< यसा 65 >

1 जो मेरे तालिब न थे, मैं उनकी तरफ़ मुतवज्जिह हुआ; जिन्होंने मुझे ढूँढा न था, मुझे पा लिया; मैंने एक क़ौम से जो मेरे नाम से नहीं कहलाती थी, फ़रमाया, देख, मैं हाज़िर हूँ।
ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​မိ​မိ​လူ​မျိုး တော်​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို​နား​ညောင်း ရန်​အ​သင့်​ရှိ​သော်​လည်း သူ​တို့​သည်​ဆု​တောင်း ပတ္ထ​နာ​မ​ပြု​ကြ။ ငါ​သည်​သူ​တို့​ရှာ​လျှင် တွေ့​မြင်​နိုင်​ရန်​အ​သင့်​စောင့်​၍​နေ​သော်​လည်း သူ​တို့​သည်​ငါ့​ကို​ရှာ​ရန်​ပင်​မ​ကြိုး​စား​ကြ။ ငါ​သည်​ဤ​အ​ရပ်​တွင်​ရှိ​၏။ ငါ​သည်​ကူ​မ​မည် ဟု​ဖြေ​ကြား​ရန်​အ​သင့်​ရှိ​သော်​လည်း၊ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ့​ထံ​သို့​ဆု တောင်း​ပတ္ထ​နာ​မ​ပြု​ကြ။-
2 मैंने नाफ़रमान लोगों की तरफ़ जो अपनी फ़िक्रों की पैरवी में बुरी राह पर चलते हैं, हमेशा हाथ फैलाए;
ခေါင်း​မာ​လျက်​အ​မှား​ကို​ပြု​ကျင့်​ကာ​မိ​မိ တို့​၏​ထင်​ရာ​သို့​လိုက်​တတ်​သူ ဤ​လူ​စု​အား ငါ​သည်​ကြို​ဆို​လက်​ခံ​ရန်​အ​စဉ်​အ​မြဲ အ​သင့်​ရှိ​ပါ​၏။-
3 ऐसे लोग जो हमेशा मेरे सामने, बाग़ों में क़ुर्बानियाँ करने और ईटों पर ख़ुशबू जलाने से मुझे ग़ुस्सा दिलाते हैं;
သို့​ရာ​တွင်​သူ​တို့​သည်​အ​ရှက်​မ​ရှိ။ ငါ​၏ အ​မျက်​တော်​ကို​လှုံ့​ဆော်​ကြ​၏။ သူ​တို့​သည် မြေ​သြ​ဇာ​နတ်​ဘု​ရား​တို့​ကို​ဥ​ယျာဉ်​များ တွင်​ယဇ်​ပူ​ဇော်​ကြ​၏။ ရုပ်​တု​ကိုး​ကွယ်​ရာ ယဇ်​ပလ္လင်​များ​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့ ပူ​ဇော်​ကြ​၏။-
4 जो क़ब्रों में बैठते, और पोशीदा जगहों में रात काटते, और सूअर का गोश्त खाते हैं; और जिनके बर्तनों में नफ़रती चीज़ों का शोर्बा मौजूद है;
ညဥ့်​အ​ခါ​၌​သူ​တို့​သည်​ဂူ​များ​သင်္ချိုင်း​တွင်း များ​သို့​သွား​၍​သူ​သေ​ဝိ​ညာဉ်​များ​နှင့်​နှီး နှော​တိုင်​ပင်​ကြ​၏။ သူ​တို့​သည်​ဝက်​သား​ကို စား​၍​သူ​တို့​၏​အိုး​များ​တွင် မ​သန့်​ရှင်း သော​အ​သား​ပြုတ်​ရည်​ရှိ​ကြ​၏။-
5 जो कहते तू अलग ही खड़ा रह मेरे नज़दीक न आ क्यूँकि मैं तुझ से ज़्यादा पाक हूँ। ये मेरी नाक में धुंवें की तरह और दिन भर जलने वाली आग की तरह हैं।
