​လန့်​သည့်​အ​မှု​အ​ရာ​ဖြင့်​အ​ချင်း​ချင်း ကြည့်​ကာ``ဤ​အ​မှု​ကို​မင်း​ကြီး​အား​ငါ​တို့ သံ​တော်​ဦး​တင်​ရ​ပါ​မည်'' ဟု​ဗာ​ရုတ်​အား ပြော​ကြာ​ပြီး​လျှင်၊-
17 और उन्होंने यह कह कर बारूक से पूछा, हम से कह कि तूने यह सब बातें उसकी ज़बानी क्यूँकर लिखीं?
၁၇``သင်​သည်​အ​ဘယ်​သို့​လျှင်​ဤ​စ​ကား​အ​လုံး စုံ​ကို​ရ​ရှိ​ရေး​မှတ်​ခဲ့​ပါ​သ​နည်း။ ယင်း​တို့ ကို​သင့်​အား​ယေ​ရ​မိ​နှုတ်​တိုက်​ချ​ပေး​ပါ သ​လော'' ဟု​မေး​မြန်း​ကြ​၏။
18 तब बारूक ने उनसे कहा, “वह यह सब बातें मुझे अपने मुँह से कहता गया और मैं स्याही से किताब में लिखता गया।”
၁၈ဗာ​ရုတ်​သည်​လည်း၊``ဤ​စ​ကား​အ​လုံး​စုံ​ကို ယေ​ရ​မိ​က​နှုတ်​တိုက်​ချ​ပေး​၍ အ​ကျွန်ုပ်​က မင်​နှင့်​စာ​လိပ်​ပေါ်​တွင်​ရေး​ချ​ပါ​သည်'' ဟု ပြန်​လည်​ဖြေ​ကြား​၏။
19 तब हाकिम ने बारूक से कहा, “जा, अपने आपको और यरमियाह को छिपा, और कोई न जाने कि तुम कहाँ हो।”
၁၉ထို​အ​ခါ​မှူး​မတ်​များ​က``သင်​နှင့်​ယေ​ရ​မိ သည်​ထွက်​ပြေး​ပုန်း​ရှောင်​နေ​ရ​ကြ​ပေ​မည်။ သင်​တို့​ရှိ​ရာ​ကို​အ​ဘယ်​သူ​မျှ​မ​သိ​စေ နှင့်'' ဟု​ဗာ​ရုတ်​အား​ပြော​ကြား​ကြ​၏။
20 और वह बादशाह के पास सहन में गए, लेकिन उस तूमार को इलीसमा' मुन्शी की कोठरी में रख गए, और वह बातें बादशाह को कह सुनाईं।
၂၀မှူး​မတ်​တို့​သည်​စာ​လိပ်​ကို​ဘု​ရင့်​အ​တိုင် ပင်​ခံ​အ​မတ်​ဧ​လိ​ရှ​မာ​၏​အ​ခန်း​တွင်​ထား ခဲ့​၍ နန်း​တော်​သို့​သွား​ရောက်​ကာ​မင်း​ကြီး အား​ဖြစ်​ပျက်​သ​မျှ​အ​ကြောင်း​စုံ​ကို​သံ တော်​ဦး​တင်​ကြ​၏။-
21 तब बादशाह ने यहूदी को भेजा कि तूमार लाए, और वह उसे इलीसमा' मुन्शी की कोठरी में से ले आया। और यहूदी ने बादशाह और सब हाकिम को जो बादशाह के सामने खड़े थे, उसे पढ़कर सुनाया।
၂၁ထို​အ​ခါ​မင်း​ကြီး​သည်​ယေ​ဟု​ဒိ​အား​စေ လွှတ်​၍​စာ​လိပ်​ကို​အ​ယူ​ခိုင်း​လေ​သည်။ ယေ​ဟု ဒိ​သည်​လည်း​ဧ​လိ​ရှ​မာ​၏​အ​ခန်း​မှ​ထို​စာ လိပ်​ကို​ယူ​ပြီး​လျှင် မင်း​ကြီး​နှင့်​တ​ကွ​မင်း ကြီး​၏​ပတ်​လည်​တွင်​ရပ်​လျက်​နေ​သည့် မှူး​မတ်​များ​၏​ရှေ့​တွင်​ဖတ်​ပြ​၏။-
22 और बादशाह ज़मिस्तानी महल में बैठा था, क्यूँकि नवाँ महीना था और उसके सामने अंगेठी जल रही थी।
၂၂ထို​ကာ​လ​သည်​ဆောင်း​အ​ခါ​ဖြစ်​၍​မင်း ကြီး​သည် မိ​မိ​၏​ဆောင်း​ရာ​သီ​စံ​နန်း အ​တွင်း​မီး​အိုး​ကင်း​ရှေ့​တွင်​ထိုင်​လျက်​နေ​၏။-
23 जब यहूदी ने तीन चार वर्क़ पढ़े, तो उसने उसे मुन्शी के क़लम तराश से काटा और अंगेठी की आग में डाल दिया, यहाँ तक कि तमाम तूमार अंगेठी की आग में भसम हो गया।