ထို​နောက်​သူ​တို့​က​မိ​မိ​တို့​သည်​အ​လွန်​ပင် မြင့်​မြတ်​သန့်​ရှင်း​လှ​သည်၊ အ​ခြား​သူ​တို့​နှင့် မ​ထိ​မ​တွေ့​အပ်​ဟု​ဆို​ကာ အ​ဘယ်​သူ​ကို​မျှ မိ​မိ​တို့​အနီး​သို့​မ​ချဉ်း​မ​ကပ်​စေ​ကြ။ ငါ သည်​ဤ​သို့​သော​လူ​တို့​ကို​သည်း​မ​ခံ​နိုင်။ ထို​သူ​တို့​အ​ပေါ်​သို့​သက်​ရောက်​သည့်​ငါ​၏ အ​မျက်​ဒေါ​သ​သည်​အ​စဉ်​တောက်​လောင် လျက်​နေ​သည့်​မီး​နှင့်​တူ​၏။
6 देखो, मेरे सामने ही लिखा हुआ है तब मैं ख़ामोश न रहूँगा बल्कि बदला दूँगा ख़ुदावन्द फ़रमाता है; हाँ, उनकी गोद में डाल दूँगा
``သူ​တို့​အား​အ​ဘယ်​သို့​အ​ပြစ်​ဒဏ်​ခတ်​မည် ကို​ငါ​ဆုံး​ဖြတ်​ပြီး​လေ​ပြီ။ သူ​တို့​အ​တွက် စီ​ရင်​ချက်​ကို​လည်း​ရေး​မှတ်​၍​ထား​၏။ ငါ သည်​သူ​တို့​ပြု​ခဲ့​သည့်​အ​မှု​တို့​ကို​လျစ် လူ​ရှု​လိမ့်​မည်​မ​ဟုတ်။-
7 ख़ुदावन्द यूँ फ़रमाता है, तुम्हारी और तुम्हारे बाप दादा की बदकिरदारी का बदला इकट्ठा दूँगा, जो पहाड़ों पर ख़ुशबू जलाते और टीलों पर मेरा इन्कार करते थे; इसलिए मैं पहले उनके कामों को उनकी गोद में नाप कर दूँगा।
သူ​တို့​၏​အ​ပြစ်​ကြွေး​များ​ကို​လည်း​ကောင်း၊ သူ​တို့​ဘိုး​ဘေး​တို့​၏​အ​ပြစ်​ကြွေး​များ​ကို လည်း​ကောင်း​ငါ​ဆပ်​စေ​မည်။ သူ​တို့​သည်​တောင် ပေါ်​ရှိ​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​တွင်​နံ့ သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​ကာ ငါ့​ကို​ကဲ့​ရဲ့ ကြ​လေ​ပြီ။ သို့​ဖြစ်​၍​သူ​တို့​အား​ထိုက် လျောက်​ရာ​အ​ပြစ်​ဒဏ်​ကို​ငါ​ပေး​မည်'' ဟု မိန့်​တော်​မူ​၏။
8 ख़ुदावन्द यूँ फ़रमाता है, जिस तरह शीरा ख़ोशा — ए — अँगूर में मौजूद है, और कोई कहे, उसे ख़राब न कर क्यूँकि उसमें बरकत है, उसी तरह मैं अपने बन्दों की ख़ातिर करूँगा ताकि उन सबको हलाक न करूँ।
ထာ​ဝ​ရ​ဘု​ရား​က``စ​ပျစ်​သီး​ကောင်း​များ ကို အ​ဘယ်​သူ​မျှ​မ​ဖျက်​ဆီး​တတ်။ နယ်​၍ စ​ပျစ်​ရည်​လုပ်​တတ်​ကြ​၏။ ငါ​သည်​လည်း ငါ​၏​လူ​အ​ပေါင်း​ကို​သုတ်​သင်​ဖျက်​ဆီး ပစ်​လိမ့်​မည်​မ​ဟုတ်။-
9 और मैं या'क़ूब में से एक नस्ल और यहूदाह में से अपने कोहिस्तान का वारिस खड़ा करूँगा और मेरे बर्गुज़ीदा लोग उसके वारिस होंगे और मेरे बन्दे वहाँ बसेंगे।
ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​ကို​ငါ​ကယ်​တင် မည်။ ယု​ဒ​အ​နွယ်​ဝင်​တို့​ကို​ကောင်း​ချီး​ပေး မည်။ ယု​ဒ​၏​သား​မြေး​များ​သည်​တောင်​ပေါ် ဒေ​သ​များ​ဖြစ်​သော ငါ​၏​ပြည်​တော်​ကို အ​ပိုင်​ရ​ရှိ​ကြ​လိမ့်​မည်။ ငါ​၏​ကျွန်​ငါ ၏​လူ​မျိုး​တော်​သည်​ထို​ပြည်​တွင်​နေ​ထိုင်​၍ အ​မွေ​ခံ​ရ​ကြ​လိမ့်​မည်။-
10 और शारून गल्लों का घर होगा, और 'अकूर की वादी बैलों के बैठने का मक़ाम, मेरे उन लोगों के लिए जो मेरे तालिब हुए।
၁၀သူ​တို့​သည်​ငါ့​ကို​ရှိ​ခိုး​ဝတ်​ပြု​ကာ​မိ​မိ​တို့ ၏​သိုး​နှင့်​ကျွဲ​နွား​များ​ကို​အ​နောက်​ဘက်​ရှိ ရှာ​ရုန်​လွင်​ပြင်​တွင်​လည်း​ကောင်း၊ အ​ရှေ့​ဘက် ရှိ​အာ​ခေါ်​ချိုင့်​စား​ကျက်​များ​တွင်​လည်း ကောင်း နား​နေ​စ​ရာ​အ​ဖြစ်​ကျောင်း​ကြ လိမ့်​မည်။
11 लेकिन तुम जो ख़ुदावन्द को छोड़ देते और उसके पाक पहाड़ को फ़रामोश करते, और मुश्तरी के लिए दस्तरख़्वान चुनते और ज़ुहरा के लिए शराब — ए — मम्जू़ज का जाम पुर करते हो;
၁၁``သို့​ရာ​တွင်​ငါ့​ကို​စွန့်​ပစ်​သူ​ငါ​၏​သန့်​ရှင်း မြင့်​မြတ်​သည့်​ဇိ​အုန်​တောင်​ကို​ဂ​ရု​မ​စိုက်​ဘဲ ကံ​ကြမ္မာ​ဘု​ရား၊ ဂါ​ဒ​နှင့်​မေ​နိ​တို့​ကို​ဝတ် ပြု​ကိုး​ကွယ်​သူ​သင်​တို့​အ​ဖို့​မှာ​မူ​ကား၊-
12 मैं तुम को गिन गिनकर तलवार के हवाले करूँगा, और तुम सब ज़बह होने के लिए झुकोगे; क्यूँकि जब मैंने बुलाया तो तुम ने जवाब न दिया, जब मैंने कलाम किया तो तुम ने न सुना; बल्कि तुम ने वही किया जो मेरी नज़र में बुरा था, और वह चीज़ पसन्द की जिससे मैं ख़ुश न था।
၁၂ဋ္ဌား​နှင့်​အ​သေ​သတ်​ခြင်း​ခံ​ရ​လိမ့်​မည်။ သင် တို့​သည်​ငါ​ခေါ်​သော​အ​ခါ​မ​ထူး​ကြ။ ငါ ပြော​သော​အ​ခါ​နား​မ​ထောင်​ကြ။ သင်​တို့ သည်​ငါ​၏​ရှေ့​တွင်​ဒု​စ​ရိုက်​ပြု​လျက် ငါ​မ နှစ်​သက်​သော​အ​ရာ​ကို​လုပ်​ဆောင်​ကြ​၏။-
13 इसलिए ख़ुदावन्द ख़ुदा यूँ फ़रमाता है, कि देखो, मेरे बन्दे खाएँगे, लेकिन तुम भूके रहोगे; मेरे बन्दे पिएँगे, लेकिन तुम प्यासे रहोगे; मेरे बन्दे ख़ुश होंगे लेकिन तुम शर्मिंदा होगे।