၂၃ယေ​ဟု​ဒိ​ဖတ်​၍​သုံး​လေး​ပိုဒ်​မျှ​ပြီး​သည် နှင့်​တစ်​ပြိုင်​နက်​မင်း​ကြီး​သည် ထို​အ​ပိုဒ်​တို့ ကို​ဋ္ဌား​နှင့်​လှီး​ဖြတ်​၍​မီး​ထဲ​သို့​ပစ်​ထည့် လိုက်​၏။ သူ​သည်​ဤ​နည်း​အ​တိုင်း​ပင်​စာ လိပ်​တစ်​ခု​လုံး​မီး​လောင်​ကျွမ်း​၍​သွား သည့်​တိုင်​အောင်​ပြု​လေ​သည်။-
24 लेकिन वह न डरे, न उन्होंने अपने कपड़े फाड़े, न बादशाह ने न उसके मुलाज़िमों में से किसी ने जिन्होंने यह सब बातें सुनी थीं।
၂၄သို့​ရာ​တွင်​စာ​လိပ်​ပါ​စ​ကား​အ​လုံး​စုံ​ကို ကြား​ရ​သူ​မင်း​ကြီး​နှင့်​တ​ကွ အ​ဘယ်​မှူး မတ်​မျှ​ကြောက်​လန့်​မှု​မ​ဖြစ်​ကြ။ နောင်​တ ရ​သည့်​လက္ခ​ဏာ​ကို​လည်း​မ​ပြ​ကြ။-
25 लेकिन इलनातन, और दिलायाह, और जमरियाह ने बादशाह से 'अर्ज़ की कि तूमार को न जलाए, लेकिन उसने उनकी एक न सुनी।
၂၅ဧ​လ​နာ​သန်၊ ဒေ​လာ​ယ​နှင့်​ဂေ​မ​ရိ​တို့ သည်​မင်း​ကြီး​အား ထို​စာ​လိပ်​ကို​မီး​မ​ရှို့ ရန်​လျှောက်​ထား​တောင်း​ပန်​ကြ​သော်​လည်း မင်း​ကြီး​သည်​သူ​တို့​၏​ပန်​ကြား​ချက်​ကို နား​မ​ထောင်​ချေ။-
26 और बादशाह ने शाहज़ादे यरहमिएल को और शिरायाह — बिन अज़रिएल और सलमियाह बिन अबदिएल को हुक्म दिया कि बारूक मुन्शी और यरमियाह नबी को गिरफ़्तार करें, लेकिन ख़ुदावन्द ने उनको छिपाया।
၂၆ထို​နောက်​သူ​သည်​အာ​ဇ​ရေ​လ​၏​သား၊ စ​ရာ​ယ၊ အာ​ဗ​ဒေ​လ​၏​သား​ရှေ​လ​မိ​တို့​နှင့်​အ​တူ သား​တော်​ယေ​ရ​မေ​လ​အား ငါ​နှင့်​ငါ​၏​စာ ရေး​ဗာ​ရုတ်​ကို​ဖမ်း​ဆီး​ရန်​အ​မိန့်​ပေး​လေ သည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ တို့​နှစ်​ယောက်​အား​ဝှက်​ထား​တော်​မူ​၏။
27 और जब बादशाह तूमार और उन बातों को जो बारूक ने यरमियाह की ज़बानी लिखी थीं, जला चुका तो ख़ुदावन्द का यह कलाम यरमियाह पर नाज़िल हुआ:
၂၇ဗာ​ရုတ်​အား​ငါ​နှုတ်​တိုက်​ချ​ပေး​သည့်​စာ​လိပ် ကို​မင်း​ကြီး​မီး​ရှို့​လိုက်​ပြီး​နောက်​ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​အား၊-
28 कि “तू दूसरा तूमार ले, और उसमें वह सब बातें लिख जो पहले तूमार में थीं, जिसे शाह — ए — यहूदाह यहूयक़ीम ने जला दिया।
၂၈``သင်​သည်​အ​ခြား​စာ​လိပ်​တစ်​ခု​ကို​ယူ​၍ ယော​ယ​ကိမ်​မင်း​မီး​ရှို့​လိုက်​သည့်​စာ​လိပ်​တွင် ပါ​ရှိ​သ​မျှ​သော​စ​ကား​တို့​ကို​ရေး​မှတ်​၍ ထား​လော့။-
29 और शाह — ए — यहूदाह यहूयक़ीम से कह कि 'ख़ुदावन्द यूँ फ़रमाता है: तूने तूमार को जला दिया और कहा है, तू ने उसमें यूँ क्यूँ लिखा कि शाह — ए — बाबुल यक़ीनन आएगा और इस मुल्क को हलाक करेगा, और न इसमें इंसान बाक़ी छोड़ेगा न हैवान?”