၁၃ထို့​ကြောင့်​ငါ့​စ​ကား​ကို​နား​ထောင်​ရန်​ငါ့​ကို ဝတ်​ပြု​သူ​တို့​သည်​ဖော​ဖော​သီ​သီ​စား​သောက် ရ​ကြ​လျက် သင်​တို့​မူ​ကား​ဆာ​ငတ်​မွတ်​သိပ် လျက်​ရေ​ငတ်​ကြ​လိမ့်​မည်။ ငါ​၏​ကျွန်​တို့ သည်​ပျော်​ရွှင်​ကြ​လျက် သင်​တို့​မူ​ကား​အ​ရှက် ကွဲ​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း​သင်​တို့​အား ငါ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ပြော​ကြား​၏။-
14 और मेरे बन्दे दिल की ख़ुशी से गाएँगे, लेकिन तुम दिलगीरी की वजह से नालाँ होगे और जान का ही मातम करोगे।
၁၄ငါ​၏​ကျွန်​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​ရ​ကြ​လျက် သင်​တို့​မူ​ကား​စိတ် နှ​လုံး​ကြေ​ကွဲ​ကျိုး​ပဲ့​လျက်​ငို​ကြွေး​ရ ကြ​လိမ့်​မည်။-
15 और तुम अपना नाम मेरे बरगुज़ीदों की ला'नत के लिए छोड़ जाओगे, ख़ुदावन्द ख़ुदा तुम को क़त्ल करेगा; और अपने बन्दों को एक दूसरे नाम से बुलाएगा
၁၅ငါ​၏​ရွေး​ချယ်​တော်​ခံ​လူ​မျိုး​တော်​သည် သင်​တို့​နာ​မည်​ကို​ကျိန်​စာ​အ​ဖြစ်​အ​သုံး ပြု​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​လည်း​သင်​တို့​အား​ကွပ်​မျက်​တော် မူ​မည်။ သို့​ရာ​တွင်​ငါ​၏​စ​ကား​ကို​နား​ထောင် သူ​တို့​အား​ငါ​သည်​နာ​မည်​သစ်​ကို​ပေး တော်​မူ​မည်။-
16 यहाँ तक कि जो कोई इस ज़मीन पर अपने लिए दु'आ — ए — ख़ैर करे, ख़ुदाए — बरहक़ के नाम से करेगा और जो कोई ज़मीन में क़सम खाए, ख़ुदा — ए — बरहक़ के नाम से खाएगा; क्यूँकि गुज़री हुई मुसीबतें फ़रामोश हो गईं और वह मेरी आँखों से पोशीदा हैं।
၁၆ပြည်​တော်​တွင်​ကောင်း​ချီး​မင်္ဂလာ​ခံ​ယူ​လို​သူ မှန်​သ​မျှ​သည်​သစ္စာ​တော်​အ​ရှင်၊ ဘု​ရား​သ​ခင် ၏​ကောင်း​ချီး​မင်္ဂလာ​ကို​တောင်း​ခံ​ကြ​လိမ့်​မည်။ ကျိန်​ဆို​ပြော​ဆို​သူ​မှန်​သ​မျှ​သည်​လည်း သစ္စာ​တော်​အ​ရှင်၊ ဘု​ရား​သ​ခင်​၏​နာ​မ​တော် ကို​တိုင်​တည်​ကျိန်​ဆို​ကြ​လိမ့်​မည်။ အ​တိတ် ကာ​လ​က​ဆင်း​ရဲ​ဒုက္ခ​များ​သည်​ကွယ်​ပျောက် သွား​လိမ့်​မည်။ ယင်း​တို့​ကို​လူ​တို့​သည်​မေ့ လျော့​သွား​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
17 क्यूँकि देखो, मैं नये आसमान और नई ज़मीन को पैदा करता हूँ; और पहली चीज़ों का फिर ज़िक्र न होगा और वह ख़याल में न आएँगी।
၁၇ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ကမ္ဘာ​မြေ​ကြီး သစ်​နှင့်​မိုး​ကောင်း​ကင်​သစ်​ကို​ဖန်​ဆင်း​မည်။ အ​တိတ်​က​အ​ဖြစ်​အ​ပျက်​များ​သည်​လုံး​ဝ မေ့​ပျောက်​၍​သွား​လိမ့်​မည်။-
18 बल्कि तुम मेरी इस नई पैदाइश से हमेशा की ख़ुशी और शादमानी करो, क्यूँकि देखो, मैं येरूशलेम को ख़ुशी और उसके लोगों को खु़र्रमी बनाऊँगा।
၁၈ငါ​ဖန်​ဆင်း​တော်​မူ​သည့်​အ​မှု​၌​ထာ​ဝ​စဉ် အား​ရ​ဝမ်း​မြောက်​ကြ​လော့။ ငါ​ဖန်​ဆင်း​တော် မူ​သည့်​ယေ​ရု​ရှ​လင်​မြို့​သစ်​သည်​နှစ်​ထောင်း အား​ရ​ဖွယ်​ကောင်း​၍၊ ထို​မြို့​မှ​လူ​တို့​သည် လည်း​ဝမ်း​မြောက်​ရွှင်​လန်း​ကြ​လိမ့်​မည်။-
19 और मैं येरूशलेम से ख़ुश और अपने लोगों से मसरूर हूँगा, और उसमें रोने की पुकार और नाला की आवाज़ फिर कभी सुनाई न देगी।
၁၉ငါ​ကိုယ်​တိုင်​ပင်​လျှင်​ယေ​ရု​ရှ​လင်​မြို့​အ​တွက် ကြောင့်​လည်း​ကောင်း၊ ထို​မြို့​ရှိ​မြို့​သူ​မြို့​သား တို့​၏​အ​တွက်​ကြောင့်​လည်း​ကောင်း​ဝမ်း​မြောက် ရွှင်​လန်း​ရ​လိမ့်​မည်။ ထို​မြို့​တွင်​ငို​ကြွေး​မှု​နှင့် ကူ​ပါ​ကယ်​ပါ​ဟု​ဆို​သော​သူ​များ​ရှိ​လိမ့် မည်​မ​ဟုတ်။-
20 फिर कभी वहाँ कोई ऐसा लड़का न होगा जो कम उम्र रहे, और न कोई ऐसा बूढ़ा जो अपनी उम्र पूरी न करे; क्यूँकि लड़का सौ बरस का होकर मरेगा, और जो गुनाहगार सौ बरस का हो जाए, मला'ऊन होगा।
၂၀နို့​စို့​သူ​ငယ်​တို့​သည်​လည်း​အ​ရွယ်​မ​ရောက်​မီ သေ​ကြ​ရ​တော့​မည်​မ​ဟုတ်။ လူ​တိုင်း​ပင်​သက် တမ်း​စေ့​နေ​ရကြ​လိမ့်​မည်။ အ​သက်​တစ်​ရာ​နေ​ရ သူ​တို့​ကို​ပင်​ငယ်​ရွယ်​သူ​များ​ဟု​ထင်​မှတ်​ရ ကြ​လိမ့်​မည်။ အ​သက်​တစ်​ရာ​မ​တိုင်​မီ​သေ​ဆုံး သူ​တို့​ကို​မူ​ကား ငါ​၏​အ​ပြစ်​ဒဏ်​ခံ​ရ​သည့် လ​က္ခ​ဏာ​ဟု​မှတ်​ယူ​ကြ​လိမ့်​မည်။-
21 वह घर बनाएँगे और उनमें बसेंगे, वह ताकिस्तान लगाएँगे और उनके मेवे खाएँगे;