၂၉ယော​ယ​ကိမ်​မင်း​အား​လည်း​ထာ​ဝ​ရ​ဘု​ရား က``သင်​သည်​စာ​လိပ်​ကို​မီး​ရှို့​ပစ်​ပြီး​လျှင် ယေ​ရ​မိ​အား​ဗာ​ဗု​လုန်​ဘု​ရင်​သည်​ဤ​ပြည် သို့​လာ​ရောက်​၍​လူ​များ၊ တိ​ရစ္ဆာန်​များ​ကို​သုတ် သင်​ဖျက်​ဆီး​ပစ်​လိမ့်​မည်​ဟု​အ​ဘယ်​ကြောင့် ဟော​ပြော​ရ​ပါ​သ​နည်း​ဟု​မေး​မြန်း​ခဲ့​ပေ သည်။-
30 इसलिए शाह — ए — यहूदाह यहूयक़ीम के बारे में ख़ुदावन्द यूँ फ़रमाता है कि: उसकी नसल में से कोई न रहेगा जो दाऊद के तख़्त पर बैठे, और उसकी लाश फेंकी जाएगी, ताकि दिन की गर्मी में और रात को पाले में पड़ी रहे;
၃၀သို့​ဖြစ်​၍​သင်​၏​သား​မြေး​များ​သည်​အ​ဘယ် အ​ခါ​၌​မျှ ဒါ​ဝိဒ်​မင်း​၏​ရာ​ဇ​ပလ္လင်​၌ မင်း​အ​ဖြစ်​ကို​ရ​ရှိ​ကြ​လိမ့်​မည်​မ​ဟုတ်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​၏။ သင်​၏​အ​လောင်း ကို​လည်း​နေ့​အ​ခါ​နေ​ပူ​၍​ညဥ့်​အ​ခါ ဆီး နှင်း​ထိ​ရာ​အ​ရပ်​တွင်​ပစ်​ထုတ်​ထား​ကြ လိမ့်​မည်။-
31 और मैं उसको और उसकी नसल को और उसके मुलाज़िमों को उनकी बदकिरदारी की सज़ा दूँगा। मैं उन पर और येरूशलेम के बाशिन्दों पर और यहूदाह के लोगों पर वह सब मुसीबत लाऊँगा, जिसका मैंने उनके ख़िलाफ़ 'ऐलान किया लेकिन उन्होंने न सुना।
၃၁သင်​တို့​ကူး​လွန်​ခဲ့​ကြ​သည့်​အ​ပြစ်​များ အ​တွက် ငါ​သည်​သင်​နှင့်​သင်​၏​သား​မြေး​တို့ အား​သင့်​မှူး​မတ်​များ​နှင့်​အ​တူ​အ​ပြစ်​ဒဏ် ခတ်​မည်။ သင်​နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့ သား​များ၊ ယု​ဒ​ပြည်​သား​များ​သည်​ငါ သ​တိ​ပေး​ခဲ့​သည်​ကို​ပ​မာ​ဏ​မ​ပြု​ကြ။ သို့​ဖြစ်​၍​ငါ​သည်​မိ​မိ​ခြိမ်း​ခြောက်​ခဲ့​သည့် ဘေး​အန္တ​ရာယ်​ဆိုး​ကို သင်​တို့​အ​ပေါ်​သို့ သက်​ရောက်​စေ​မည်​ဟု​မိန့်​တော်​မူ​ကြောင်း ပြန်​ကြား​ပြော​ဆို​လော့'' ဟု​မိန့်​မှာ တော်​မူ​၏။
32 तब यरमियाह ने दूसरा तूमार लिया और बारूक — बिन — नेयिरियाह मुन्शी को दिया, और उसने उस किताब की सब बातें जिसे शाह — ए — यहूदाह यहूयक़ीम ने आग में जलाया था, यरमियाह की ज़बानी उसमें लिखीं और उनके अलावा वैसी ही और बहुत सी बातें उनमें बढ़ा दी गईं।
၃၂ထို​အ​ခါ​ယေ​ရ​မိ​သည်​အ​ခြား​စာ​လိပ်​တစ် ခု​ကို​ယူ​၍​မိ​မိ​၏​စာ​ရေး​ဗာ​ရုတ်​အား​ပေး​၏။ ဗာ​ရုတ်​သည်​ယော​ယ​ကိမ်​မင်း​မီး​ရှို့​လိုက်​သည့် စာ​လိပ်​တွင်​ပါ​ရှိ​သ​မျှ​သော​စ​ကား​တို့​ကို ငါ​နှုတ်​တိုက်​ချ​ပေး​သည့်​အ​တိုင်း​ရေး​ချ​လေ သည်။ ငါ​နှုတ်​တိုက်​ချ​ပေး​သည့်​အ​လား​တူ စ​ကား​များ​ကို​ထပ်​လောင်း​ဖြည့်​စွက်​၍ ပေး​လေ​သည်။

< यर्म 36 >