၂၁လူ​တို့​သည်​အိမ်​များ​ကို​တည်​ဆောက်​၍​မိ​မိ တို့​ကိုယ်​တိုင်​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။ ထို​အိမ် များ​တွင်​မ​ဆိုင်​သူ​များ​နေ​ရ​မည်​မ​ဟုတ် ပေ။ လူ​တို့​သည်​စ​ပျစ်​ဥ​ယျာဉ်​များ​ကို​စိုက် ပျိုး​၍​စ​ပျစ်​သီး​များ​ကို​စား​ရ​ကြ​လိမ့် မည်။-
22 न कि वह बनाएँ और दूसरा बसे, वह लगाएँ और दूसरा खाए; क्यूँकि मेरे बन्दों के दिन दरख़्त के दिनों की तरह होंगे, और मेरे बरगुज़ीदा अपने हाथों के काम से मुद्दतों तक फ़ायदा उठाएंगे
၂၂စ​ပျစ်​ရည်​ကို​လည်း​အ​ခြား​သူ​များ​သောက် ရ​ကြ​မည်​မ​ဟုတ်။ သစ်​ပင်​များ​သ​ဖွယ်​ငါ ၏​လူ​မျိုး​တော်​သည်​အ​သက်​ရှည်​ကြ​လိမ့် မည်။ သူ​တို့​သည်​မိ​မိ​တို့​လုပ်​အား​၏​အ​ကျိုး ကျေး​ဇူး​ကို​အ​ပြည့်​အ​ဝ​ခံ​စား​ရ​ကြ လိမ့်​မည်။-
23 उनकी मेहनत बेकार न होगी, और उनकी औलाद अचानक हलाक न होगी; क्यूँकि वह अपनी औलाद के साथ ख़ुदावन्द के मुबारक लोगों की नसल हैं।
၂၃သူ​တို့​ဆောင်​ရွက်​သည့်​အ​လုပ်​သည်​အောင်​မြင် ၍​သူ​တို့​၏​သား​သ​မီး​များ​သည်​ဘေး​အန္တ ရာယ်​ရောက်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ ငါ​သည် သူ​တို့​နှင့်​သူ​တို့​သား​မြေး​များ​အား​လာ လတ္တံ့​ကာ​လ​အ​စဉ်​အ​ဆက်​ကောင်း​ချီး​ပေး မည်။-
24 और यूँ होगा कि मैं उनके पुकारने से पहले जवाब दूँगा, और वह अभी कह न चुकेंगे कि मैं सुन लूँगा।
၂၄သူ​တို့​ပြု​သည့်​ဆု​တောင်း​ပတ္ထ​နာ​မ​ပြီး​မ​ဆုံး မီ​၌​ပင်​လျှင် ငါ​သည်​သူ​တို့​၏​ပန်​ကြား​ချက် ကို​နား​ညောင်း​မည်။-
25 भेड़िया और बर्रा इकट्ठे चरेंगे, और शेर — ए — बबर बैल की तरह भूसा खाएगा, और साँप की ख़ुराक ख़ाक होगी। वह मेरे तमाम पाक पहाड़ पर न ज़रर पहुँचाएँगे न हलाक करेंगे, ख़ुदावन्द फ़रमाता है।
၂၅ဝံ​ပု​လွေ​နှင့်​သိုး​တို့​သည်​အ​တူ​အ​စာ​စား လျက် ခြင်္သေ့​တို့​သည်​ကျွဲ​နွား​များ​ကဲ့​သို့​မြက် ကို​စား​ကြ​လိမ့်​မည်။ မြွေ​များ​သည်​မြေ​မှုန့်​ကို သာ​စား​ကြ​လိမ့်​မည်။ ငါ​၏​သန့်​ရှင်း​မြင့်​မြတ် သည့်​ဇိ​အုန်​တောင်​တော်​ပေါ်​တွင် ဘေး​အန္တ​ရာယ် ဖြစ်​စေ​တတ်​သည့်​အ​ရာ​နှင့်​ဆိုး​ညစ်​သည့် အ​ရာ​ရှိ​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော် မူ​၏။

< यसा 65 >